ကျောက်ကျောပြေါင် ကျောက်ကျောတင်း – Agar Agar

ဇီဇီAugust 24, 20158min023

အုန်းနို့ကျောက်ကျော (ကေဇီ လက်တည့်စမ်း)

 

 

IMG_7118
အုန်းနို့ကျောက်ကျော

 

IMG_7119
အုန်းနို့ကျောက်ကျော

 

 

ပါဝင်သောပစ္စည်းများ

  • အဂါး အချောင်း – တစ်ထုတ်
  • ရေ – ၂ လီတာ
  • အုန်းနို့ အနှစ် – ၂၅ဝ မီလီလီတာ (အကြိုက်နဲ့ ညှိ လိုတိုးပိုလျှော့)
  • သကြား – ၂၅ဝ ဂရမ် (အကြိုက်နဲ့ ညှိ လိုတိုးပိုလျှော့)
  • ဆား – အနည်းငယ်

.

.

ပြုလုပ်ပုံ

၁) အရင်ဆုံး အာဂါးအချောင်းတွေကို ရေ ၂ လီတာနဲ့ ကြေအောင် မွှေ၊
၂) ကျောက်ကျောချောင်း ကျေပြီး ပြစ်လာရင် အုန်းနို့ထည့်၊ နှံ့အောင် ဆက်မွှေ
၃) မွေ့ရတာ စီးစီးပိုင်ပိုင်ရှိလာပြီ နှံ့ပြီဆိုရင် ဗန်း (သို့) ပုံစံခွက်ထဲ လောင်းပြီး အအေးခံရုံပဲ။

မွဘုတ် – အုန်းနိံကျာက်ကျောက  အုန်းနို့နဲ့ရောကြိုလို့ရတယ် ။. အုန်းနို့သိပ်အဆီမများရင်  အနောက်ရည်က အပေါ်ကိုတက်သွားရင် အော်တို two layer ပဲ
မွသဲ – ကျောက်ကျောကိုသကြားအုန်းနို့နဲ့ကြို အအေးခဲ ။ နောက်တဗန်းသကြားနဲ့ထိုး ပထမဗန်းအပေါ်ကြောတင်းရင်ဇွန်းခံလောင်း

ဆိုတော့ ကျနော်ကတော့ လွယ်တဲ့ မွဘုတ် နည်း ယူပြီး စမ်းတယ်။ အုန်းနို့အနှစ် နည်းသွားတယ်။ ကျနော့ အကြိုက်ဆို အချိုနဲနဲ နည်းတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

ပင်မှည့်ကျောက်ကျော (မွဘုတ် နည်း)

 

 

ပင်မှည့်ကျောက်ကျော
ပင်မှည့်ကျောက်ကျော

 

ပင်မှည့်ကျောက်ကျော
ပင်မှည့်ကျောက်ကျော

 

ပါဝင်သောပစ္စည်းများ

  • အဂါး အချောင်း – တစ်ထုတ်
  • ရေ – ၂ လီတာ
  • ပင်မှည့် ဖျော်ရည် – ၁ လီတာ ဝက်
  • သကြား – ၂၅ဝ ဂရမ် (အကြိုက်နဲ့ ညှိ လိုတိုးပိုလျှော့)
  • ဆား – အနည်းငယ်

.

.

