ကျွန်တော်နဲ့ စိတ်ကူးအိပ်မက်

SawAungAugust 11, 20151min014

လူတိုင်းမှာတော့ စိတ်ကူးအချို့ အိပ်မက်အချု့ိ ရှိကြမှာပါ။ ရှိလည်း ရှိကြပါတယ်။ စိတ်ကူးဆိုတဲ့အရာ

ကတော့ ကိုယ့်စိတ်ထဲမှာ တွေးထားတဲ့ အရာတွေပေါ့။ အိပ်မက်သည်မှာလည်း ကိုယ်နှစ်သက်ရာ အိပ်မက်

မက်ထားတဲ့ အရာတွေပေါ့။

ငယ်ငယ်ကတော့ ကြီးလာရင် ဘာလုပ်မလဲ ဆရာဝန်ကြီး စစ်ဗိုလ်ကြီး အင်ဂျင်နီယာကြီးပေါ့။

ဆယ်တန်းအောင် တက္ကသိုလ်ရောက်လာတော့ ဂရက်ဖစ်ဒီဇိုင်းပညာကို စိတ်ဝင်စားတာနဲ့ အဲ့သည်ပညာနဲ့

ငွေရှာလာတာ ငါးနှစ် ခြောက်နှစ်နီးပါး ရှိလာချိန်မှာတော့။ ကိုယ်ဖြစ်ချင်တဲ့ ဘဝပုံစံကို ငြီးငွေ့စပြုလာပါတယ်။

အသက်အရွယ်လာတဲ့အချိန်မှာ စိတ်ကူးအိပ်မက်အချို့ဟာ အရောင်ပြောင်းလာတော့တယ်။ စိတ်ရှုပ်

စရာ ဒီဇိုင်းတွေ မဆွဲချင်တော့ဘူး။ ကိုယ့်နေအိမ်ကို မက်မောလာတယ်။ တိုးတက်ချင်စိတ်မရှိဘူးလို့

ပြောရင်လည်း ခံရမယ့်ပုံစံ။ စိတ်ထဲက အဝေးကြီး မှန်းပြီး အိပ်မက်မက်ရတာထက် စိတ်ကူးတာထက်

လက်တစ်ကမ်းအလိုကိုသာ ပိုပြီးအိပ်မက်ချင် စိတ်ကူးချင်တယ်။

လောလောဆယ် ပြိုကျလုဖြစ်နေတဲ့ အိမ်လေးရယ်။ နောက် ကန်ထရိုက်ဆာက်ရင်တော့

အိပ်မက်စိတ်ကူးထားတာလေးတွေရှိတယ်။ တကယ်တော့ ကိုယ့်စိတ်ထဲက ဗီဇအကျင့် ဝါသနာကတော့

ဘယ်လိုလုပ်လုပ် ဖျောက်မရဘူးဆိုတာပိုသိလာတယ်။

ဟင်းချက်တယ် ၊ ဒီဇိုင်းဆွဲတယ် ၊ ဓာတ်ပုံတွေရိုက်တယ်။ ကိုယ့်ကိုယ်ကို ကျိန်ဆဲမိတာက

အခုထက်ထိ pro camera တစ်လုံးလောက် မပိုင်ဆိုင်တာပါပဲ။ ခုလက်ရှိနေအိမ်လေးက လူများပြီး

ကျဉ်းတယ်။ နောက်ဖြစ်လာမယ့်အိမ်မှာ ကိုယ့်စာအုပ်စင်လေးကို သီးသန့်ထားချင်တယ်။ pro camera

လေးတစ်လုံး မရရအောင်ဝယ်မယ်။ ဝန်ထမ်းအလုပ်ကို စွန့်လွှတ်ပြီး Restaurant & Bar လေးတစ်ခု

ဖွင့်ဖို့ မေမေ့ကို ခွင့်တောင်းထားတယ်။ ကိုယ့်ဒီဇီုင်းပညာကိုလည်း အခွင့်ရရင် ဆက်လုပ်မယ်။ စာလည်း

ရေးမယ်။

ဟိုးးးးးးးး အနာဂတ်အဝေးကြီးမဟုတ်ဘူး ခုလက်တစ်ကမ်း ကျွန်တော့စိတ်ကူးအိပ်မက်လေးကို

မြန်မြန်လိုချင်နေမိတယ်။

 

…………..

