Myanmar Gazette Print News Media Forum Network

SEARCH

  • News
    • World News
    • Myanma News
    • U.S. News
    • South East Asia
    • Hoax
    • Opinions
    • Complaints
    • Announcements
    • Think Tank
  • MGazette
    • Editor’s Notes
    • To Editor
    • Contributors
    • Cover Faces
    • Critic
    • Op-ed
    • Think Different
  • Entertainment
    • Events/Fundraise
    • Interviews
    • Celebrity
    • Movies/TV
    • Music
    • Jokes, Satire
    • Photography
    • Food & Recipes
  • Must Read
    • How To..
    • Classifieds
    • Education
    • Gossip, Rumor
    • Interviews
    • Local Guides
    • Drama, Essays..
    • Business
    • Cell Phone
    • Poetry
  • PDF
  • About Us
  • Contact Us

Related Articles

Business & EconomicsIdeas & PlansJobs & Careers

အစားအသောက်ဆိုင်ရာ စီးပွားရေး စိတ်ကူးစိတ်သန်းများ (၁)

Business & EconomicsIdeas & PlansInterviews & ProfilesThink DifferentThink Tank

အားတက်စေမယ့် စာစုများ ၄၁


Business & EconomicsIdeas & PlansInterviews & ProfilesLiterature/BooksMarketingThink Tank

ကိုယ်ပိုင်စီးပွားရေးလုပ်ပါ


Business & EconomicsIdeas & Plans

စိတ်နေသဘောထား (၁၆)မျိုး – Carjung

Kaung Kin PyarOctober 8, 20151min032

ဒီနေ့ Linked In မှာ ဒါလေးမြင်လိုက်တော့ ဖတ်ရင်း အတော်သဘောကျမိတာနဲ့..အလုပ်ခွင်ဝင်နေကြတဲ့ ရွာသူရွာသားတွေကို သတိရပြီး Knowledge Sharing လုပ်တာပါ…

သေချာအချိန်ပေးဖတ်ဖို့တော့ လိုမယ်ထင့်…

ကိုယ့်ဟာကိုယ်တောင် ဖတ်ရင်း ချရေးရင်း ချာလပတ်လည်နေတယ်…

—————————————————–

ယနေ့ အသုံးချနေကြသော စီမံခန့်ခွဲမှုညာရပ်များကို ကားလ်ယွန်း(CARJUNG)ဆိုသူကစတင်တီထွင်ခဲ့ သည်။ ထိုနည်းပညာများအရ ရုံးဝန်ထမ်းများကို အသွင်ပုံစံ(၁၆)မျိုးအထိခွဲခြား ဖော်ပြခဲ့ပြီးထိုအုပ်စုတို့ကိုလည်းအချင်း ချင်း အဆင်ပြေစွာဆက်ဆံနိူင်စေခဲ့သည်။ ဤနည်းစနစ်များကို စီမံခန့်ခွဲမှုဆိုင်ရာတာဝန်ယူဆောင်ရွက်ရသူ အများစု ကများစွာကြိုက်နှစ်သက်ကြသဖြင့် မိမိတို့ရင်သွေးများကိုပင်ဤနည်းဖြင့် ဆန်းစစ်ခဲ့သည်ဆို၏။

အမေရိကန်ပြည်ထောင်စု ဒါးလက်စ်မြို့ရှိကွန်ပါ့စ်(Compass)ကွန်ပျူတာလုပ်ငန်းများဌာနမှ အမျိုးသမီး ငွေစရင်းကိုင်တစ်ဦး၏ စားပွဲပေါ်တွင်” ESFJ ဘာသာစကားပြောနိူင်သည် ” ဟူသောစာတန်းလေးကိုတွေ့ရပေမည်။ သူမ၏ အထက်အရာရှိစားပွဲငွေစရင်းဝန် စားပွဲပေါ်      တွင်လည်း “ISTJဘာသာစကားပြောသည်” ဟုရေးသားထား သောကတ်ကလေးတစ်ခု တင်ထားသည်ကိုတွေ့ရမည်ဖြစ်သည်။ ဤသို့သော “တုံးတိတိ အတိုကောက်” စာလုံးများ
ကိုဘုရားရှိချိးကျောင်း အစ ကားနံပတ်ပြား အလယ် တစ်ကိုယ်ရေသတင်းစာကြော်ငြာအဆုံးနေရာတိုင်းတွင်သုံးနှုန်း နေကြပေသည်။ “INTJ” အမျိုးသားတစ်ဦးကို “ENFP” အမျိုးသမီးတစ်ဦးကအသေရရ အရှင်ရရ အလိုရှိနေပါ သည် “ဟူသောတစ်ကိုယ်ရေကြော်ငြာများကို သတင်းစာများတွင် မကြာခဏတွေ့မြင်ရတတ်သည်။

ဗျည်းလေးလုံးပေါင်းစပ်ထားသည့် ဤစကားလုံးများမှာ စိတ်ကူးပေါက်ရာထွင်ထားသည့်စာလုံးများမဟုတ်ချေ တစ်မျိုးသောစိတ်ပညာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု သီအိုရီအရလူတိုင်း၏နေထိုင်ဆက်ဆံမှု ပုံစံများကိုကိုယ်စားပြုသတ် မှတ်ရာတွင်အသုံးပြုသည့်စကားလုံးများဖြစ်ကြသည်။ စိတ်ပညာယူဆချက်အတိုင်းဆိုရမည်ဆိုလျှင် လောကကိုရှုမြင် သုံးသပ်ပုံခြင်းမတူညီကြသော ဆုံးဖြတ်ပုံဆုံးဖြတ်နည်းချင်း မတူညီကြသောအသွင်ပုံစံကွဲပြားကြသည့် လူပုဂ္ဂိုလ်အ ချင်းချင်းစုပေါင်း၍အတူတစ်ကွလုပ်ကိုင်ကြရသည့် အခြေအနေများမှာအခက်အခဲများစွာနှင့် တွေ့ကြုံရင်ဆိုင်ကြမည် ဖြစ်ပေသည်။ သို့အတွက်လူတို့သည်မိမိကိုယ်တိုင်သည် လည်းကောင်း မိမိနှင့်တွဲဖက်လုပ်ကိုင်ကြသူများသည်လည်းကောင်း စိတ်ပညာအလိုအရ ခွဲခြမ်းစိတ်ဖြာထားသည့် အသွင်ပုံစံများအနက်မည်သည့်ပုံစံတွင် အကျုံးဝင်သည်ကို လေ့လာဆန်းစစ်ပြီးသိရှိထားရန် လိုအပ်ပေသည်။ သို့မှသာလျှင် လုပ်ဖော်ကိုင်ဖက် အချင်းချင်းဆက်ဆံမှု         ပိုမိုပြေပြစ် လာပြီး လုပ်ငန်းဆိုင်ရာတိုးတက်မှုများကို ရရှိနိူင်မည်ဖြစ်လေသည်။

လူတို့တွင်မွေးဖွားလာကတည်းက ဘယ်သန်ညာသန်ဟူ၍ခွဲခြား ဖြစ်ပေါ်လာသကဲ့သို့ပင် ယင်းတို့၏စိတ်ပိုင်း ဆိုင်ရာ အသွင်ပုံစံများအရ

ရင်တွင်သိုဝှက်မထားပဲပွင့်လင်းသူ(Extroverted-E)နှင့်

နေရာတကာရေငုံနှုတ်ပိတ် နေတတ်သူ(Introverted-I)အဖြစ်လည်းကောင်း

အာရုံထိတွေ့မှုဖြင့်သာသိမြင်သူ(Sensing-S)နှင့်

ထိုးထွင်းမှုဖြင့်အလိုလိုသိမြင်သူ(Intuitive-N)အဖြစ်လည်းကောင်း

စဉ်းစားတွေးခေါ်သည့်အပိုင်းကိုဦးစားပေးသူ (Thinking-T)နှင့်

ခံစားချက်ကိုဦးးစားပေးသူ(Feeling-F)အဖြစ်လည်းကောင်း

မိမိထင်မြင်ယူဆချက်အတိုင်း ထင်ရာမြင်ရာလုပ်ကိုင်တတ်သူ(Perceiving-P)နှင့်

အမှားအမှန်ဆုံးဖြတ်ပြီးမှ မှန်သည်ထင်ရာကိုလုပ်ကိုင်တတ် သူ(Judging-J)ဟူ၍လည်းကောင်း ကွဲပြားသောစရိုက်လက္ခဏာရှိတတ်ကြသည်ဟု ဆိုကြသည်။