ပြုလုပ်ပုံ

၁) Agar အရင်ကြို နှစ်ခွက် ညီညီခွဲ
၂) တစ်ဝက်ကို နို့နဲ့ သကြားနည်းနည်း ထည့် ဆူတော့ အေးထားတာ
၃) အိုးကိုရေပြန်ဆေးပြီး ခုနခွဲထားတာ ဆက်ကြို ပင်မှည့် ထည့်ကြို
၄) ဆူတော့ ကျောက်ကျော အကြောတင်းလားစမ်းကြည်ု့ပီး ဇွန်းခံထည့်တယ်လေ ဆြာမသဲ မှာတဲ့အတိုင်း
၅) သိပ်မခဲခင် လောင်းတာပေါ့ ညီညီညာညာ ခွဲထားတဲ့ ကျောက်ကျောကြိုရည် ထဲ
၆) အရည်ခန်းတဲ့နေရာမှာ ထည့်ချင်တဲ့ juice နဲ့ အစားထိုး လိုက်တာပဲ

~~~~~~~~~~~~~~~~~~~~~~

.

.

.

ဆွမ်းမွှေး ကျောက်ကျော (ရွာရဲ့ စာဖတ်ပိတ်သတ် မွမိုးခိုင် နည်း)

 

ဆွမ်းမွှေး ကျောက်ကျော
ဆွမ်းမွှေး ကျောက်ကျော

ပါဝင်သောပစ္စည်းများ

အစိမ်းကဆွမ်းမွှေးရည်ပါ

  • အဂါး အချောင်း – တစ်ထုတ်
  • ရေ – ၁၂၀၀ml
  • အုန်းနို့ – ၆၀၀ml
  • သကြား – ၃၀ဝဂရမ်

.

.

ပြုလုပ်ပုံ

(၁) ရေရယ်သကြားရယ်ကျောက်ကျောရယ်တခါထဲထည့်ကျိုတာ
(၂) ဆူမှအုန်းနို့ထဲ့ဆားထဲ့
(၃) ပြန်ဆူရင်ဆွမ်းမွှေးရည်ထဲ့
(၄) ပြီးရင်ဗန်းထဲလောင်းထည့်
(၅) အေးရင်နှစ်ထပ်ဖြစ်ပြီ
– အုန်းနို့ထဲ့ပြီးဆူတာနဲ့ရပြီအကြာကြီးကျိုရင်မလှဘူး။ အခုအချိုးတိုင်းဆိုနှစ်ထပ်ညီညီလေးရတယ်။

~~~~~~~~~~~~~~~~~~~~~

.

.

.

နို့ကြက်ဥ ကျောက်ကျော (မွသဲ နည်း)

 

နို့ကြက်ဥ ကျောက်ကျော
နို့ကြက်ဥ ကျောက်ကျော

 

နို့ကြက်ဥ ကျောက်ကျော
နို့ကြက်ဥ ကျောက်ကျော

 

 

ပါဝင်သောပစ္စည်းများ

• အဂါး အချောင်း – တစ်ထုတ်
• ကြက်ဥ – သေးရင်ဆယ်လုံး ကြီးရင်ရှစ်လုံး ( ကွ့ကိုယ်လျော့မလို့ )
• နို့ဆီ – တဗူး
• ရေ – တလီတာခွဲ

.

.

ပြုလုပ်ပုံ
(၁) ရေတလီတာခွဲနဲ့နို့ဆီဖျော် ဆူအောင်တည်
(၂) ကြက်ဥခေါက်
(၃) ဆား ကျောက်ကျောရောခေါက်
(၄) နို့ဆီဆူရင်ကြက်ဥအရောထည့် နာနာမွှေ ကြက်ဥကွဲအောင်
(၅) ပြီးရင်ဗန်းထဲလောင်းထည့်

~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

အုန်းစိမ်း ကျောက်ကျော (မွသဲ နည်း၊ ဓာတ်ပုံက မွဘုတ်ဆီက ယူထားတာ)

 

မွဘုတ် အမျိုးသား ဘဂျီး ထွန်းရဲ့ တိကျချက်။ heheheheheh
မွဘုတ် အမျိုးသား ဘဂျီး ထွန်းရဲ့ တိကျချက်။
heheheheheh

 

အုန်းစိမ်း ကျောက်ကျော
အုန်းစိမ်း ကျောက်ကျော

 

ပါဝင်သောပစ္စည်းများ

• အဂါး အချောင်း – တစ်ထုတ်
• အုန်းစိမ်းရေ – တလီတာခွဲ
• သကြား – ၃၀ဝဂရမ်
• ရေတလီတာခွဲနဲ့နို့ဆီဖျော်

.

.

