လတစ်စင်း ထွက်ပါပေါ့လေ

20150809_104122

 .ပန်းချီက အချစ်ဦး။

 .ကဗျာကတော့

      .တိတ်တခိုးချစ်သူ။

.စာပေနဲ့ တရားဝင်ချစ်သူတွေ

    . ဖြစ်သွားပေမယ့် . . . .

.တစ်ဖက်သတ်ချစ်သူဟာ

     .ဂီတဖြစ်နေဆဲ . . . . ။

—————-

.ကိုယ့်ကိုရက်စက်ခဲ့တဲ့

   .သီချင်းလေးတွေ . . . .

.ကိုယ့်ကို စိမ်းကားခဲ့တဲ့

   .တေးနုနုလေးတွေ . . . .

.သံစဉ်တွေ ပျောက်ရှသွားတဲ့ အခါမှာ . . . .

    .စိတ်တေလေ စေရာအတိုင်းသာ . . . . ။

.ဝင်ပြုံးမြင့်။

.သံစဉ်သံလှိုင်း စိတ်ခိုင်းစေရာ (မူသစ်) ထွက်ပါပြီရှင်။

23 comments

  • ဝင့်ပြုံးမြင့်

    August 9, 2015 at 7:16 pm

    .ဒီရွာထဲက လူတွေ မျှစ်ကြော်စာအုပ်ကို မဖတ်ကြမှန်း သိပါတယ်။ အာ့ကြောင့် ဖတ်ပါလို့ အတင်းကာရော မတိုက်တွန်းရဲပါဘူး။ ဒါပေမယ့် ဆွဲဆောင်မှုလေးတော့ လုပ်ချင်တာပေါ့။ ဒီလိုလေ။ ဒီရွာကြီးက အစားပုပ်ရွာဆိုတော့ .. စာအုပ်ကို ဟင်းတစ်ခွက်နဲ့ နှိုင်းယှဉ်ပြချင်ပါတယ်။ ဒါမှ စလုံးက လူမိုက်ကြီးတွေရယ်၊ ဟောင်ကောင်က လူမိုက်ကြီးတွေရယ် စိတ်လေး ဘာလေး ဝင်စားလာအောင်။
    .ဒီစာအုပ် သံစဉ်ဟာ ဘာနဲ့တူသလဲဆိုတော့ ငါးသလောက်ပေါင်းနဲ့ တူပါတယ်။ အကြာကြီးချက်ထားရတယ်။ မွှေးလည်း တအားမွှေးတယ်။ ငါးသလောက်က လပွတ္တာ ငသလောက် မဟုတ်ဘူး။ လပွတ္တာ ငါးသလောက်က သိပ်မစိမ့်ဘူး။ မအူပင်ငါးသလောက်ပါ။ ငါးကို အကြာကြီးပေါင်းထားတော့ စားလိုက်တဲ့အခါ အီပြီး အိပ်ပျော်သွားနိုင်သလို အဲစာအုပ်ကို ဖတ်လိုက်ရင် မိန်းမောသွားပြီး လောကကြီးကို မေ့သွားစေပါမယ်။ ငါးသလောက်ပေါင်းကို ဘာနဲ့တွဲစားရမလဲတော့ မသိဘူး။ ဟင်းမစပ်တတ်ဘူး။ ဒီစာအုပ်ကတော့ ကော်ဖီလေးနဲ့ဆို သိပ်မဆိုးဘူးထင်ပါတယ်။ အားပေးကြပါနော့။

