Pro Camera တစ်လုံးလောက်ညွှန်းပေးပါ

SawAungAugust 15, 20151min014

ပရို ကင်မရာတစ်လုံးလောက် ဝယ်ဖို့ အစီအစဉ်ရှိတော့။ ဘတ်ဂျက်ကလည်း (၁၀)ဝန်းကျင်လောက်ပဲ

သုံးမယ်ဆို ဘယ်အရာအသင့်တော်ဆုံးလဲဆိုတာ။

ရွာထဲက ဓာတ်ဆြာများ ညွှန်းပေးပါဦးဗျ။

 

လေးစားစွာဖြင့်

အောင်မိုးသူ

14 comments

  • ဇီဇီခင်ဇော်

    August 15, 2015 at 3:10 pm

    http://myanmargazette.net/178097
    Camera ဝယ်မယ်ဆိုရင် – ဂန္ဓာရီ ဆြာအုပ်

    Reply

  • မြစပဲရိုး

    August 15, 2015 at 3:35 pm

    . စောစောက ထူးအိမ်သင် ရဲ့ အကြောင်း ကို ရဖို့ မောင်ဂီ ရဲ့ အိမ်ထဲ ဝင် မွှေတုန်း တွေ့လိုက်တာလေး လဲ မျှ ပါရစေ မောင်အောင်ရေ။
    အိမ်သုံး ဆိုပေမဲ့ ဘာသုံးသုံး အကျုံးဝင်နေသလားလို့။ :-)))

    ==============================================
    အိမ်သုံး compact digital camera ကို ဘယ်လို ရွေးချယ် ဝယ်ယူမလဲ (၁) the Basics
    http://myanmargazette.net/70989

    အိမ်သုံး compact digital camera ကို ဘယ်လို ရွေးချယ် ဝယ်ယူမလဲ(၂) technical point of view
    http://myanmargazette.net/71043

    အိမ်သုံး compact digital camera ကို ဘယ်လို ရွေးချယ် ဝယ်ယူမလဲ(၃) Personal Advice
    http://myanmargazette.net/71187

    Reply

  • အခုရက်ပိုင်း ပရိုသုံး ကင်မရာ ပေါက်စနလေးတွေခေတ်စားပါတယ်။
    mirrorless ကင်မရာလေးတွေပေါ့
    ကျနော်တောင် ကင်နွန်အသေးလေးတစ်လုံး(EOS-M)သုံးဘူးတယ်။
    ပေါက်စနလေးပေမယ့် ကင်နွန် D70 နဲ့ ဖန်ရှင်တူတယ်။
    ချောင်းကြည့် ပေါက် မပါဘူး။

    ကင်မရာအပြင် မှန်ဘီလူးကိုလဲ မှန်ကန်စွာရွေးချယ်ဘို့လိုပါတယ်။

    အဏုစိတ်ရိုက်မှာလား

    လူရိုက်မှာလား

    အလှအပမြင်ကွင်းရိုက်မှာလား အပေါ်မှာမူတည်ပြီး သင့်တော်တဲ့ မှန်ဘီလူးကိုရွေးချယ်ဘို့လိုပါတယ်။
    အရင်ဆုံး ကိုယ် ဘာရိုက်ချင်လဲ ဆိုတာ ကိုယ့် ကို ကိုယ် မေးခွန်းထုတ်ကြည့်ပါ

    Reply

      • အကုန်ရိုက်ချင်ရင်တော့ မှန်ဘီလူး အစုံ ရှိဘို့ လိုလာမှာ သေချာပါတယ်

        ကြိုတင်ပြောထားရရင်တော့ ကင်မရာ ဝယ်ပြိးလို့ လိုချင်စိတ် မသတ်နိုင်ရင်

        ပိုက်ဆံကုန်ဘို့ သာပြင်ပေတော့

        ငါရိုက်တဲ့ ပုံ သူများနဲ့ လောက် မကောင်းဘူးလို့ ထင်လာတဲ့တစ်နေ့

        သူသုံးတဲ့ ပစ္စည်းတွေ ဝယ်သုံးရင် နဲ့ ပိုက်ဆံ တွေခုန်ခုန်ထွက်

        ကင်မရာဝယ်ပြီးတာနဲ့
        ပထမဆုံးဝယ်ရမှာ ကင်မရာထည့် တဲ့ အိတ်
        မှန်ဘီလုူး ဝယ်ပြိးတာနဲ့ တစ်ခါထည်းမဖြစ်မနေဝယ်ရမှာက ဖစ်လတာ

