ယနေ့ထုတ် သတင်းစာမှ ကောက်နှုတ်ချက်များ

Good IdeaAugust 25, 20101min01

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုုံး (DKBA) က နယ်ခြားစောင့်တပ်အဖြစ် ဩဂုတ်လ ၂၁ ရက်၊ ၂၀၁ဝ ခုနှစ်တွင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ တပ်၏ အမည်မှာ (အမှတ် ၁၀၂၂) နယ်ခြားစောင့်တပ်ဖြစ်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ လက်အောက်တွင် ရှိသည်။

ဝံသာနု NLD ပါတီက ယမန်နေ့ (ဩဂုတ် ၂၄) တွင် ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီဝင်အင်အား လာရောက်တင်ပြခဲ့သည်။ ထို့ကြောင့် ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီးသည့် ပါတီ ၄၂ ပါတီရှိရာ သတ်မှတ်ရက်အတွင်း ပါတီဝင်အင်အားစာရင်း တင်ပြပြီးသည့်ပါတီမှာ ၂၆ ပါတီရှိပြီဖြစ်သည်။

ရွေးကောက်ပွဲ ကော်မရှင်က ဩဂုတ်လ ၂၄ ရက်နေ့တွင် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ (National Development and Peace Party – NDPP) ကို ပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုခဲ့သည်။

ကော်မရှင်သို့ မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၄ရ ပါတီအနက် ၄၂ ပါတီကို ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း ဩဂုတ်လ ၂၅ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

One comment

  • Pyaung Gye

    August 26, 2010 at 4:48 am

    no interested

    Reply

Leave a Reply

Your email address will not be published.