မြင်အောင်ကြည့်ကြပါစို့”

“ မြင်အောင်ကြည့်ကြ ပါစို့”

 

ဟိုအရေး  ဒီအရေး

စိတ်တွေ  လေးမနေပါနဲ့

ရိုးရိုးလေး  တွေးရင်

အမှန်တွေ  မြင်လာပါမယ်။

 

ဟိုအကြောင်း  ဒီအကြောင်း

စိတ်တွေ ညောင်း မနေပါနဲ့

ဖြည်းဖြည်းလေး စောင့်ရင်

အမှန်တွေ မြင်လာပါမယ်။

 

ဟိုအပူ ဒီအပူ

စိတ်ထဲကို ယူမထားပါနဲ့

အေးအေးလေး နေရင်

အမှန်တွေ မြင်လာပါမယ်။

 

ဟိုလိုကြား ဒီလိုကြား

စိတ်တွေ ဗျာမ များပါနဲ့

ရေးရေးလေးတွေးရင်

အမှန်တွေ မြင်လာပါမယ်။

 

ဟိုလိုလူ ဒီလိုလူ

စိတ်တွေ ပူမနေပါနဲ့

…………………………..

……………………………….

………………………………..

…………………………………….

အမှန်တွေ မြင်လာပါမယ်။

အမှန်တွေမြင်လာပါမယ်။

အမှန်တွေ

အမှန်တွေ

အမှန်တွေ

မြင်လာပါမယ်။

မြင်လာပါမယ်။

မြင်လာပါမယ်။

မြင်လာပါမယ်။

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

1-1-2016

 

8 comments

  • E-မြောက်မြောက်

    January 1, 2016 at 11:12 pm

    အမြင်တွေ မှန်လျင် အမှန်တွေမြင် လာပါလိမ့်မယ်

    Reply

  • ဦးကြောင်ကြီး

    January 3, 2016 at 7:54 am

    မြင်အောင်ကြည့် တင်ပေါင်ထိ ရင်အောင်အိ ခြင်ကောင်မိ

    Reply

  • Mike

    January 6, 2016 at 2:04 pm

    .အင်မတန်ကောင်းတဲ့ဓမ္မကဗျာလေးပါ ကိုပေါက်ရေ…

    Reply

    • မြင်နေတယ် မျက်လုံးများရှိလို့

      ကျော်ဟိန်းဆိုခဲ့တာလေ

      မြင်တာကို ပြန်ဆင်ခြင်မှ

      မှန်မယ်ထင်ပါတယ်

      Reply

  • alinsett

    January 6, 2016 at 5:14 pm

    အမှန်ကို မမြင်နိုင်တဲ့မျက်လုံးတွေထက်စာရင်…
    ကန်းနေတာကမှ ကောင်းသေးတယ်…ဆိုတဲ့ စကားပုံတစ်ခုကို သတိရသွားမိ…

    Reply

Leave a Reply

Your email address will not be published.