Related Articles Aung San/Aung San Suu KyiPolitics, Issues DASSK – ဒီဇငျဘာ၂၀၁၉ သတငျးမြား Aung San/Aung San Suu KyiCriticHistoryMy Dear Diary ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး Aung San/Aung San Suu KyiPolitics, Issues အမေ့ကိုယ်စား ရေးတဲ့စာ – by Swe Yu Aung San/Aung San Suu Kyiအရီး ကထူးဆန္းOctober 23, 20151min028 ကြို သူတွေရဲ့ ပန်းတွေ နဲ့ ဝေ ချစ်ခြင်းမာျးနှင့် အားကိုးတစ်ကြီး မူရင်းပုံပိုင်ရှင်အား credit ပေးပါသည်။ ကျွန်တော် ရိုက်သောပုံ မဟုတ်ပါ ။။ Post Views: 0
ဇီဇီခင်ဇော်October 23, 2015 at 8:04 am ကျေးကျေးပါ ကိုကိုထူးဆန်းရေ။ သူသွားသမျှ ကိုယ်တွေလည်း အသက်ရဲရဲမရှုနိုင်ပဲ စောင့်ကြည့်နေရတယ်။ မပြောကောင်းမဆိုကောင်း မဲ ရလာဒ် အတိမ်းအဆောင်း ဆိုရင်တောင် ခံနိုင်ရည်ရှိအောင် ကိုယ့်ရပ်တည်ချက်လေးကို မြဲအောင်ကြိုးစားနေပါတယ်။ 🙂 BTW, ဒီလုံချည်လေးလည်း ကြိုက်မိပြန်ပြီ။ Reply
မြစပဲရိုးOctober 24, 2015 at 5:10 am ရခိုင် သွားတော့ ရခိုင်ချိတ် ရှမ်းပြည် သွားတော့ ရှမ်းလုံခြည် အရမ်းတော့ ပင်ပန်းလှရော့မယ်။ 🙁 မနိုင်လဲ သူ့မှာ ပင်ပန်းဇာတာ မပါဘူးလို့ ဘဲ တွေးတော့ မယ်။ အစိုးရ တာဝန် ယူရတယ် ဆိုတာ တာဝန်ယူတတ်သူမှာ ဘယ်လောက် ပင်ပန်း တယ် ဆိုတာ ကို မသိ သူ တွေ က အများသား။ Reply
kaiOctober 23, 2015 at 9:02 am ထမိန်တွေ.. ဘယ်သူစပွန်စာပေးသလည်းမသိ… အသက်၇ဝကျော်ဖွားဖွားခမြာလည်း.. မရိုးနိုင်အောင်ဝတ်ပေးရရှာ…. :k: Reply
ကိုပေါက်(မန္တလေး)October 30, 2015 at 1:28 pm တစ်ယောက်သောသူက ချုပ်ခ မယူဘဲ ချူပ်ပေးတယ် ပိတ်စတွေကတော့ လက်ဆောင်ပေးကြတယ် ဒီဇိုင်းကတော့ သူကိုယ်တိုင်ဆွဲတယ် လို့ သတင်းရထားပါတယ် Reply
ムラカミOctober 23, 2015 at 9:08 am ဂုဏ်ယူလိုက်ဇမ်းဘာ… ကမာ္ဘ့ အဝတ်အပေါဆုံး ပေါ်လစ်တစ်ရှင်န် တယောက်ပိုင်ထားတာ… နည်းတဲ့ ကုသိုလ်လား… သခင်မျိုးဟေ့ ဒို့ ဘာမင်န် … Reply
ဇီဇီခင်ဇော်October 23, 2015 at 9:33 am ဟို လူဂျီး ဂဒေါ် ဝတုတ်ကြီးတွေ ချိတ်ဝတ်တုန်းက မပြောကြပါလားးး ချည်ချိတ်တွေပါကွယ်။ ရောက်တဲ့နယ် ဓားမြတိုက်ထားတဲ့ ပိုးချိတ်လုံချည်တွေမဟုတ်ပါဘူးး Reply
ムラカミOctober 23, 2015 at 10:40 am အွန် အဝတ်ပေါလို့ ပေါတယ်ပြောတာဗျ… မျဝူးလား … ဝူတ်ဒယ်ဗျာ လန်ကွတ်တီ နဲ့နေတာ… ကိုင်း ကျေနပ်ပလား…. သခင်မျိုးဟေ့ … ဒို့ ဘာမေးနီးယန်း… Reply
Alinsett @ Maung ThuraOctober 23, 2015 at 11:35 am အဘ ကတော်တွေနဲ့ နှိုင်းယှဉ်စရာ မဟုတ်လောက်အောင်…. ကျက်သရေ ရှိတယ်။ Reply
မြစပဲရိုးOctober 24, 2015 at 5:08 am က ….. ထူး ……. ဆန်း ဗူးသီး သီး မှ အရီး တော် သလား။ jk 😉 ရုပ်ရည်သွင်ပြင် ကျက်သရေ ရှိတာ ထက် အများကြီး သာ တဲ့ စိတ်နေစိတ်ထား နဲ့ ဉာဏ်ပညာကြီး မှု က သူ့ကို ပိုပြီး တင့်တယ် စေတာပါ။ .ကြုံတုန်း အောက်တိုဘာ ရရက် ၂၀၁၅သူ နဲ့ India Today ရုပ်သံနှင့် အင်တာဗျူး လေး ကို မျှဗျစေ။ ဘယ်လောက် တန်ဖိုး ရှိတဲ့ စကားတွေလဲ ဆိုတာ မမွှန်းတော့ပါဘူးနော်။ :-))) ++++++++++++++++++++++++++++++++++++++ (၁) .မေး။ ။ အနောက်တိုင်းကလူတွေတော်တော်များများကို အံ့အားသင့်စေတာကတော့ ရိုဟင်ဂျာကိစ္စမှာ သူတို့စကားနဲ့ပြောရရင် ခင်ဗျားနှာစေးနေခဲ့တာပဲ။ .ဖြေ။ ။ ကျွန်မပြောပါတယ်။ ဒါပေမဲ့လူတွေကစိတ်မှမဝင်စားတာ။ သူတို့ (အနောက်တိုင်း) ဖြစ်စေချင်တာက ကျွန်မအနေနဲ့ ရခိုင်တွေကို ပြစ်တင်ရှုတ်ချဖို့။ ကျွန်မက ရခိုင်တွေကို ပြစ်တင်ရှုတ်ချတာမျိုး မလုပ်နိုင်ဘူးဆိုတာ အကြောင်းရင်းက ရှင်းရှင်းလေးပါ။ စစ်အာဏာပိုင်တွေ ဆယ်စုနှစ်နဲ့ချီပြီးကျင့်သုံးခဲ့တဲ့ ပေါ်လစီအကျိုးဆက်ကို ရခိုင်တွေတနင့်တပိုးခံစားခဲ့ရတယ်။ ပြီးတော့ လူ့အဖွဲ့အစည်းမှာ တစ်စုနဲ့တစ်စု ဒီလိုဖြစ်နေတာကို ကျွန်မအနေနဲ့ မီးလောင်ရာလေပင့်မလုပ်နိုင်ဘူး။ (၂) . မေး။ ။ အရှင်ဝီရသူဟာ မြန်မာပြည်ဗုဒ္ဓဘာသာရဲ့ မျက်နှာဖုံးဖြစ်လာနေတယ်လို့ ပြောကြတာနဲ့ပတ်သက်ပြီး မစိုးရိမ်ဘူးလား။ သူဟာတကယ်ပဲ ခင်ဗျားစိတ်ကူးထဲက မြန်မာပြည်ကို ကိုယ်စားပြုသလား။ .ဖြေ။ ။ ။ မဟုတ်ပါဘူး။ ဘယ့်နှယ်ဟုတ်ရမလဲ။ သူဟာ (ရဟန်း) တစ်ပါးဖြစ်ပါတယ်။ တကယ်တော့ ဒီတိုင်းပြည်မှာ အရမ်းအရမ်းကိုကြည်ညိုစရာရဟန်းတော်တွေ အများကြီးရှိတယ်ဆိုတာလည်းမမေ့ပါနဲ့။ ဗုဒ္ဓဘာသာရဲ့ တကယ့်မျက်နှာဖုံးဘာလဲဆိုတာသိချင်ရင် သူတို့ကိုမေးကြည့်လို့ရတယ်။ .မေး။ ။ ဒါဆို (အရှင်ဝီရသူ) ဟာ ဗုဒ္ဓဘာသာရဲ့မျက်နှာဖုံးမဟုတ်ဘူးပေါ့။ .ဖြေ။ ။ (အရှင်ဝီရသူ) ဟာ ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးပါ။ ဒီထက်မပိုပါဘူး။ (၃) .မေး။ ။ အစိုးရဖွဲ့ဖြစ်တယ်ဆိုပါစို့၊ တစ်ဦးနဲ့တစ်ဦး ခါးခါးသီးသီးဖြစ်နေကြတဲ့သူတွေ ညီရင်းအကိုစိတ်ထားနဲ့ နေနိုင်ကြဖို့ဆိုတာ မဟာစိန်ခေါ်ချက်ကြီးပဲ။ ဒါကိုဘယ်လိုရင်ဆိုင်မလဲ။ .ဖြေ။ ။ နိုင်ငံရေးလုပ်မှတော့ စိန်ခေါ်ချက်အမျိုးမျိုးကို ရင်ဆိုင်ရမှာပေါ့။ ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ပြောရရင် မေတ္တာတရားနဲ့ ကရုဏာ အင်မတန်အရေးပါတယ်။ ဒါကိုကျွန်မ နက်နက်ရှိုင်းရှိုင်းယုံကြည်တယ်။ (Credit to – Ko Htay Naing Facebook) Reply
ကထူးဆန်းOctober 24, 2015 at 7:07 am အရီးလတ် ကိုတော့အရီး တော်တာ ကြာပါပြီနော် .. ပထမ ခေါင်းစဉ်ကို အရီး လတ် နဲ့ ဇီဇီ သို့ လို့ တပ်မလို့ ဒီပုံတွေ အပြင်မှာ မမြင်မိလို့ .. Reply
လုံမလေးမွန်မွန်October 24, 2015 at 11:51 am သများ ပန်းကုံးသွားစွပ်ဖူးတယ်.. ဟိဟိ.. ဘလိုင်းကြီးဝင်ကြွားတာ… Reply
မြစပဲရိုးOctober 24, 2015 at 11:41 pm ဒါမျိုး ကြွားတာကတော့ ဘယ်နှစ်ခါဖြစ်ဖြစ် မညည်းတမ်း နားထောင်နိုင် ပါတယ်။ :-))) Reply
