့ပုံမကျ ပန်းမကျ ကဗျာ…

Mr. PocketOctober 6, 20151min01

သူမနဲ့အတူ လက်တွဲပြီး ဟိုး… အိမ်မက် မြစ်ဖျားကစ

တို့နှစ်ယောက် တွေ့နေကျနေရာလေးကို တစ်လှမ်းချင်း လှမ်းလာခဲ့တယ်…

သူမနဲ့အတူနေထိုင်ဖို့ တိမ်တိုက်တွေနဲ့ စံပျော်ရာဘုံလေးဆောက်ထားတယ်…

အိမ်မက်သစ်ပင်လေးတွေကို စိတ်ကူးဥယျာဉ်ထဲမှာ ပျိုးထားတယ်..

သူမနဲ့အတူ အရိပ်လည်းနေမယ် အခက်လည်းချိုးမယ်… ပြီးနောက်…

အာဒံနဲ့ဧဝတို့ဝဝလင်လင် မစားလိုက်ရတဲ့ အသီးတစ်မျိုးကို

တို့နှစ်ယောက်ညစာအဖြစ် စားသုံးပြီးတဲ့နောက်မှာ..

နားခိုရာ ကြယ်စင်တွေကြား… ကိုယ်တို့နှစ်ယောက်လုံးကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို

ထပ်ကာထပ်ကာနဲ့ အဆက်မပြတ်ဖွင့်ထားမယ်..

ခွဲခွာချိန်ရောက်တော့ အိပ်စက်ရာကနေ ဘယ်သူမှ မနှိုးထရဘဲ နိုးထလာခဲ့တယ်…

ငါဟာ သူမနဲ့ အိမ်မက်ထဲမှာ ဘဲ တွေ့ဆုံခွင့်ရခဲ့တယ်…

 

 

One comment

  • kai

    October 7, 2015 at 3:18 pm

    ဒီခေတ်ဘိုင်အိုသိပ္ပံက.. မသိချင်တာတွေ.. ကြောက်စရာတွေကို.. ဦးနှောက်မှတ်ဉာဏ်ကဖျောက်နိုင်နေပြီ..။
    အဲ…မနေ့တနေ့ကတင်… ထပ်လုပ်သွားနိုင်တာက.. အချိန်တိုပဲမှတ်နိုင်စွမ်းတဲ့..မှတ်ဉာဏ်ကို.. ကြာကြာမှတ်မိနေနိုင်အောင်.. ဇီဝသိပ္ပံနည်းပညာနဲ့.. ကူနိုင်သွားပြီဆိုတာပဲ..

    မကြာမတင်နှစ်တွေမှာ.. အိပ်မက်ကောင်းဆိုရင်… ဆွဲဆန့်ထပ်ခါ.. မက်နိုင်တော့မှာပါ..။
    အဲလို…

    Reply

Leave a Reply

Your email address will not be published.