သင့်ဘဝတွက်စကားစုတွေ

etoneAugust 25, 20101min01

ဘဝ ဆိုတာ လေနဲ့ လှိုင်းတို့ သယ်ဆောင်ရာကို မျောချင်ရာ မျောနေတဲ့ ရေပြင်ပေါ်က ရွက်လှေမဟုတ်၊ တိကျတဲ့ ရည်မှန်းဦးတည်ချက် တစ်ခုတည်းကို အရှိန်ဟုန်နဲ့ ခုတ်မောင်းနေတဲ့ သံလမ်းပေါ်က ရထားတစ်စီး။ # ကျွန်ုပ်တို့ အတွက် အဓိက လိုအပ်ချက် နှစ်ခုရှိတယ်။ တစ်ခုက ခြေချစရာ သံလမ်းတစ်ခု၊ နောက်တစ်ခုက ခရီးအတွက် လိုအပ်တဲ့ လောင်စာ။ # တစ်ခါတစ်ရံမှာ သာယာစိုပြေတဲ့ တောအုပ်တွေကို ဖြတ်သန်းရသလို တစ်ခါတစ်ရံမှာ ခါးသီး ခြောက်သွေ့တဲ့ ကန္ဒာရတွေကိုလည်း ဖြစ်သန်းရမယ်။ ဒါပေမယ့် စိုပြေနေချိန်မို့ ခဏနားနေလို့ မရသလို၊ ခါးသီးနေချိန်တွေကို မြန်မြန်ကျော်လွန်လို့မရဘူး။ ကြုံတွေ့ရသမျှ ကောင်းခြင်း ဆိုးခြင်းတို့ကို သင်ခန်းစာယူရင်း နဲ့ နောက်ဆုံး ရည်မှန်းချက် မရောက်မချင်း မှန်မှန် ခုတ်မောင်းရမှာပဲ။ # အခက်အခဲနဲ့ ရှုံးနိမ့်မှုဆိုတာ ခရီးရောက်ချင်တဲ့ ရထားအတွက်တော့ ဇလီဖာတုံးတွေ။ # သင် ဆက်ပြီးတော့ ရှေ့မတိုးတော့လျှင် ဖြစ်ပေါ်လာမယ့် ဆုံးရှုံးမှုကို ရှောင်ရှားနိုင်ပါ၏။ တစ်ချိန်တည်းမှာပင် အောင်မြင်မှု ကိုလည်း ရှောင်ရှားပြီးသား ဖြစ်နေလိမ့်မည်။ # မနက်ဖြန်သွားရမယ့် ခရီးအတွက် တွေးပြီး မပူပါနဲ့။ ယနေ့ ခရီးကိုပဲ ရောက်အောင်သွားလိုက်ပါ။ ကံကြမ္မာက ကိုယ့်ဘက်က ရပ်တည် လာပါလိမ့်မယ်။ # သင့်ပန်းတိုင်သို့ ချီတက်ရေး ကိစ္စကို ပျက်ဆီးစေနိုင်သော အရာကား သင့်ကိုသင် မယုံကြည်ခြင်း ဖြစ်၏။ # ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လိုအပ်တဲ့အချိန်တစ်ခုကို စောင့်ကြည့်ပါ။ မကြာမီ အကောင်းဆုံးတွေ သင့်ထံ ရောက်လာတော့မယ် ဆိုတာသိပါ။ # လမ်းတစ်ဝက်နှင့် ဘယ်တော့မှ မရပ်ပါနှင့်။ # ဖြတ်သန်းခဲ့ပြီးတဲ့ ခရီးတွေကလည်း သိပ်အရေးကြီးတယ်၊ မနေ့က လုပ်ခဲ့တာတွေအားလုံးက ဒီနေ့မှာ သမိုင်းပဲ။ သမိုင်းမှာ အမဲစက် တစ်စက်ထင်သွားရင် တစ်ဘဝလုံး စိုးမိုးသွားရော။ # နှေးချင်နှေးပါစေ၊ ဖြေးဖြေးပဲ ဆက်သွားပါ။ ခရီးရောက်ဖို့ဆိုတာ နှေးတာ၊မြန်တာ ထက်၊ ရပ်မနေဖို့ပဲလိုတယ်။ # တစ်ယောက်ဆင်း၊ တစ်ယောက်တက် လူပေါင်းစုံနဲ့ ပက်သက်ရလိမ့်မယ်။ ခဏပဲ ရပ်ပေးပါ၊ တစ်စုံတစ်ယောက်ကြောင့် တစ်နေရာတည်းမှာ ထာဝရ မရပ်မိပါစေနဲ့။ # ငွေကို