ပျောက်ဆုံးသွားသောနိဗ္ဗာန်ဘုံသို့… အမှတ်တရ

ဦးထီးဆိုခဲ့တဲ့… ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံဆိုတဲ့ သီချင်းလေးကို အတော်လေးနှစ်သက်မိခဲ့ဖူးတယ်…

ကိုယ်ကြိုက်တတ်တဲ့ ခပ်ပြင်းပြင်း ခပ်ကြမ်းကြမ်းသီချင်းမဟုတ်ပေမယ့်… စကားလုံးတွေရဲ့ နူးညံ့မှုအင်အားကို ခံစားခဲ့ရဖူးတယ်…

ပြီးခဲ့တဲ့သင်္ကြန်…

မဏ္ဍပ်မှာ ရေပက်ဖို့လဲ… ငယ်တော့တဲ့အရွယ်မဟုတ်…

ရိပ်သာဝင် တရားအားထုတ်ရအောင်လဲ… စိတ်ဝင်စားတဲ့ကိစ္စထဲမပါတဲ့အခါကျတော့…

ရေကစားနေသူတွေရဲ့ ပုံရိပ်လေးတွေကို ဝါသနာအရထွက်ရိုက်မယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ ထွက်လာခဲ့မိပါတယ်…

လှည်းတန်း မီးပွိုင့်ရောက်လို့ ကားပိတ်နေတဲ့အချိန်မှာ ရေပက်ခံကားခေါင်းခန်းထဲက အပူအပင်ကင်းကင်း… အသောက်အစားကင်းကင်းနဲ့… ဖြူစင်တဲ့အပျော်တွေ ကိုယ့်ဆီကိုပါ ကူးစက်စေတဲ့ ကလေးနှစ်ယောက်ကိုတွေ့မိတော့…

ကင်မရာလွယ်… ကားပေါ်ကဆင်းပြီး… ကင်မရာရေစိုလဲ စိုကွာဆိုပြီး… ဆင်းရိုက်လိုက်မိတဲ့ပုံလေးပါ… အကြောင်းကြောင်းကြောင့် Edit မလုပ်ဖြစ်ပေမယ့်… Edit ပြန်လုပ်တဲ့အချိန်မှာပါ… သူတို့အပျော်တွေ ပြန်လည်ကူးစက်သလိုခံစားရပါတယ်…

အလုပ်တွေ… တာဝန်တွေကြားမှာ မွန်းကြပ်နေကြတဲ့… ကျွန်တော်တို့အတွက်…

ပျောက်ဆုံးလေခဲ့ပြီးသော နိဗ္ဗာန်ဘုံအမှတ်တရပေါ့ဗျာ….

ဂဇက်မှာ လူမှားပေါင်းမိလို့ ဓာတ်ပုံရိုက်ဖြစ်သွားတာမို့…

အမှတ်တရ… ပြန်လည်မျှဝေတာပါ…

ဓာတ်ပုံရိုက်ဖြစ်အောင်… မြှောက်ထိုးပင့်ကော်လုပ်ပေးကြသော… အဲလေ… အဘက်ဘက်မှကူညီပေးခဲ့ကြသော…

ဂဇက်မှ စီနီယာဓာတ်ဆြာအပေါင်းအား ကျေးဇူးအထူးတင်ရှိပါကြောင်း…

လိုအပ်ချက်လေးတွေနဲ့ ပုံလေးကို အားပေးကြပါဦးလို့…

 

ခင်မင်လျက်-

ဖက်ဖက်ကက်

ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံသို့… အမှတ်တရ

4 comments

  • Foolish Girl

    September 16, 2016 at 9:37 am

    ချစ်စရာလေး

    Reply

  • ဇီဇီခင်ဇော်

    September 16, 2016 at 12:16 pm

    စာမေးပွဲဖြေ စာကျက်ရတာကလွဲရင်တော့ ကလေးဘဝ ပြန်လိုချင်စရာပါ

    :k:

    Reply

    • ကြောင်ဝတုတ်

      September 16, 2016 at 2:03 pm

      မူကြိုမတက်ရခင်… ကလေးလေးဘဝပေါ့နော်… ဟိဟိ

      Reply

  • သျှားသက်မာန်

    September 16, 2016 at 3:30 pm

    အပူအပင်ကင်းတဲ့ကလေးလေးဘဝကိုတစ်ခါပြန်ပြီးရချင်သေး………………..

    Reply

Leave a Reply

Your email address will not be published.