မြစပဲရိုးOctober 24, 2015 at 11:04 pm Thanks. :-)) One more… ++++++++++++++++++++++++++ . အောက်တိုဘာ ရရက် ၂၀၁၅ India Today ရုပ်သံနှင့် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးမှ။ (၄) မေး။ ။ အစိုးရဖြစ်လာရင် မြန်မာပြည်သူတွေရဲ့လူနေမှုဘဝကို ဘယ်လိုမြှင့်တင်ပေးမှာလဲ။ အာရှမှာ စာတတ်မြောက်သူအများဆုံးစာရင်းဝင်နိုင်ငံဟာ အဆင်းရဲဆုံးထဲမှာလည်း ဝမ်းနည်းစရာပါနေတယ်။ ဖြေ။ ။ ဆင်းရဲမွဲတေမှုပြဿနာက နေ့ချင်းညချင်းပြေလည်သွားမှာမဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ပြည်သူပြည်သားတွေပေါ်မှာ ကျွန်မအကြီးအကျယ်ယုံတယ်။ ကိုယ့်ငါးချဉ်မို့ချဉ်တာမဟုတ်ဘူး။ မြန်မာတွေဟာ လက်ဖျားခါရလောက်အောင်ဉာဏ်ထက်မြက်သူတွေ။ ကြိုးစားတယ်။ သင်လွယ်တတ်လွယ်တယ်။ သူတို့လိုနေတာ အခွင့်အလမ်းပဲ။ ၁၉၅ဝ ပြည့်နှစ်များကာလတုန်းက မြန်မာဆိုတာ လွတ်လပ်ပြီးခါစနိုင်ငံငယ်တွေအကြားမှာ အရမ်းအောင်မြင်ခဲ့တဲ့အဖြစ်ကို မမေ့လိုက်နဲ့ဦး။ ဒုတိယကမာ္ဘစစ်တွင်း ဒီမြေပေါ်မှာစစ်တလင်းဖြစ်ခဲ့တာတောင်မှ စစ်အပြီးမှာ ထွန်းသစ်စစီးပွားရေးတစ်ခုအဖြစ် ခေါင်းထောင်လာခဲ့တာ၊ လွတ်လပ်ပြီး ၁ဝနှစ်အတွင်း အရှေ့တောင်အာရှမှာ အလားအလာအရှိဆုံးတိုင်းပြည်ဖြစ်ခဲ့တာမဟုတ်လား။ ကျွန်မတို့ပြည်သူတွေ ကိုယ့်ဘဝကိုယ်တိုးတက်အောင်ဆောင်ရွက်နိုင်တဲ့ အခြေအနေတစ်ခုကို ဘာကြောင့်ပြန်မသွားနိုင်ရမှာလဲ။ မေး။ ။ ဒီလိုအခွင့်အလမ်းတွေပေါ်လာဖို့ စီးပွားရေးကိုဖွင့်လှစ်ပေးဖို့မလိုဘူးလား။ ဖြေ။ ။ စီးပွားရေးဖွင့်လှစ်ဖို့ဆိုရင် သန့်ရှင်းတဲ့အစိုးရနဲ့ စတင်ရမှာဖြစ်တယ်။ ခြစားနေတဲ့အစိုးရတစ်ခုအတွက် ယုံကြည်တဲ့နိုင်ငံတကာရင်းနှီးမြုပ်နှံမှု မရနိုင်ဘူး။ သန့်ရှင်းတဲ့အစိုးရဖြစ်ရေးဟာ ကျွန်မတို့ပထမဆုံးလုပ်မယ့်ထဲမှာ တစ်ခုပါတယ်။ နောက်တစ်ဆင့်မှာ ဥပဒေတွေကို ဖြေလျှော့ပေးရမယ်။ ဖြေလျှော့မှုက တကယ်ဆိုစတင်နေပြီလို့ပြောရင်ရတယ်။ လက်ရှိမှာ (လွှတ်တော်မှ) ပြဋ္ဌာန်းလိုက်ပြီး အသက်မဝင်သေးတဲ့ဥပဒေတွေရှိတယ်။ သန့်ရှင်းတဲ့အစိုးရမဖြစ်တော့ ပတ်ချာလည်နေတာပေါ့။ မေး။ ။ မြန်မာတိုင်းသတင်းစာမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ ဆောင်းပါးမှာ NLD အစိုးရဟာ ကောင်းမွန်တဲ့ လက်ရှိပြုပြင်ပြောင်းလဲရေးတွေကို ဆက်လုပ်ပါ့မလား။ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုကို ခုလိုပဲဖိတ်ခေါ်ပါ့မလား။ ဒါမှမဟုတ် …။ ဖြေ။ ။ No. No. No. ရင်းနှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ်မှာပါ။ မျှမျှတတပေါ့။ ကျွန်မတို့အမြဲတမ်းပြောတဲ့အတိုင်း ရင်းနှီးမြုပ်နှံသူတွေ ဒီတိုင်းပြည်ကနေအကျိုးအမြတ်ရသလို ကျွန်မတို့ပြည်သူတွေအတွက်လည်း အချိုးကျဖြစ်ရမယ်။ နှစ်လမ်းသွားဖြစ်ဖို့လိုတယ်။ မေး။ ။ ဒါဆို ပြုပြင်ပြောင်းလဲရေးတွေကို ဆက်လုပ်မှာပေါ့။ ဖြေ။ ။ သေချာတာပေါ့။ စာရွက်ပေါ်မှာပဲရှိနေသေးတဲ့ ဥပဒေကောင်းတွေကို အသက်ဝင်အောင်လုပ်ပေးရမယ်။ လက်ရှိအစိုးရလုပ်တာတွေအကုန်လုံး မကောင်းဘူးလို့ကျွန်မ မပြောဘူးနော်။ ကောင်းတဲ့ဟာတွေကို ဆက်လက်ထိန်းသိမ်းပြီး ပိုတိုးတက်အောင်လုပ်သွားမယ်။ မေး။ ။ နိုင်ငံတကာလုပ်ငန်းရှင်တွေရဲ့အဆိုအရ ဒီတိုင်းပြည်မှာစီးပွားရေးလုပ်ရတာ အရမ်းခက်တယ်။ ကမာ္ဘ့ဘဏ်ရဲ့ စီပွားရေးလုပ်ငန်းသစ်စတင်နိုင်တဲ့ညွှန်းကိန်းမှာဆို အောက်ဆုံးကပဲ။ ဒါမျိုးတွေကို ဦးစားပေးဖြေရှင်ပေးဖို့ရှိသလား။ ဖြေ။ ။ ကျွန်မတို့ရဲ့ဦးစားပေးတွေထဲမှာ ဒီကိစ္စ (ကိုဖြေရှင်းဖို့) လည်းပါပါတယ်။ ရှေ့ပိုင်းမှာ ကျွန်မပြောခဲ့တဲ့ ဥပဒေအသေးစားလေးတွေဆိုတာလေ။ မလိုအပ်တဲ့ကြိုးနီစနစ်လိုဟာမျိုးပေါ့။ ကိစ္စတစ်ခုပြီးမြောက်ဖို့ နေရာအဆင့်ဆင့်ကြန့်ကြာတာ။ လူတွေကို စိတ်ပျက်လက်ပျက်နဲ့ စိတ်မရှည်အောင်လုပ်ထားတာမျိုး။ ဒီတော့ကျွန်မတို့ပြောတာက တိုးတက်ကြီးပွားဖို့အတွက် လွတ်လပ်မှုနဲ့ လုံခြုံမှုကို (ဖော်ဆောင်) ပေးဖို့ပါ။ (Credit to – Ko Htay Naing Facebook) Reply
မြစပဲရိုးOctober 26, 2015 at 2:19 pm . အောက်တိုဘာ ရရက် ၂၀၁၅ India Today ရုပ်သံနှင့် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးမှ။ (၅) .မေး။ ။ အချို့မဲဆန္ဒနယ်တွေမှာ မိတ်ဆွေတိုင်းရင်းသားပါတီတွေနဲ့ ဘာကြောင့်တပ်ပေါင်းစုဖွဲ့ပြီးမဝင်နိုင်ရတာလဲ။ ဒါဆို (လက်ရှိ) အစိုးရကိုဆန့်ကျင်တဲ့မဲတွေ အကွဲကွဲအပြားပြားမဖြစ်တော့ဘူးမဟုတ်လား။ .ဖြေ။ ။ တိုင်းရင်းသားပါတီတွေကို ရှင်ဒီလိုမေးကြည့်ဖို့လိုမယ်။ ဘာကြောင့် (တိုင်းရင်းသားပါတီတွေ) အများကြီးဖြစ်နေကြတာလဲလို့။ ပြည်နယ်တစ်ခုစီမှာ မဲဆန္ဒနယ်တစ်ခုစီအတွက် လူမျိုးစုတစ်ခုတည်းကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားပါတီတစ်ခုမကရှိနေတယ်။ တကယ့်ကိုမလွယ်တဲ့ကိစ္စပဲ။ ကျွန်မတို့ကြိုးစားကြည့်တယ်။ တပ်ပေါင်းစုဆိုတာထက် နားလည်မှုယူတဲ့ပုံစံမျိုး။ နှစ်ပေါင်းများစွာမဟာမိတ်ဖြစ်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေနဲ့ ကျွန်မတို့အမြဲတမ်းပြောပါတယ်။ မဟာမိတ်ပါတီခေါင်းဆောင်တွေရဲ့ မဲဆန္ဒနယ်မှာ ကျွန်မတို့မဝင်ဘူးလို့။ (ဒါပေမဲ့) ကျွန်မတို့ဒီအစီအစဉ်ကိုရအောင်မလုပ်နိုင်ခဲ့ဘူး။ ကျွန်မအထင်ပြောရရင် သူတို့အနေနဲ့ ကိုယ့်ပြည်နယ်ထဲမှာကိုယ်ဝင်မှဖြစ်မယ်ဆိုတဲ့စိတ်ရင်းအခံတွေရှိမယ်။ (တစ်ဖက်မှာ) ကျွန်မတို့အနေနဲ့ ကိုယ်စားလှယ်နေရာ များနိုင်သလောက်များများယှဉ်ပြိုင်ဖို့လိုတယ်ဆိုတာကလည်းရှိတယ်။ နေရာအားလုံးနိုင်မှ ၇၅% ပဲရှိဦးမှာလေ။ USDP က နေရာအားလုံးမှာပြိုင်မယ်ဆိုတာလည်း မမေ့နဲ့ဦး။ .မေး။ ။ ထားပါတော့လေ။ ဒါပေမဲ့ ၅၁ သန်းမျှသောလူဦးရေရဲ့ ၄၁%က တိုင်းရင်းသားဆိုတော့ (ပြည်နယ်တွေမှာ) ခင်ဗျားတို့ဟာ နယ်ခံတွေနဲ့လိုက်ပြိုင်သလိုဖြစ်နေတယ်။ ဒါဆိုကိုယ့်နိုင်ပေါက်ကိုယ်ပိတ်သလိုဖြစ်ပြီး မဖြစ်မနေနိုင်ရမယ့် ၆၇% ကိုမထိခိုက်နိုင်ဘူးလား။ .ဖြေ။ ။ မဖြစ်ပါဘူး။ (ပြည်နယ်တွေမှာဝင်မယ့်) ကျွန်မတို့လူတွေကလည်း နယ်ခံတိုင်းရင်းသားတွေပဲ။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကလည်း ခုလိုပြဿနာမျိုးရှိခဲ့ဘူးတယ်ဆိုတာ မမေ့လိုက်နဲ့ဦး။ ပြီးတော့ အဲဒီဒေသတွေမှာ အခြားပါတီတွေရပ်တန့်နေချိန် (ခက်ခဲတဲ့) နှစ်ပေါင်းများစွာ NLD က တောက်လျှောက်လှုပ်ရှားလာခဲ့တာ၊ တိုင်းရင်းသားပါတီတွေတောင် လှုပ်ရှားဖို့အခြေအနေမပေးတဲ့အချိန်တွေမှာ ကျွန်မတို့ပါတီတစ်ခုပဲရှိခဲ့တာဆိုတော့ အခြေကျပြီးသား။ ၁၉၉ဝ ပြည့်နှစ်တုန်းကဆိုရင် ရှမ်းပြည်နယ်မှာ တိုင်းရင်းသားပါတီက NLD ထက် နှစ်နေရာပဲပိုနိုင်ခဲ့တယ်။ ရခိုင်မှာဆို အတူတူပဲ။ အခြားပြည်နယ်တွေမှာကျွန်မတို့နိုင်တယ်။ (Credit to – Ko Htay Naing From Facebook) Reply
