ပရိတ်သတ်ကိုစော်ကားခဲ့သော..နောနော်..(28.8.2010-သူဧ။် one man show)..မှ

naynyoseesarAugust 28, 20101min082

28.8.2010ရက်နေ့တွင် ပြုလုပ်ခဲ့သော အဆိုတော် နောနောဧ။်

တစ်ကိုယ်တော်ရိူးပွဲတွင် သူသည် သူဧ။်အခွေသစ် အိပ်မက်ထဲကလူသီချင်းများကိုသာ

သီဆိုခဲ့ပြီး အစီအစဉ်ကိုရုတ်သိမ်းခဲ့သည်။ထို့ကြောင် ပရိတ်သတ်များ

မကျေနပ်သဖြင့် ရေသန့်ဘူးဖြင့်ပေါက်ကာ အော်ပြောတော့ “ခင်ဗျားတို့

ကရိုင်းတယ်လို့ပြောခဲ့တယ် “မီးတွေအားလုံးမှိတ်ပြီးဆင်းသွားတော ပရိတ်သတ်ကအော်ဆဲတယ် အဲဒီမှာပဲ လုံခြုံရေးဆိုတဲ့သူတွေက နံပါတ်တုတ်တွေနဲ့

လူငယ်တွေကိုလိုက်ရိုက်တယ် အဲဒီထဲမှာကျွန်တော်လည်းအပြေးလွှားပေါ့

အရေးခင်းလိုပါပဲဗျာ အံ့ဩဖို့လဲကောင်းတယ် ထမင်းရှင်တွေကိုစော်ကားရဲတယ်

မသကာဆို သူပွဲထိန်းတတ်ရမှာပေါ့ အခုတော့ဗျာ မိတ်ဆွေတို့လဲကြုံဖူးမှသိလိမ်ုမယ်

ဒါက အတင်းမဟုတ်ဘူး ကောလဟာလလဲမဟုတ်ဘူး ကိုယ်တိုင်ကြုံခဲ့ရတာပါ

ရင်နာစရာကောင်းတယ်ဗျာကျွန်တော်တို့လိုလူငယ်လေးတွေ ရေတွေဗွက်တွေကြား

လူးလိမ့်ပြီးနံပါတ်တုတ်အောက်မှာပြားပြားဝပ်နေရတယ် အခုဒီစာဖတ်တဲ့လူတွေမှာလဲ

ကြုံခဲ့တဲ့လူပါချင်ပါမှာပါ သူ့ကိုချစ်လွန်းလို့ မိုးရေထဲမှာ အားပေးနေတဲ့ပရိတ်သတ်ကို

ဒီလိုအဖြစ်မျိုးနဲ့ကြုံတွေ့စေခဲ့တာ တော်တော်ဆိုးဝါးတဲ့ဖြစ်ရပ်ပါပဲ ကျွန်တော့်မှာကင်မရာ

မပါသွားလို့ပေါ့ မိတ်ဆွေတို့ကိုပြချင်တယ် ခံရတဲ့သူတွေသနားပါတယ်ဗျာ

သူတို့လေးနုတ်က ပြောတဲ့စကားတွေဆို ပိုတောင်ခံစားရခက်တယ် နောနော်ရယ်

မင်းကိုချစ်လွန်းလို့မိုးရေထဲမှာလာပြီးအားပေးတာ မင်းမို့လုပ်ရက်တယ်တဲ

တော်ပါပြီ ရင်ထဲမှာမကျေနပ်လွန်းလို့ရေးနေတာပါ သူပြုတဲ့ကံ သူပြန်ခံရမှာပါ

82 comments

  • lovesickkalay

    September 16, 2010 at 10:52 am

    ကျန်စစ်သားရေ.. ပွဲပျက်တယ်လို.ဘယ်သူပြောလဲ… ထပ်ပြီးမရှင်းပြတော့ဘူး.. ခေါင်းစဉ်ကိုကြည့်ပြီးတော့ပဲ ဇွတ်ပြောနေတာလား… အကြောင်းအရာကိုသေချာသိရဲ့လား….အောက်ကကော်မန်.တွေမှာအဖြစ်အပျက်မှန်ကို ရှင်းပြထားတာရှိပါတယ်.. ဘယ်လိုဖြစ်တယ်ဆိုတဲ့အစအဆုံးကို..သေချာပြန်ဖတ်လိုက်ပါအုန်းလို.ပဲပြောတော့မယ်…

