ဘဝဆိုတာ

ကာရံDecember 5, 20151min04

ဘဝဆိုတာ

ခါးတမာ ပျားတကာမရှိချေဘူး
လောကအလည် သောကရယ် စုန်ဆန်ကူးပါလို့
လွှင့်မျောနေတဲ့ လူသားတို့ဘဝ
ဘယ်ကမ်းရယ် ဘယ်လမ်း မှန်းလို့သာကူး

တစ်ထစ်ခြင်းလှမ်းရင် အခြေမယိုင်ခဲ့ပေမယ့်
ဒေါသစိတ်ကလေး ခိုင်မာနေတော့လဲ
အမြင့်တက်တိုင်း မုန်တိုင်းထန်နေခဲ့တယ်

မင်းလည်းလူ ငါလည်းလူ
လူချင်းတူပါလျှက်ကယ်နဲ့ မူခြင်းမတူတော့လဲ
အပူမီး ဆူဆူကဲပြန်သေးတယ်

ဘာပဲဖြစ်ဖြစ် လုံ့လကိုအားစိုက်
မေတ္တာကိုအစဉ်ပိုက်ရင်လေ
ဘဝဆိုတဲ့ ခရီးကြမ်း ပန်းခင်းလမ်းပမာ
ဆန်းသစ်ရမည်မလွဲပေါ့

ကာရံ ၄ ့၁၂ ့၂၀၁၅

4 comments

  • Mike

    December 7, 2015 at 1:45 pm

    .Good poem.

    Reply

  • Alinsett @ Maung Thura

    December 8, 2015 at 4:10 pm

    ဘဝဆိုတာ မသ်ကာမှုပုဒ်မကြီးးး
    ဘ(ကြာသပတေး)၅
    ဝ (ဗုဒ်ဒဟူး)၄
    ၅၄

    Reply

  • ကာရံ

    December 9, 2015 at 4:57 pm

    နောက်တော့လဲနေသားကျသွားမှာပေါ့လေ ဟုတ်တယ်မလား

    Reply

Leave a Reply

Your email address will not be published.