မှီအောင်လိုက်စေချင်

ခင္ခJune 13, 20151min014

အဟောင်းတွေကို

ဆက်ကာသက်သွင်း

အုပ်ချုပ်ခြင်းသည်

နောက်တစ်ခါသေတွင်း

ဆင်းသည်ဖြစ်သမို့

စဉ်းစားတွေဝေ

လေးသွဲ့နေရင်

ရထားထွက်ခွါ

ကျန်ရစ်ဖြစ်လို့

ခြင်္သေ့ကောက်ခါ

စားလိမ့်မယ်

စည်းလုံးညီညာ

အားကုန်ပြေးလို့

ရထားကြီးအမှီ

လိုက်ကြပါစို့

ထလော့ မြန်မာ

အို မြန်မာတို့။IMG_337911298135769

 

 

14 comments

  • မြစပဲရိုး

    June 13, 2015 at 3:45 am

    တစ်မိနစ် နောက်ကျသွားပြီ
    ရထားကြီး ထွက်လို့ သွားပြီ။
    ဆယ်မိနစ် မြန်ထားတဲ့ ကိုယ့်နာရီ လေး တကယ်တမ်း သုံးလို့ မရဘူးကွယ်။
    (ခွက်ဒစ် – မကမ)

    နောက်တာ ပါ ကိုခ ရာ။
    ရထားမှီ အောင် တမင် ကို ထိုင်စောင့်နေတာပါ။
    ဒါပေမဲ့ “မေမေနိုင်မှ ဖြစ်မှာပါ” :-)))))))))))))))
    (ခွက်ဒစ် – ဆဥလ)

    Reply

    • ခင်ခ

      June 13, 2015 at 5:50 am

      ဒီရထားက နောက်ကျလို့ဖြစ်ဘူးလေ အရီးရေ။
      နိုင်စေချင်တယ် အမေရေ လို့ ဟစ်အော်နေလျှက်ပါ

      Reply

  • kai

    June 13, 2015 at 6:49 am

    ထလော့မြန်မာ အိုမြန်မာတို့
    ဒို့ရွာဒို့မြေ ဒို့ရွာမြေဝယ်
    စေတီစပါး များလည်းများ၏။
    များပါလေလဲ တမွဲမွဲနှင့်
    ဆင်းရဲကာသာ ကာလကြာလျှင်
    ယာစကာမျိုး တညှိုးညှိုးနှင့်
    ပုထိုးမြင့်မောင်း ကျောင်းကြိုကျောင်းကြား
    လှည့်လည်သွားလျှက် မစားလေရ ဝမ်းမဝ၍
    ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
    -ဇော်ဂျီ

    Reply

    • kai

      June 13, 2015 at 3:25 pm


      The Irrawaddy (Burmese Version)

      အမရပူရမြို့နယ် ဆင်ရွာမြင်းမှူးရွာတွင် တည်ထားသည့် ကျောက်စိမ်းစေတီ ထီးတော်တင်လှူပွဲကို မနေ့က ပြုလုပ်သည်၊ အဆိုပါစေတီကို ဦးစိုးနိုင်ဆိုသူက ကျောက်စိမ်းတန် ၁၅၀ဝဖြင့် ငွေကျပ် သိန်းပေါင်း ရသောင်းခွဲ အကုန်အကျခံကာ ၂၀၁၂ ခုနှစ်ကတည်းက တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး၊ စေတီ၏ ဉာဏ်တော်မှာ ၇၅ပေ၊ လုံးပတ်မှာ ၁၇၆ပေရှိသည်။

      ဓာတ်ပုံ- မင်းထက်ငြိမ်းချမ်း

      Reply

      • Ma Ma

        June 13, 2015 at 11:42 pm

        အဲဒီသတင်းကို သဂျီးတွေ့မှ တွေ့ပါ့မလားလို့။ :k:

        အဲဒီစေတီမှာ ထက်ထက်မိုးဦးတို့ မိသားစုတောင် သွားပြီး လှူတယ်လို့ သတင်းဖတ်လိုက်ရသေးတယ်။ :e:

        Reply

      • ဝင့်ပြုံးမြင့်

        June 14, 2015 at 3:01 am

        .အခု လေ ပိုတောင်ဆိုးလာနေကြတယ်။ မြို့ပေါ်မှာ ဘုန်းဘုန်းတွေ ကားတဝီဝီနဲ့။ သူဌေးတွေကလည်း သူတို့ကုသိုလ်ရဖို့လောက်ပဲ တွေးတာ။ အဲသလောက် သောက်ကြီးသောက်ကျယ်နဲ့ ကိုယ့်ကိုယ်ကိုယ် ဘုရားအမတွေ ကျောင်းအမတွေ ဖြစ်အောင်လုပ်ပြီး သူတို့ကိုယ်သူတို့ သူများနဲ့ မတူသလို စိတ်ကြီးကဝင်ဦးမယ်။ အလှူ ဟူသမျှကို လက်ခံတဲ့ ဘုန်းကြီးတွေပါ သောက်မြင်ကပ်တာ။ နည်းနည်းပါးပါး အားနာကြပါဦးလား။ သူတို့ဆီက ပြန်အလှူ ခံရင် ဘယ်လိုများနေမလဲ မသိဘူး။
        ————-
        .အတွေးအခေါ်တွေ ပြောနေကျ ဆုံးမစာတွေ ဆိုရိုးတွေကလည်း ကြောက်စရာ။
        ဥပမာ (၁) ညောင်စေ့လောက်လှူ လည်း ညောင်ပင်ကြီးလောက်ရ။ စေတနာသာ အဓိက – ဆိုတာ ဟုတ်တော့မလိုလိုပဲ။ ပြန်တွေးကြည့်ရင် လက်ကုန်နှိုက်တာ။ ဆင်းရဲသားတောင် မရှောင် လက်ကုန်နှိုက်တာ
        ဥပမာ (၂) သီလရှိသူကို လှူ မှ အကျိုးပေး ပိုကောင်းတယ် – ဆိုတာ အားမနာတမ်းပြောရရင် သူတောင်းစားချင်း ခွက်စောင်းခုတ်တာ။
        ဥပမာ (၃) ရောင့်ရဲတင်းတိမ်ကြပါ။ လောဘကို သတ်ပါ။ သေရင် ကိုယ့်နောက် ဘာမှ မပါဘူး – ဆိုတာ အဲဒါ ဘုန်းဘုန်းတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမှာ။ ရောင့်ရဲတင်းတိမ်ပြီး တန်သလောက်ပဲ အလှူ ခံသင့်တယ်။
        ဥပမာ (၄) သံဃာဆိုတာ ကုသိုလ်ကောင်းမှု စိုက်ပျိုး ရန် အကောင်းဆုံး လယ်ယာမြေ – အဲဒါကတော့ သူတို့အတွက်ချည်းပဲ။ အလုံပိတ်။

        Reply

        • Mike

          June 15, 2015 at 1:29 pm

          .လေးလေးစားစားထောက်ခံသွားပါတယ် မပြုံးရေ…
          .“ ရောင့်ရဲတင်းတိမ်ပြီး တန်သလောက်ပဲ အလှူ ခံသင့်တယ်။”
          .အဲ့ဒါ..ဘုရားစကားနားမထောင်တာအစစ်ပဲ

      • Mike

        June 15, 2015 at 1:35 pm

        .စေတီစပါး များလည်းများ၏။
        .များပါလေလဲ တမွဲမွဲနှင့်……အမှန်ပဲ..က ျုပ်လည်းဒီအလှူ မ ျိုး သာဓုခေါ်မရ