ပြုလုပ်ပုံ
(၁) အုန်းစိမ်းရည်ကိုဆူအောင်တည်
(၂) ဆားသကြားကိုယ့်အကြိုက်ထည့်
(၃) အုန်းရည်ဆူလာရင်ကျောက်ကျောမှုန့်ထည့်
(၄) ထပ်ဆူခိုင်း မီးလျော့ ဝေတတ်လို့
(၅) အခဲအတော်ပဲဆို အုန်းစိမ်းဖတ်ထည့် ထပ်ဆူခိုင်း ရဘီ ဂွတ်ရှယ်
(၅) ပြီးရင်ဗန်းထဲလောင်းထည့်

~~~~~~~~~~~~~~~~~~~~

.

.

.

သက်တန့်ကျောက်ကျော (easy cook မွဝေ နည်း)

 

IMG_7508
သက်တန့်ကျောက်ကျော

 

ပါဝင်သောပစ္စည်းများ

  • Agar ကျောက်ကျော အပြာရောင် – တစ်ထုပ်
  • သကြား – ၂ဝ ကျပ်သား
  • အရောင်အတွက် အဆင်ပြေတဲ့အရောင် သုံးလို့ရပါတယ်။
  • ရေ – တစ်လီတာခွဲ ကို နဲနဲလျော့ထည့်ပါတယ်။

.

.

ပြုလုပ်ပုံ

  1. ရေနွေးဆူအောင်အရင်ကြိုပါတယ်။
  2. ရေနွေးဆူတဲ့အခါ ကျောက်ကျောမှုန့်နဲ့သကြားထည့်ပြီး ၁ဝ မိနစ်ခန့်မွှေပေးရပါမယ်။
  3. ပြီးရင် မီးဖိုပေါ်ကခဏချပြီး အိုးအသေးထဲကို ကျိုထားသည့်ကျောက်ကျော ငါးပုံတစ်ပုံခန့်ထည့်ပါတယ်။
  4. အရောင်တစ်မျိုး ထည့်ရောတယ်။
  5. ၂ မိနစ်လောက်တည်တယ်။
  6. ပြီးရင် ခွက်ထဲကိုလောင်းထည့်ပါတယ်။
  7. အဲဒါပြီးရင် နောက်ထပ်ကျောက်ကျောရည်ထဲ့တယ် အရောင်တစ်မျိုးထည့်တယ်။
  8. ၂ မိနစ်လောက်တည်တယ်။
  9. အပေါ်ရည်နဲနဲတင်းနေတဲ့ ပထမထည့်ထားတဲ့ကျောက်ကျောပေါ်ကို ညင်ညင်သာသာလေး လောင်းချပါတယ်။
  10. နောက်ထပ် အဲဒီလိုပဲ ၅ ကြိမ်လုပ်လိုက်တဲ့အခါ အလွှာ ၅ လွှာ ကျောက်ကျောရရှိပါတယ်။
  11. ကျွန်မထည့်လိုက်တဲ့ အရောင်တွေကတော့ blueberry, apple, pineapple, mango, milk

 

~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

ယောဂီ ကျောက်ကျော (မွမွဝေ ဖန်တီးသည်)

ဒီနေ့ ဥပုသ်နေ့မို့လို့ ယောဂီဝတ်စုံနဲ့လိုက်ဖက်တဲ့ ကျောက်ကျောဖက်ရှင်ပါ …
မိုင်လိုတစ်ထပ် နွားနို့တစ်ထပ် ..

 

ယောဂီ ကျောက်ကျော

 

 

ပါဝင်သောပစ္စည်းများ
အာဂါး တယ်လီဖုန်းကျောက်ကျောမှုန့် – အသေးတစ်ထုပ်
မိုင်လိုအမှုန့် … ၂၅ဝ မီလီလီတာမတ်ခွက်တစ်ခွက်စာ
နွားနို့ … တစ်လီတာတစ်ဗူး
သကြား … ၂ဝ ကျပ်သား
ရေ … တစ်လီတာ (နွားနို့တစ်လီတာ)

ပြုလုပ်ပုံ
ကျော်ကျောမှုန့်နဲ့ သကြားကို တဝက်စီအရင်ခွဲပါတယ် ..
ပထမဆုံး ရေတစ်လီတာကို အရင်ကျိုပြီး ဆူတဲ့အခါ ကျောက်ကျောနဲ့သကြားပေါင်းထားတာထည့်မွှေတယ် ..
မိုင်လိုမှုန့်ပါထည့်မွှေပါတယ် .. မီးနဲနဲနဲ့ ဆယ်မိနစ်လောက်တည်ပြီးရင် ခွက်ထဲကို လောင်းထည့်ပြီး အပေါ်ကြောတင်းအောင် အအေးခံပါတယ်။