Extroverted-E အသွင်ပုံစံရှိသူများသည်မိမိ၏ပြင်ပကမ႓ာဖြစ်သော မိမိပတ်ဝန်းကျင်ကိုပိုမိုအလေးထား တတ်ပြီး

Introverted-I လူမျိုးများသည်ပြင်ပကိစ္စရပ်များထက် မိမိ၏ရင်တွင်းမှစဉ်းစားတွေးခေါ်မှုနှင့်ခံစား ချက်များကိုသာ ပိုမိုစိတ်ဝင်စားတတ်သည်။

အာရုံထိတွေ့မှုဖြင့်သာသိမြင်သူ Sensing-Sလူမျိုးများသည်လုပ်ငန်း ကိစ္စတစ်ခုအတွက် အသေးစိတ်ကိုသာစူးစမ်းရှာဖွေတတ်ပြီး

ထိုးထွင်းမှုဖြင့်အလိုလိုသိမြင်သူ Intuitive-Nလူမျိုး များသည်လုပ်ငန်းတစ်ခုလုံးကို ခြုံငုံ၍သာ စူးစမ်းလုပ်ကိုင်တတ်ကြသည်။

စဉ်းစားတွေးခေါ်တတ်သောသူ Thinking-T လူမျိုးများမှာကျိုးကြောင်းဆင်ခြင်၍ဓမ္မဓိဌာန်ကျနစွာ စဉ်းစားဆုံးဖြတ်လုပ်ကိုင်လိုကြပြီး

Feeling-Fသမားများမှာမိမိလိုချင်သော အခြေအနေကို ဆွဲယူဆုံးဖြတ်လုပ်ကိုင်လိုကြသည်။

Perceiving-Pလူမျိုးများမှာပြောင်းလွယ်ပြင်လွယ် ရှိကြပြီး အခြေအနေကိုပြည့်စုံသည်ထက် ပိုမိုပြည့်စုံအောင်စူးစမ်းလိုစိတ်ရှိကြသည်။

Judging-J လူမျိုးများမှာပြသာနာအခက်အခဲများကိုအကျယ်မချဲ့တော့ပဲ လက်ရှိအခြေအတိုင်းပင်ပြေလည်သွား အောင်ဖြေရှင်းလိုစိတ်ရှိကြသည်။

အထက်ပါအခြေခံကွဲပြားမှု အချက်(၄)ချက်ကိုမူတည်၍ လူတို့၏စိတ်အနေအထားအသွင်ပုံစံ(၁၆)မျိုးအထိ ခွဲခြားဖော်ထုတ်နိူင်လေသည်။

ဥပမာအားဖြင့် – “သင်သည် အခြားသူတစ်ဦးအားသွားရောက်မိတ်ဆက်ပါသလား” ဟူသောမေးခွန်းတစ်ခုတွင်

ပွင့်လင်းသူExtroverted-E လူမျိုးများသည် အခြားသူများအားသွားရောက်မိတ်ဆက် လေ့ရှိပြီး

ရေငုံနှုတ်ပိတ်နေတတ်သူIntroverted-I လူမျိုးများသည်လူအများကလာရောက်မိတ်ဆက်သည်ကို စောင့်ဆိုင်းလေ့ရှိတတ်ကြသည်။

” သာမန် ပုံမှန်လုပ်ရိုးလုပ်စဉ်လုပ်ငန်း လုပ်ရသည်ကိုနှစ်သက်ပါသလား သို့မဟုတ် အပြောင်းအလဲကိုနှစ်သက်ပါသလား”ဟူသောမေးခွန်းတွင်

မိမိထင်ရာမြင်ရာလုပ်ကိုင်တတ်သူPerceiving-P လူမျိုးများသည် အပြောင်းအလဲကိုနှစ်သက်ကြပြီး

အမှားအမှန်ဆုံးဖြတ်လေ့ရှိသူ Judging-J လူမျိုးများသည်ပုံမှန်လုပ် ရိုးလုပ်စဉ်လုပ်ငန်း ဆောင်ရွက်မှုများကိုနှစ်သက်ကြသည်။

ထင်ရာမြင်ရာလုပ်တက်သူ Perceiving-Pလူမျိုး များသည် ပုံမှန်လုပ်ဆောင်ရမှု(Routine)လုပ်ငန်းများကိုငြီးငွေ့တတ်ကြသော်လည်း

အမှားအမှန်ကိုချိန်ဆသူ Judging- J လူမျိုးများမှာအပြောင်းအလဲလုပ်ကိုင်ရမည်ကို မနှစ်မြို့တတ်ကြချေ…

“သင်၏အထက်အရာရှိများအား ကြင်နာသောသူ ဖြစ်စေလိုပါသလားမျှမျှတတဆောင်ရွက်တတ်သူဖြစ်စေလိုပါသလား “ဟူသောမေးခွန်းတွင် ခံစားချက်ကိုဦီးစားပေးတတ်သူ Feeling -F သမားများသည် ကြင်နာတတ်သောအထက်အရာရှိကိုအလိုရှိတတ်ပြီး

စဉ်းစားတွေးတောမှုကို အခြေခံသူThinking- T သမားများသည်မျှတသောအထက်အရာရှိကိုပိုမိုလိုလားတတ်ကြသည်။
စမ်းသပ်သုတေသနပြုချက်အရ

၆၀%မျှသောအမျိုးသားများသည်စဉ်းစားတွေးခေါ်မှုကိုဦးစားပေးသူ Thinking- Tသမားများဖြစ်ကြပြီး

၆၀%မျှသောအမျိုးသမီးတို့သည်ခံစားချက်ကိုဦးစားပေးတတ်သူများ Feeling-Fများဖြစ်ကြသည်။

သို့ရာတွင်စီမံခန့်ခွဲမှု တာဝန်ယူဆောင်ရွက်ရသူအမျိုးသမီးအများစုတို့မှာစဉ်းစားတွေးခေါ်မှု Thinking- T ကိုဦးစားပေးသူများဖြစ်ကြောင်းတွေ့ရှိရပြီး

သူတို့နှင့်လက်တွဲဆောင်ရွက်ရသူအမျိုးသားမှာ လည်းအခြားသူများ၏ ခံစားချက်များကိုဂရုမစို်က်သော စဉ်းစားတွေးခေါ်မှုကိုဦးစားပေးသူ သူများပင်ဖြစ်ကြောင်းတွေ့
ပြန်သည်။

.

.

.
– အသွင်ပုံစံခွဲခြားမှုမှာ(၁၆)မျိုးရှိလေသည်။ ၎င်းတို့မှာလူတို့၏ သဘောသဘာဝကြီး(၄)မှခွဲထုတ်ထားခြင်း ဖြစ်လေသည်။ ၎င်းသဘာဝ(၄)ရပ်မှာ –
၁။ Introvefted – I (သို့မဟုတ်) Extroverted – E
၂။ Sensing – S (သို့မဟုတ်) Intuitive – N
၃။ Thinking – T (သို့မဟုတ်) Feeling – F
၄။ Perceiving – P (သို့မဟုတ်) Judging – J တို့ဖြစ်လေသည်။

.
၎င်း(၄)မျိုးကိုတစ်ခုစီလှည့်၍တွဲလိုက်သောအခါ လူတို့၏ပုံစံ(၁၆)မျိုးဖြစ်လာသည်။ ဇယားတွင်ကြည့်ပါ ထိုပုံစံ(၁၆) မျိုးတို့မှာတစ်မျိုးနှင့်တစ်မျိုးမတူကြချေ လူတိုင်းသည်ဤပုံစံ(၁၆)မျိုးတွင်တစ်မျိုးမဟုတ်တစ်မျိုး၌ပါဝင်နေကြမည်ဖြစ် သည်။ ဤပုံစံ(၁၆) မျိုးကိုအောက်ပါအတိုင်းအကြမ်းဖြင်းဖော်ပြလိုက်ရပေသည်။

.