        Reply

    • kai

      June 13, 2015 at 3:28 pm


      အမှိုက်ပုံ (ဂ) ကျနော်တို့နှင့် ကိုက် ၂၀ဝ ဝန်းကျင်လောက်မှာ ရှိနေတဲ့ အမှိုက်ပုံကြီးက ကျနော်တို့ကို ငုံ့ကြည့်နေသည်။ အမှိုက်ပုံကြီးရဲ့ အောက်ခြေမှာ ခွေးသုံးလေးကောင်က အနံ့ခံရင်း စားစရာလိုက်ရှာနေ၏။ ပူပြင်းလှတဲ့နေရောင်အောက်မှာ အမှိုက်ပုံကြီးက မြင့်မြင့်မားမား ကျနော်တို့အပေါ် ဆိးမိုးနေသလိုဖြစ်နေတာမို့ ကျနော်က မေါ့ကြည့်နေမိသည်။ ဒီအမှိုက်ပုံကြီးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတော့ ဒီလောက်အထိလည်း မကြီးသေးတဲ့အကြောင်း အမှိုက်ပုံဘေးမှာ အခုလို လူတွေ လာရောက်နေထိုင်တာလည်း မရှိသေးတဲ့အကြောင်း အစည်းအဝေးတက်လာတဲ့ လူတစ်ယောက်က အစည်းအဝေး မစခင်လေးမှာပဲ ကျနော့်ကို ပြောပြခဲ့၏။ အခုတော့လည်း အမှိုက်ပုံဘေး လေးဘက်လေးတန် နေရာအနှံ့ တဲထိုးပြီး လာနေကြတဲ့ မိသားစုတွေက (၉၀) ကျော်၊ ခလေး လူကြီး လူအရေအတွက်က (၂၀ဝ ) ကျော် ရှိနေခဲ့ပြီ။ သူတို့အားလုံး ကရင်ပြည်နယ်ထဲက အများစုဖြစ်သည်။ အမှိုက်ပုံကြီးဘေးမှာ လူတွေ လာပြီးမနေခင်က မြေကြွက်ကြီးတွေသာ သည်နေရာမှာ ရှိနေပြီး စိုက်ခင်းတွေတောင် ကောင်းကောင်းစိုက်လို့ မရခဲ့တဲ့အကြောင်းလည်း ပြောပြခဲ့၏။ အမှိုက်ပုံကြီးကို မော့ကြည့်ရင်းက မနက်ခင်း ကြောင်နှစ်ကောင် စာအုပ်ဆိုင်မှာ မတ်တပ်ရပ်ရင်း ဖတ်ခဲ့ရတဲ့ ကဗျာလေးတပုဒ်ကို သွားပြီး သတိရလိုက်ပြန်သည်။ ပထမတော့ လေးလုံးစပ်ကဗျာဖြစ်နေတဲ့အပြင် အကြောင်းအရာကလည်း ရိုးစင်းလွန်းတဲ့ ကဗျာဆိုပြီး တချက်သာဖတ်ကြည့်ပြီး ပြန်ချထားခဲ့သည့် ကဗျာလေးဖြစ်သည်။ စာအုပ်ဆိုင်က အလုပ်သမားလေးက ကျနော့်ကို လစဉ်ထုတ်မဂ္ဂဇင်းတွေထဲက ကဗျာတွေကို လဆန်းတိုင်း မိတ္တူကူးပေးနေကျဖြစ်လို့ သူကူးပေးလိုက်တဲ့ ကဗျာစာရွက်တွေကတော့ ကျနော့် ကြောပိုးအိပ်ထဲမှာ ပါလာခဲ့၏။အဲဒီအထဲမှာကျနော်ပြန်ချထားခဲ့တဲ့ ကဗျာလေးလည်း ပါလာခဲ့သည်။ အစည်းအဝေးမစခင် ကျနော့်ဘေးကလူတစ်ယောက်က အမှိုက်ပုံဘေး လူတွေ တစတစရောက်လာခဲ့ပုံကို ပြောပြလိုက်တဲ့အခါမှာတော့ ကျနော့်စိတ်ဟာ အဲဒီ ပြန်ချထားခဲ့မိသည့် ကဗျာလေးဆီ တချက်ထဲ ခုန်ကူးပြီး ရောက်သွားရပြန်၏။ အခု ကျနော် ဖတ်ဖြစ်ခဲ့တဲ့ ဒီကဗျာလေးကို ကြားညှပ်ပြီး ဖေါ်ပြလိုက်ပါသည်။ အကျည်းတန်တဲ့ ဆည်းဆာ အမှိုက်ပုံဘေးမှာ ဝိုင်းအုံဖွေယက် မြေကြွက်ကြီးတွေ….။ အမှိုက်ပုံမှာ ဝိုင်းအုံစုဝေး လေလွင့်ခွေးတွေ…။ ဒါ ဟိုတုန်းက အခုကျတော့လေ… မြေကြွက်လည်း ဝေး ခွေးလည်း ပြေးပြီ သည်နေရာမှာ၊ ရောက်လာမွှေနှောက် ‘ အစာကောက်သူ ´ စိတ်ခြောက်ခြားစွာ၊ မြင်မိငါလျင် အားနာစိတ်ပြင်း အံကြိတ်တင်းမိ၊ ရင်တွင်းမချိ တစ်တိတိဖြင့် ကြည့်မိနောင်တ၊ ခါခါရသည် မလှမပ ဆည်းရီည။ ။

      ဇော်နောင် ကလျာမဂ္ဂဇင်း၊ မတ်လ၊ ၂၀၁၁။

      Reply

      • ဝင့်ပြုံးမြင့်

        June 14, 2015 at 3:07 am

        .ဘယ်သူ့ကိုမှ အမှန်တကယ် မကူညီသော လူတန်းစားတစ်ရပ် မြန်မာပြည်မှာ ရှိတယ်။ သူတို့က အလှူ ဝါသနာပါတယ်။ လူတစ်ယောက်ကို ပေးကားပေး၏ မရ ဆိုတဲ့ ပုံစံမျိ ုး နဲ့ ထူးဆန်းစွာ လှူ တတ် တမ်းတတ်တယ်။

        Reply

  • Ma Ma

    June 13, 2015 at 9:02 am

    ခုလောလောဆယ် လုပ်ရမှာက မဲပေးရမယ့် စာရင်းထဲ ကိုယ့်နာမည် ပါ မပါ စစ်ဆေးထားဖို့လိုတယ်။ 🙂

    Reply

  • aye.kk

    June 13, 2015 at 3:21 pm

    မှီအောင်လိုက်ဖို့အတွက်
    အမေစုဆီထံမှာကိုယ့်ရဲ ့မဲတစ်ပြားအပ်ထားတယ်။

    Reply

  • ​ဒေါ် လေး

    June 13, 2015 at 11:06 pm

    အသည်းကြားက မဲတစ်ပြား ပေးဖြစ်အောင်ပေးမည်

    Reply

Leave a Reply

Your email address will not be published.