နွားနို့တစ်လီတာကို ဆူအောင်အရင်ကြိုပါတယ် ..
ဆူတဲ့အခါ ကျောက်ကျောမှုန့်နဲ့သကြားကိုထည့်ပြီး ၁ဝ မိနစ်ထပ်ကျိုပါတယ် ..
မိုင်လိုအပေါ်ကြောတင်းချိန်မှာ နွားနို့ကျောက်ကျောကို ညင်သာစွာလောင်းချပြီး အအေးခံထားလိုက်ရုံပါပဲ ..

အာဟာရပြည့်ဝပြီး အရသာလဲရှိ လှလဲလှ …

.

.

.

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကော်ဖီ ကျောက်ကျော (မွသဲ နည်း)

 

 

ကော်ဖီကျောက်ကျော
ကော်ဖီကျောက်ကျော

 

ပါဝင်သောပစ္စည်းများ

• အဂါး အချောင်း – တစ်ထုတ်
• ရေ – တလီတာခွဲ (နို့စိမ်း – တဗူးအပါ)
• သကြား – ၃၀ဝဂရမ်

ပြုလုပ်ပုံ

  1. နို့စိမ်းရေကိုဆူအောင်တည်
  2. သကြား/ဆား အရသာချိန်ထည့်
  3. ပွက်ပွက်ဆူရင် အာဂါးဖောက်ထည့်
  4. တဖက်မှာကော်ဖီနှပ်ထား။ ကော်ဖီကတော့ အမှုန့်ကိုထမင်းစားဇွန်းတဇွန်းမောက်မောက်ကို ရေနွေးကြွေမတ်ခွက်တခွက်စာလောက်နဲ့ ငါးမိနစ်လောက်နှပ်
  5. ကော်ဖီရည်အပါရေတလီတာခွဲဆူအောင်တည်ထား
  6. ဟိုဖက်ကနို့စိမ်းကျောက်ကျောရဘီဆို ထည့်ခဲထားလိုက်
  7. ကော်ဖီရည်ကို ဆားသကြားလိုသလိုထည့် ထပ်ဆူခိုင်း ဆူရင် အာဂါးတထုပ်ဖောက်ထည့်
  8. သူ့ကိုလဲခဲမဲ့အနေထိမွှေ
  9. ဟိုဖက်ကနို့စိမ်းကို မျက်နှာပြင်တင်းအောက်ထိစောင့် အတော်တင်းရင်ကော်ဖီရည်ဇွန်းခံလောင်း

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

ဖရု (Fruit) ကျောက်ကျော (မွဘုတ် နည်း)

 

Strawberry Slice Agar
Strawberry Slice Agar

 

Dragon Fruit Slice Agar
Dragon Fruit Slice Agar

 

Dragon fruit Blend Agar
Dragon fruit Blend Agar

.

ပါဝင်သောပစ္စည်းများ

  • အဂါး -15gm
  • ရေ – 1.3ltr
  • အုန်းနို့ အနှစ် – 50 mil ltr
  • Skim milk -50 mil ltr
  • သကြား – 120 gm
  • ဆား – အနည်းငယ်

ပြုလုပ်ပုံ

  1. ကျောက်ကျောကြို သကြားရောပြီး ဆူထား။
  2. နို့နဲ့ အုန်းနို့က အစက်ချရုံမဖြစ်စလောက် ထည့် (ကိုယ်ကြိုက်သလောက်)
  3. ခဲမဲ့ အချိန် ဗန်းထဲကို သစ်သီး ပါးပါးလှီးလေးတွေ စီထည့်ပြီး ကျောက်ကျောရည်ကို ဖြည်းဖြည်း လောင်းး (စတော်ဘယ်ရီ စလိုက် နဲ့ နဂါးမောက် စလိုက်ရရော)
  4. နောက် တစ်မျိုးက အိုးအသေးနဲ့ နဂါးမောက်ကို တောက်တောက်စင်း ထည့်မွှေလိုက်တာ ဘဲရီး ကာလာဖူး သွားလို့။ သူက တစ်ခါထဲ ထည့်ကျို တစ်ခါတည်း ခဲ လုပ်လို့ ရတယ်။ (နဂါးမောက် ဘလန်း)

