တိုင်တည်စကား

alinsettJuly 4, 20154min010

IMG_3510

IMG_3514

အိုဘယ်. . .ငါ့ရှင်. . .

ဤမနက်ခင်းသည်ကား နှင်းစက်တို့ ဖြန်းပက်ခြင်းမရှိ. . 

သို့သော်. . .ငါသည်ကား ချမ်းခိုက်လှ၏. . .

ပြာလဲ့လဲ့ ချွေးစက်ချွေးပေါက်များသည်လည်း. . .

ချမ်းခိုက်တုန်နေသည့်အကြားမှပင်. . .

ငါ့ကိုယ်၌. . .ဖြစ်လေပြီ. . .

အို. . .ငါ့ရှင်. . .

ဆန်းကြယ်လှပါဘိ။

၂၈ နှစ်တာမျှ . . .

တဖျတ်ဖျတ် လန်လေပြီးသော ပြက္ခဒိန်တစ်အုပ်မို့. . .

ဆက်၍သာ ရွက်မဆုတ်ပါနှင့်တော့ဟု. . .

တီးတိုးရေရွတ်. . .

တတွတ်တွတ်သာ ညည်းတွား

ဤမည်သော မိုးခါးများ. . .

တိတ်စေညွှန်းမိသည်အား. . .

အပြစ်ဟု. . .မဆိုပါလင့်. . .

”ငါ”မမည်ပါသော”ငါ”နှင့်. . .

”သင်”မမည်သော ”သင်”သည်တို့ကား. . . .

မုန်တိုင်းတကွေ့မှာလည်းကောင်း. . .

ပန်းတစ်ပွေ့မှာလည်းကောင်း. . .

နဖူးတွေ့ဒူးခွေ့ . . .

အတူရွေ့ဖူးလေပြီ. . .

သင်သည် သည်ဖြစ်၍ . . .

ငါသည် ငါဖြစ်ကြောင်း. . .

ငါတို့ ကိုယ်စီလည်း. . . လေးနက်ခိုင်ကြည်စွာ. . . သိကြလေပြီ. . .

ဤအခိုက်အတန့်၌ပင်

ငါ့ရင်ခွင်တွင် ဖြစ်တည်သော 

ပန်းလေငွေ့နှင့်တူသည့် မေတ္တာ. . . 

စမ်းရေအတွေ့နှင့်တူသည့် သစ္စာတို့အား. . .

ဤကမ႓ာမြေထံသို့. . .

သွန်းဆက်ကာ သပါ၏။ 

ထလော့ကမ႓ာ. . .

မကြာခင်တုန်းက. . . ဆက်ကာဆက်ကာ သေဆုံးခြင်းများကို လွန်မြောက်၍. . .

ငါ့ အသံတော်ကြား . . . 

”ခြောက်ခြားသာယာစွာ” ထပါလော့. . .

ထပါလော့. . .ကွဲ့. . .

ငါ နှိုးနေသည်ဟဲ့။

Alinsett @ Maung Thura

4/7/2015/ 8:04 PM

10 comments

  • Alinsett @ Maung Thura

    July 4, 2015 at 8:37 am

    ပုံနဲ့စာက ဘာမှ
    မဆိုင်ရေးချ မဆိုင်

    အဲ
    အဲ့ဓါတ်ပုံက
    ကန်ဘောင်(မြကျွန်းသာ)
    ညနေခင်းတစ်ရက်

    အထူးတလည် ပြောရရင်
    အဲ့ပုံက ကင်မရာ စမ်းတဲ့နေ့
    အဲ့ကင်မရာက ကမ႓ာပေါ်က ”ထိပ်သီး နိုင်ငံကြီး” တစ်နိုင်ငံဆီက
    ကျနော့်ဆီ ကင်မရာတစ်လုံး ခင်မင်ခြင်းလက်ဆောင် ပို့ပေးလိုက်လို့
    လက်ခံရရှိတဲ့ နေ့က
    ရိုက်မိတဲ့ ပုံလေးပါ။

    ဘယ်သူ ပို့တဲ့ လက်ဆောင် ကင်မရာလဲ သိလားးးးး
    Canon ကင်မရာ အကောင်းစား
    ရုပ်ထွက် ရှယ်
    ရန်ကုန်မယ် ဈေး မေးကြည့်တော့ 2 သိန်းလောက် ရှိသတဲ့
    ဘသူလဲ သိ?
    ပလို့ဂျိ

    :k:

    • ဇီဇီခင်ဇော်

      July 4, 2015 at 8:44 am

      U.S
      Norway
      England
      :mrgreenn:

      • Alinsett @ Maung Thura

        July 4, 2015 at 8:49 am

        အင်ဂလန်တော့ မဟုတ်ရေးချ မဟုတ်
        US နဲ့ .နော်ဝေးမှာ. . . အင်းးးး
        ခင်မင်ရင်းနှီး ရသူတွေတော့ ရှိပါရဲ့
        စလုံးတို့ ကဂျီးတို့ မဟုတ်ဘဲ တခြား နိုင်ငံဆိုလျှင်ဂေါ. . .

        :kwi:

        • မြစပဲရိုး

          July 4, 2015 at 12:37 pm

          သိပဟေ့ … မြောက်ကိုရီးယား :-))))
          ဘုတ်အုတ်ကလေး က ပို့ ပေးတာ မဟုတ်လား။
          . ရွှေပြည်ထဲ ဘွန်း လို စပိုင် လုပ်တော့မယ်ပေါ့။ 😉

  • Alinsett @ Maung Thura

    July 4, 2015 at 5:27 pm

    .မြောက် ကိုရီးယား ဆိုရင်
    အန်တီမြရဲ့ အဖြေက. . .
    မှားပါသေးတယ်ခညာာာ

    :kwi:

    • Ma Ma

      July 4, 2015 at 5:58 pm

      ကြည့်ရတာ ဒီလောက်ထူးဆန်းနေပုံထောက်ရင် ကြောင်ကြီးဆီက မေတ္တာစာ အဲ…. မေတ္တာကင်မရာဖြစ်ရမယ်။ 😉

      • Alinsett @ Maung Thura

        July 5, 2015 at 2:10 am

        ဦးကြောင်လား ပေးမှာာာ
        USမှာ တစ်နာရီလုပ်အားခ 15 $ ဖြစ်မှ ပေးကောင်းပေးလိမ့်မယ်။
        :kwi:

        :kwi:

  • ဦးကြောင်ကြီး

    July 5, 2015 at 2:39 pm

    တိုင်တယ်စကား
    မြိုင်ဝယ်သွား
    ဆိုင်ကယ်နဂါး
    ပြိုင်ရှယ်ဝါး..

    • Alinsett @ Maung Thura

      July 5, 2015 at 5:06 pm

      ဆိုင်ကယ်နဂါးဆိုတာ ဘလိုမျိုးရီးလဲငင်
      ဒီမယ် အုကျောင်
      ကာရန်မကိုက် ကိုက်အောင် လုပ်တာတော့ ဟုတ်ပါတယ်
      အဓိပ္ပာယ်တော့ မပျောက်စေနဲ့ပေါ့

      ကျနော်ကွ ဒညင်းဝက်
      :kwi:

Leave a Reply