    Reply

    • ဦးကျောက်ခဲ

      August 10, 2015 at 3:29 pm

      ဖတ်ချင်တာပေါ့ ဒေါ်မျှစ်ကြော်ရယ်…
      အဝေးမြေ တနယ်ခြားမှာနေရတာမို့ စိတ်ရှိတိုင်းမပေါက် ဝယ်လို့မရဘူးခင်ဗျ…
      အခုတောင် အားနာပါးနာနဲ့ ရွာထဲက ကလေးတွေကို ဝယ်ထားပေးပါလို့ …
      အကူအညီတောင်းထားရတယ်… e-book ထုတ်ရောင်းပါလားဟမ်…
      တကယ်ပြောတာခင်ဗျ… .pdf နဲ့ဆို အဆင်ပြေမယ်… လူရင်းတွေကိုရောင်းပေါ့…
      စကားမစပ်… ငါးသလောက်ဆိုလို့ ကဝက်ကင်းက အကောင်းဆုံး… အဟိ
      စားပြီး အကြောတက် ဇက်ကြောပါထိုးသွားမယ် … ဟီး ဟီး
      အတည်မန့်တာက … မရ ရအောင်ရှာပြီး ဝယ်ခိုင်းထားပါကြောင်း…
      :k:

      Reply

    • ဇီဇီခင်ဇော်

      August 11, 2015 at 9:23 am

      လက်ဆောင်ရမှ ဖတ်မယ် လို့။
      :mrgreenn:

      နောက်ထာ။
      ကိုယ့် အမ စာဥ ကို အားပေးရမှာပေါ့လို့။
      ဝယ်ရခက်တယ် ဆိုလို့ ချန်ထားပေးပါလို့ပဲ ပြောနိုင်ပါတယ်ခင်ညာ။

      Reply

      • ဝင့်ပြုံးမြင့်

        August 11, 2015 at 11:05 am

        .ငါးသလောက်ပေါင်း ချန်ထားပေးမယ် ငါ့ညီမ။ ကျောက်စ်အတွက်တော့ မချန်တော့ဘူး။ အလကား သူဖတ်မှာလည်း ဟုတ်ဘူး။ မနှင်းကတော့ ဖတ်ချင်ဖတ်နိုင်တယ်။ ဒီတော့ ကျောက်စ် သူ့ဟာသူ ငါးသလောက်ပေါင်း ရှာပစေ။

        Reply

        • ဦးကျောက်ခဲ

          August 11, 2015 at 11:36 am

          လူတန်းစားခွဲတယ်… မကျေနပ်ဘူး… ဒါဗျဲ…
          🙁

  • မပြုံးရေ အညွှန်းနဲ့ကိုဖတ်ချင်လာပြီ
    အမှန်တိုင်းပြောရရင် အခုနောက်ပိုင်းဘာသာပြန်စာအုပ်မဖတ်ဖြစ်သလောက်
    ဖတ်မိတာတွေက စိတ်တိုင်းမကျခဲ့တာများလို့
    မပြုံးစာအုပ်ကတော့ ဖတ်ဖြစ်အောင်ဖတ်ပါအုံးမယ်

    Reply

    • ဝင့်ပြုံးမြင့်

      August 9, 2015 at 11:14 pm

      .ဘာသာပြန်စာပေတွေက စိတ်ပျက်စရာသိပ်ကောင်းတယ် လေးပေါက်ရေ။ ဘာသာပြန်တာကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ကျွမ်းကျင်ရမယ်ဆိုတဲ့ ယေဘုယျ သဘောထားက သတ်ထားတာ။ ဘာသာပြန်တာ သီးသန့်ပါရမီ။ မြန်မာပြည်ဖွား ကမာ္ဘကျော်စာရေးဆရာတွေ ဒေါက်တာသန့်မြင့်ဦးတို့၊ ဝင်ဒီလောရုံတို့ မြန်မာလို ကောင်းကောင်းတတ်ပါတယ်။ သူတို့ရေးထားတဲ့ အင်္ဂလိပ်စာကို သူတို့ ဖာသာ မြန်မာမပြန်ပါဘူး။ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာကျွမ်းကျင်ရင် ဘာသာပြန်လို့ ရပြီဆိုတဲ့ အတွေးက စပြီး မှားနေတာ။ ဥပမာဆိုရရင် ခြေထောက်ရှိတဲ့လူတိုင်း ဘောလုံးကန်တတ်ပေမယ့် လက်ရွေးစဉ်ဖြစ်ဖို့ကတော့ ပါရမီလိုတယ်။ မှော်အောင်ဖို့ လိုတယ်။ ဘာသာပြန်တာဟာ ဘာသာစကားကျွမ်းကျင်မှု ထက် သီးသန့်မှော်တစ်ခု။ ကိုယ်တိုင်ရေးသမားတွေ ဘာသာထပြန်ရင် ဖတ်လို့ မရဘူး။ စိတ်ပျက်စရာကောင်းတယ်။ ဒီရွာထဲမှာ အဲလို မှော်အောင်ထားတဲ့လူ တစ်ယောက်ရှိတယ်။ ကိုဘလှိုင်လေ။

