” စင်ကြယ်သော အေးသော “

“စင်ကြယ်သော အေးသော”

IMG_3642

ဘာမှ မသိ

ဘာမှ မရှိ

 

မာန မသိ

မာန မရှိ

 

တပ်မက်ခြင်း မသိ

တပ်မက်ခြင်းမရှိ

 

မနာလိုခြင်း မသိ

မနာလိုခြင်း မရှိ

 

အပူ မသိ

အပူ မရှိ

 

ထို့ကြောင့်

စင်ကြယ်ခြင်းအတိ

ငြိမ်းချမ်းပါဘိ။

 

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

19716

12 comments

  • kai

    July 20, 2016 at 2:37 pm

    မသိလို့ မရှိတာနဲ့..
    သိပြီးမှ မရှိတာက.. ဘယ်ဟာပိုကောင်းသလဲ… ဆိုတော့…
    ဘယ်ဟာမှ ပိုမကောင်းဘူး..။

    မရှိတာက.. မရှိတာပဲ..။ :k:

    Reply

      • kai

        July 20, 2016 at 5:08 pm

        ရှိအောင်လုပ်ရမှာပေါ့…။
        ရှိအောင်ဆိုပြီး.. လူကိုယ်တိုင်ကြီးက.. ကံ၊ဉာဏ်၊ဝီရိယ.. ရှိသမျှအကုန်စိုက်… အလုပ်လုပ်ရမယ်..။ :k:

        Reply

        • kai

          July 21, 2016 at 3:20 am

          ငွေရှင်… အရင်းရှင်ပေါ့လေ…။

          စိုက်ပျိုးရေးလုပ်ဖို့ဆိုပြီး ငွေထုတ်ချေးလိုက်ရင်… ငွေတဝက်မကကို ဘာသာရေးအလှူလုပ်ပစ်တဲ့တိုင်းပြည်…။
          ဓမ္မစေတီခေါင်းလောင်းကြီးချင်းတွင်းမြစ်မှာပေါ်မယ်ဆိုပြီး… တရုံးရုံးသွားစောင့်တဲ့တိုင်းပြည်…။
          မြို့တွေကို ခြုံငုံမိတဲ့.. ကုန်းမြင့်နေရာတိုင်းကို.. ဝါယာလက်..ဒေတာ..မိုက်ခရိုဝေ့..လျှပ်စစ်ဂရစ်တွေဆောက်ရမယ့်အစား.. စေတီတွေတည်ပစ်တဲ့ တိုင်းပြည်…။.. ပြည်.. ပြည်…ပြည်…။

          ဘယ်လိုအရင်းရှင်က.. ဘယ်လိုစိတ်နဲ့.. ရင်းနှီးမြုတ်နှံပါ့မလဲ…။
          ဆိုတော့…
          အရင်းရှင်ရှိရာ.. မြေသန့်ရာကိုသာ…မြန်မာတွေ… သန်းချီ.. ထွက်အလုပ်လုပ်လုပ်ကြဦးပေါ့…။

        • မြစပဲရိုး

          July 22, 2016 at 12:06 am

          ဆင်းရဲ ခြင်း ဖြစ်နေတဲ့ ပြသနာ အစစ် ကို မသိသလို မမြင်ဟန်ပြုပြီး
          အနည်းစု က မမှန်မကန် အလွဲသုံးနေတဲ့ အနှစ်ရှိတဲ့ ဘာသာရေး ကို
          အဝေးကလှမ်းပြီး လိုရာဆွဲ အပုတ်ချ ဝေဖန်ခံနေရတဲ့ တိုင်းပြည်

        • kai

          July 22, 2016 at 4:41 am

          ဒီလောက်တတိုင်းပြည်လုံး… အာဏာရပါတီ.. အစိုးရပါမကျန်အောင် ဒုက္ခဝေနေစေတဲ့… အူကြောင်ကျားဘာသာရေးအင်အားစုကြီးကို.. အနည်းစုတဲ့..။
          ဒုက္ခပါလားအရီးလတ်ရေ…။
          ခရူးဆိတ်စစ်ပွဲထဲ ဆွဲအသွင်းခံလိုက်ရမှ..

          သဲဖြူခင်းပြီး..ကန်တော့နေတာကနေ.. ဖွတ်ထွက်လာတာတောင်… မိကျောင်းကြီးရွှေလာပေးတယ်… လုပ်နေတုံး..။
          အနိစ္စ… အနိစ္စ… လွတ်လမ်းရယ်မမြင်…။

        • မြစပဲရိုး

          July 22, 2016 at 2:58 pm

          အဲဒီ အင်အားစု (ကြီး) လို့ သူကြီးမင်း ထင်နေတာကြီး က လက်ရှိ ပစ္စုပန် မှာ ဘာမှ မဟုတ်တော့လို့ အသာနောက်လျှို သွားတာ မြင် ရက် နဲ့ တစ်စိတ် ကို တစ်အိတ် လုပ်ပြီး ပြောနေသေးလား ရှင်။
          ခေတ်ပြောင်းနေပြီ။
          အရင်လို အစိုးရ ကို ကြောက်နေရတဲ့ အချိန်မဟုတ်တော့ဘူး။
          ကျွန်မ တို့ လူညီညီ နဲ့ ဘာသာရေး ကို ခုတုန်း လုပ်ပြီး ညစ်နွမ်းအောင် လုပ်ခဲ့ တဲ့ အာဏာရှင် တွေ ကို ဖြုတ်နိုင်လိုက်ပြီ။
          ထေရဝါဒ သန့်စင် သွားချိန် တရားစစ် တရားမှန် တွေ ရဲ့ အရိပ် မှာ လူ တွေ စိတ်ဓာတ်ကောင်း ဖို့ မျှော်လင့်ကြပြီး အဲဒီ အတွက် ကြိုးစားကြဖို့သာဘဲ။
          Wake Up သူကြီး မင်း။
          အိပ်ချင်မူးတူး လုပ်ပြ မနေနဲ့ တော့။

          အခု နဂါး နဲ့ ခေါင်းလောင်း ကို လဲ အနည်းစု ရူး နေတာ ကို ဝိုင်းဟားနေသူ တွေ သာ အများစု။
          သူကြီး အသိုင်းအဝိုင်းမှာ သက်ဝင် နေသူ တွေများနေရင်တော့ မသိ။ 🙄

        • kai

          July 22, 2016 at 4:50 pm

          မဟနကိုမဖြုတ်နိုင်သေးသ၍.. ဘာသာရေးမှာမပြင်နိုင်သ၍..
          ဟိုးးး အရင်ကပြောသလိုပဲ….
          လက် ၁ဝချောင်းနဲ့.. ၁ခါ.. ၂ခါ.. ၃ခါ.. ၄ခါ…
          စောင့်ကြည့်လိုက်ပါအရီးလတ်ရေ…။
          စောင့်ကြည့်လိုက်ပါ…။ :k:

  • Shar Thet Man

    October 31, 2017 at 3:03 pm

    မှန်၏။

    Reply

Leave a Reply

Your email address will not be published.