သက်တမ်းလွန် အိုဗာတင်းဘူးများ ဆင်ခြေဖုုံးရှိရပ်ကွက် ကုန်စုံဆိုင်အချို့တွင် ရောင်းချမှုများရှိနေ

cobraAugust 26, 20101min05

ရန်ကုန်၊ ဩဂုတ် ၁၇- သက်တမ်း လွန် အိုဗာတင်းဘူးများကို ဆင်ခြေဖုံး ရပ်ကွက်ရှိ ကုန်စုံဆိုင်အချို့တွင်ရောင်း ချမှု ပိုမိုများပြားလျက်ရှိကြောင်း သိရ သည်။
”လွန်ခဲ့တဲ့အပတ်က အိုဗာ တင်း စက္ကူဘူးအသေးတစ်ဘူးဝယ်ပြီး လက်ဆောင်ပေးလိုက်တယ်။ ရက် လွန်မလွန်တော့ သတိထားမကြည့် မိလိုက်ဘူး။
နောက် အဲဒီလူဖုန်းဆက်ပြီး ပြောတော့မှ ရက်လွန်ဘူးမှန်းသိရတယ်။ ဒါနဲ့ဝယ်ထား တဲ့ ဆိုင်သွားပြောတော့လဲ သူတို့နဲ့မဆိုင် ဘူး။ ပြန်လဲမပေးနိုင်ဘူးလို့ ပြောတယ်”ဟု ကိုယ်တွေ့ကြုံတွေ့ရသူတစ်ဦးကပြောသည်။
ယင်းကဲ့သို့ ရက်လွန်အစား အသောက်များ ရောင်းချနေခြင်းသည်ဝယ် ယူစားသုံးသောအများပြည်သူများအတွက် ဆိုးကျိုးများကို ဖြစ်စေနိုင်ကြောင်းသိရသည်။
”ကျွန်တော်တို့ဆိုင်မှာက ရက် လွန်မပြောနဲ့ ရက်လွန်မယ့် နေ့ကပ်လာရင် တောင် အဲဒီပစ္စည်းကို မရောင်းတော့ဘူး။ကုန်ပစ္စည်းတွေ ရက်လွန်မလွန် အမြဲတမ်း စစ်ဆေးတယ်။ ရက်လွန်ပစ္စည်းတွေကို သိ သိကြီးနဲ့ ရောင်းနေတဲ့ဆိုင်တွေကို သက် ဆိုင်ရာတာဝန်ရှိသူတွေက အရေးယူသင့် ပါတယ်” ဟု စူပါမားကက်ကြီးတစ်ခုမှ တာ ဝန်ရှိသူက ပြောသည်။

5 comments

  • alfred

    August 26, 2010 at 6:40 am

    ဟုတ်ပါတယ်ခင်ဗျာ။ သက်ဆိုင်ရာတွေက မစစ်ဆေးနိုင်ရင်တောင် တိုင်ကြားနိုင်သည့် နေရာလေးရှိပြီး အရေးယူပေးဖို့ကောင်းပါတယ်။ အကောင်းဆုံးကတော့ သူတို့ကို မမျှော်ပဲ ကိုယ့်အားကိုယ်ကိုးတာ အကောင်းဆုံးပါပဲ။ ကိုယ်ဘာသာရက်လွန်မလွန်ကြည့် ရက်လွန်ရင်မဝယ်နဲ့ပေါ့။ ရက်လွန်ရင် ပြန်လည်သွားမပြောနဲ့နော်။ ပစိပစပ်များတယ်လို့ပြောခံရမယ်။ မြန်မာနိုင်ငံမှာ မှန်ကန်လျှင်ကွဲတတ်သည်။ 😛

    Reply

  • researcher

    August 26, 2010 at 8:50 am

    ဒီဖြစ်ရပ်ကတော့ တဆင့်ရောင်းချပေးတဲ့ ဆိုင်တွေကလူတွေကပဲ အသိပညာနည်းလို့လား။ မူရင်း ဖြန့်ဝေပေးတဲ့သူတွေကတော့ မသိပဲမနေလောက်ဘူး။ ကိုယ်ချင်းစာတရားလေးနဲ့ မရောင်းပဲ ပြန်သိမ်းသင့်ပါတယ်ဗျာ။

    Reply

  • etone

    August 26, 2010 at 9:40 am

    အဲ့ဒါသက်သက်လူလည်ကျတာ ဖြန့်တဲ့စက်ရုံက ။ တစ်ကယ်တမ်းသူတို့ပစ္စည်းရက်လွန်ရင်ပြန်သိမ်းပြီးလဲပေးရမှာပေါ့ ။ အသိပညာဗဟုသုတနည်းတဲ့နေရာမှာ အမြတ်ကြီးစားဖို့ ကြိုးစားတာကောင်းလို့လား ။

    Reply

  • winne

    August 26, 2010 at 11:04 am

    တချို့ကလည်း တမင် လျော့ဈေးနဲ့ ရောင်းနေတာ။ တခါဆို နယ်မှာနေတဲ့ အဘိုးက ကြက်သွန်ဖြူ အားဆေး သောက်နေကျဆိုတော့ ခါတိုင်းတော့ ရန်ကုန် ဆေးဆိုင်ကနေ ဝယ်ပေးနေကျ အားနာလို့ မမှာဘဲ အဲဒီမှာ သူဟာသူ ဝယ်သောက်တယ် ခါတိုင်း ပေးရတဲ့ တန်ဖိုးထက် တဝက်သက်သာနေလို့ ဆေးပုလင်း တောင်းကြည့်ပြီး ဆရာဝန်ကို သွားမေးခိုင်းတော့ ဆရာဝန်က ပြောလိုက်တယ် ဒါမျိုးတွေက ဒီလိုဘဲ လုပ်နေကြ ဆင်းရဲတော့ သက်သာရင်လည်း ပြီးရော ရက်လွန်လည်း အာနိသင်တော့ ရှိမှာဘဲ ဆိုပြီး ဝယ်သောက်နေကြတာ လို့ ဆရာဝန်က ရှင်းပြတယ်။ နောက်တော့ ဆေးကို ဆိုင်သွားပြန်လဲလည်း မလဲပေးဘူး ဒါနဲ့ ကိုယ်ဟာကို လွတ်ပစ်လိုက်ရတယ် အဲဒီလို အဖြစ်မျိုး က ဒီမှာ နယ်ဘက်မှာ ပိုဆိုးတယ်။

    Reply

  • unclegyi1974

    August 26, 2010 at 3:39 pm

    အဲဒီလိုရက်လွန်တွေရောင်တာက တချို့ ဆိုင်ရှင်တွေကိုယ်တိုင်သတိမထားမိတာပါ၊
    ဒါပေမဲ့တချို့ကသိသိကြီနဲ့အချဉ်ဖမ်းတာပါ၊
    ငွေပြန်ပေါ်ရင်ပြီးရော လုပ်တာပါ၊
    ဝိသမလောဘလို့ခေါ်ပါတယ်၊
    သိတဲ့လူတွေကကြည့်တတ်ပေမဲ့ မကြည့်တတ်တဲ့လူတွေကပိုများပါတယ်၊
    စားသုံးသူအချင်းချင်းဘယ်ဆိုင်ကလုပ်တတ်တယ်၊ ဘယ်ဆိုင်ကအလစ်ရိုက်တတ်တယ်၊
    လက်တို့ထာကြတာကပိုစိတ်ချရတဲ့နည်းလို့ထင်ပါတယ်။

    Reply

Leave a Reply

Your email address will not be published.