~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

 ရောင်စုံကျောက်ကျော (ကေဇီ လက်တည့်စမ်း)

 

ဒီ အမ တွေ စ တဲ့ ရောဂါက သေးသေးမဟုတ်။
အဂါး အမှုန့် ရောင်စုံ ဝယ်မိလို့၊ မွဝေလို လုပ် မဟဲ့ ဆိုပြီး စမ်းတာ အရောင်တွေ ရောကုန်ပြီး မစားချင်စရာ အရောင်တွေ ထွက်လာရော။
အာ့ နဲ့ စိတ်လျှော့ပြီး တစ်ရောင်ချင်းစီကိုပုံသွင်းခွက်လေးတွေထဲ ထည့်ခဲပြီး ဓာတ်သေရိုက်လိုက်တယ်။
ဒါအမြတ်ပဲ။

 

Colourful Agar
Colourful Agar

 

Colourful Agar
Colourful Agar

 

IMG_7501

IMG_7503

IMG_7502

 

 

 

 

 

ပါဝင်သောပစ္စည်းများ

  • အဂါး -12gm
  • ရေ – 1 ltr
  • သကြား – 120 gm
  • ဆား – အနည်းငယ်

 

ပြုလုပ်ပုံ

  1. သကြား နဲ့ အမှုန့် ထည့်ကျို၊ မီးအေးအေးနဲ့။
  2. ပွက်ပြီး ပြစ်လာရင် ခဲမဲ့ ပုံစံခွက်ထဲ လောင်းလိုက်တာပဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

 

ကရင်ဆိုဒါ-စပါကလင်-လိမ္မော် ကျောက်ကျော (အင်ဇာဂီ မစ်တာဖြင့်ကူညီသည်)

ကရင်ဆိုဒါ-စပါကလင်-လိမ္မော်
ကရင်ဆိုဒါ-စပါကလင်-လိမ္မော်

 

ကရင်ဆိုဒါ-စပါကလင်-လိမ္မော်
ကရင်ဆိုဒါ-စပါကလင်-လိမ္မော်

 

(ကျော်က ရောင်စုံအမှုန့် သုံးတာမဟုတ်ဝူးညော် အချိုရည်ရောင်စုံသုံးတာ…
တကယ်က အလယ်မှာ စပါကလင် အစား လိုင်ချိးစ် သုံးရင် ပိုလှမှာ
ဒါပေမယ့် ဒီအရသာက ပို မက်ချ် ဖြစ်တယ်
ကရင်ဆိုဒါ-စပါကလင်-လိမ္မော်
ကရင်ဆိုဒါက မွှေးတယ်လေ.. လိမ္မော်ကတော့ အဓိက အရသာ ပဲ… စပါကလင်က အဲ့၂ခုကြား ကို အရသာ သမ မျှတပေးတာ…)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

ရောင်စုံ အချိုရည်ကျောက်ကျော (အင်ဇာဂီ စိတ်ရှည်ထားသည်)

 

ရောင်စုံ အချိုရည်ကျောက်ကျော
ရောင်စုံ အချိုရည်ကျောက်ကျော

 

ရောင်စုံ အချိုရည်ကျောက်ကျော
ရောင်စုံ အချိုရည်ကျောက်ကျော

ဖော်မြူလာက
အာဂါးက ၂ထုပ်
500ml အချိုရည် ရောင်စုံ ၅ဗူး
သကြား ထမင်းစား ၂ ဇွန်းး

သကြားက တကယ်ဆို ၁ထုပ်ကို အစိတ်သား ထည့်ရမှာ ကျော်က အချိုရည်တွေထိုးတာမို့ လျှော့ထည့်ထားတာ..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

ဓာတ်ပုံရော နည်းတွေကို ရော
စားဖိုမှူးတွေက
ကိုယ်တိုင် လုပ်
ကိုယ်တိုင်ရိုက် ဖြစ်တာကြောင့် အားထုတ်မှုတွေကို
ဒီ ပို့(စ) ကနေပဲ ကျေးဇူးတင်ကြောင်း ပြေါကြားလိုပါတယ်။

.

.

.

 