ကထူးဆန်းOctober 26, 2015 at 2:31 pm တိုင်းရင်းသားပါတီ တွေ ဘက် ကတော့ …NLD ရောက်မလာဘူးလို့ ပြောတယ် .. ဒေါ်အောင်ဆန်ုးစုကြည်က တော့ ကြို းစား ကြည့်ခဲ့တယ် ပြောတယ ်… ဘယ်သူ့စကား ပို မှန ် နိုင်သလဲ … အောက်ခြေ က လူ တွေ မသွားဘဲ အထက်ကို ကြို းစားကြည့်တယ် ပြောခဲ့သလား .. ဘာဘဲ ပြောပြော ၁၃ ရက်ဘဲ လိုတော့တာ ဆိုတော့ ၁၉၉ဝ နဲ့ ၂၀၁၅ ဘယ်လို ကွာသွားမလဲ စောင့် ကြည့် ယုံပါဘဲ .. Reply
မြစပဲရိုးOctober 26, 2015 at 9:32 pm . အောက်တိုဘာ ရရက် ၂၀၁၅ India Today ရုပ်သံနှင့် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးမှ။ (၆) အမျိုးသားပြန်လည်ပေါင်းစည်းရေးအစိုးရ .မေး။ ။ NLD တစ်ပါတီထဲနဲ့ သမ္မတတင်မြှောက်နိုင်တဲ့အထိ လုံလောက်တဲ့မဲမရဘူးဆိုပါစို့။ မိတ်ဆွေပါတီတွေကိုဖိတ်ခေါ်ပြီးထောက်ခံရအောင်လုပ်ဖို့ကော အစီအစဉ်ရှိလား။ .ဖြေ။ ။ အားလုံးကိုဖိတ်ခေါ်မှာပါ။ ရာခိုင်နှုန်းပြည့်နိုင်တယ်ဆိုရင်လည်း ဖိတ်ခေါ်ဦးမှာပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့တိုင်းပြည်ရဲ့အနာဂတ်အတွက် မဖြစ်မနေလုပ်ရမှာမို့ပဲ။ (အစိုးရသစ်ကို) အမျိုးသားပြန်လည်ပေါင်းစည်းရေးပေါ်မှာ ခိုင်ခိုင်မာမာတည်ဆောက်ထားတဲ့ အုပ်ချုပ်ရေးဖြစ်ဖို့ ကျွန်မတို့လိုလားပါတယ်။ .မေး။ ။ NLD တစ်ခုထဲက မဲအများစုရပြီဆိုရင် .. ခင်ဗျားပြောတဲ့ ၆၇% ရပြီဆိုရင်လည်း ဖိတ်ခေါ် .. .ဖြေ။ ။ ကျွန်မက ၆၇% နဲ့မတင်းတိမ်သေးဘူး (ရယ်မောလျှက်) .. .မေး။ ။ အများကြီးထပ်လိုချင်သေးတယ်ပေါ့။ ၁၀၀% အပြည့်လိုချင်တာလား။ .ဖြေ။ ။ သေချာတာပေါ့။ .မေး။ ။ ဟုတ်ပါပြီ။ တကယ်လို့ ၇၀% – ၈၀% နိုင်ပြီဆိုပါတော့၊ ဖိတ်ခေါ်ဦးမှာပဲလား။ .ဖြေ။ ။ ကျွန်မပြောပြီးပြီ။ ၁၀၀% ဆိုလည်းဖိတ်ခေါ်မှာပဲလို့။ .မေး။ ။ ၁၀၀% ဆိုမှတော့ ဘယ်လိုထပ်ပြီးခေါ်ဦးမှာလဲ။ ဖိတ်ခေါ်စရာတစ်ယောက်မှ မကျန်တော့ဘူးလေ။ .ဖြေ။ ။ ကျွန်မတို့ဖိတ်ခေါ်လို့ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ်အရွေးမခံရတာနဲ့ပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ ပါလို့မရဘူးဆိုတာမရှိဘူး။ .မေး။ ။ ဒါဆို ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့မျှော်မှန်းထားသလား။ ကိုယ့်တစ်ပါတီတည်းနဲ့ အစိုးရကိုထိန်းချုပ်နိုင်တဲ့ မဲအများစုရထားတာတောင်မှ … .ဖြေ။ ။ ကျွန်မက ညွှန့်ပေါင်းအစိုးရဖွဲ့မယ်လို့ပြောနေတာမဟုတ်ဘူး။ ကျွန်မတို့ (ပြောနေတာ) ရှေ့ကိုသိပ်ရောက်သွားပြီ။ ဆိုလိုတာက ရွေးကောက်ပွဲပြီးတဲ့နောက် ရာနှုန်းပြည့်နိုင်တယ်ဆိုရင်တောင် ကျွန်မတို့ရဲ့လုပ်ရပ်တွေကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အားလုံးပါဝင်နိုင်မှုအခြေခံတွေပေါ်မှာ ခိုင်ခိုင်မာမာတည်ဆောက်သွားမယ်လို့ပြောတာ။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့တိုင်းပြည်မှာ (ဒီအချက်တွေ) လိုအပ်နေလို့ပဲ။ အကြီးအကျယ်စိတ်ဝမ်းကွဲခဲ့ကြတဲ့နှစ်တွေသိပ်ကိုကြာခဲ့ပြီ။ ကျွန်မတို့ဟာ (လက်ရှိနဲ့) မတူတဲ့လမ်းတစ်ခုကိုအတူသွားကြဖို့လိုတယ်။ အဲဒီလမ်းကို သည်းခံမှု၊ စည်းလုံးမှု၊ နားလည်နိုင်မှု၊ ရက်ရောမှု စတဲ့ ကျွန်မတို့တိုင်းပြည်မှာ ပျောက်ဆုံးနေတာကြာလှပြီဖြစ်တဲ့ အဲဒီစံထားချက်တွေပေါ်မှာ ခိုင်ခိုင်မာမာတည်ဆောက်ရမှာဖြစ်တယ်။ (Credit to – Ko Htay Naing From Facebook) Reply
MikeOctober 27, 2015 at 8:45 am .ဓါတ်ပုံတွေကြည့်ရတာရော..ကွန်မန့်တွေဖတ်ရတာရောကျေးဇူးပါ .စက်ရုံကအိမ်သာနက်စုတ်ပြတ်နေလို့ ရွာထဲတောင်မဝင်နိုင် .ဒီနေ့နဲနဲလေးလိုင်းကောင်းတုန်းအပြေးအလွှားလိုက်ဖတ်နေရတယ် Reply
မြစပဲရိုးOctober 27, 2015 at 10:30 pm . အောက်တိုဘာ ရရက် ၂၀၁၅ India Today ရုပ်သံနှင့် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးမှ။ (၇) ကာကွယ်ရေးဦးစီးချုပ်ပြောသည့် အမျိုးသမီးသမ္မတ .မေး။ ။ တပ်မတော်အကြီးအကဲ ဟိုတလောကပြောထားတာရှိတယ်။ မြန်မာပြည်မှာ အမျိုးသမီးသမ္မတ (ရှိလာရင်လည်း) ကြိုဆိုမယ်ဆိုတဲ့စကား။ ဒါဟာ တပ်အနေနဲ့အခြေခံဥပဒေပြင်ဆင် (ဖို့ထောက်ခံ) မယ်လို့ အချက်ပြတာဖြစ်တယ်၊ နောက်ပြီးခင်ဗျားသမ္မတဖြစ်လာနိုင်တယ်လို့ အဓိပ္ပါယ်ကောက်မကြည့်ဘူးလား။ .ဖြေ။ ။ ရှင် ကာကွယ်ရေးဦးစီးချုပ်ကို ဒီမေးခွန်းမေးရမှာ။ ကျွန်မအနေနဲ့ သူ့စိတ်ထဲမှာဘာရှိလည်းဆိုတာ စာမဖတ်နိုင်ပါဘူး။ လူဆိုတာစကားတွေအများကြီးပြောနိုင်တယ်။ သူတို့အတွင်းစိတ်ကိုတော့ ကျွန်မဘယ်သိပါ့မလဲ။ .မေး။ ။ ဒီလိုဗျာ။ ခင်ဗျားတို့ပါတီရဲ့ဥက္ကဌတစ်ယောက်အနေနဲ့ သတိပြုရမှာက ဒီစကားကိုပြောတဲ့ ကာချုပ်ဆိုတာ ခင်ဗျားသမ္မတမဖြစ်အောင်လုပ်ထားတဲ့ အတားအဆီးကိုဖယ်ရှားဖို့နေရာမှာ အရေးအကြီးဆုံးပုဂ္ဂိုလ်ဆိုတာ။ “တစ်နေ့ အမျိုးသမီးသမ္မတရှိလာရင်လည်း ကြိုဆိုမှာပဲ” ဆိုတဲ့ သူ့မှတ်ချက်အပေါ်မှာ ခင်ဗျားရဲ့တုန့်ပြန်ချက်ကဘာလဲ။ .ဖြေ။ ။ စိတ်ဝင်စားစရာပဲ။ .မေး။ ။ ဒီ့ထက်မပိုတော့ဘူးလား။ .ဖြေ။ ။ ဒီလောက်ပါပဲ။ (ပြုံးလျှက်) .မေး။ ။ ပြောရရင်ခင်ဗျားအနေနဲ့ စိတ်ဝင်စားမှုတော့ရှိတယ်။ ဒါပေမဲ့ သူ့စိတ်ထဲကပါလို့ပြောတာဟုတ်မဟုတ် သံသယရှိတယ်။ အဲသလိုလား။ .ဖြေ။ ။ No. No. သံသယရှိလို့မဟုတ်ဘူး။ စဉ်းစားစရာတစ်ခုလို့ ပြောချင်တာပါ။ ဒါပေမဲ့ သူဘာကိုဆိုလိုသလဲ အလောသုံးဆယ်ကောက်ချက်ချလို့ဘယ်ရမလဲ။ ဒီတော့ စိတ်ဝင်စားစရာပါ။ အလေးအနက်ထားပြီး စဉ်းစားဖို့လိုပါတယ်။ ဒါပေမဲ့ ကျွန်မတို့ အပြေးအလွှားကောက်ချက်ချလို့တော့ မရပါဘူး။ ============== (၈) အစိုးရ၏ခေါင်းဆောင် .