      Reply

    • အမေစုကတော့ နှစ်ဘာသာစလုံး သူပဲရေးတယ်လားလို့.. မြန်မာပြည်က ပေးစာများ စာအုပ်လေ…

      Reply

      • ဝင့်ပြုံးမြင့်

        August 10, 2015 at 4:25 pm

        .ဟုတ်တယ် အမေစုက ၂ဘာသာစလုံးသူရေးတာ။ ဒါပေမယ့် မတူဘူးညီမ။ ဘာသာပြန်တယ်ဆိုတာ လွယ်တယ်။ ရသ မဟုတ်ရင်ပေါ့။ ဖန်တီးမှု ပါတဲ့ ရသစာအုပ်ကို ဘာသာပြန်တဲ့အခါ ကိုယ့်စာကိုယ် မပြန်နိုင်ပါဘူး။

        Reply

  • မြစပဲရိုး

    August 9, 2015 at 9:00 pm

    မင်းသမီး က ရှမ်းစော်ဘွားသမီးလား ပြုံး။
    ဝီကီထဲ မြန်မာပြည် ရဲ့ အရှေ့မြောက်ပိုင်း အခြေခံ ဆိုလို့။
    အတော်လေး စိတ်ဝင်စားစရာဘဲ။
    အဲဒီ ရုပ်ရှင်တောင် ဒီနှစ်ထဲ ထွက်တော့ မယ် လို့လဲ ဖတ်ရတယ်။
    အော်စကာ ရခဲ့ရင် နောက်မကျအောင် ဒီစာအုပ်ကို အမြန်အားပေးကြပေတော့ ပရိတ်သတ်ကြီးရေ။

    သများလဲ ပီရာနို စတီး နေပါပြီ။
    ရောင်စုံဘော်လုံးလောက်တော့ အပျော့ဘဲ။
    ဂရန်း ပီရာနို မဟုတ်လို့ ကျူနာ တော့ မလိုပါဘူး။ jk ..lol:-)))

    ဒါထက် မြောက်ကိုရီးယား အကြောင်းဝတ္ထု “Nothing to Envy” တဲ့။
    ကလေး ကျောင်း က နွေရာသီ Book club က ညွန်းလို့ ဝယ်ပေးလိုက်ရတာ။
    ကြုံ ရင် ဆွေးနွေးချင်သေးရဲ့။
    “မိဘမဲ့ တိုင်းပြည်” ရော မထွက်သေးဘူးလား။

    Reply

    • ဝင့်ပြုံးမြင့်

      August 10, 2015 at 12:02 am

      .အမလတ်အတွက် စာအုပ်လက်ဆောင်ကို အာတီဒုံဆီ ပို့ထားပေးမယ်နော် သိလား။ အထက်က ကဗျာလေးကတော့ ကျမရဲ့ ဘဝဖြစ်စဉ်။ စာအုပ်နဲ့ မဆိုင်ဘူး။
      .မိဘမဲ့တိုင်းပြည်က စာမျက်နှာ ၆၀ဝ ဆိုတော့ ထုတ်ဝေတိုက် ခေါင်းခဲနေရပြီ။ လျှော့လို့လည်း မရ။

