အတ္တမိုးတိမ်

ကာရံDecember 7, 20151min02

အတ္တမိုးတိမ်

ဖြူ ချင်လျှက်နဲ့မဲ ငိုပြန်တော့လည်းသည်း
အုံ့စိုင်းတဲ့ ထက်ကောင်းကင်
မုန်းဟန်ပြင် ရွာနေစဲ

မျှောင်လင့်ချက် မြူ တစ်မှုံ
အို သူသူတို့ မသိချေဘူး
ချစ်မိသူရင်မှာတော့ လွမ်းလို့သာရူး

ကြင်သူကအဝေး
တိမ်တိုက်လေးအပြေးမှာ
ချစ်မိုးလည်းအေး

မေရယ် ဖြူ ပါလျှက်ကယ်နဲ့
မိုးသားလိုမဲပြန်တော့
ဝေးရဦးမယ်ပေါ့

တိမ်အကွယ် မေရယ်နေပုံက
ကိုယ့်ရင်ကိုအေးမြဖူးတယ်
မာနကင်းလို့ သူဖြူ ပြီပေါ့
ကိုယ်သိပ်ချစ်တာ သိတယ်ထင်ပ
ခုတော့ အတ္တမိုးတိမ်လည်း
ဖြူ ခဲ့ပါပြီ

ကာရံ ၁၉ ့၁၁ ့၂၀၁၅

2 comments

  • အီးမြောက်မြောက်

    December 7, 2015 at 8:50 pm

    တစ်နေ့ကြရင် ဒီအတိုကြီးလိုပဲနေမယ်
    ဘီအီးလေးသောက်လိုက် ကဗျာလေးစပ်လိုက် အေးဆေးပဲ

    Reply

  • Alinsett @ Maung Thura

    December 8, 2015 at 8:24 am

    စာလုံး အကျအပျောက်လေးတွေ ဂုစိုက်ပါ သယ်ရင်းးး
    ကဗျာ ရသ ပါ ကျပျောက်ခဲ့မှာစိုးလို့ သတိပေးတာပါ၊

    Reply

Leave a Reply

Your email address will not be published.