မေး။ ။ ခုနကျွန်တော်တို့ပြောခဲ့တဲ့ ပြူတင်းပေါက်ကလေး ပွင့်မလာခဲ့ဘူး။ ခင်ဗျားသမ္မတလောင်းဖြစ်ဖို့ အခြေအနေမပေးခဲ့ဘူးဆိုပါစို့။ လွှတ်တော်ဥက္ကဌရာထူးကိုကော ခင်ဗျားမျှော်မှန်းသလား။ .ဖြေ။ ။ ဘယ်ရာထူးမှန်းထားတယ်ဆိုတာမျိုး ကျွန်မဆွေးနွေးမှာမဟုတ်ဘူး။ မျှော်မှန်းမှာလည်းမဟုတ်ဘူး။ ကျွန်မကရှင်းရှင်းပဲပြောထားတယ်။ NLD နိုင်လို့ အစိုးရဖွဲ့နိုင်ခဲ့ရင် အဲဒီအစိုးရရဲ့ခေါင်းဆောင်ဟာကျွန်မပဲလို့။ ကျွန်မသမ္မတဖြစ်တာ မဖြစ်တာနဲ့ မဆိုင်ဘူး။ .မေး။ ။ သမ္မတမဖြစ်ဘဲနဲ့ အစိုးရခေါင်းဆောင်ဘယ်လိုဖြစ်မှာတုန်း။ .ဖြေ။ ။ ဘာကြောင့်မဖြစ်နိုင်ရမှာလဲ။ တိုင်းပြည်တစ်ခုကိုခေါင်းဆောင်ဖို့ သမ္မတဖြစ်မှရမှာလား။ .မေး။ ။ အိန္ဒိယမှာ ဆိုနီယာဂန္ဓီယူခဲ့တဲ့နေရာမျိုးလား။ ဒေါက်တာမန်မိုဟန်ဆင်း ဝန်ကြီးချုပ်လုပ်တုန်းက။ .ဖြေ။ ။ No. No. No. No. ဒါမျိုးကျွန်မ တဆိတ်မကြိုက်လှပါဘူး။ ရှင်စောင့်ကြည့်ပြီး ကျွန်မတို့ရွေးကောက်ပွဲမှာ ရာနှုန်းပြည့်နိုင်ဖို့မျှော်လင့်ပေးပါ။ ဒါမှ ကျွန်မစိတ်ကူးဘယ်လိုဆိုတာ ရှင်သိမယ်။ (Credit to – Ko Htay Naing From Facebook) Reply
မြစပဲရိုးOctober 28, 2015 at 11:11 pm . အောက်တိုဘာ ရရက် ၂၀၁၅ India Today ရုပ်သံနှင့် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးမှ။ (၉) နိုင်ငံရေးသမားနှင့် မီဒီယာ .မေး။ ။ အနောက်တိုင်းမီဒီယာတွေက ခင်ဗျားအပေါ်ဝေဖန်ကြတာကို ဘယ်လိုတုန့်ပြန်မှာလဲ။ အရှေ့တိုင်းနဲ့ အိန္ဒိယကတချို့တောင်ပါသေး။ သူတို့ပြောစေချင်သလောက် ခင်ဗျားဆီကအသံထွက်မလာတဲ့အခါ (အရင်လို) မထောက်ခံချင်ကြတော့ဘူး။ ခင်ဗျားအနေနဲ့သူတို့အပေါ် စိတ်ဆိုးသလား။ နားလည်မှုရှိသလား။ ဒါမှမဟုတ် .. သူတို့ကျွန်မကိုနားမလည်ပါဘူးလို့ ပြောမလား။ .ဖြေ။ ။ မဟုတ်ပါဘူး။ (ဒါနဲ့ပတ်သက်လို့) ကျွန်မသိပ်ပြီးခေါင်းထဲမထည့်ပါဘူး။ အတိုင်းအတာတစ်ခုအထိတော့ စဉ်းစားရပါတယ်။ နိုင်ငံရေးသမားဆိုတာ အများပြည်သူအသံ၊ မီဒီယာအသံကိုလည်းနားစွင့်ရသေးတာကိုး။ ဒါပေမဲ့ လူတွေအမှတ်တမဲ့ဖြစ်နေတာက မီဒီယာတွေဟာအရင်ကလည်း ကျွန်မကိုအပြစ်တင်ခဲ့ကြတယ်ဆိုတဲ့အချက်ပဲ။ ရှင်ကိုယ်တိုင်တောင် (အဲဒီအထဲ) ပါသေးတယ်။ကျွန်မအကျယ်ချုပ်နဲ့နေရတုန်းက အိန္ဒိယလူတွေ၊ အနောက်တိုင်းမီဒီယာတွေဟာ (စစ်အစိုးရနဲ့) ထိုက်သင့်သလောက်အပေးအယူမလုပ်လို့ဆိုပြီး ကျွန်မကိုအပြစ်တင်ခဲ့တယ်လေ။ တွေ့လား။ အဲဒါနိုင်ငံရေးပဲ။ ကျွန်မဘက်က သဘောထားတင်းမာလွန်းလို့ အခြေအနေတွေ လိပ်ခဲတည်းလည်းဖြစ်ရတာလို့ပြောကြတယ်။ ခုတော့လည်း အရင်နဲ့ဆန့်ကျင်ဘက်ပြောကြပြန်ပြီ။ ကျွန်မက လျှော့လွန်းတယ်။ မာသင့်သလောက်မမာဘူးတဲ့။ နိုင်ငံရေးဆိုတာဒါပဲ။ မီဒီယာဆိုတာဒါပဲ။ .မေး။ ။ ခင်ဗျားအနေနဲ့ အရေထူဖို့ကြိုးစားရမှာပေါ့။ .ဖြေ။ ။ အရေထူလာရမယ်ဆိုတာ ကောင်းတာတော့မဟုတ်ဘူး။ နိုင်ငံရေးမှာ အများပြည်သူရဲ့ထင်မြင်ယူဆချက်ကို နားလည်တတ်ဖို့လိုတယ်။ ဒါပေမဲ့အပြစ်တင်ခံရတိုင်းအနာတရဖြစ်တဲ့အဆင့်ထိတော့ ဘယ်ဟုတ်ပါ့မလဲ။ (Credit to – Ko Htay Naing From Facebook) Reply
မြစပဲရိုးOctober 30, 2015 at 3:19 am . အောက်တိုဘာ ရရက် ၂၀၁၅ India Today ရုပ်သံနှင့် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးမှ။ (၁၀) ဂရုတစိုက်နဲ့ သတိထားပြီး မျက်လုံးဒေါက်ထောက်ကြည့်ရမယ့်အပြင် အရမ်းအရမ်းကိုသတ္တိရှိဖို့လည်းလိုပါတယ် .မေး။ ။ (ရွေးကောက်ပွဲ) မဲရေတွက်တဲ့အခါ ကုလားဖန်ထိုးတာတို့ဘာတို့ စတဲ့အန္တရာယ်တွေရှိနိုင်သလား။ .ဖြေ။ ။ ဒီလိုမဖြစ်ဖို့ကျွန်မတို့တတ်နိုင်သလောက်လုပ်ရမှာပါ။ .မေး။ ။ ဒါဆို မဲရေတွက်တာနဲ့ ရလဒ်တွေအတွက် ခင်ဗျားတို့ ဘုရားတနေရမှာပေါ့။ .ဖြေ။ ။ ဘုရားတနေဖို့မဟုတ်ဘူး။ ကျွန်မတို့ မျက်စိတွေ၊ နားတွေဖွင့်ထားရမယ်။ (ရွေးကောက်ပွဲ) စောင့်ကြည့်သူတွေ ခွင့်ပြုထားတယ်ဆိုတော့ သူတို့တကယ်အလုပ်လုပ်နိုင်သလား ကျွန်မတို့သေချာဖို့လိုတယ်။ .မေး။ ။ မျက်လုံးဒေါက်ထောက်ကြည့်နေရမယ်။ .ဖြေ။ ။ အသေအချာပဲ။ ရွေးကောက်ပွဲမှာ ဖြစ်နိုင်သမျှတရားမျှတမှုအရှိဆုံးဖြစ်ဖို့ မျက်လုံးဒေါက်ထောက်ကြည့်တယ်ဆိုရာမယ် တရားဝင်စောင့်ကြည့်သူတွေအပြင် ကျွန်မတို့အားလုံး၊ လူထုတစ်ရပ်လုံးပါဖို့လိုတယ်။ ပြီးတော့ (လူထုအနေနဲ့) ဆူဆူပူပူလုပ်ချင်သူတချို့ရဲ့ ထောင်ချောက်မှာ မတိုးမိဖို့လည်းလိုတယ်။ ပြဿနာရှာပြီး ရွေးကောက်ပွဲ (မဲပေးနေတာကို) ရပ်သွားအောင်လုပ်တာမျိုး။ အခြားနိုင်ငံတွေမှာဖြစ်လေ့ရှိတဲ့ မဲရုံအပြင်ဘက်မှာ ရုန်းရင်းဆန်ခတ်ဖြစ်လို့ မဲဆက်ပေးလို့မရတော့ပဲ ပိတ်လိုက်ရတာမျိုး။ အဲသလိုဖြစ်တဲ့မဲရုံတွေ လုံလောက်တဲ့အရေအတွက်တစ်ခုရှိလို့ အကြောင့်ပြချက်ရသွားရင် ဆန္ဒမဲရလဒ်ကိုပယ်လိုက်ရတဲ့အဖြစ်မျိုး။ .မေး။ ။ ဒါဆို အဆင့်ဆင့်ပဲ။ ဂရုတစိုက်နဲ့ သတိထားပြီး အမြဲတန်း မျက်လုံးဒေါက်ထောက်ကြည့်နေရမယ်။ .ဖြေ။ ။ ကျွန်မတို့ပြည်သူတွေအနေနဲ့ ဂရုတစိုက်နဲ့ သတိထားပြီး မျက်လုံးဒေါက်ထောက်ကြည့်ရမယ့်အပြင် အရမ်းအရမ်းကိုသတ္တိရှိဖို့လည်းလိုပါတယ်လို့။ (Credit to – Ko Htay Naing From Facebook) Reply
ကထူးဆန်းOctober 30, 2015 at 7:35 pm ။ ပြီးတော့ (လူထုအနေနဲ့) ဆူဆူပူပူလုပ်ချင်သူတချို့ရဲ့ ထောင်ချောက်မှာ မတိုးမိဖို့လည်းလိုတယ်။ ပြဿနာရှာပြီး ရွေးကောက်ပွဲ (မဲပေးနေတာကို) ရပ်သွားအောင်လုပ်တာမျိုး။ အခြားနိုင်ငံတွေမှာဖြစ်လေ့ရှိတဲ့ မဲရုံအပြင်ဘက်မှာ ရုန်းရင်းဆန်ခတ်ဖြစ်လို့ မဲဆက်ပေးလို့မရတော့ပဲ ပိတ်လိုက်ရတာမျိုး။ အရေး အကြီးဆုံ း ပါဘဲ Reply
kaiOctober 31, 2015 at 12:27 am တကယ်က.. အာဏာလွှဲပေးချင်လို့ကို.. ဒီလိုရွေးကောက်ပွဲလုပ်တာလို့ပြောရင်အမှန်ဖြစ်မှာပါ…။ ၂ဖက်… အောက်ခြေ.. Grassroots က သိဖို့လိုတယ်…ထင်…။ Reply
28 comments
ကထူးဆန်း
October 23, 2015 at 7:53 am
အရီးမြ နဲ့ ဇီဇီ ့ အတွက် အမှတ်တရ..