      Reply

      • မြစပဲရိုး

        August 10, 2015 at 1:51 am

        ညီမပြုံး – သတိတရ အမှတ်တရ စကားလေး အတွက် ကြည်နူးမိသွားပါတယ်။
        စာအုပ်ကိုတော့ ဒီတစ်ခါ မပေးပါနဲ့ ဦး။
        တော်ရုံ နဲ့လဲ ပြန်ရောက်ဦးမယ်မထင်၊ လူကြုံ က လဲ တော်ရုံ မရှိတာမို့ အစ်မဒုံ သိမ်းထားရမှာ တာဝန် ဖြစ်နေမှာစိုးလို့ပါ။
        နောက်တစ်ခါလာချိန်ကျ မိဘမဲ့တိုင်းပြည် ထွက်တာ နဲ့ ကြုံ ပါစေ ဆုတောင်းတယ်။
        မဟုတ်လဲ ပြုံး ရဲ့ နောက်ထပ် လက်ရာသစ်ပေါ့။ နော။
        တို့ညီမ ကို စာအုပ်သစ် အတွက် စာအုပ်တိုက် က အမြဲ တွန်းနေမှာ လို့ ယုံပါတယ်။

        BTW .. ကဗျာ ထဲ က ဆိုရင် အချစ်ဦးရယ်၊ တစ်ဖက်သတ် ရယ်၊ တရားဝင်ရယ်၊ တိတ်တခိုးရယ်
        ဘူသူ့ ကို အချစ်ဆုံးတုန်း။ 😉
        :-)))

        Reply

        • ဝင့်ပြုံးမြင့်

          August 10, 2015 at 6:12 pm

          .ဝေဠု ထိ ဓားကြည့်

  • မင်း ခန့် ကျော်

    August 10, 2015 at 9:22 am

    ဖတ်ရဖို့ကြိုးစားပါ့မယ်။

    ဘာသာပြန်မို့ပိုစိတ်ဝင်စားပါတယ်။

    ကျတော့်အဖို့ နာမည်တွေမှတ်ရတာနဲ့တင်

    ဘာသာပြန်စာအုပ်ဖတ်ရတာ ရသတမျိုးရပါတယ် :mrgreen:

    Reply

    • ဝင့်ပြုံးမြင့်

      August 10, 2015 at 12:30 pm

      .စာအုပ်ဝယ်လို့ ရပါ့မလား။ မအူက အသိက ရန်ကုန်တက်ဝယ်တော့ လူတွေကြိတ်ကြိတ်တိုးပြီး ဝယ်မရဘူး။ စိတ်ကူးချိုချို စာအုပ်ဈေးပွဲတော်မှာလေ။ အလှူ ခံတွေကလည်း အများကြီးတဲ့။ စာအုပ် ဘယ်လိုဝယ်မလဲ။

      Reply

  • ဦးကြောင်ကြီး

    August 10, 2015 at 9:29 am

    လဓဇင်းထွက်
    မြနှင်းသရက်
    စခင်းလဖက်
    တရင်းမနက်..

    Reply

    • ဝင့်ပြုံးမြင့်

      August 10, 2015 at 12:36 pm

      .ကကြောင် ငါးသလောက်ပေါင်းကို လက်ဖက်နဲ့ သရက်နဲ့ စားရမယ်လို့ ဆိုလိုတာလား။

      Reply

  • kai

    August 10, 2015 at 2:54 pm

    ကျုပ်..ငယ်ငယ်ကဆို..စာဖတ်အရမ်းမြန်တာ..
    စစ်နဲ့ငြိမ်းချမ်းရေးတို့.. ရှားလော့ဟုမ်းတို့.. တထိုင်ထဲဖတ်ခဲ့တယ်..။
    ဗမာဝတ္ထုတွေဆိုလည်း.. တရက် ၂အုပ်၃အုပ်..။
    အမျိုးသားစာကြည့်တိုက်သွားရင်.. စာအုပ် ၄-၅အုပ်ယူပြီး.. အဲဒီမှာတင်တထိုင်တည်းဖတ်ခဲ့..။