နောက် တစ်ခုကတော့ မွေးနေ့ဆု တောင်းပါ။

ဒီ လ နှောင်းပိုင်းမှာ ကျရောက်တဲ့ ဟောင်ကောင်သားကြီး
မွေးနေ့တိုင်း အပါအဝင်
ဘဝ တစ်လျှောက်လုံး
ချစ်သော သားသမီး ဇနီးကြင်ရာ နဲ့
ကြင်နာစွာ ပေါင်းဖက်နေထိုင်သွားနိုင်ပါစေဗျာ။

:chit:

 

ဦးကျောက်ခဲ မွေးနေ့အတွက် မွေးနေ့ ကျောက်ကျောကိတ် ခဲ ပေးလိုက်တယ်။ ခိခိခိ
ဦးကျောက်ခဲ မွေးနေ့အတွက်
မွေးနေ့ ကျောက်ကျောကိတ် ခဲ ပေးလိုက်တယ်။
ခိခိခိ

23 comments

  • weiwei

    August 24, 2015 at 9:50 am

    Wow… beautiful ….

    Reply

    • ဇီဇီခင်ဇော်

      August 24, 2015 at 9:51 am

      သများ စားဖိုမှူးတွေ တော်ကြပါတယ် ဆို။
      :chit:

      Reply

  • HMM

    August 24, 2015 at 9:55 am

    ကျောက်ကျောတွေ ရမယ်….ကျောက်ကျောတွေ ရမယ်… 😛

    Reply

    • ဇီဇီခင်ဇော်

      August 24, 2015 at 4:50 pm

      ချောင်းးဆိုးး ပျောက်ဆေးးတွေ ရမယ်…!!!
      :k:

      Reply

  • Alinsett @ Maung Thura

    August 24, 2015 at 10:18 am

    ,အောင်မယ်၄
    စားချင်လိုက်တာာာာာာာာာာ

    Reply

    • ဇီဇီခင်ဇော်

      August 24, 2015 at 7:22 pm

      ရှင်တို့ က ဝယ်စားးလို့ ရသလေ
      🙂

      Reply

  • အောင် မိုးသူ

    August 24, 2015 at 10:43 am

    ကျောက်ကျောတွေက လှနေတာပဲ။ ပြောမယ့်သာ ပြောတယ် ကျောက်ကျောကို သိပ်မက်မက်စက်စက် မရှိလှဘူး။ ငယ်ငယ်တုန်းကတော့ အုန်းနို့ကျောက်ကျောကို မက်မက်စက်စက်စားဖူးတယ်။

    Reply

    • ဇီဇီခင်ဇော်

      August 24, 2015 at 4:56 pm

      အမ လည်းးး အုန်းးနို့ ကျောက်ကျော ကို အကြိုက်ဆုံးးး
      :k:

      Reply

  • Mike

    August 24, 2015 at 10:52 am

    .So colorful !!!

    Reply

    • ဇီဇီခင်ဇော်

      August 24, 2015 at 4:57 pm

      လှတယ်နော်
      🙂

      Reply

  • ဦးကြောင်ကြီး

    August 24, 2015 at 12:04 pm

    ကေ ျာက်ကြော သောက်ပေါ ထောက်မော လေ ျာက်ရော

    Reply

  • may july

    August 24, 2015 at 2:20 pm

    အုန်း စိမ်းကျောက်ကျော အကြိုက်ဆုံးပဲ.. စား ချင်လိုက်တာ

    Reply

    • ဇီဇီခင်ဇော်

      August 24, 2015 at 4:52 pm

      အရသာ အရမ်းးကောင်းးတယ်
      🙂

      Reply