အောင်မိုးသူ

14 comments

  • ဇီဇီခင်ဇော်

    August 11, 2015 at 10:19 am

    မြန်မြန်ရပါစေ။
    ကိုယ်ချင်းစာလို့။

    Reply

    • အောင် မိုးသူ

      August 11, 2015 at 10:28 am

      မောတယ် အစ်မရေ။ ပထမက အိမ်ကိစ္စတွေပြီးရင်တော ့အစ်မတွေက ကားဝယ်စီးတဲ့။ အမေ့ကိုပြောလိုက်တယ်။ ကားလည်း မစီးချင်ဘူး ဆိုင်လေးတစ်ဆိုင်ပဲ ဖွင့်ချင်တယ်လို့။

      Reply

  • ဦးကျောက်ခဲ

    August 11, 2015 at 10:55 am

    ကျောက်စ်လည်း အသက်ကြီးလို့ အလုပ်ကအနားယူရင်
    ရာသီဥတုကောင်း ရှုခင်းကောင်းတဲ့ နယ်မြို့တစ်မြို့မှာ…
    Restaurant & Bar လေးတစ်ခုဖွင့်ပြီး အေးအေးလူလူ ခေါင်းချချင်တာပဲ…
    စားသုံးသူနဲ့စကားတွေဖောင်ဖွဲ့ ၊ ကိုယ်ဝါသနာပါရာလည်းဖြစ်…အတော်နိပ်မယ်…
    အင်း… အိပ်မက်ဆိုတော့လည်း အိပ်မက်ပေါ့ဗျာ… 🙂

    Reply

  • aye.kk

    August 11, 2015 at 11:53 am

    စိတ်ကူးအိပ်မက်က၊မဖြစ်သေးခင်လို့သာဆိုနိုင်ပါတယ်၊
    ဖြစ်လာတဲ့အချိန်မှာတော့စိတ်ကူးအိပ်မက်က
    ပျော်ရွှင်ချမ်းမြေ့မှုပိုင်ဆိုင်ရရှိခြင်းဆိုတဲ့”ဆုလာဘ်”အဖြစ်နဲ ့ရောက်ရှိလာတော့တာပါဘဲ။။။

    Reply

  • တောင်ပေါ်သား

    August 11, 2015 at 3:07 pm

    ဆိုင်ဖွင့်ဖြစ်ရင် လိပ်စာပေးပါ
    ဈေးဦးဖောက်ပါမည် 🙂

    Reply

  • black chaw

    August 12, 2015 at 9:45 am

    ဟင်းချက်တယ် ၊ ဒီဇိုင်းဆွဲတယ် ၊ ဓာတ်ပုံတွေရိုက်တယ်။
    ကိုယ့်ကိုယ်ကို ကျိန်ဆဲမိတာက
    အခုထက်ထိ pro camera တစ်လုံးလောက် မပိုင်ဆိုင်တာပါပဲ။
    ခုလက်ရှိနေအိမ်လေးက လူများပြီး
    ကျဉ်းတယ်။
    နောက်ဖြစ်လာမယ့်အိမ်မှာ
    ကိုယ့်စာအုပ်စင်လေးကို သီးသန့်ထားချင်တယ်။
    pro camera
    လေးတစ်လုံး မရရအောင်ဝယ်မယ်။
    ဝန်ထမ်းအလုပ်ကို စွန့်လွှတ်ပြီး Restaurant & Bar လေးတစ်ခု
    ဖွင့်ဖို့ မေမေ့ကို ခွင့်တောင်းထားတယ်။
    ကိုယ့်ဒီဇီုင်းပညာကိုလည်း အခွင့်ရရင် ဆက်လုပ်မယ်။
    စာလည်းရေးမယ်။

    ညီလေးရေ…။
    ဖြစ်နိုင်သော စိတ်ကူး အိပ်မက်ပိုင်ရှင်မို့
    မင်းလိုချင်တာတွေ မကြာခင် ဖြစ်လာမှာပါဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဦးဘလက်…။

    Reply

    • အောင် မိုးသူ

      August 12, 2015 at 3:12 pm

      ဖြစ်လာမယ်ဆိုတာလည် းသိနေတယ် အူးဘလက်ရေ ဖြစ်လာအောင်လည်း လုပ်နေပါတယ်။

      Reply

  • Mike

    August 12, 2015 at 11:14 am

    .အမှန်ပဲကွာ..လူတိုင်းစိတ်ကူးကြတာပဲ
    .ဒါပေမဲ့စိတ်ကူးအတိုင်းဖြစ်အောင်ကြိုးစားလုပ်ဖို့ပဲလိုတာပါ….ဖြစ်ကိုဖြစ်လာပါလိမ့်မယ် :))

    Reply

  • Alinsett @ Maung Thura

    August 12, 2015 at 2:22 pm

    လုပ်ချင်တာတွေနဲ့ လုပ်သင့်တာတွေ တစ်ထပ်တည်းကျပြီး လုပ်ခွင့်မြန်မြန် ရပါစေ သယ်ရင်းရေ

    Reply

Leave a Reply

Your email address will not be published.