“နေ့ခင်းကြောင်တောင် ကတဲ့ ထုးိဇာတ်”

“နေ့ခင်းကြောင်တောင် ကတဲ့ ထုးိဇာတ်”

 

ဟိုအရင်က    ထိုးဇာတ်ဆိုတာ

မရှိတာကို      အရှိလုပ်

ထွင်လုံးတွေကို        ထုတ်ကာဆင်

မြင်မိသူတွေက        အဟုတ်မှတ်

ကြည့်မိသူ ယုံအောင် ဇာတ်လမ်းဆင်

ညစဉ် ညစဉ်ပေါ့။

 

ခေတ်သစ်     လုပ်ဇာတ်မှာတော့

မြေခွေးတွေက သိုးယောင်ဆောင်

ကြောင်လေးတွေက ကျားသစ်ဖြစ်

ဝံပုလွေအစစ်ကို ယုန်လို့ထင်

ခြင်္သေ့တွေက ပူးလေးဖြစ်

ကျားကြီးကတော့ ကြောင်လိုနေ

ဆင်ကြီးတွေက ဝက်ယောင်ဆောင်

နေ့ခင်းကြောင်တောင် ကတဲ့

ပြဇာတ်လေ။

 

ကိုပေါက်လက်ဆောင်

အတွေးစဉ်

11-3-2015

 

 

 

 

8 comments

  • တောင်ပေါ်သား

    June 4, 2015 at 2:15 pm

    ပြဇာတ်တွေကြား အားပေးသူတွေလည်းရှိ

    ကြည့်မိသူ နဲ့ သိရှိသူ မတူကွဲပြား အမြင်များ ၊

    Reply

  • မှန်ပါတယ် ကမျှိုးရေ

    အချိ့က ဇာတ်ခုံနောက်က နေပြီး ဝိုင်းအော်ပေးနေကြတာပါ

    Reply

  • မြစပဲရိုး

    June 5, 2015 at 1:44 am

    ကျားကြီးကတော့ ကြောင်လိုနေ တာတော့ တွေ့ဖူးတယ် ကပေါက်ကြီး။ :-))

    Reply

  • Mike

    June 5, 2015 at 11:10 am

    .ထိုးဇတ်ကို
    .ရိုးရိုးမှတ်လို့
    .ခိုးခိုးဖတ်မိ
    .အမှတ်မရှိ
    .ထပ်ထပ်သိတော့
    .ရပ်မကြည့်မိတော့။
    (ဘာရယ်မဟုတ်..ကဗျာဖြစ်မလားစပ်ကြည့်တာပါ ဓါတ်ဆြာရေ :)) )

    Reply

  • Courage

    June 12, 2015 at 7:18 am

    ဇီးကွက်ယောင်ဆောင်တဲ့ မြည်းတွေလဲများသကိုုးးးးးးးးးးးး
    မင်္ဂလာပါ လေးပေါက်

    Reply

Leave a Reply

Your email address will not be published.