ဇီဇီခင်ဇော်
October 23, 2015 at 8:04 am
ကျေးကျေးပါ ကိုကိုထူးဆန်းရေ။
သူသွားသမျှ ကိုယ်တွေလည်း အသက်ရဲရဲမရှုနိုင်ပဲ စောင့်ကြည့်နေရတယ်။
မပြောကောင်းမဆိုကောင်း
မဲ ရလာဒ် အတိမ်းအဆောင်း ဆိုရင်တောင် ခံနိုင်ရည်ရှိအောင် ကိုယ့်ရပ်တည်ချက်လေးကို မြဲအောင်ကြိုးစားနေပါတယ်။
🙂
BTW, ဒီလုံချည်လေးလည်း ကြိုက်မိပြန်ပြီ။
မြစပဲရိုး
October 24, 2015 at 5:10 am
ရခိုင် သွားတော့ ရခိုင်ချိတ်
ရှမ်းပြည် သွားတော့ ရှမ်းလုံခြည်
အရမ်းတော့ ပင်ပန်းလှရော့မယ်။ 🙁
မနိုင်လဲ သူ့မှာ ပင်ပန်းဇာတာ မပါဘူးလို့ ဘဲ တွေးတော့ မယ်။
အစိုးရ တာဝန် ယူရတယ် ဆိုတာ တာဝန်ယူတတ်သူမှာ ဘယ်လောက် ပင်ပန်း တယ် ဆိုတာ ကို မသိ သူ တွေ က အများသား။
ကထူးဆန်း
October 24, 2015 at 7:06 am
အရမ်းပိန်နေ တယ် .. ဘေးက မိန်းမ တွေ နဲ့ ယှဉ်ကြည့်ပါလား
kai
October 23, 2015 at 9:02 am
ထမိန်တွေ.. ဘယ်သူစပွန်စာပေးသလည်းမသိ…
အသက်၇ဝကျော်ဖွားဖွားခမြာလည်း.. မရိုးနိုင်အောင်ဝတ်ပေးရရှာ…. :k:
ကိုပေါက်(မန္တလေး)
October 30, 2015 at 1:28 pm
တစ်ယောက်သောသူက ချုပ်ခ မယူဘဲ ချူပ်ပေးတယ်
ပိတ်စတွေကတော့ လက်ဆောင်ပေးကြတယ်
ဒီဇိုင်းကတော့ သူကိုယ်တိုင်ဆွဲတယ် လို့
သတင်းရထားပါတယ်
ムラカミ
October 23, 2015 at 9:08 am
ဂုဏ်ယူလိုက်ဇမ်းဘာ…
ကမာ္ဘ့ အဝတ်အပေါဆုံး ပေါ်လစ်တစ်ရှင်န် တယောက်ပိုင်ထားတာ…
နည်းတဲ့ ကုသိုလ်လား…
သခင်မျိုးဟေ့ ဒို့ ဘာမင်န် …
ဇီဇီခင်ဇော်
October 23, 2015 at 9:33 am
ဟို လူဂျီး ဂဒေါ် ဝတုတ်ကြီးတွေ ချိတ်ဝတ်တုန်းက မပြောကြပါလားးး
ချည်ချိတ်တွေပါကွယ်။
ရောက်တဲ့နယ် ဓားမြတိုက်ထားတဲ့ ပိုးချိတ်လုံချည်တွေမဟုတ်ပါဘူးး
ムラカミ
October 23, 2015 at 10:40 am
အွန်
အဝတ်ပေါလို့ ပေါတယ်ပြောတာဗျ…
မျဝူးလား …
ဝူတ်ဒယ်ဗျာ
လန်ကွတ်တီ နဲ့နေတာ…
ကိုင်း ကျေနပ်ပလား….
သခင်မျိုးဟေ့ …
ဒို့ ဘာမေးနီးယန်း…
ဇီဇီခင်ဇော်
October 23, 2015 at 11:02 am
ဘဂျပ်ပိတ်ထားလိုက်။
ဝီစကီနံ့ ရေမွှေးဝယ်ပေးမယ်။
:k:
မြစပဲရိုး
October 30, 2015 at 3:21 am
Avatar လေးက ချစ်ဖို့ကောင်းလိုက်တာ ဇီကလေး။ :-)))
Alinsett @ Maung Thura
October 23, 2015 at 11:35 am
အဘ ကတော်တွေနဲ့ နှိုင်းယှဉ်စရာ မဟုတ်လောက်အောင်….
ကျက်သရေ ရှိတယ်။
မြစပဲရိုး
October 24, 2015 at 5:08 am
က ….. ထူး ……. ဆန်း
ဗူးသီး သီး မှ အရီး တော် သလား။
jk 😉
ရုပ်ရည်သွင်ပြင် ကျက်သရေ ရှိတာ ထက် အများကြီး သာ တဲ့ စိတ်နေစိတ်ထား နဲ့ ဉာဏ်ပညာကြီး မှု က သူ့ကို ပိုပြီး တင့်တယ် စေတာပါ။
.ကြုံတုန်း အောက်တိုဘာ ရရက် ၂၀၁၅သူ နဲ့ India Today ရုပ်သံနှင့် အင်တာဗျူး လေး ကို မျှဗျစေ။
ဘယ်လောက် တန်ဖိုး ရှိတဲ့ စကားတွေလဲ ဆိုတာ မမွှန်းတော့ပါဘူးနော်။ :-)))
++++++++++++++++++++++++++++++++++++++
(၁)
.မေး။ ။ အနောက်တိုင်းကလူတွေတော်တော်များများကို အံ့အားသင့်စေတာကတော့ ရိုဟင်ဂျာကိစ္စမှာ သူတို့စကားနဲ့ပြောရရင် ခင်ဗျားနှာစေးနေခဲ့တာပဲ။
.ဖြေ။ ။ ကျွန်မပြောပါတယ်။ ဒါပေမဲ့လူတွေကစိတ်မှမဝင်စားတာ။ သူတို့ (အနောက်တိုင်း) ဖြစ်စေချင်တာက ကျွန်မအနေနဲ့ ရခိုင်တွေကို ပြစ်တင်ရှုတ်ချဖို့။ ကျွန်မက ရခိုင်တွေကို ပြစ်တင်ရှုတ်ချတာမျိုး မလုပ်နိုင်ဘူးဆိုတာ အကြောင်းရင်းက ရှင်းရှင်းလေးပါ။ စစ်အာဏာပိုင်တွေ ဆယ်စုနှစ်နဲ့ချီပြီးကျင့်သုံးခဲ့တဲ့ ပေါ်လစီအကျိုးဆက်ကို ရခိုင်တွေတနင့်တပိုးခံစားခဲ့ရတယ်။ ပြီးတော့ လူ့အဖွဲ့အစည်းမှာ တစ်စုနဲ့တစ်စု ဒီလိုဖြစ်နေတာကို ကျွန်မအနေနဲ့ မီးလောင်ရာလေပင့်မလုပ်နိုင်ဘူး။
(၂)
. မေး။ ။ အရှင်ဝီရသူဟာ မြန်မာပြည်ဗုဒ္ဓဘာသာရဲ့ မျက်နှာဖုံးဖြစ်လာနေတယ်လို့ ပြောကြတာနဲ့ပတ်သက်ပြီး မစိုးရိမ်ဘူးလား။ သူဟာတကယ်ပဲ ခင်ဗျားစိတ်ကူးထဲက မြန်မာပြည်ကို ကိုယ်စားပြုသလား။
.ဖြေ။ ။ ။ မဟုတ်ပါဘူး။ ဘယ့်နှယ်ဟုတ်ရမလဲ။ သူဟာ (ရဟန်း) တစ်ပါးဖြစ်ပါတယ်။ တကယ်တော့ ဒီတိုင်းပြည်မှာ အရမ်းအရမ်းကိုကြည်ညိုစရာရဟန်းတော်တွေ အများကြီးရှိတယ်ဆိုတာလည်းမမေ့ပါနဲ့။ ဗုဒ္ဓဘာသာရဲ့ တကယ့်မျက်နှာဖုံးဘာလဲဆိုတာသိချင်ရင် သူတို့ကိုမေးကြည့်လို့ရတယ်။
.မေး။ ။ ဒါဆို (အရှင်ဝီရသူ) ဟာ ဗုဒ္ဓဘာသာရဲ့မျက်နှာဖုံးမဟုတ်ဘူးပေါ့။
.ဖြေ။ ။ (အရှင်ဝီရသူ) ဟာ ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးပါ။ ဒီထက်မပိုပါဘူး။
(၃)
.မေး။ ။ အစိုးရဖွဲ့ဖြစ်တယ်ဆိုပါစို့၊ တစ်ဦးနဲ့တစ်ဦး ခါးခါးသီးသီးဖြစ်နေကြတဲ့သူတွေ ညီရင်းအကိုစိတ်ထားနဲ့ နေနိုင်ကြဖို့ဆိုတာ မဟာစိန်ခေါ်ချက်ကြီးပဲ။ ဒါကိုဘယ်လိုရင်ဆိုင်မလဲ။
.ဖြေ။ ။ နိုင်ငံရေးလုပ်မှတော့ စိန်ခေါ်ချက်အမျိုးမျိုးကို ရင်ဆိုင်ရမှာပေါ့။ ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ပြောရရင် မေတ္တာတရားနဲ့ ကရုဏာ အင်မတန်အရေးပါတယ်။ ဒါကိုကျွန်မ နက်နက်ရှိုင်းရှိုင်းယုံကြည်တယ်။
(Credit to – Ko Htay Naing Facebook)
ကထူးဆန်း
October 24, 2015 at 7:07 am
အရီးလတ် ကိုတော့အရီး တော်တာ ကြာပါပြီနော် ..
ပထမ ခေါင်းစဉ်ကို အရီး လတ် နဲ့ ဇီဇီ သို့ လို့ တပ်မလို့
ဒီပုံတွေ အပြင်မှာ မမြင်မိလို့ ..
လုံမလေးမွန်မွန်
October 24, 2015 at 11:51 am
သများ ပန်းကုံးသွားစွပ်ဖူးတယ်.. ဟိဟိ..