    ခုအသက်ရတော့..
    ကျုပ်တော့ စာအုပ်တွေထူရင်.. အင်မတန်ဦးနှောက်ခြောက်သဗျ..။
    ဖတ်ကလည်းဖတ်ချင်.. အချိန်ကလည်းမရှိ..။
    ပြီးခဲ့တဲ့.. ၂ပါတ်ကမှ.. မျှစ်မမရဲ့.. နှစ်ဘဝ နှစ်ကန္တာနဲ့.. ကိုရင်အလင်းဆက်လက်ဆောင်ပေးတဲ့.. ဆရာနေဇင်လတ်စာအုပ်လက်ထဲရောက်တယ်..။
    မျှစ်မမစာအုပ်.. ကိုင်လိုက်ပြန်ချလိုက်လုပ်နေမိပြီး.. မဖတ်ရသေး..
    အကြမ်းဖတ်လိုက်ရသလောက်…အရမ်းအနုစိတ်လွန်းတယ်ထင်သမို့.. ခရီးထွက်မှပဲ..လေယဉ်ပေါ်ဖတ်ဖြစ်မလားမသိ..။

    ဆရာနေဇင်လတ်စာအုပ်တော့.. (အတိုလေးတွေပေါင်းထားတာမို့) ဖတ်ပြီး.. သူ့စာထဲ.. အမေရိကားကို.. အမေရိကန်လုပ်ထားတာတွေတော်တော်များနေသမို့.. အထင်မကြီးတော့ပဲ.. အနှုတ်လက္ခဏာဆောင် လိုက်ဖတ်ကြည့်…။
    လုံးဝမကြိုက်..။

    စကားအတင်းစပ်..
    မျှစ်မမကို.. အောက်စာအုပ်.. မြန်မာတွေဘာသာပြန်ထားတာမရှိရင်.. ပြန်စေချင်တာ…

    The Prince
    Book by Niccolò Machiavelli
    The Prince is a 16th-century political treatise by the Italian diplomat and political theorist Niccolò Machiavelli. From correspondence a version appears to have been distributed in 1513, using a Latin title, De Principatibus. Wikipedia

    Reply

  • ဝင့်ပြုံးမြင့်

    August 10, 2015 at 4:30 pm

    .မျှစ်ရောက်တဲ့ ဒုက္ခက အဲဒါပဲ သဂျီး။ စာအုပ်တစ်အုပ်ကို သူများ ပြန်ပြီးပြီလား မပြန်ရသေးဘူးလား လုံးဝ မသိရဘူး။ ဘာကြောင့်လဲဆိုတော့ ဘာသာပြန်လောကက ထင်သလို လုပ်နေကြတယ်။ အပေါစားအဆင့်ရောက် နေတယ်။ ရေးချင်သလိုရေး၊ လုပ်ချင်သလိုလုပ်၊ ထူးထူးခြားခြား ပေါက်ထွက်သွားအောင် မလုပ်နိုင်ကြဘူး။ အဲဒီအခါ စာအုပ်တစ်အုပ်ဟာ နာမည်ထွက်မလာတော့ဘူး။ အဲဒီတော့ စာအုပ်ပြန်ထားပြီးလား မပြန်ရသေးဘူးလား မသိတော့ဘူး။ ဗုံးဗောလအော လုပ်နေကြလို့။ အောင်မြင်တာလဲ မှုတ်ဘူး။ အရင်က စာပေစိစစ်ရေးရှိလို့ ထားပါတော့။
    အခု စာပေစိစစ်ရေးမရှိတော့လည်း စာအရည်အသွေး မထိန်းချ ု ပ်ဘူး။ ဦးသူရ ပြန်နေကြတာ။ ကိုယ်က အချိန်ယူပြီး လုပ်ဖို့ အခွင့်အရေး မရဘူး။ ကိုယ်က အချိန်ယူနေရင် သူများဦးသွား ဖျက်စီးသွားပါရော။