  • ဦးကျောက်ခဲ

    August 24, 2015 at 4:02 pm

    မွေးနေ့လက်ဆောင် ကျောက်ကျောကို ခဲပြီးပေးတယ်ဆိုတော့ …
    ဓာတ်ရိုက်ဓာတ်ဆင်သဘော မကင်းပေဘု … အာဟိ …
    ဘာပဲဖြစ်ဖြစ် ဝမ်းနှုတ်ဆေးတောင် စေတနာနဲ့ပေးရင် တဝစားတာမို့…
    ကျေးဇူး အထူးတင်ပါတယ် မိဇာချွိရယ် …
    အဲ… အဲ ကျောက်ကျောကတော့ ကာလာစုံရင် လှလွန်းလို့ မစားရက်တော့ဘူး…
    နောက်ပြီး ကျောက်ကျောကို ရွှေရင်အေးထဲက ခပ်ရိုးရိုး အုန်းနို့နဲ့ပဲ ကြိုက်တယ်…
    ကာလာတွေက လှလည်းလှတယ် … အဟွတ်လည်း အဟွတ်စ်တယ်… အဟိ :k:

    Reply

    • ဇီဇီခင်ဇော်

      August 24, 2015 at 4:33 pm

      အခု တဖွဲ့လုံး ချောင်းဆိုးနေကြပြီလေ။
      အဟွတ်အဟွတ်။

      :k:

      Reply

  • Ma Ma

    August 24, 2015 at 4:14 pm

    ကျောက်ကျောလေးတွေက လှတပတလေးတွေချည်းပဲ။
    စားဖိုမှုးတွေနဲ့တူလို့ ဖစ်မယ်။ :k:

    Reply

    • ဇီဇီခင်ဇော်

      August 24, 2015 at 4:32 pm

      အဟုတ်ပဲ။
      အဟုတ်ပဲ။
      ဟို မိမိဂီ ကျောက်ကျောကလွဲရင်.
      :k:

      Reply

  • CharTooLan

    August 24, 2015 at 4:35 pm

    စတော်ဘယ်ရီနဲ့ကျိုတော့ကျောက်ကျောကခဲလား
    ကျော်တခါတုံးက စပျစ်နဲ့ကျိုတာမခဲဝူး
    အရေအတိုင်းပဲဖစ်နေတော့ အချဉ်ဆိုရင် မခဲတော့ဘူးလို့ထင်နေတာ

    Reply

    • ဇီဇီခင်ဇော်

      August 24, 2015 at 4:54 pm

      အသီးး ကို ဗန်းးထဲမှာ ဖြန့်ခင်းးပြီမှ ကျောက်ကျောရည် လောင်းးကြည့်လေ ချာချာလေးးး
      🙂

      Reply

  • Foolish Girl

    August 25, 2015 at 1:43 pm

    သက်တန့်ကျောက်ကျောလေးလုပ်စားကြည့်ဦးမယ် တစ်ခါကကော်ဖီကျောက်ကျောလုပ်တာသကြားနည်းသွားလို့စားမကောင်းခဲ့ဘူး 😀

    Reply

    • ဇီဇီခင်ဇော်

      August 25, 2015 at 2:09 pm

      သက်တန့်ကျောက်ကျောက စိတ်ရှည်မှ ရလို့ မအောင်မြင်ဖူး
      ဖြစ်ဖြစ်နေတယ်။
      ဟီးဟီး

      :k:

      Reply

  • မွသဲ ( 17082011 )

    August 27, 2015 at 3:55 pm

    အဟွတ် အဟွတ် ဂီးဂီး ဟမလေး ဆီချိုတေချောင်းဆိုးဒေ ခိခိ

    Reply

    • ဇီဇီခင်ဇော်

      August 27, 2015 at 4:41 pm

      အဟု အဟု
      :k:

      Reply

Leave a Reply

Your email address will not be published.