” အိုကေ နားထား မာယာသမား “

“  အိုကေ နားထား မာယာသမား “

 

“မာယာ” ဆိုတာ

ပါဠိစကားလား

ဘာလား

ကွဲကွဲပြားပြား

မသိပေမယ့်

အထာစကားတွေနဲ့

ဘာညာ ဘာညာ

လာလှည့်စားရင်

“မာယာတွေများတယ်”လို့

ဆိုပါတယ်။

 

ဟိုရှေးကဆိုစကား

“မိန်းမ မာယာ သဲကိုးဖျာ”ဆိုသဟာကို

ခပ်ငေါ့ငေါ့နဲ့ ချေပ

“မောင်တို့ယောက်ျားတွေများကျတော့

သဲကိုးဖျာတောင်မလောက်ပါတယ်”တဲ့။

မအေးမြင့် ပြောမယ်ဆိုလဲ

ပြောချင်စရာဗျာ

ပလီတိရယ်မှ

ပလာတာ

ညာချင်သလိုညာ

ရေးချင်သလိုရေး

ပြောချင်သလိုပြော

မှားချင်သလိုမှား

များချင်သလိုများ

စားချင်သလိုစားခဲ့ကြတဲ့

မောင်တို့ယောက်ျားကြီးတွေက

ပြောင်းလဲချိန်တန်ပြီ

ဆိုကာမှ

ကတိတွေပေးလို့ပေး

လက်ဆောင်တွေနဲ့

မျှားလို့မျှား

သဘောထားတွေ

ပြောင်းလိုပြောင်း

ရောင်းတမ်းဝင်

မျက်နှာပေးတွေနဲ့

လေချိုတွေသွေးနေပြန်တော့

ဦးချစ်ကောင်းရဲ့စကား

ခဏငှားပါအုံးမယ်

“သွားစမ်းဘာမာယာဒွေရိုးနေဘီကွာ”

“သွားစမ်းဘာမာယာဒွေရိုးနေဘီကွာ”

“သွားစမ်းဘာမာယာဒွေရိုးနေဘီကွာ”

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

၂၂၁၀၂၀၁၅

 

5 comments

  • Mr. Pocket

    October 24, 2015 at 9:54 am

    မာယာများထွေခင်းကစား.. နိုင်ငံရေးအာပလာသမား..
    အလိမ်အညာများ များမှများ.. ဘယ်လိုတွေးတွေး မယုံနိုင်တာအမှား..
    အော်အော်… အဲ့တော့မှ.. ငါ့ဘဝခါး… အော် နိုင်ငံရေးအာပလာသမား…

    Reply

  • Alinsett @ Maung Thura

    October 25, 2015 at 1:13 pm

    မာယာကို ခြုံစရာ ခြုံလွှာတစ်ခုလို အုပ်ပြီး.. ကောက်ကျစ်မှုနဲ့ အတ္တကို သိုဝှက် သုံးစွဲတတ်ပါသော…
    အဘတို့ အုပ်စိုးသည့် ဤတိုင်းပြည်…

    Reply

  • Mike

    October 27, 2015 at 9:42 am

    .ကောင်းလိုက်တဲ့ အတွေးပါးပါးလေး :))

    Reply

Leave a Reply

Your email address will not be published.