    Reply

  • black chaw

    August 11, 2015 at 8:13 am

    လေးစားဂုဏ်ယူမိပါတယ် မပြုံးရေ…။
    ဘာသာပြန်စာအုပ်တွေ ဖတ်ခဲ့တဲ့ အချိန်တစ်ချိန် ရှိခဲ့ဖူးပါတယ်ဗျာ…။
    စိတ်ထဲ စွဲကျန်နေခဲ့တာ ကတော့ ကလင့်အိစ်ဝုဒ် ရဲ့ Firefox ရုပ်ရှင် ဇာတ်လမ်း
    ကို ဝင်းမြင့်ဦး (လို့ထင်ပါတယ်) ဘာသာပြန်ခဲ့တဲ့ ဝတ္ထု…။
    အခုအထိ အိမ်မှာ ဝယ်သိမ်းထားပြီး မကြာမကြာ ပြန်ဖတ်မိတဲ့အထိ
    စွဲတာဗျ…။
    အခုလောလောဆယ်တော့ ဘယ်ချောင်ထဲ ရောက်နေတယ် မသိ…။
    နောက် အင်တက်ဘီ လေဆိပ် က လေယဉ်ပြန်ပေးဆွဲခံရသူတွေကို
    အစ္စရေးမော့ဆက် ဝင်ကယ်တဲ့ စာအုပ်…။
    ဆရာချစ်ဝင်းမောင် ရဲ့ ကန္တာရ မုန်တိုင်း စစ်ဆင်ရေး…။
    ဆရာ မောင်ဆုရှင် ရဲ့ ပင်လယ်ပြာနဲ့ တံငါအို…။
    စသည်ဖြင့်ပေါ့ဗျာ…။
    ယောနသံစင်ယော် လည်း ကြိုက်ခဲ့ဖူးတယ်…။
    နောက်ပိုင်း ဘာသာပြန်စာအုပ်တွေ ကို လှည့်မကြည့်တော့လောက်အောင်
    ဝေးနေခဲ့ရာက
    ဆရာမ မပြုံးရဲ့ စာအုပ်တွေကို
    စာပေမိတ်ဆွေတချို့ ရဲ့ အညွှန်းကြောင့်
    ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါတော့မယ်ဆိုတာလေး
    ဝင်ပြောသွားပါရစေ ဆရာမ ရေ။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

    Reply

    • ဝင့်ပြုံးမြင့်

      August 11, 2015 at 11:08 am

      .ဟိုလေ ရွာထဲက လူကြီးတွေအတွက် စာအုပ်လက်ဆောင်ပေးထားတဲ့ထဲမှာ ဦးဘက် လည်းပါပါတယ်နော်။ အဓိပ္ပါယ်ကတော့ ဦးဘက်လည်း မငယ်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်ပါ ဟီး ။

      Reply

  • ဝင့်ပြုံးမြင့်

    August 11, 2015 at 11:10 am

    . အ ခု ဈေးပွဲတော်မှာ အမစာအုပ်တွေ အကုန်လုံး လုပ်ချင်သလိုလုပ်နေတယ်။ ပထမအကြိမ်ကိုပဲ ဒုတိယတစ်ခါ ထပ်ထုတ်လိုက်တာပေါ့လေ။ စာရွက်အညံ့စားတွေနဲ့ ပြန်ထုတ်နေတာ။ အမ မသိဘူး။ သူများပြောမှ သိတာ။ ဒီလိုပါပဲလေ။

    Reply

Leave a Reply

Your email address will not be published.