သိပ်ချစ်တာသူသိပါစေ

ကာရံAugust 10, 20151min01

သိပ်ချစ်တာ သူသိပါစေ

ပုဝါပါး ကြက်သားထုတ်တော့စွန်းရော့မယ်
တစ်ရွာသားကို မျှော်ယောင်မိတော့ လွမ်းရပေါ့ကွယ်
တမ်းတမှုရတက်မအေး အလွမ်းအဆွေးကို တေးလုပ်ဆို
ကို့ရင်ထဲက နတ်သမီးလေး သိပါစေလေ

နေ့အခါ အလင်းရောက်ပေမယ့်
ကို့ရင်ထဲ မင်းရောက်မလာသေးဘူးလေ

ညအခါ အလင်းဖြာပေမယ့်လဲ
ကို့အနား အလွမ်းသာတိုးလာတယ်
သိပ်ချစ်တာ နတ်သမီးလေး သိနေမလား

ကြယ်လေးက တစ်ရွှေ့ရွှေ့ ပြေးကားပုန်းတော့မယ်
ငှက်ကျေးများ ချစ်တေးမဆိုခင်လေး ကို ကိုလေ အရမ်းဆိုချင်တဲ့တေးတစ်ပုဒ်
ဟစ်ကာကြွေးရော့မယ် သိပ်ချစ်တာ သူသိပါစေ

ကာရံ ၁ဝ ့ ၈ ့၂၀၁၅

One comment

  • အောင် မိုးသူ

    August 11, 2015 at 10:02 am

    ဝေးဝေးသွားလို့မရအောင် အချစ်ရယ် ဖက်ထားချင်တယ်
    မင်းရဲ့ အပြုံးနုလေးနဲ့ ဝေးမှာကိုယ်ကြောက်နေတယ်
    သိပ်ချစ်တာ သူသိပါကွယ်

    Reply

Leave a Reply

Your email address will not be published.