.

.

၁။ ISTJ အသွင်ပုံစံ
အလွန်အမင်းအလေးအနက်ထားကြသည် အေးဆေးစွာနေတတ်သည်။ အပြင်းအထန်ကြိုးစားပြီးစေ့စပ်သေချာစွာလုပ်ကု်ိင်တတ်ခြင်းဖြင့်အောင်မြင်မှုရတတ်သည်။ လက်တွေ့ဆန်သည် စနစ်တကျလုပ်တတ်သည်အကြောင်း အချက်ခိုင်မာမှုကိုအလေးထားတတ်သည် ကြောင်းကျိုးဆက်စပ်မှုရှိစွာသဘာဝကျကျလုပ်ကိုင်တတ်သည်။ အားထားရသူဖြစ်တတ်သည် မိမိလုပ်ငန်းအတွက်တာဝန်ယူတတ်သည် စည်းကမ်းနည်းလမ်းနှင့်အညီလုပ်တတ်သည် ဤပုံစံမျိုးသည် စရင်းကိုင်များ ဘဏ္ဍရေးဝန်ထမ်းများဖြစ်လာတတ်ကြသည်။

၂။ ISTP အသွင်ပုံစံ
ကိုယ်နှင့်မဆိုင်လျှင်ဝင်ရောက်မစွက်ဖက်ပဲ မဆိုင်သလိုနေတတ်သည်။ အေးဆေးစွာနေတတ်သည် သိပ်သည်း လျှို့ဝှက်တတ်သည်။ ပိုင်းခြားဝေဖန်တတ်သည် ပုဂ္ဂိုလ်စွဲမရှိသောအယူအဆများကိုစိတ်ဝင်စားတတ်သည်။ စက်များမည်သို့လည်ပတ်သည် မည်သည့်အတွက်ကြောင့်လည်ပတ်ရသည် စသည့်အချက်မျိုးကိုစိတ်ဝင်စားတတ်သည်။ ပင်ကိုယ်စရိုက်အားဖြင့်ဟာသညဏ်တတ်ရှိသည်။

၃။ ESTP အသွင်ပုံစံ
အကြောင်းအချက်ခိုင်မာမှုကိုအလေးထားသည်။ စိတ်ပူတတ်ခြင်း ယောက်ယတ်ခတ်တတ်ခြင်းမရှိ ဘာပဲဖြစ်နေ ဖြစ်နေဂရုမစိုက် ပျော်ပျော်ရင်ဆို်င်တတ်သည်။ ညဏ်ထိုင်းသလို ထုံသလိုထင်ရသည်ဖြုတ်နိူင်တပ်နိူင်သောဝတ္ထု ပစ္စည်းမျိုးကိုစိတ်ဝင်စားနိူင်ပြီး ထိုအတတ်ပညာနှင့်ပတ်သက်လျှင်အထူးကျွမ်းကျင်သည်။

၄။ ESTJ အသွင်ပုံစံ
လက်တွေ့ဆန်သည် သဘာဝကျစွာတွေးခေါ်လုပ်ကိုင်တတ်သည်။ အကြောင်းခို်င်မာမှုကို အလေးထားသည် စီးပွားရေးလုပ်ငန်းကိစ္စနှင့်ပတ်သက်၍လည်းကောင်း စက်ကိရိယာများနှင့်ပတ်သက်၍လည်းကောင်းစိတ်ဝင်စားပြီး ကျွမ်းကျင်သောသဘောသဘာဝရှိသည်။ အသုံးမဝင်ဟုထင်ရသောကိစ္စများ အကျိုးမရှိဟုထင်ရသောကိစ္စများကို လုံးဝစိတ်မဝင်စားတတ်ပေ။ စည်းရုံးဆောင်ရွက်ရမှုများ လှုပ်ရှားဆောင်ရွက်ရမှုများကိုနှစ်သက်တတ်သည်။ စီမံခန့်ခွဲ
မှုတာဝန်ယူထားရသူများနှင့်လူအများစုတို့သည် ဤပုံစံမျိုးဖြစ်တတ်ကြသည်။

၅။ ISFJ အသွင်ပုံစံ
အေးဆေးသည် ဖော်ရွေခင်မင်တတ်သည်။ တာဝန်ယူတတ်သည် တစ်ခုခုကိုယုံကြည်စွဲလမ်းတတ်သည်။ တာဝန်သိသောစိတ်ဖြင်အလုပ်ကို အားစိုက်၍လုပ်တတ်သည်။ စေ့စပ်သေချာသည် အလုပ်ကိုတိတိကျကျဖြင့် ဒုက္ခခံကြိုးစား၍ပြီးသည်အထိလုပ်ကိုင်တတ်သည်။ သစ္စာရှိတတ်သည် သူတစ်ပါးအတွက်ပါစဉ်းစားပြီးထောက်ထား တတ်သည်။

၆။ ISFP အသွင်ပုံစံ
ရှက်ကြောက်တတ်သည် အေးဆေးစွာနေတတ်သော်လည်း ခင်မင်တတ်သည်။ သူတစ်ပါးအထင်အမြင်အပြော အဆိုကိုဂရုစိုက်တတ်၍ စိတ်ခံစားလွယ်တတ်သည်။ ကြင်နာတတ်သည် တော်သည့်တက်သည့်အချက်များ၌ မကြွား ဝါပဲနှိမ့်ချတတ်သည်။သူတစ်ပါးနှင့်သဘောထားမကိုက်ညီသည့်ကိစ္စများကိုရှောင်ဖယ်တတ်သည်။လက်အောက်အပေါ်တွင်သစ္စာရှိတတ်သည်။ အလုပ်တစ်ခုပြီးဆီးသွားသည်အထိ စိတ်အေးလက်အေးဖြင့်ဆောင်ရွက်တတ်သည်။

၇။ ESFP အသွင်ပုံစံ
ပေါ့ပေါ့နေ ပေါ့ပေါ့စား ပေါ့ပေါ့တန်တန်သဘောထားလုပ်ကိုင်တတ်သည်။ အများပြောသည်ကိုလက်ခံတတ်သည် ခင်မင်တတ်သည် အခြားသူများပျော်ရွှင်မှုအတွက် ရယ်စရာမောစရာများပြောတတ်ဆိုတတ်သည်။ အားကစားနှင့်ဟိုစပ်စပ်ဒီစပ်စပ် လုပ်ကိုင်ရခြင်းကိုဝါသနာပါသည် သီအိုရီအယူအဆများ တွေးခေါ်စဉ်းစားသည်ထက်အချက်အလက် များကို လွယ်ကူစွာမှတ်သားနိူင်သည်။

၈။ FSFJ အသွင်ပုံစံ
လှိုက်လှဲသောစိတ်ဓာတ်ရှိသည်။ စကားများများပြောတတ်သည် ထင်ပေါ်ကျော်ကြားတတ်သည်။ တစ်စုုံတစ်ခုကို ယုံကြည်စွဲလမ်းတတ်သည်။ အများနှင့်ပူးပေါင်းညှိနှိုင်းဆောင်ရွှက်လွယ်သူများ ဖြစ်လာတတ်သည်။ အဆင်ပြေညီ ညွှတ်မှုကိုလိုလားသည် ထောက်ခံအားပေးသူများရှိပါကအကောင်းဆုံးအလုပ် လုပ်သူများဖြစ်တတ်သည်။ စက်မှု ဆိုင်ရာကိစ္စရပ်များနှင့်အကောင်ထည်မမြင်ရသော စဉ်းစားတွေးခေါ်မှုဆိုင်ရာတို့အားစိတ်ဝင်စားမှု အားနည်းသည်။

၉။ INFJ အသွင်ပုစံ
လုပ်ရမည်ကိုမဖြစ်မနေ လုပ်ချင်သောဆန္ဒ သဘာဝပင်ကိုအယူအဆ ဇွဲတို့ဖြင့် စွဲစွဲမြဲမြဲကြိုးစားခြင်းဖြင့်အောင်မြင်မှုရတတ်သူများဖြစ်သည်။ တစ်စုံတစ်ခုကိုယုံကြည်စွဲလမ်းတတ်သည်။ အခြားသူများကိုအရေးတယူ ဂရုစိုက်တတ် သည်။ မိမိတို့၏ခိုင်မာသောအယူအဆများကြောင့် သူတစ်ပါး၏ လေးစားခြင်းကိုခံရတတ်သည်။