အရေးထားသူကို ငွေနဲ့ဆက်ဆံ။ မေတ္တာကို တန်ဖိုးထားတဲ့သူကို စေတနာနဲ့ဆက်ဆံ။ # လမ်းမှန်အတိုင်း ဖြောင့်ဖြောင့်တန်းတန်း တည့်တည့်သွား။ မှန်မှန်ကန်ကန်ဖြင့် ကိုယ့်လမ်းကိုယ်သွားနေချိန်မှာ ရှေ့က လာပိတ်ရပ်ရင်တော့ နင်းပစ်လိုက်။ သေသွားရင်တောင် ရထားမှာ အပြစ်မရှိဘူး။ # ခရီးဆုံးပန်းတိုင်ကို ရောက်ချင်တဲ့စိတ်သာ တကယ်ရှိပါစေ။ မုချရောက်ပါလိမ့်မည်။ # အတက်၊ အဆင်းတွေကို ဂရုစိုက်ပါ။ အတက်မှာ နှေးပြီး အဆင်းမှာ မြန်တာက လောကဓမ္မတာပဲ၊ အတက်မြန်အောင်ထက် အဆင်းမှာ အကျနာပြီး တစ်စစီ ပြုတ်မထွက်ဖို့ ပိုအရေးကြီးတယ်။ # ရထားတို့ ကံကြမ္မာသည် ခေါင်းတွဲနှင့် လမ်းကြောင်းပေါ်တွင် မူတည်သလို၊ လူတစ်ယောက်၏ ကံကြမ္မာသည်လည်း ခေါင်းသုံးမှုနှင့် ရွေးချယ်ခဲ့သော လမ်းကြောင်းပေါ်တွင် မူတည်သည်။ # လှပမှုရယ်၊ ဉာဏ်ပညာရယ်ဆိုတာ ဘယ်တော့မှ အတူတွဲနေရိုး မရှိဘူး၊ လှပမှုတွေကို သတိထားပါ၊ ဉာဏ်ကို လွှာသုံးပါ။ # တစ်ကြိမ်မှာ ရည်မှန်းချက် တစ်ခုတည်းကိုသာ ဦးတည်ပါ။ # မိမိ၏ လုပ်ရက်တစ်ခုက ရည်မှန်းထားတဲ့ ခရီးဆုံးကို ဦးတည်ချက် ပြောင်းစေနိုင်တယ်လို့ ယုံကြည်လျှင် လျှော့လုပ်ပါ။ အထောက်အကူပြုသည်ဟု ယုံကြည်လျှင် တိုးလုပ်ပါ။ # အသံပေးရမယ့်နေရာ ရောက်မှ အသံထွက်ပါ။ ဘာသံမှ မထွက်ရမယ့်အချိန်တွေ အများကြီးရှိတယ်ဆိုတာကို သတိရပါ။ # သင့်ဘဝခရီးကို တခြားတစ်ယောက်နှင့် မနှိုင်းယှဉ်ပါနှင့်။ အချိန်တိုင်းက သင့်ခရီး တိုးတက်မှုအတွက်သာ ဖြစ်ပါစေ။ # ဘာကိုဦးတည်ပြီး ဘယ်ကိုခရီးဆက်နေမှန်း ကိုယ့်ကိုယ်ကို မသိတဲ့လူတစ်ယောက်အတွက် ရာသီဥတု ဘယ်လောက် သာယာသာယာ၊ လမ်းတွေ ဘယ်လောက် ကောင်းကောင်း အကျိုးမပြုနိုင်ဘူး။

One comment

  • slip

    May 16, 2011 at 11:20 pm

    Thanks for reposting my quotes on your blog. It’s not a problem by reposting . However, you have to follow the instruction that is written at the bottom of the posts to refer to the original link.

    It costs you nothing.
    Hope you will cooperate.

    Slip

    http://www.meepyatite.info/2010/07/blog-post_24.html

    Reply

Leave a Reply

Your email address will not be published.