    Reply

  • kyansitthar101

    September 16, 2010 at 2:20 pm

    sorry တောင်းပန်ပါတယ် ပွဲပျက်သွားတယ်လို့ သုံးမိသွားတယ်။
    အမှန်ပြောချင်တာက တော်တော်ဆိုးဝါးတဲ့ဖြစ်ရပ် အဲဒါလေးကို ပြောချင်တာပါ။

    Reply

    • lovesickkalay

      September 17, 2010 at 3:11 am

      Thanks ကျန်စစ်သားရေ… ကိုယ်က အမှန်အတိုင်းကို အားလုံးကိုသိစေချင်တာပါ.. တစ်ချို.က ဘာမှမသိပဲနဲ့ ဒီ post တင်ထားတဲ့ စာတွေကိုဖတ်ပြီးတစ်ဖက်သက်တွေပြောကြလို.

      Reply

  • ဖီးကျူ

    September 16, 2010 at 8:54 pm

    အဓိကအကြောင်းရင်းကို ပြောရရင် အဆိုတော်ဘက်ကမှားတယ်လို ့ ပြောချင်တယ်။
    ပရိတ်သတ်ဆိုတာ လူအများကြီး စိတ်အမျိုးမျိုးရှိတာ ပရိတ်သတ်ကို အပြစ်ပြောလို ့ အလကားပဲ ။ နောနော်သာ ပရိသတ်ကို ထိန်းနိုင်ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး …။
    နောက်တချက် သီချင်းဆိုတာ နားထောင်ဖို ့ ပိုက်ဆံကုန်ခံပြီး လာကြည့်ကြတာလေ။
    မဆိုချင်တော့ဘူးဆိုလဲ ဘာလို ့ ပိုက်ဆံပြန်မပေးတာလဲ …..။ ပရိတ်သတ်က ပိုက်ဆံ အလကားရနေတယ်ထင်လို ့လား …..။ဈေးသည်နဲ ့ ဈေးဝယ်လို သဘောထားကြည့်လိုက်စမ်းပါ ။ သီချင်းမဆိုပဲ ပိုက်ဆံတွေ ယူသွားတာ ။ ဒါဟာလဲ သေချာစဉ်းစားကြည့်တော့ ပရီတ်သတ်ကို စော်ကားတယ်လို ့ ပြောလို ့ရတယ်။

    Reply

  • twitty

    September 17, 2010 at 4:23 am

    ဟဟ ဖီးကျူရေ… မင်းကော ခေါင်းစဉ်ကိုပဲကြည့်ပြီးပြောတာလား… အောက်က ကော်မန်.အကုန်လုံးကိုရောဖတ်ပြီးပီလား… လက်မှတ်ကိုပိုက်ဆံနဲ့ပေးဝယ်ရတယ်လို. ဘယ်သူပြောလည်း.. Free Show ကွ… မင်းကြည့်ရတာဘာမှမသိဘူးထင်တယ်.. မသိရင်ဝင်မပြောနဲ့ကွာ…