၁၀။ SNFP အသွင်ပုံစံ
ကိုယ်ပိုင်လွတ်လပ်သောလုပ်ငန်းများ အတွေးအခေါ်များ ဘာသာစကားများလေ့လာရန်ဝါသနာပါသည်။ အာမခံတာဝန်ယူကတိပေးလွယ်ပြီး တစ်နည်းမဟုတ်တစ်နည်း သို့မဟုတ် အခြားဖြစ်သည့်နည်းဖြင့်လုပ်ဆောင် ပေးတတ်သည်။ ခင်မင်တတ်သည် လုံးထွေးနေထိုင်တတ်သည်။

၁၁။ ENFJ အသွင်ပုံစံ
အထူးစိတ်အားထက်သန်တတ်သည်။ စိတ်ဓတ်တက်ကြွနေတတ်သည်။ စိတ်ကူးညဏ်ရှိသည် ကျွမ်းကျင် လိမ္မာတတ်သည်။ စိတ်ဝင်စားသောအလုပ်များကို ဖြစ်အောင်လုပ်နိူင်သောလူမျိ်ုးများဖြစ်သည်။ အခက်အခဲများကို လျှင်မြန်စွာဖြေရှင်းပြီး အကူအညီပေးရန်လက်မနှေးသူများဖြစ်သည်။

၁၂။ ENFP အသွင်ပုံစံ
အရေးတယူဂရုစိုက်တတ်သည်။ တာဝန်ရှိခြင်းကိုခံယူတတ်သည်။ အခြားသောသူများ၏စဉ်းစားတွေးခေါ်မှုနှင့် လိုအင်ဆန္ဒကို အလေးထားတတ်သည်။ လူမှုရေးတွင်ဝင်ဆံ့ပြီး ထင်ပေါ်ကျော်ကြားတတ်သည်။ သူတစ်ပါး၏ဝေဖန်မှု နှင့်ချီးမွမ်းမှုတို့ကိုများစွာ အလေးပေးဂရုစိုက်တတ်သည်။

၁၃။ INTJ အသွင်ပုံစံ
များသောအားဖြင့်ဤပုံစံမျိုးသည် ပင်ကိုသဘာဝစိတ်တွင်ကိုယ်ပိုင်အယူအဆရှိတတ်သည်။ သူတို့၏ကိုယ်ပိုင် အတွေးအခေါ်နှင့် ကိုယ်ပိုင်ရည်ရွယ်ချက်များဖော်ဆောင်ရန်အတွက်ကြီးမားသောစွမ်းအင်တွန်းအားများရှိတတ် ကြသည်။ မယုံကြည်တတ်သူ ဝေဖန်တတ်သူဖြစ်တတ်သည်။ လွတ်လပ်မှုကိုနှစ်သက်တတ်သည်။ ဆုံးဖြတ်ချက် ပြတ်သားတတ်သည်။ တစ်ခါတစ်ရံခေါင်းမာတတ်သည်။ ဤလူမျိုးသည်ရာခိုင်နှုန်းနည်းနည်းသာရှိတတ်သော်လည်း
စီမန်ခန့်ခွဲမှုဆိုင်ရာ ခေါင်းဆောင်များအမှုဆောင်အဖွဲ့ခေါင်းဆောင်များဖြစ်လာတတ်ကြသည်။

၁၄။ INTP အသွင်ပုံစံ
အေးဆေးသည်လျို့ဝှက်တတ်သည်။ ပုဂ္ဂိုလ်စွဲ မရှိတတ်ကြ။ အယူအဆနှင့်သိပ္ပံဘာသာရပ်များကို နှစ်သက်စိတ် ဝင်စားသည်။ အများအားဖြင့်အတွေးအခေါ်အယူအဆကိုသာစိတ်ဝင်စားပြီး အသေးအဖွဲ့စကားပြောဆိုခြင်း အပေါင်းအဖော်နှင့်နေရခြင်းများကိုစိတ်မဝင်စားတတ်ချေ။ စိတ်ဝင်စားစရာကိစ္စရပ်များကို ထက်မြက်စွာဝေဖန်စိစစ်၍အဓိပ္ပါယ် ကိုဖော်ထုတ်ယူနိူင်ကြလေသည်။

၁၅။ ENTP အသွင်ပုံစံ
မြန်ဆန်စွာလုပ်ကိုင်တတ်သည်။ သူမတူအောင်ပင်ကိုထူးချွန်၍ ကျွမ်းကျင်တတ်သည်။ ကိစ္စရပ်အတော်များများ ၌ကျွမ်းကျင်ကောင်းမွန်စွာလုပ်ကိုင်နှိုင်သည်။ ရယ်စရာမောစရာမေးခွန်းများကို မေးတတ်ကြသည်။ အဓိကပြသာနာ အခက်အခဲများကိုဖြေရှင်းနိူင်ရန်အရည်အချင်းပြည့်ဝတတ်သည်။ သို့သော်ပုံမှန်လုပ်စဉ်လုပ်ငန်း(Routine)များကို
လျစ်လျူရှုတတ်သည်။ များသောအားဖြင့်ကုန်သည်စီးပွားရေးသမား ဖြစ်ကြသည်။

၁၆။ ENTJ အသွင်ပုံစံ
လိုက်လှဲမှုရှိသော ရိုးသားပွင့်လင်းစွာဆက်ဆံတတ်သော အဆုံးအဖြတ်ပေးနိူင်စွမ်းသောခေါင်းဆောင်မျိုးဖြစ်တတ်ကြသည်။ အကျိုးအကြောင်းဆက်စပ်မှုရှိသော ပညာသားပါသောစကားပြေဆိုခြင်းများတွင် ထူးခြားကောင်းမွန်တတ်သည်။ တစ်ခါတစ်ရံ သူတို့၏တွေးခေါ်ယူဆချက်များသည် သေချာသောအတွေ့အကြုံများထက်ပင် ပို၍သေချာမှန်ကန်နေတတ်ကြသည်။

အနောက်ဂျာမနီတွင်တပ်စွဲထားသော အမေရိကန်တပ်များအနက် လူသူနှင့်ဝေးလံသောတပ်စခန်းများတွင်မှုးယစ်ဆေးသုံးစွဲမှုများ မြင်မြင်ရာဖျက်ဆီးချိုးဖျက်မှုများ သေနတ်ဖြင့်ပစ်ခတ်မှုများ အရက်မူး၍ ရန်ဖြစ်မှုများသေကြောင်းကြံစည်မှုများ အများအပြားဖြစ်ပေါ်နေခဲ့သည်။ ထိုတပ်စခန်းများမှအရာရှိနှင့်စစ်သည်များအား စိတ်သဘော ထားစမ်းသပ်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ လူအုပ်စုနှစ်မျိုးကိုတွေ့ရှိခဲ့ရသည်။ စစ်သည်အများစုမှာ(SP)အာရုံထိတွေ့မှု
ဖြင့်ခံစားတတ်ပြီး ထင်ရာမြင်ရာလုပ်တတ်သူအုပ်စုဝင်ဖြစ်နေပြီး ငယ်ရွှယ်သူများလည်းဖြစ်နေသဖြင့်လှုပ်ရှားတက် ကြွမှုကို တောင့်တသူများဖြစ်နေကြသည်။ ယင်းတို့မှာအထက်တန်းကျောင်းမှကျရှုံးလာသူများဖြစ်ပြီး တပ်မတော် ၏လေ့ကျင့်မှုကိုလည်း သဘောတွေ့ကြသည်။ အခြေခံသင်တန်းပြီးဆုံးသည်နှင့် ဝေးလံခေါင်းပါးသောဒေသရှိ တပ်စခန်းသို့ချက်ချင်းတန်းပို့ခံရသည့်အပြင် အမြဲတစေ အသင့်ဖြစ်နေရန်တပ်လှန့်ခံထားရသည်။ ရန်သူ့တိုက်ခိုက်မှုကို
မျော်တလင့်လင့်ဖြင့် နိုးကြားစွာစောင့်မျော်နေရင်းမှ ဘာမှထူးထူးခြားခြားဖြစ်မလာသောအခါ ပေါက်ကွဲပြီး လှုပ်လှုပ်ရှားရှားဖြင့်စိတ်ဝင်စားစရာ တစ်ခုခုကိုရှာကြံသည့်အနေဖြင့် အထက်ဖော်ပြရာရမ်းကားမှုများ ပြုလုပ်ကြခြင်းဖြစ် ကြောင်းဆန်းစစ်တွေ့ရှိခံသည်။

