ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ နှစ်ပတ်လည်ညီလာခံတွင် တရုတ်က မြန်မာကို ကာကွယ်ပြောဆိုသွား

koaungMarch 24, 20101min01

ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင်ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီရဲ့ နှစ်ပတ်လည်ညီလာခံမှာ မစ္စတာကင်တာနာမှ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သူ၏အစီရင်ခံစာကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တင်ပြပြီးနောက် တရုတ် သံတမန်ကိုယ်စားလှယ် မစ္စတာလောင်ချိန်းက မြန်မာအစိုးရသည် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေများကို ကုလလူ့အခွင့်အရေး အထူးစုံစမ်းရေးမှူးအား လက်ခံခေါ်ယူဖိတ်ကြားခြင်းကို ကြိုဆိုရမည်ဖြစ်ပြီး မစ္စတာကင်တာနာ၏အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့် ပါတ်သက်ပြီး ဆိုးဆိုးရွားရွား ဖော်ပြပါရှိနေကြောင်း၊၊နှစ် ၂ဝအတွင်း ရွေးကောက်ပွဲပြုလုပ်ခြင်းသည် မြန်မာအစိုးရက နိုင်ငံတကာကိုတင်ပြထားတဲ့ လမ်းပြမြေပုံ နံပါတ်(၅)အချက်ကို ဆောင်ရွက်ခြင်းဖြစ်တဲ့အကြောင်းနဲ့ တိုးတက်မှုများကို မြန်မာအစိုးရက တဝက်သာ ဖောင်ဆောင်နိုင်သေးကြောင်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေ အနေကို ကုလလူ့အခွင့်အရေးကောင်စီက ဘက်မလိုက်ပဲ သုံးသပ်သွားစေလိုကြောင်း မြန်မာအစိုးရ အနေနဲ့ ပြည်တွင်းမှာ ဒီမိုကရေစီတိုးတက်ရေး နဲ့ နိုင်ငံ ရေးအရ ပြန်လည်ရင်ကြားစေ့ရေးအတွက် အမြန်ဆုံးဖော်ဆောင်ရန် တိုက်တွန်းလိုကြောင်း ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။

One comment

  • susunosuki

    April 18, 2010 at 5:35 pm

    ဖိုးတရုပ် က အကွက်ရွှေ့နေတာပါဗျာ
    ကြည့်တတ်ရင်မြင်ပါတယ်
    ဟုတ်တယ်မို့လား

    Reply

Leave a Reply

Your email address will not be published.