ဘလိုင်းကြီးဝင်ကြွားတာ…
ကထူးဆန်း
October 24, 2015 at 11:20 pm
ကြွားပြီးသား ကြီး ထပ် ကြွား တာ ပေါ့ လေ .. :kwi:
မြစပဲရိုး
October 24, 2015 at 11:41 pm
ဒါမျိုး ကြွားတာကတော့ ဘယ်နှစ်ခါဖြစ်ဖြစ် မညည်းတမ်း နားထောင်နိုင် ပါတယ်။ :-)))
မြစပဲရိုး
October 24, 2015 at 11:04 pm
Thanks. :-))
One more…
++++++++++++++++++++++++++
. အောက်တိုဘာ ရရက် ၂၀၁၅ India Today ရုပ်သံနှင့် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးမှ။
(၄)
မေး။ ။ အစိုးရဖြစ်လာရင် မြန်မာပြည်သူတွေရဲ့လူနေမှုဘဝကို ဘယ်လိုမြှင့်တင်ပေးမှာလဲ။ အာရှမှာ စာတတ်မြောက်သူအများဆုံးစာရင်းဝင်နိုင်ငံဟာ အဆင်းရဲဆုံးထဲမှာလည်း ဝမ်းနည်းစရာပါနေတယ်။
ဖြေ။ ။ ဆင်းရဲမွဲတေမှုပြဿနာက နေ့ချင်းညချင်းပြေလည်သွားမှာမဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ပြည်သူပြည်သားတွေပေါ်မှာ ကျွန်မအကြီးအကျယ်ယုံတယ်။ ကိုယ့်ငါးချဉ်မို့ချဉ်တာမဟုတ်ဘူး။ မြန်မာတွေဟာ လက်ဖျားခါရလောက်အောင်ဉာဏ်ထက်မြက်သူတွေ။ ကြိုးစားတယ်။ သင်လွယ်တတ်လွယ်တယ်။ သူတို့လိုနေတာ အခွင့်အလမ်းပဲ။ ၁၉၅ဝ ပြည့်နှစ်များကာလတုန်းက မြန်မာဆိုတာ လွတ်လပ်ပြီးခါစနိုင်ငံငယ်တွေအကြားမှာ အရမ်းအောင်မြင်ခဲ့တဲ့အဖြစ်ကို မမေ့လိုက်နဲ့ဦး။ ဒုတိယကမာ္ဘစစ်တွင်း ဒီမြေပေါ်မှာစစ်တလင်းဖြစ်ခဲ့တာတောင်မှ စစ်အပြီးမှာ ထွန်းသစ်စစီးပွားရေးတစ်ခုအဖြစ် ခေါင်းထောင်လာခဲ့တာ၊ လွတ်လပ်ပြီး ၁ဝနှစ်အတွင်း အရှေ့တောင်အာရှမှာ အလားအလာအရှိဆုံးတိုင်းပြည်ဖြစ်ခဲ့တာမဟုတ်လား။ ကျွန်မတို့ပြည်သူတွေ ကိုယ့်ဘဝကိုယ်တိုးတက်အောင်ဆောင်ရွက်နိုင်တဲ့ အခြေအနေတစ်ခုကို ဘာကြောင့်ပြန်မသွားနိုင်ရမှာလဲ။
မေး။ ။ ဒီလိုအခွင့်အလမ်းတွေပေါ်လာဖို့ စီးပွားရေးကိုဖွင့်လှစ်ပေးဖို့မလိုဘူးလား။
ဖြေ။ ။ စီးပွားရေးဖွင့်လှစ်ဖို့ဆိုရင် သန့်ရှင်းတဲ့အစိုးရနဲ့ စတင်ရမှာဖြစ်တယ်။ ခြစားနေတဲ့အစိုးရတစ်ခုအတွက် ယုံကြည်တဲ့နိုင်ငံတကာရင်းနှီးမြုပ်နှံမှု မရနိုင်ဘူး။ သန့်ရှင်းတဲ့အစိုးရဖြစ်ရေးဟာ ကျွန်မတို့ပထမဆုံးလုပ်မယ့်ထဲမှာ တစ်ခုပါတယ်။ နောက်တစ်ဆင့်မှာ ဥပဒေတွေကို ဖြေလျှော့ပေးရမယ်။ ဖြေလျှော့မှုက တကယ်ဆိုစတင်နေပြီလို့ပြောရင်ရတယ်။ လက်ရှိမှာ (လွှတ်တော်မှ) ပြဋ္ဌာန်းလိုက်ပြီး အသက်မဝင်သေးတဲ့ဥပဒေတွေရှိတယ်။ သန့်ရှင်းတဲ့အစိုးရမဖြစ်တော့ ပတ်ချာလည်နေတာပေါ့။
မေး။ ။ မြန်မာတိုင်းသတင်းစာမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ ဆောင်းပါးမှာ NLD အစိုးရဟာ ကောင်းမွန်တဲ့ လက်ရှိပြုပြင်ပြောင်းလဲရေးတွေကို ဆက်လုပ်ပါ့မလား။ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုကို ခုလိုပဲဖိတ်ခေါ်ပါ့မလား။ ဒါမှမဟုတ် …။
ဖြေ။ ။ No. No. No. ရင်းနှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ်မှာပါ။ မျှမျှတတပေါ့။ ကျွန်မတို့အမြဲတမ်းပြောတဲ့အတိုင်း ရင်းနှီးမြုပ်နှံသူတွေ ဒီတိုင်းပြည်ကနေအကျိုးအမြတ်ရသလို ကျွန်မတို့ပြည်သူတွေအတွက်လည်း အချိုးကျဖြစ်ရမယ်။ နှစ်လမ်းသွားဖြစ်ဖို့လိုတယ်။
မေး။ ။ ဒါဆို ပြုပြင်ပြောင်းလဲရေးတွေကို ဆက်လုပ်မှာပေါ့။
ဖြေ။ ။ သေချာတာပေါ့။ စာရွက်ပေါ်မှာပဲရှိနေသေးတဲ့ ဥပဒေကောင်းတွေကို အသက်ဝင်အောင်လုပ်ပေးရမယ်။ လက်ရှိအစိုးရလုပ်တာတွေအကုန်လုံး မကောင်းဘူးလို့ကျွန်မ မပြောဘူးနော်။ ကောင်းတဲ့ဟာတွေကို ဆက်လက်ထိန်းသိမ်းပြီး ပိုတိုးတက်အောင်လုပ်သွားမယ်။
မေး။ ။ နိုင်ငံတကာလုပ်ငန်းရှင်တွေရဲ့အဆိုအရ ဒီတိုင်းပြည်မှာစီးပွားရေးလုပ်ရတာ အရမ်းခက်တယ်။ ကမာ္ဘ့ဘဏ်ရဲ့ စီပွားရေးလုပ်ငန်းသစ်စတင်နိုင်တဲ့ညွှန်းကိန်းမှာဆို အောက်ဆုံးကပဲ။ ဒါမျိုးတွေကို ဦးစားပေးဖြေရှင်ပေးဖို့ရှိသလား။
ဖြေ။ ။ ကျွန်မတို့ရဲ့ဦးစားပေးတွေထဲမှာ ဒီကိစ္စ (ကိုဖြေရှင်းဖို့) လည်းပါပါတယ်။ ရှေ့ပိုင်းမှာ ကျွန်မပြောခဲ့တဲ့ ဥပဒေအသေးစားလေးတွေဆိုတာလေ။ မလိုအပ်တဲ့ကြိုးနီစနစ်လိုဟာမျိုးပေါ့။ ကိစ္စတစ်ခုပြီးမြောက်ဖို့ နေရာအဆင့်ဆင့်ကြန့်ကြာတာ။ လူတွေကို စိတ်ပျက်လက်ပျက်နဲ့ စိတ်မရှည်အောင်လုပ်ထားတာမျိုး။ ဒီတော့ကျွန်မတို့ပြောတာက တိုးတက်ကြီးပွားဖို့အတွက် လွတ်လပ်မှုနဲ့ လုံခြုံမှုကို (ဖော်ဆောင်) ပေးဖို့ပါ။
(Credit to – Ko Htay Naing Facebook)
ဦးကြောင်ကြီး
October 26, 2015 at 5:36 am
အရီးစု ပုတီးထု ရခီးဘု သမီးလု
မြစပဲရိုး
October 26, 2015 at 2:19 pm
. အောက်တိုဘာ ရရက် ၂၀၁၅ India Today ရုပ်သံနှင့် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးမှ။
(၅)
.မေး။ ။ အချို့မဲဆန္ဒနယ်တွေမှာ မိတ်ဆွေတိုင်းရင်းသားပါတီတွေနဲ့ ဘာကြောင့်တပ်ပေါင်းစုဖွဲ့ပြီးမဝင်နိုင်ရတာလဲ။ ဒါဆို (လက်ရှိ) အစိုးရကိုဆန့်ကျင်တဲ့မဲတွေ အကွဲကွဲအပြားပြားမဖြစ်တော့ဘူးမဟုတ်လား။
.ဖြေ။ ။ တိုင်းရင်းသားပါတီတွေကို ရှင်ဒီလိုမေးကြည့်ဖို့လိုမယ်။ ဘာကြောင့် (တိုင်းရင်းသားပါတီတွေ) အများကြီးဖြစ်နေကြတာလဲလို့။ ပြည်နယ်တစ်ခုစီမှာ မဲဆန္ဒနယ်တစ်ခုစီအတွက် လူမျိုးစုတစ်ခုတည်းကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားပါတီတစ်ခုမကရှိနေတယ်။ တကယ့်ကိုမလွယ်တဲ့ကိစ္စပဲ။ ကျွန်မတို့ကြိုးစားကြည့်တယ်။ တပ်ပေါင်းစုဆိုတာထက် နားလည်မှုယူတဲ့ပုံစံမျိုး။ နှစ်ပေါင်းများစွာမဟာမိတ်ဖြစ်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေနဲ့ ကျွန်မတို့အမြဲတမ်းပြောပါတယ်။ မဟာမိတ်ပါတီခေါင်းဆောင်တွေရဲ့ မဲဆန္ဒနယ်မှာ ကျွန်မတို့မဝင်ဘူးလို့။ (ဒါပေမဲ့) ကျွန်မတို့ဒီအစီအစဉ်ကိုရအောင်မလုပ်နိုင်ခဲ့ဘူး။ ကျွန်မအထင်ပြောရရင် သူတို့အနေနဲ့ ကိုယ့်ပြည်နယ်ထဲမှာကိုယ်ဝင်မှဖြစ်မယ်ဆိုတဲ့စိတ်ရင်းအခံတွေရှိမယ်။ (တစ်ဖက်မှာ) ကျွန်မတို့အနေနဲ့ ကိုယ်စားလှယ်နေရာ များနိုင်သလောက်များများယှဉ်ပြိုင်ဖို့လိုတယ်ဆိုတာကလည်းရှိတယ်။ နေရာအားလုံးနိုင်မှ ၇၅% ပဲရှိဦးမှာလေ။ USDP က နေရာအားလုံးမှာပြိုင်မယ်ဆိုတာလည်း မမေ့နဲ့ဦး။
.မေး။ ။ ထားပါတော့လေ။ ဒါပေမဲ့ ၅၁ သန်းမျှသောလူဦးရေရဲ့ ၄၁%က တိုင်းရင်းသားဆိုတော့ (ပြည်နယ်တွေမှာ) ခင်ဗျားတို့ဟာ နယ်ခံတွေနဲ့လိုက်ပြိုင်သလိုဖြစ်နေတယ်။ ဒါဆိုကိုယ့်နိုင်ပေါက်ကိုယ်ပိတ်သလိုဖြစ်ပြီး မဖြစ်မနေနိုင်ရမယ့် ၆၇% ကိုမထိခိုက်နိုင်ဘူးလား။
.ဖြေ။ ။ မဖြစ်ပါဘူး။ (ပြည်နယ်တွေမှာဝင်မယ့်) ကျွန်မတို့လူတွေကလည်း နယ်ခံတိုင်းရင်းသားတွေပဲ။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကလည်း ခုလိုပြဿနာမျိုးရှိခဲ့ဘူးတယ်ဆိုတာ မမေ့လိုက်နဲ့ဦး။ ပြီးတော့ အဲဒီဒေသတွေမှာ အခြားပါတီတွေရပ်တန့်နေချိန် (ခက်ခဲတဲ့) နှစ်ပေါင်းများစွာ NLD က တောက်လျှောက်လှုပ်ရှားလာခဲ့တာ၊ တိုင်းရင်းသားပါတီတွေတောင် လှုပ်ရှားဖို့အခြေအနေမပေးတဲ့အချိန်တွေမှာ ကျွန်မတို့ပါတီတစ်ခုပဲရှိခဲ့တာဆိုတော့ အခြေကျပြီးသား။ ၁၉၉ဝ ပြည့်နှစ်တုန်းကဆိုရင် ရှမ်းပြည်နယ်မှာ တိုင်းရင်းသားပါတီက NLD ထက် နှစ်နေရာပဲပိုနိုင်ခဲ့တယ်။ ရခိုင်မှာဆို အတူတူပဲ။ အခြားပြည်နယ်တွေမှာကျွန်မတို့နိုင်တယ်။
(Credit to – Ko Htay Naing From Facebook)
ကထူးဆန်း
October 26, 2015 at 2:31 pm
တိုင်းရင်းသားပါတီ တွေ ဘက် ကတော့ …NLD ရောက်မလာဘူးလို့ ပြောတယ် ..