အခြေအနေကိုပို၍ ဆိုးရွှားစေသည်မှာထိုတပ်စခန်းများ၏ တပ်မှ ူးအများစုမှာ(SJ)အုပ်စု အာရုံထိတွေ့မှုဖြင့်
ခံစားတတ်ပြီး ချိန်ဆစဉ်းစားနေကြသူများပင် ဖြစ်နေကြခြင်းဖြစ်၏။ ထိုအုပ်စုဝင်များသည် နေ့စဉ်အစီရင်ခံစာများ
လုပ်ထုံးလုပ်နည်းများကိုသာလိုလားနှစ်သက်သူများပင်ဖြစ်၍(SP)အုပ်စုဝင်စစ်သည်များနှင့် ဆန့်ကျင်ဖက်ဖြစ်နေ၏။
ထိုအခြေအနေများကို ဖြေရှင်းပုံမှာလက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ အထက်နှင့်အောက် အလွှာနှစ်လွှာကြားညှိနှိုင်းပေး
သည့်ပုံစံမျိုးမဟုတ်ပဲ စိတ်နေသဘောထားမတူသောလူအုပ်စုနှစ်ခုတို့ကြားတွင် စေ့စပ်ပေးသည့်ပုံစံမျိုးဖြင့် ရင်ကြားစေ့ပေးခဲ့ရသည်။ အရာရှိများက စည်းကမ်းအချို့ကိုလျော့ပေးခဲ့ရပြီး ကြိုးနီစနစ်ကိုလည်းလျော့ပေးခဲ့သလို ရဲဘော်များကလည်းမိမိတို့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခြင်းဖြင့်တုံ့ပြန်ခဲ့ကြသည်။ ဤသို့ဖြင့်မတော်တဆဖြစ်မှုများ ရမ်းကားမှုများလျော့ပါးခဲ့သွားကြောင်းတွေ့ရသည်။

လူတို့၏အသွင်ပုံစံအမျိုးမျိုးတို့ကိုအထက်ပါအတိုင်းပုံစံ(၁၆)မျိုးခွဲခြားနိူင်ခဲ့ပြီး လူတို်င်းသည်အထက်ပါပုံစံ(၁၆)မျိုးအနက် တစ်မျိုးပါဝင်သည်ကိုစိတ်ပညာဆိုင်ရာ အချက်အလက်များပါဝင်သော မေးခွန်းများကိုဖြေကြားခြင်း ဖြင့် စမ်းသပ်သိရှိနိူင်သည်။ MBIT ဆိုသည်မှာဤသို့ စမ်းသပ်စစ်ဆေးသည့်နည်းပင်ဖြစ်သည်။ ဤသို့စမ်းသပ်စစ် ဆေးပြီးသည့်အခါ မိမိမည်သည့်အသွင်ပုံစံမျိုးတွင်ပါဝင်သည် မိမိနှင့်တွဲဖက်လုပ်ကိုင်နေသူများသည် မည်သည့်အမျိုးအစားတွင်ပါဝင်သည် ခွဲခြားသိရှိပြီးပါကလုပ်ငန်းများလုပ်ဆောင်ရာတွင် ပိုမိုချောမွေ့အောင်မြင်လာပြီး တစ်ဦးနှင့်တစ် ဦးအယူအဆမတူမှုများ နားမလည်မှုများ အထစ်အငေါ့များအတော်အတန်လျော့ပါးနိူင်လေသည်။ တစ်ခါတစ်ရံလုပ်ငန်းများအတွက် လူမှန်နေရာမှန်သင့်တော်သူများကို ရှာဖွေလိုပါကဤ (MBIT)နည်းကိုအသုံးပြုခြင်းဖြင့် များစွာအကျိုးရှိနိူင်ပါမည်။ အလုပ်အကိုင်ရှာဖွေပေးသူများအနေဖြင့်လည်း သင့်တော်သူများကို သင့်တော်သောအလုပ် နေရာများတွင်ရှာဖွေခန့်အပ်ပေးနိူင်မည်ဖြစ်သည်။ အိမ်ထောင်ဖက်ရွှေးချယ်သူများအနေဖြင့်လည်း မိမိအသွင်ပုံစံနှင့်ကိုက်ညီသော သို့တည်းမဟုတ် မိမိလိုချင်သည့်ပုံစံမျိုးဖြစ်သော အိမ်ထောင်ဖက်များကိုရွေးချယ်ရာတွင်များစွာအထောက်အကူပြုနိူင်ဖြစ်ပေမည်။

(MBIT)စမ်းသပ်မှုများသည်လုပ်ငန်းခွင် အတွင်းမှလူပုဂ္ဂိုလ်များတစ်ယောက်အကြောင်းတစ်ယောက်ပို၍သိရှိလာစေရန်အတွက်သာ အသုံးပြုသင့်ပြီး အလုပ်တစ်ခုအတွက်အရည်အချင်း ဆန်းစစ်ရာတွင်အသုံးမပြုသင့်ဟုဆိုပေသည်။ ဥပမာအားဖြင့် ပင်ကိုကရေငုံနှုတ်ပိတ်နေတတ်သူတစ်ဦးအား အရောင်းဈေးသည်တာဝန်ပေးမည်ဆိုပါက စကားနည်းသော ပင်ကိုသဘာဝကြောင့်အရောင်းသွက်နိူင်မည် မဟုတ်ချေ၊ ထိုကြောင့်ထိုသူအား လုပ်ငန်းသဘာဝအရ အာသွက်လျှာသွက်ဖြစ်လာအောင် လေ့ကျင့်ပေးရမည်ဖြစ်သည်။ ဤသို့ပြုလုပ်ရန်မှာ စိတ်နေသဘောထားစမ်းသပ်မှုက များစွာအထောက်အပံ့ဖြစ်စေသည်။

အချို့ကအသွင်ပုံစံသီအိုရီကိုမယုံကြည်ကြသော်လည်းလူအများစုကမူလုပ်ငန်းများဆောင်ရွှက်ရာတွင်ဤ အယူအဆသည် ချောမွေ့အောင်မြင်စေရန်များစွာအကူအညီပေးနိူင်သည် ဆိုပါသည်။ မည်သို့ပင်ဖြစ်စေအရေးအကြီး ဆုံးမှာ လူတို့၏လောကအတွင်းတစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံရာတွင် တစ်ဦးကမည်သည့်ပုံစံနည်း မည်သည်ကိုကြိုက်နှစ်သက်သနည်း ကျန်တစ်ဦးကမည်သည့်ပုံစံနည်း မည်သည့်အရာကိုနှစ်သက်သနည်း သူတို့နှစ်ဦး၏ခြားနားချက်တွေက မည်သည်တွေနည်း စသောမေးခွန်းများ၏အဖြေကို ဖော်ထုတ်သိရှိနိူင်လျှင်ထိုသူနှစ်ဦး၏ ပေါင်းသင်းဆက်ဆံရေးမှာ များစွာအဆင်ပြေချောမွေ့ဖွယ်ဖြစ်လာနိူင်ကြောင်းနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် မိမိတို့ မည်သည့်အသွင်ပုံစံမျိုးတွင် ပါဝင်သည်ကိုစမ်းသပ်သင့်ကြကြောင်း အကြံပြုလိုက်ရပါသည်။

 

အဲ..သူပေးထားတဲ့ Graph ကတော့ ဒီလိုမျိုးပါ..