    Reply

  • hmaprivate09

    September 23, 2010 at 1:33 pm

    အော် ……….အလုပ်မရှိ အကိုင်မရှိတွေ စုနေတာပဲ။

    Reply

  • cruz

    October 9, 2010 at 6:21 pm

    နောနော်ရဲ့ရှိုးပွဲတစ်ပွဲကိုမန်းလေးမှာ တစ်ခါကြည့်ဖူးပါတယ်..ဒီးဒီးတို့လည်းပါတယ်.များကြီးပဲ ရက်ပ်ပါတွေရော ဘယ်လိုရှိုးမှန်းတောင်သိဘူး..
    ပေါင်းစပ်ရှိုးထင်တယ် ဟိဟိ ကျနော်ကတော့ နောနော်ပါလို့သွားကြည့်တယ်..အဲတုန်းက သူကနောက်ဆုံးမှဆိုတာ….
    အားလုံးလည်းလာကြည့်ကြတာ..တော်တော်များများက နောနော်သီချင်းတွေနားထောင်ချင်လို့ လာကြတာများပါတယ်….
    ကျနော်တို့ သူငယ်ချင်းတွေ အပါအဝင်တော်တော်များများပေါ့… သူတက်လာတယ်… ၃ ပုဒ်ဆိုသွားတယ်… ပြန်ဆင်းသွားတယ်…
    ပီးတော့ မှီးတွေ အကုန်မှိတ်ပီး ပွဲပြီးသွားတယ်… ပရိတ်သတ်တောင် ကြောင်တောင်တောင်နဲ့ ကျန်ခဲ့တယ်..
    ပြီးမှ ဪ ပွဲပြီးတာပဲဟဆိုပီး…အကုန်ပြန်ကြရတယ်..ဆက်ဆိုဦးမယ်ထင်ပီးစောင့်နေသေးတဲ့သူတွေများကြီးပါ…
    သူ့ကိုမျှော်လင့်ညပီးလာကြည့်ကြတာလေ…comment တွေ အကုန်မဖတ်ပဲပြောတယ်မပြောနဲ့နော်..အကုန်ဖတ်ပြီးမှပြောတာ…
    ဒီးဒီးတို့ ကျန်တဲ့သူတွေ ၄ ပုဒ် ၅ ပုဒ် ဆိုပေးသွားကြတယ်.. သူ့ကျမှ ၃ ပုဒ်လည်းဆိုညပီးရော.. ဘာမပြော ညာမပြော ဆင်းသွားတယ်..တစ်ခြားအဆိုတော်တွေက နောက်ဆုံးအပုဒ်ဆိုရင် နောက်ဆုံးတစ်ပုဒ်အနေနဲ့ဆိုပီးပြောပြီးမှဆိုတာ…သူက ၃ ပုဒ်ထဲရယ်…
    ဘာမှလည်းမပြောဘူး..ကဲ..ဘယ်လိုပြောကြဦးမလည်း…ပရိုမိုးရှင်းပွဲလည်းမဟုတ်ဘူးနော်…လက်မှတ်ဝယ်ကြည့်ရတဲ့ပွဲ…တစ်လွဲထင်နေကြမှာစိုးလို့ပြောရသေးတာ…အဲလိုမျိုးလုပ်သွားတာကြတော့ ဘယ်လိုပြောမလည်း ဝေဖန်သူအပေါင်းတို့…

    Reply

  • cruz

    October 9, 2010 at 6:27 pm

    ဪ…..ကျနော်ခုပြောသွားတာ ဘယ်သူ့ကိုမှဝေဖန်တာလည်းမဟုတ်ဘူးနော်…
    ဘယ်သူမှားတယ်မှန်တယ်လည်းပြောတာမဟုတ်ဘူး…
    ကျနော်ကြုံခဲ့ရတာလေး ကျနော်က ပြန်ပြောပြတာ….
    နောနော် သီချင်းတွေကျနော်လည်း ကြိုက်ပါတယ်…သူ့ရဲ့ခုစီးရီး အိမ်မက်ထဲကလူလည်း အားပေးထားတာပဲ…
    ခင်ဗျားတို့ သတိထားမိလား..နောနော်ရဲ့မူပိုင် စာသားကို…
    အားးဟာ အားးဟာ..ဆိုတာလေ ဟိဟိ သူက အဲတာကိုတော့ သီချင်းတိုင်းလိုလို မပါမဖြစ်နော်…. မူပိုင်ဆွဲထားတာထင်တယ်…
    အပျော်သဘောလေးနဲ့ပြောလိုက်တာပါ.. မယုံရင်တော့ နားထောင်ကြည့်တဲ့သူတိုင်း သတိထားမိမယ်ထင်တယ်.. 🙂

    Reply

  • naynyoseesar

    October 11, 2010 at 4:09 pm

    ဟဟ….မင်းတို့တွေက ရေးတုန်းပဲလား…ငါကတော့ တစ်သက်လုံးမကျဘူးကွာ

    Reply

  • windtalker

    December 23, 2011 at 7:06 pm

    ဂေဇက်မှာ တစ်ချိန်တုန်း က မွှေခဲ့သော နောနော်
    ယနေ ့စာဖတ်ပရိသတ်များ အမှတ်တရ ဖြစ်ဖို ့
    ကွန်မင့်ဝင်ပေးလိုက်သည် ။
    ဒန်တန်တန်

    Reply

  • Zippo

    December 23, 2011 at 9:13 pm

    ဖတ်ရတာတော့ ကောင်းပါသည် ၊ ရာဇဝင်ဇတ်လမ်းရှည်တစ်ပုဒ်လို ၊
    နောနော့ကိုကြိုက်သူများတော့ အထိကိုမခံဘူး ဖြစ်နေပုံပဲ ၊
    ကြည့်ရတာ မှားလဲ မှန်တယ် ၊ မှန်ရင်လဲ မှန်တယ် သဘောမျိုး ။
    ဖြစ်တတ်ပါတယ် ၊
    (အထက်မှ comment များကို သေချာစွာဖတ်ပါသည်ခင်ဗျာ)

    Reply

Leave a Reply

Your email address will not be published.