        ညရိုက်ချင်ရင် ထရိုင်ပေ့ါ မရှိလို့ မဖြစ်ဘူး

        အကုန်ရိုက်ချင်ရင်တော့ အကုန်ဝယ်ဘို့သာပြင်ပေတော့

        ကိုအောင်မိုးသူရေ

        Reply

        • အောင် မိုးသူ

          August 17, 2015 at 3:59 pm

          ဖြည်းဖြည်းချင်းပေါ့။ လောလောဆယ် တော့ တတ်နိုင်သလောက်ပဲ။ 🙂

      • ကိုယ်ဘာရိုက်ချင်တယ်ဆိုတာကို ရေ လည် အောင်မစဉ်းစားဘဲ ဝယ်လိုက်မိရင်

        နောင်မှာ ပိုက်ဆံ ပိုကုန်တတ်ပါတယ်။

        မလိုချင်တာ ပြန်ရောင်း လိုချင်တာ ပြန်ဝယ် တကယ်အလုပ်ရှုပ်ပါတယ်

        သူများတွေကို ကင်မရာလိုက်ဝယ်ပေးဘူးလို့ ဒီကိစ္စတွေသိနေလို့ အကြံပေးတာပါ။

        Reply

  • Ma Ma

    August 15, 2015 at 11:57 pm

    ရွေးဖို့ အဖြေရပြီးရင်လည်း ပြောအုံး။

    Reply

  • ဂျက်စပဲရိုး

    August 16, 2015 at 7:44 am

    ဘာရိုက်ချင်တာလဲ အပေါ် မူတည်တယ်ဗျ။
    နောက်ပြီး နောက်က ဘာတွေ ထပ်လိုက်နိုင်သေးလဲ ဆိုတာလဲ ရှိသေးတယ်။

    ခရီးသွား ဘာသွား သယ်သွားချင်တယ်။
    ဓာတ်ပုံလဲ ကောင်းကောင်းလေး လိုချင်တယ် (ဖဘ ပေါ်တင်ဖို့ ရိုးရိုး ပရင့်ထုတ်ဖို့လောက်ပေါ့)

    လူပုံတွေကိုလဲ ဟို ဆြာ တွေ ရိုက်သလောက် မဟုတ်သည့်တိုင် ကောင်းကောင်းလေး လိုချင်တယ် ဆိုရင် (ညဘက် ရိုက်ရင်တော့ နည်းနည်းလေး မကောင်းတကောင်း ဖြစ်မယ်)

    Mirrorless ပဲ အားပေးတယ် း)

    Olympus OM-D EM-10 ကို ညွှန်းချင်တယ်။

    ဒီမှာ အိုင်တီရှိုး တွေ ရှိရင် သူက ဒစ်စကောင့် အနေနဲ့

    စလုံး ၁၁၀ဝ လောက်ဆိုရင်
    camera body
    16-55 mm pen cake lens
    45 mm portraits lens
    50-250 mm tele lens
    အဲ့လို ရတာ။

    နောက် သူ့ UI က သုံးရတာ လွယ်တယ်။

    Sony A6000 ကျတော့ sensor က ပိုကောင်းတယ် ဒါပေမယ့် lens တွေက နည်းနည်း ဈေးကြီးတယ်။
    ပြီးတော့ UI က နည်းနည်း သုံးရတာ ရှုပ်တယ်။

    Reply

    • အောင် မိုးသူ

      August 17, 2015 at 9:30 am

      သုံးနိုင်တာလည်း 7-8 သိန်းလောက်ပါပဲ။ သူငယ်ချင်းတစ်ယောက်ဝယ်တဲ့ Canon လေးတော့ မဆိုးဘူး။ မှန်ဘီလူး နှစ်ခုပါတယ်။ 7သိန်းတဲ့ မော်ဒယ်လ်ကြည့်လိုက်တော့ Canon Kiss လို့တော့တွေ့တယ်။

      Reply

  • weiwei

    August 17, 2015 at 10:26 am

    ကင်မရာကိုတော့ … မွဲဆေးလို့ပဲ သတ်မှတ်လိုက်တော့တယ် …
    စမိပြီးရင် နောက်က လိုက်ဖို့သာ ပြင်ထားရပါမယ် ..

    Reply

Leave a Reply

Your email address will not be published.