AAEAAQAAAAAAAATIAAAAJDI5NWJhYjg2LTFiNzQtNGJlNC1iMGE3LTMzNjJhYjViYzcyNw

အသုံးတည့်နိုင်ကြပါစေ…

 

ကောင်းကင်ပြာ

Post Views: 0

previousAung San Suu Kyi at a glance

nextလက်တည့်စမ်းခြင်း

32 comments

  • kai

    October 9, 2015 at 2:35 am

    ဘိုလိုပါတော်တော်တတ်နေရမယ်…
    အနည်းဆုံးတော့.. အင်္ဂလိပ်စာတိုးမှာပါ..။

    စာကျက်ဦးမှ…။ :k:

    Reply

  • မြစပဲရိုး

    October 9, 2015 at 3:48 am

    ဖတ်ရတာ ဗဟုသုတပွါး ပါတယ် ကင်းကောင်လေး ရေ။ :-))
    အဲဒီလို စာလုံးတွေ ကို မသိဖူးဘူး။

    မတူတာ ကို ကြည့်ရရင်တော့
    လူ့စရိုက် အကောင်းတွေ ချည်းဘဲ ဆွဲယူပြထားတော့ တကဲ့ လက်တွေ့မှာ ဒီလောက် လွယ်လွယ် အကဲခတ် ဖို့ မှန်ကန်အောင် ရှာနိုင်ပါ့မလားဘဲ။

    လူ ပုံစံ ကို အလုပ် နဲ့ တွဲ ထားပြတာ ပြုံးမိတယ်။
    ဥပမာ – နံပါတ်(၁) မှာ ပေါ့။
    သူ ခန့်ထားတဲ့ စာရင်းကိုင် ကို စိတ်ပျက်လက်ပျက် ညည်းပြ လိုက် တဲ့ မြန်မာပြည် က ထိပ်တန်း လုပ်ငန်းရှင် သူငယ်ချင်း မျက်နှာ ကို မြင်လိုက်မိလို့။
    ဟိုးရှေးတုန်း အဖိုး တို့ ခေတ်တုန်း ကတော့ စာရင်းကိုင်များ ဟာ သူတို့ ရိုးသားဂုဏ် ကို အင်မတန် တန်ဖိုးထားဆိုဘဲ။
    အခု ငွေ ကို ရှေ့တန်းထားတဲ့ အချိန်အခါမှာတော့ စရိုက်ကောင်း တွေ က ပျောက်ပြီး ပေါ်လာနိုင်ဖို့ ခက်နေသလားဘဲ။

    သူငယ်ချင်းတစ်ယောက် ကတော့ အင်မတန်စကားနည်း တယ်။
    သူများပြောတာ ငြိမ်နားထောင်နေတာ များတယ်။
    အလုပ်လုပ်တော့ ကျောင်းဆရာ။
    ကျန်အချိန်မှာ ငြိမ်လို့။ စာသင်ချိန်တော့ ပြောလိုက်စကား။ မထင်ရဘူး။ :-)))

    Reply

    • Kaung Kin Pyar

      October 9, 2015 at 10:05 am

      ဟုတ်တယ်.. အရီးပြောတာလဲ စဉ်းစားစရာပဲနော်…
      ကောင်းကင်ပြာတော့ Right Person Right Place နေရာအတွက် စဉ်းစားဖြစ်တယ်…။
      ဒါကိုတည် MBIT နဲ့ သတ်မှတ်..ဒါနဲ့ပဲ တကယ်သေချာသွားနိုင်ပါ့မလားလို့….။ ခုမှ စဖွင့်ပြီး Background သိပ်ကောင်းတဲ့ ကုမ္ပဏီကြီးဖြစ်ရင် ဖြစ်၊ ဒါမှမဟုတ်လဲ လစ်လပ်နေရာတွေဟာ Position အစုံမှာ အမြဲလိုနေတဲ့ (ဒါမှမဟုတ်) လစ်လပ်နေရာလိုဖို့ အလားအလာများတဲ့ ကုမ္ပဏီမှာသာ ဖြစ်နိုင်လိမ့်မယ် ထင်တယ်…။ ဒီလိုမှ မဟုတ်ဘဲ ပုံမှန်ကုမ္ပဏီတစ်ခုအတွက်ကတော့ Vacant Position ဟာ အကန့်အသတ်ရှိတယ်လေ…
      MBIT ကရော..လူတွေရဲ့ ပါးနပ်လှည့်စားနိုင်စွမ်းကို ဘယ်လောက်ရာခိုင်နှုန်းထိ ကျော်လွှားနိုင်မှာလဲ….။ ကိုယ် apply လုပ်တဲ့ Position ပေါ်မူတည်ပြီးတော့လဲ ဒီထဲပါတဲ့အချက်အလက်တွေကို လှည့်ပတ်နိုင်ကောင်း လှည့်ပတ်နိုင်သားပဲလေ…ဒါကြောင့် Vacant Position အကန့်အသတ်ရှိနေတဲ့ ကုမ္ပဏီအတွက်ကတော့…ဒီလူ ဒီစိတ်သဘောထားရှိလို့ ခန့်ချင်ရင် ဒီ Position နဲ့ကိုက်အောင် ပြင်ဖို့ပဲရှိတယ်..
      အဲ့.. ဒါကတော့ Negative Thinking နဲ့ တွေးကြည့်တာပေါ့လေ..
      တစ်ဖက်က လှည့်တွေးမယ်ဆိုရင်တော့.. အလုပ်ခွင်တွင်းမှာ ၃လကနေ ၆လဝန်းကျင်လောက် အသားကျသွားတဲ့ ဝန်ထမ်းကိုတော့ ဒီ အားလုံးခြုံငုံထားတဲ့ (၁၆)ချက်ပေါ်ကြည့်ပြီး ဒီဝန်ထမ်းကတော့ ဘယ်အုပ်စုထဲ ပါတဲ့လူ၊ ဒီဝန်ထမ်းရဲ့ စိတ်နေသဘောထားကတော့ ဘယ်လိုပုံစံ ဒါမျိုးခွဲခြားပြီး ဒီဝန်ထမ်းက Front Side သွားသင့်တဲ့လူလား Supporter နေရာ နေရမယ့်လူလား၊ ဒါမှမဟုတ် ဘယ်လိုလက်နက်ခဲယမ်းလေး တပ်ဆင်ပေးလိုက်ရင်(Training ကိုဆိုလိုပါသည်) Leader အဆင့်လုပ်နိုင်မယ့်လူလားဆိုတာတော့ ခွဲခြားနိုင်ကောင်းရဲ့… (ဒီလိုလုပ်နိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့လေ…ကုမ္ပဏီဘက် ဝန်ထမ်းဘက် Win Win ဖြစ်တဲ့ အနေအထားပဲ…)
      ဒါတောင်မှပဲ ဒီလူတွေနဲ့ အမြဲ Deal လုပ်ပြီး ဒီလူတွေကို အကဲဖြတ်တဲ့ Management Level ကလူတွေ၊ HOD တွေကလူတွေ ဒီ ၁၆ ချက်ကို သေချာကျေညက်နေပြီး Bias ကင်းပါမှ…
      နောက်ပြီး လူမှုဆက်ဆံရေးမှာရော ဘယ်လိုသုံးလို့ရမလဲဆိုတာရောပေါ့ အရီးရယ်…
      ကောင်းကင်ပြာအမြင်တော့ ဒီ (၁၆) ချက်က ကွန်ပြူတာတစ်လုံးလိုပဲ… ဘာ Function တွေပါတယ်ဆိုတာ သေချာသိပြီး.. ဘယ်လိုသုံးရမယ်ဆိုတာလဲ သိပြီး..ကိုယ့်အတွက် ဘယ်နေရာမှာအသုံးတည့်မယ်ဆိုတာသာ သိရင် တော်တော်တော့ သုံးလို့ကောင်းမှာပဲ လို့…
      :k:

      Reply

  • ဇီဇီခင်ဇော်

    October 9, 2015 at 6:40 am

    ပြန်လာမယ် ဟိ
    ကွကိုယ် ခွဲခြမ်းးနေတာ စာလုံးး ၆ လုံးးလောင် တွဲနေမိလို့
    ရုံးးကျမှ ဖတ်ပြီးး ဘယ် အမျိုးးအစားးတုန်းး လာပြောမယ်…
    ကျေးးကျေးးး