ဒေါ်အောင်ဆန်ုးစုကြည်က တော့ ကြို းစား ကြည့်ခဲ့တယ် ပြောတယ ်…
ဘယ်သူ့စကား ပို မှန ် နိုင်သလဲ … အောက်ခြေ က လူ တွေ မသွားဘဲ အထက်ကို ကြို းစားကြည့်တယ် ပြောခဲ့သလား ..
ဘာဘဲ ပြောပြော ၁၃ ရက်ဘဲ လိုတော့တာ ဆိုတော့ ၁၉၉ဝ နဲ့ ၂၀၁၅ ဘယ်လို ကွာသွားမလဲ
စောင့် ကြည့် ယုံပါဘဲ ..
မြစပဲရိုး
October 26, 2015 at 9:32 pm
. အောက်တိုဘာ ရရက် ၂၀၁၅ India Today ရုပ်သံနှင့် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးမှ။
(၆) အမျိုးသားပြန်လည်ပေါင်းစည်းရေးအစိုးရ
.မေး။ ။ NLD တစ်ပါတီထဲနဲ့ သမ္မတတင်မြှောက်နိုင်တဲ့အထိ လုံလောက်တဲ့မဲမရဘူးဆိုပါစို့။ မိတ်ဆွေပါတီတွေကိုဖိတ်ခေါ်ပြီးထောက်ခံရအောင်လုပ်ဖို့ကော အစီအစဉ်ရှိလား။
.ဖြေ။ ။ အားလုံးကိုဖိတ်ခေါ်မှာပါ။ ရာခိုင်နှုန်းပြည့်နိုင်တယ်ဆိုရင်လည်း ဖိတ်ခေါ်ဦးမှာပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့တိုင်းပြည်ရဲ့အနာဂတ်အတွက် မဖြစ်မနေလုပ်ရမှာမို့ပဲ။ (အစိုးရသစ်ကို) အမျိုးသားပြန်လည်ပေါင်းစည်းရေးပေါ်မှာ ခိုင်ခိုင်မာမာတည်ဆောက်ထားတဲ့ အုပ်ချုပ်ရေးဖြစ်ဖို့ ကျွန်မတို့လိုလားပါတယ်။
.မေး။ ။ NLD တစ်ခုထဲက မဲအများစုရပြီဆိုရင် .. ခင်ဗျားပြောတဲ့ ၆၇% ရပြီဆိုရင်လည်း ဖိတ်ခေါ် ..
.ဖြေ။ ။ ကျွန်မက ၆၇% နဲ့မတင်းတိမ်သေးဘူး (ရယ်မောလျှက်) ..
.မေး။ ။ အများကြီးထပ်လိုချင်သေးတယ်ပေါ့။ ၁၀၀% အပြည့်လိုချင်တာလား။
.ဖြေ။ ။ သေချာတာပေါ့။
.မေး။ ။ ဟုတ်ပါပြီ။ တကယ်လို့ ၇၀% – ၈၀% နိုင်ပြီဆိုပါတော့၊ ဖိတ်ခေါ်ဦးမှာပဲလား။
.ဖြေ။ ။ ကျွန်မပြောပြီးပြီ။ ၁၀၀% ဆိုလည်းဖိတ်ခေါ်မှာပဲလို့။
.မေး။ ။ ၁၀၀% ဆိုမှတော့ ဘယ်လိုထပ်ပြီးခေါ်ဦးမှာလဲ။ ဖိတ်ခေါ်စရာတစ်ယောက်မှ
မကျန်တော့ဘူးလေ။
.ဖြေ။ ။ ကျွန်မတို့ဖိတ်ခေါ်လို့ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ်အရွေးမခံရတာနဲ့ပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ ပါလို့မရဘူးဆိုတာမရှိဘူး။
.မေး။ ။ ဒါဆို ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့မျှော်မှန်းထားသလား။ ကိုယ့်တစ်ပါတီတည်းနဲ့ အစိုးရကိုထိန်းချုပ်နိုင်တဲ့ မဲအများစုရထားတာတောင်မှ …
.ဖြေ။ ။ ကျွန်မက ညွှန့်ပေါင်းအစိုးရဖွဲ့မယ်လို့ပြောနေတာမဟုတ်ဘူး။ ကျွန်မတို့ (ပြောနေတာ) ရှေ့ကိုသိပ်ရောက်သွားပြီ။ ဆိုလိုတာက ရွေးကောက်ပွဲပြီးတဲ့နောက် ရာနှုန်းပြည့်နိုင်တယ်ဆိုရင်တောင် ကျွန်မတို့ရဲ့လုပ်ရပ်တွေကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အားလုံးပါဝင်နိုင်မှုအခြေခံတွေပေါ်မှာ ခိုင်ခိုင်မာမာတည်ဆောက်သွားမယ်လို့ပြောတာ။
(Credit to – Ko Htay Naing From Facebook)
Mike
October 27, 2015 at 8:45 am
.ဓါတ်ပုံတွေကြည့်ရတာရော..ကွန်မန့်တွေဖတ်ရတာရောကျေးဇူးပါ
.စက်ရုံကအိမ်သာနက်စုတ်ပြတ်နေလို့ ရွာထဲတောင်မဝင်နိုင်
.ဒီနေ့နဲနဲလေးလိုင်းကောင်းတုန်းအပြေးအလွှားလိုက်ဖတ်နေရတယ်
မြစပဲရိုး
October 27, 2015 at 10:30 pm
. အောက်တိုဘာ ရရက် ၂၀၁၅ India Today ရုပ်သံနှင့် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးမှ။
(၇) ကာကွယ်ရေးဦးစီးချုပ်ပြောသည့် အမျိုးသမီးသမ္မတ
.မေး။ ။ တပ်မတော်အကြီးအကဲ ဟိုတလောကပြောထားတာရှိတယ်။ မြန်မာပြည်မှာ အမျိုးသမီးသမ္မတ (ရှိလာရင်လည်း) ကြိုဆိုမယ်ဆိုတဲ့စကား။ ဒါဟာ တပ်အနေနဲ့အခြေခံဥပဒေပြင်ဆင် (ဖို့ထောက်ခံ) မယ်လို့ အချက်ပြတာဖြစ်တယ်၊ နောက်ပြီးခင်ဗျားသမ္မတဖြစ်လာနိုင်တယ်လို့ အဓိပ္ပါယ်ကောက်မကြည့်ဘူးလား။
.ဖြေ။ ။ ရှင် ကာကွယ်ရေးဦးစီးချုပ်ကို ဒီမေးခွန်းမေးရမှာ။ ကျွန်မအနေနဲ့ သူ့စိတ်ထဲမှာဘာရှိလည်းဆိုတာ စာမဖတ်နိုင်ပါဘူး။ လူဆိုတာစကားတွေအများကြီးပြောနိုင်တယ်။ သူတို့အတွင်းစိတ်ကိုတော့ ကျွန်မဘယ်သိပါ့မလဲ။
.မေး။ ။ ဒီလိုဗျာ။ ခင်ဗျားတို့ပါတီရဲ့ဥက္ကဌတစ်ယောက်အနေနဲ့ သတိပြုရမှာက ဒီစကားကိုပြောတဲ့ ကာချုပ်ဆိုတာ ခင်ဗျားသမ္မတမဖြစ်အောင်လုပ်ထားတဲ့ အတားအဆီးကိုဖယ်ရှားဖို့နေရာမှာ အရေးအကြီးဆုံးပုဂ္ဂိုလ်ဆိုတာ။ “တစ်နေ့ အမျိုးသမီးသမ္မတရှိလာရင်လည်း ကြိုဆိုမှာပဲ” ဆိုတဲ့ သူ့မှတ်ချက်အပေါ်မှာ ခင်ဗျားရဲ့တုန့်ပြန်ချက်ကဘာလဲ။
.ဖြေ။ ။ စိတ်ဝင်စားစရာပဲ။
.မေး။ ။ ဒီ့ထက်မပိုတော့ဘူးလား။
.ဖြေ။ ။ ဒီလောက်ပါပဲ။ (ပြုံးလျှက်)
.မေး။ ။ ပြောရရင်ခင်ဗျားအနေနဲ့ စိတ်ဝင်စားမှုတော့ရှိတယ်။ ဒါပေမဲ့ သူ့စိတ်ထဲကပါလို့ပြောတာဟုတ်မဟုတ် သံသယရှိတယ်။ အဲသလိုလား။
.ဖြေ။ ။ No. No. သံသယရှိလို့မဟုတ်ဘူး။ စဉ်းစားစရာတစ်ခုလို့ ပြောချင်တာပါ။ ဒါပေမဲ့ သူဘာကိုဆိုလိုသလဲ အလောသုံးဆယ်ကောက်ချက်ချလို့ဘယ်ရမလဲ။ ဒီတော့ စိတ်ဝင်စားစရာပါ။ အလေးအနက်ထားပြီး စဉ်းစားဖို့လိုပါတယ်။ ဒါပေမဲ့ ကျွန်မတို့ အပြေးအလွှားကောက်ချက်ချလို့တော့ မရပါဘူး။
==============
(၈) အစိုးရ၏ခေါင်းဆောင်
.မေး။ ။ ခုနကျွန်တော်တို့ပြောခဲ့တဲ့ ပြူတင်းပေါက်ကလေး ပွင့်မလာခဲ့ဘူး။ ခင်ဗျားသမ္မတလောင်းဖြစ်ဖို့ အခြေအနေမပေးခဲ့ဘူးဆိုပါစို့။ လွှတ်တော်ဥက္ကဌရာထူးကိုကော ခင်ဗျားမျှော်မှန်းသလား။
.ဖြေ။ ။ ဘယ်ရာထူးမှန်းထားတယ်ဆိုတာမျိုး ကျွန်မဆွေးနွေးမှာမဟုတ်ဘူး။ မျှော်မှန်းမှာလည်းမဟုတ်ဘူး။ ကျွန်မကရှင်းရှင်းပဲပြောထားတယ်။ NLD နိုင်လို့ အစိုးရဖွဲ့နိုင်ခဲ့ရင် အဲဒီအစိုးရရဲ့ခေါင်းဆောင်ဟာကျွန်မပဲလို့။ ကျွန်မသမ္မတဖြစ်တာ မဖြစ်တာနဲ့ မဆိုင်ဘူး။