    Reply

  • Alinsett @ Maung Thura

    October 9, 2015 at 6:59 am

    .ပြန်ဖတ်ရန်ပိုစ့်များဆိုတဲ့ ဖိုင်ထဲ ထည့်သိမ်းထားလိုက်ပြီ သပ်လား
    အာ့လာပြောသာ

    Reply

    • Kaung Kin Pyar

      October 9, 2015 at 10:06 am

      ပြန်ဖတ်ရင် ပိုစ့်တွေနဲ့တင် နိ ဖိသတ်လို့ရလောက်ပြီ… ။ နီ အကြွေးတွေ များနေပြီမဟုတ်လား…

      Reply

      • Alinsett @ Maung Thura

        October 9, 2015 at 5:53 pm

        ဟုတ်ပါ့ ရွာမဝင်ဖြစ်တာ အတော်ကြာာာာာာ
        လွမ်းထာာာာာဘာာာာာာာမှလည်း မရေးအားးးးး

        Reply

  • ဇီဇီခင်ဇော်

    October 9, 2015 at 8:22 am

    ရင်တွင်သိုဝှက်မထားပဲပွင့်လင်းသူ(Extroverted-E)
    အာရုံထိတွေ့မှုဖြင့်သာသိမြင်သူ(Sensing-S)
    ခံစားချက်ကိုဦးးစားပေးသူ(Feeling-F)
    မိမိထင်မြင်ယူဆချက်အတိုင်း ထင်ရာမြင်ရာလုပ်ကိုင်တတ်သူ(Perceiving-P)

    ၇။ ESFP အသွင်ပုံစံ
    ပေါ့ပေါ့နေ ပေါ့ပေါ့စား ပေါ့ပေါ့တန်တန်သဘောထားလုပ်ကိုင်တတ်သည်။ အများပြောသည်ကိုလက်ခံတတ်သည် ခင်မင်တတ်သည် အခြားသူများပျော်ရွှင်မှုအတွက် ရယ်စရာမောစရာများပြောတတ်ဆိုတတ်သည်။ အားကစားနှင့်ဟိုစပ်စပ်ဒီစပ်စပ် လုပ်ကိုင်ရခြင်းကိုဝါသနာပါသည် သီအိုရီအယူအဆများ တွေးခေါ်စဉ်းစားသည်ထက်အချက်အလက် များကို လွယ်ကူစွာမှတ်သားနိူင်သည်။

    ~~~~~~~~~~~~

    နီးစပ်ရာ ရွေးထုတ်တော့ ဂလိုရတယ်။
    ဟိဟိ

    :k:

    Reply

    • Kaung Kin Pyar

      October 9, 2015 at 10:09 am

      ဟုတ်တယ်.. ။ မချွိက ESFP ပဲ…
      ကောင်းကင်ပြာတော့ ဒါဖတ်ပြီး ကိုယ့်ကိုယ်ပြန်တွေးလိုက်တာမယ်.. F ရယ် P ရယ်ကတော့ ပြေးမလွတ်ဘူးရယ်…။ နောက် ကျန်တဲ့ ၂လုံးက လိုက်ရှာနေတုန်း…
      :k:

      Reply

      • Kaung Kin Pyar

        October 11, 2015 at 1:50 am

        စာရှည်တွေ ဖတ်ပျင်းတာမယ် ကောင်းကင်ပြာရောပဲ :k:
        ဒီလိုကြားက ဆုံးအောင် ဖတ်ပေးတာ ကျေးဇူးပါ မမဝါးရေ…
        ESFP တွေကတော့ မနာလိုဖြစ်ရလောက်အောင်ထိ လူဖြစ်ရကျိုးနပ်တဲ့ Type တွေပါ။
        ပျော်ပျော်နေတယ်၊ နယ်ပယ်စုံမှာလဲ ထူးချွန်တယ်၊ ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်နဲ့ ဘဝကိုဖြတ်သန်းတယ်။
        ဘယ်လောက် ကောင်းလဲနော်…

        Reply

    • Wow

      October 10, 2015 at 6:54 am

      ဖျားစူး…

      အုံးနှောက်က စာများရင် အာရုံသိပ်စိုက်မရလို့ ကင်းကောင်လေးစာတွေ ကြိုးစားဖတ် ကွကိုယ်ဘယ်လို type မျိုးလဲ ကြိုးစားမှတ်ပီး… ဘောပင်လဲ အနီးအနားမရှိလို့ MS Word မှာပဲ ကွကိုယ်ထင်တဲ့လူစားလေး မမေ့အောင်ရွေးထား….

      အိုက်လူစားဘီလို အကျင့်လဲ ဖတ်ပီး ဟုတ်သလို မဟုတ်သလိုဖစ်နေတုံး…. ကောမန့်တွေ ဖတ်လိုက်တော့ မယ်ချွိနဲ့ သွားတူနေပါရား … နာလည်း ESFP :kwi:

      Reply

      • ဇီဇီခင်ဇော်

        October 10, 2015 at 10:28 am

        :chit:

        Reply

      • မြစပဲရိုး

        October 11, 2015 at 3:16 am

        Notable ESFPs
        Ronald Reagan, Marilyn Monroe, and Pablo Picasso, Ze Ze Khin Zaw, Wow :-)))

        Reply

  • Ma Ei

    October 9, 2015 at 9:37 am

    ၁။ ISTJ အသွင်ပုံစံ
    အလွန်အမင်းအလေးအနက်ထားကြသည် အေးဆေးစွာနေတတ်သည်။ အပြင်းအထန်ကြိုးစားပြီးစေ့စပ်သေချာစွာလုပ်ကု်ိင်တတ်ခြင်းဖြင့်အောင်မြင်မှုရတတ်သည်။ လက်တွေ့ဆန်သည် စနစ်တကျလုပ်တတ်သည်အကြောင်း အချက်ခိုင်မာမှုကိုအလေးထားတတ်သည် ကြောင်းကျိုးဆက်စပ်မှုရှိစွာသဘာဝကျကျလုပ်ကိုင်တတ်သည်။ အားထားရသူဖြစ်တတ်သည် မိမိလုပ်ငန်းအတွက်တာဝန်ယူတတ်သည် စည်းကမ်းနည်းလမ်းနှင့်အညီလုပ်တတ်သည် ဤပုံစံမျိုးသည် စာရင်းကိုင်များ ဘဏ္ဍရေးဝန်ထမ်းများဖြစ်လာတတ်ကြသည်။
    ..
    ..
    ..
    “ISTJဘာသာစကားပြောသည်”
    တီအိ

    Reply

    • မြစပဲရိုး

      October 11, 2015 at 3:22 am

      Notable ISTJs
      George Washington, Elizabeth II, George H. W. Bush, Sean Connery, Warren Buffett, Ma Ei :-))
      Warren Buffett ပါမှတော့ မှန်သပေါ့။

      Reply

  • Kaung Kin Pyar

    October 9, 2015 at 10:17 am

    ကောင်းကင်ပြာ Accountant အဖြစ်နဲ့ ၅ နှစ်လောက်လုပ်ခဲ့ဖူးတယ်..မအိရဲ့ ။ အိမ်ကရော အတူလုပ်တဲ့ အားလုံးက နှမြောစရာဆိုပြီး ဝိုင်းတားတဲ့ ကြားက Career ပြောင်းခဲ့တာ…(Perceiving ကတော့ ပြေးမလွတ်ဘူး… :k: )
    တခါတလေကျတော့လဲ Accountant ဘဝတုန်းက လက်တွေ့ဆန်ပြီး စေ့စပ်ခဲ့တာကို ပြန်လွမ်းတယ်..
    တီအိက Account ပိုင်းကလား…။
    ISTJ တွေကိုတော့ ကိုယ်လိုချင်ပြီး ကြိုးစားနေပေမယ့် မရသေးတဲ့ စိတ်တွေ၊ စနစ်ကျတာတွေရှိနေလို့ အရမ်းသဘောကျတယ်..

    Reply

  • တောင်ပေါ်သား

    October 9, 2015 at 4:07 pm

    ISTP လား ISFJ လား ထင်တာပဲ ၊

    ISIS တော့ မဟုတ်ဘူး 🙂

    Reply

    • Kaung Kin Pyar

      October 11, 2015 at 1:52 am

      တခုခုတော့ တခုခု ဖြစ်မယ် :mrgreen:

      Reply

    • မြစပဲရိုး

      October 11, 2015 at 3:31 am

      Notable ISTPs
      Bruce Lee, Clint Eastwood,Dalai Lama, Demi Moore, Simon Cowell, Steve Jobs, Tiger Woods,Tom Cruise. Myo Thant

      Notable ISFJs
      Mother Teresa, Nancy Reagan, Naomi Watts,Prince Charles, Jimmy Carter, Tiger Woods, Myo Thant

      (Tiger Woods ကနှစ်မျိုးလုံးမှာ ပါတယ်၊ ကိုမျိုး လိုဘဲ ရွေးမတတ်ဘူး ထင်ရဲ့ 😉 )

      Apple Daddy က ISTP ကိုး။ ဒီလောက် ခေါင်းမာသူ က INTJ ဘာလို့ မဖြစ်လဲ မသိ။ :-))

      Reply

      • မြစပဲရိုး

        October 11, 2015 at 3:37 am

        Mark Zuckerberg က INTJ ပါတဲ့။
        It is unfair.
        Steve Jobs should also be in INTJ group.

        Reply

      • တောင်ပေါ်သား

        October 12, 2015 at 1:21 pm

        ကင်းကောင်ဇာတ်ကားထဲက Naomi Watts ကိုကြိုက်သလို
        ကောင်းဘွိုင်ကြီး Clint Eastwood ကိုလည်း သဘောကျသဗျ

        Reply

  • မြစပဲရိုး

    October 11, 2015 at 3:06 am

    ကျန်သေးတယ်။ နောက် တစ်မျိုး။
    (1/2I+ 1/2 E)(1/2S +1/2N)(1/2T+1/2 F)(1/2P+1/2 J)
    It’s meeeeeeeee. lol:-)))) 😉

    Reply

    • Kaung Kin Pyar

      October 12, 2015 at 9:51 am

      အရီးရေ…
      ဘယ်ကနေ မွှေနှောက်လာလဲဟင်…။ ကောင်းကင်ပြာဖြင့် ဒီလိုမျိုး အိုင်ဒီယာမထွက်ဘူး…။ ဒီစာလုံးတွေထဲမယ်.. ဒါကိုတော့ အကြိုက်ဆုံးပဲ…
      (1/2I+ 1/2 E)(1/2S +1/2N)(1/2T+1/2 F)(1/2P+1/2 J)
      :chit:

      Reply

  • ဦးကြောင်ကြီး

    October 11, 2015 at 11:06 am

    ကင်းကောင်သား ဆားခြင်လိုက်တာ…

    Reply

  • Ma Ma

    October 15, 2015 at 8:03 am

    တချို့လူ တချို့နေရာတွေမှာ ပွင့်ပွင့်လင်းလင်းပြောတတ်ပြီး
    တချို့လူ တချို့နေရာတွေမှာ ရေငုံနှုတ်ပိတ်နေတတ်တယ်။

    တခါတလေမှာ စဉ်းစားတွေးခေါ်မှုကို ဦးစားပေးပြီး
    တခါတလေမှာ စိတ်ခံစားချက်ကို ဦးစားပေးတယ်။

    အာရုံတွေ့ထိမှုနဲ့ သိတာလား၊
    ထိုးထွင်းဉာဏ်နဲ့ သိတာလားဆိုတာတော့ ကိုယ့်ကိုယ်ကို မကွဲပြားဘူး။

    အမှားအမှန်ဆုံးဖြတ်ပြီး လုပ်သလား
    မိမိထင်မြင်ချက်အတိုင်း လုပ်သလားဆိုတာကတော့………….
    ကိုယ်မှန်မယ်လို့ထင်တာကို လုပ်တာပဲ။

    အဲဒါဆို ဘယ်လို သင်္ကေတဖြစ်မလဲ။ :k:

    Reply

  • padonmar

    October 17, 2015 at 6:58 am

    .E S F P
    .ကဲ ပြီးတော့မှ အဖြေပြန်တိုက်ကြည့်မယ်။
    .ဒီပို့စ်လေးတွက် ကျေးကျေး။

    Reply

  • padonmar

    October 17, 2015 at 7:01 am

    တကယ်လိုက်ဖတ်တော့ ISFP မှ ကိုယ်နဲ့ ကိုက်မယ်။ကိုယ့်ကိုကိုယ် E လို့ထင်တာ I ဖြစ်နေပါရော့လား။

    Reply

  • pooch

    October 17, 2015 at 11:30 am

    ESTJ ထင်တာပဲ ;p

    Reply

  • ဦးကြောင်ကြီး

    October 18, 2015 at 5:29 am

    DPNS

    Reply

  • @QUIL@

    October 19, 2015 at 7:47 am

    တကယ်တော့ …၈မျိုးကို သွားပြီး အခြေခံလိုက်လို့ ၁၆မျိုး ဖြစ်သွားတာ..။
    မူရင်း က ၄မျိုး ရှိတယ် … ၄မျိုးကို ဆင့်ပွားရင်း ၁၆မျိုးဖြစ်…
    အဲ့သည်ကတဖန် ၆၄မျိုး အထိ ခွဲယူပစ်လို့ရတာ တွေ့ဖူးတယ်။
    အမှတ်မမှားရင် sangoku musou က characters တွေ အားလုံးက အနှီ ၆၄မျိုး ကို အခြေခံပြီးရေးထားတာပါ..။
    (Cao Cao က ဘယ်လို Guan Yu က ဘယ်ဒင်း စသည်)
    အဲ့ဒါတွေကို တိရစာ္ဆန်တွေနဲ့ ကိုယ်စားပြုတာမျိုး အရောင်တွေနဲ့ ကိုယ်စားပြုပြီး ဖွဲ့တာမျိုးလည်း ရှိတယ်။
    အများစုက ကိုယ်ဘာလဲ ဆိုတာ ဆန်းစစ်ကြည့်တတ်ကြပေမယ့် မေ့ထားတတ်ကြတဲ့ ကိစ္စက ကိုယ်နဲ့ ပိုကိုက်မယ့်
    စရိုက်ကို လေ့ကျင့် ပြောင်းလဲပစ်လို့ ရတယ် ဆိုတဲ့ ကိစ္စပဲ… ထားပါတော့ ဆက်ပြောရင် Role Playing ဘက်ရောက်ကုန်မယ်

    ဒီကိစ္စတွေက …အန္တရာယ်များလို့ မတူးဆွ တော့တဲ့ အကြောင်းအရာဆိုပါတော့…။
    တိုက်ဆိုင်မှု သက်သက်တော့ မဟုတ်ဘူး
    လွန်ခဲ့တဲ့ ၄နှစ်က သာ အဲ့ဒါတွေ မဖတ်ခဲ့ မရေးခဲ့ဘူးဆိုရင်
    ခုနေ… အိမ်ထောင်ကျပြီး အေးအေးဆေးဆေး နေနေရလောက်ပြီ..။
    ကျုပ်ရေးတုန်းက အော်စကာ ဝိုင်းလ် မနေရ ဝီလျံ ရှိတ်စပီးယားမနေရ …ရိုရှိဒါ ရှောဟင်း မနေရ…
    ပြဇာတ်တွေ ထဲက အကြောင်းအရာတွေ များခဲ့တာပြောပါတယ်…။
    နည်းနည်းတော့ ဒရမ်မာ ဆန်မပေါ့…။
    ဒရမ်မာဆန်လွန်းတော့လည်း … နောက်ဆုံး evil marketer ပဲဖြစ်ပြီး.. အဲ့ဒါပဲ ဆက်လုပ်နေရသပေါ့ကွယ်…။

    Reply

  • Kaung Kin Pyar

    October 19, 2015 at 10:32 am

    It doesn’t matter how many resources you have. If you don’t know how to use them, it will never be enough.

    *another*

    Too much knowledge make fool.

    Reply

  • Shwe Ei

    October 19, 2015 at 4:32 pm

    -ISTP လားမသိဝူး 😛

    Reply

Leave a Reply Cancel Reply

Your email address will not be published.

© 2024 The Myanmar Gazette | Privacy Policy |