.မေး။ ။ သမ္မတမဖြစ်ဘဲနဲ့ အစိုးရခေါင်းဆောင်ဘယ်လိုဖြစ်မှာတုန်း။
.ဖြေ။ ။ ဘာကြောင့်မဖြစ်နိုင်ရမှာလဲ။ တိုင်းပြည်တစ်ခုကိုခေါင်းဆောင်ဖို့ သမ္မတဖြစ်မှရမှာလား။
.မေး။ ။ အိန္ဒိယမှာ ဆိုနီယာဂန္ဓီယူခဲ့တဲ့နေရာမျိုးလား။ ဒေါက်တာမန်မိုဟန်ဆင်း ဝန်ကြီးချုပ်လုပ်တုန်းက။
.ဖြေ။ ။ No. No. No. No. ဒါမျိုးကျွန်မ တဆိတ်မကြိုက်လှပါဘူး။ ရှင်စောင့်ကြည့်ပြီး ကျွန်မတို့ရွေးကောက်ပွဲမှာ ရာနှုန်းပြည့်နိုင်ဖို့မျှော်လင့်ပေးပါ။ ဒါမှ ကျွန်မစိတ်ကူးဘယ်လိုဆိုတာ ရှင်သိမယ်။
(Credit to – Ko Htay Naing From Facebook)
မြစပဲရိုး
October 28, 2015 at 11:11 pm
. အောက်တိုဘာ ရရက် ၂၀၁၅ India Today ရုပ်သံနှင့် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးမှ။
(၉) နိုင်ငံရေးသမားနှင့် မီဒီယာ
.မေး။ ။ အနောက်တိုင်းမီဒီယာတွေက ခင်ဗျားအပေါ်ဝေဖန်ကြတာကို ဘယ်လိုတုန့်ပြန်မှာလဲ။ အရှေ့တိုင်းနဲ့ အိန္ဒိယကတချို့တောင်ပါသေး။ သူတို့ပြောစေချင်သလောက် ခင်ဗျားဆီကအသံထွက်မလာတဲ့အခါ (အရင်လို) မထောက်ခံချင်ကြတော့ဘူး။ ခင်ဗျားအနေနဲ့သူတို့အပေါ် စိတ်ဆိုးသလား။ နားလည်မှုရှိသလား။ ဒါမှမဟုတ် .. သူတို့ကျွန်မကိုနားမလည်ပါဘူးလို့ ပြောမလား။
.ဖြေ။ ။ မဟုတ်ပါဘူး။ (ဒါနဲ့ပတ်သက်လို့) ကျွန်မသိပ်ပြီးခေါင်းထဲမထည့်ပါဘူး။ အတိုင်းအတာတစ်ခုအထိတော့ စဉ်းစားရပါတယ်။ နိုင်ငံရေးသမားဆိုတာ အများပြည်သူအသံ၊ မီဒီယာအသံကိုလည်းနားစွင့်ရသေးတာကိုး။ ဒါပေမဲ့ လူတွေအမှတ်တမဲ့ဖြစ်နေတာက မီဒီယာတွေဟာအရင်ကလည်း ကျွန်မကိုအပြစ်တင်ခဲ့ကြတယ်ဆိုတဲ့အချက်ပဲ။ ရှင်ကိုယ်တိုင်တောင် (အဲဒီအထဲ) ပါသေးတယ်။ကျွန်မအကျယ်ချုပ်နဲ့နေရတုန်းက အိန္ဒိယလူတွေ၊ အနောက်တိုင်းမီဒီယာတွေဟာ (စစ်အစိုးရနဲ့) ထိုက်သင့်သလောက်အပေးအယူမလုပ်လို့ဆိုပြီး ကျွန်မကိုအပြစ်တင်ခဲ့တယ်လေ။ တွေ့လား။ အဲဒါနိုင်ငံရေးပဲ။ ကျွန်မဘက်က သဘောထားတင်းမာလွန်းလို့ အခြေအနေတွေ လိပ်ခဲတည်းလည်းဖြစ်ရတာလို့ပြောကြတယ်။ ခုတော့လည်း အရင်နဲ့ဆန့်ကျင်ဘက်ပြောကြပြန်ပြီ။ ကျွန်မက လျှော့လွန်းတယ်။ မာသင့်သလောက်မမာဘူးတဲ့။ နိုင်ငံရေးဆိုတာဒါပဲ။ မီဒီယာဆိုတာဒါပဲ။
.မေး။ ။ ခင်ဗျားအနေနဲ့ အရေထူဖို့ကြိုးစားရမှာပေါ့။
.ဖြေ။ ။ အရေထူလာရမယ်ဆိုတာ ကောင်းတာတော့မဟုတ်ဘူး။ နိုင်ငံရေးမှာ အများပြည်သူရဲ့ထင်မြင်ယူဆချက်ကို နားလည်တတ်ဖို့လိုတယ်။ ဒါပေမဲ့အပြစ်တင်ခံရတိုင်းအနာတရဖြစ်တဲ့အဆင့်ထိတော့ ဘယ်ဟုတ်ပါ့မလဲ။
(Credit to – Ko Htay Naing From Facebook)
မြစပဲရိုး
October 30, 2015 at 3:19 am
. အောက်တိုဘာ ရရက် ၂၀၁၅ India Today ရုပ်သံနှင့် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးမှ။
(၁၀) ဂရုတစိုက်နဲ့ သတိထားပြီး မျက်လုံးဒေါက်ထောက်ကြည့်ရမယ့်အပြင် အရမ်းအရမ်းကိုသတ္တိရှိဖို့လည်းလိုပါတယ်
.မေး။ ။ (ရွေးကောက်ပွဲ) မဲရေတွက်တဲ့အခါ ကုလားဖန်ထိုးတာတို့ဘာတို့ စတဲ့အန္တရာယ်တွေရှိနိုင်သလား။
.ဖြေ။ ။ ဒီလိုမဖြစ်ဖို့ကျွန်မတို့တတ်နိုင်သလောက်လုပ်ရမှာပါ။
.မေး။ ။ ဒါဆို မဲရေတွက်တာနဲ့ ရလဒ်တွေအတွက် ခင်ဗျားတို့ ဘုရားတနေရမှာပေါ့။
.ဖြေ။ ။ ဘုရားတနေဖို့မဟုတ်ဘူး။ ကျွန်မတို့ မျက်စိတွေ၊ နားတွေဖွင့်ထားရမယ်။ (ရွေးကောက်ပွဲ) စောင့်ကြည့်သူတွေ ခွင့်ပြုထားတယ်ဆိုတော့ သူတို့တကယ်အလုပ်လုပ်နိုင်သလား ကျွန်မတို့သေချာဖို့လိုတယ်။
.မေး။ ။ မျက်လုံးဒေါက်ထောက်ကြည့်နေရမယ်။
.ဖြေ။ ။ အသေအချာပဲ။ ရွေးကောက်ပွဲမှာ ဖြစ်နိုင်သမျှတရားမျှတမှုအရှိဆုံးဖြစ်ဖို့ မျက်လုံးဒေါက်ထောက်ကြည့်တယ်ဆိုရာမယ် တရားဝင်စောင့်ကြည့်သူတွေအပြင် ကျွန်မတို့အားလုံး၊ လူထုတစ်ရပ်လုံးပါဖို့လိုတယ်။ ပြီးတော့ (လူထုအနေနဲ့) ဆူဆူပူပူလုပ်ချင်သူတချို့ရဲ့ ထောင်ချောက်မှာ မတိုးမိဖို့လည်းလိုတယ်။ ပြဿနာရှာပြီး ရွေးကောက်ပွဲ (မဲပေးနေတာကို) ရပ်သွားအောင်လုပ်တာမျိုး။ အခြားနိုင်ငံတွေမှာဖြစ်လေ့ရှိတဲ့ မဲရုံအပြင်ဘက်မှာ ရုန်းရင်းဆန်ခတ်ဖြစ်လို့ မဲဆက်ပေးလို့မရတော့ပဲ ပိတ်လိုက်ရတာမျိုး။ အဲသလိုဖြစ်တဲ့မဲရုံတွေ လုံလောက်တဲ့အရေအတွက်တစ်ခုရှိလို့ အကြောင့်ပြချက်ရသွားရင် ဆန္ဒမဲရလဒ်ကိုပယ်လိုက်ရတဲ့အဖြစ်မျိုး။
.မေး။ ။ ဒါဆို အဆင့်ဆင့်ပဲ။ ဂရုတစိုက်နဲ့ သတိထားပြီး အမြဲတန်း မျက်လုံးဒေါက်ထောက်ကြည့်နေရမယ်။
.ဖြေ။ ။ ကျွန်မတို့ပြည်သူတွေအနေနဲ့ ဂရုတစိုက်နဲ့ သတိထားပြီး မျက်လုံးဒေါက်ထောက်ကြည့်ရမယ့်အပြင် အရမ်းအရမ်းကိုသတ္တိရှိဖို့လည်းလိုပါတယ်လို့။
(Credit to – Ko Htay Naing From Facebook)
ကထူးဆန်း
October 30, 2015 at 7:35 pm
။ ပြီးတော့ (လူထုအနေနဲ့) ဆူဆူပူပူလုပ်ချင်သူတချို့ရဲ့ ထောင်ချောက်မှာ မတိုးမိဖို့လည်းလိုတယ်။ ပြဿနာရှာပြီး ရွေးကောက်ပွဲ (မဲပေးနေတာကို) ရပ်သွားအောင်လုပ်တာမျိုး။ အခြားနိုင်ငံတွေမှာဖြစ်လေ့ရှိတဲ့ မဲရုံအပြင်ဘက်မှာ ရုန်းရင်းဆန်ခတ်ဖြစ်လို့ မဲဆက်ပေးလို့မရတော့ပဲ ပိတ်လိုက်ရတာမျိုး။
အရေး အကြီးဆုံ း ပါဘဲ
kai
October 31, 2015 at 12:27 am
တကယ်က.. အာဏာလွှဲပေးချင်လို့ကို.. ဒီလိုရွေးကောက်ပွဲလုပ်တာလို့ပြောရင်အမှန်ဖြစ်မှာပါ…။
၂ဖက်… အောက်ခြေ.. Grassroots က သိဖို့လိုတယ်…ထင်…။