စံပယ်ဖြူတွေ တောင် ပွင့်ပြီ ကွယ်

ムラカミMay 9, 20152min030

စံပယ် ဖြူတွေ ပွင့်ပြီ ဆိုမှတော့ စံပယ်ဖြူတွေ ပွင့်တာ ပေါ့ဗျာ…

 

ဘာမှ မဟုတ်ပါဘူး

 

မနက်စောစော အိမ်ရှေ့ထွက် လက်ကမျင်းထားတာပါ

 

jasmine (9 of 19)
1
jasmine (15 of 19)
2
jasmine (1 of 20)
3
jasmine (2 of 20)
4
jasmine (4 of 20)
5
jasmine (11 of 20)
6
jasmine (18 of 20)
7

 

jasmine (19 of 20)
8

 

 

 

 

တော်သေးဘီ

 

မိဂီ

 

 

ပဲခူးရိုးမ တနေရာ

 

 

 

 

30 comments

  • Alinsett @ Maung Thura

    May 9, 2015 at 2:58 pm

    ပန်းထဲမှာ အခုတလော ကြည့်မရ ဖြစ်နေတဲ့ပန်းးး
    😆

    ဒါနဲ့ စံပယ်ဖြူတွေက ရိုးရိုးပွင့်တာ မဟုတ်ဘူးလားး (ခေါင်းစဉ် စာသားအရ)

    :k:

    Reply

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 9, 2015 at 9:58 pm

      နင်က … ဟိုပန်းမှ ကြိုက်တာမလား ..

      ရွှေပန်း လေ …

      မီးပွိုင့်မှာ ရောင်းတာ…

      😛

      Reply

  • Ma Ma

    May 9, 2015 at 3:08 pm

    ကိုယ့်အတွေးနဲ့ကိုယ် ဖတ်လိုက်တာ …
    ဆံပင်ဖြူတွေတောင် ပွင့်နေပြီ … လို့။ :k:

    စံပယ်ပန်းလေးတွေ လှလိုက်တာ။
    🙄

    Reply

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 9, 2015 at 10:31 pm

      အိမ်ရှေ့ ဝဲယာ မှာ စံပယ်ရုံတွေ အားကြီး…
      နွေဆို ခူးမနိုင်တော့ …. တရုံတရုံ လင်ပန်း နဲ့ တချပ်စာ အသာလေးရရဲ့

      ဂလိုပဲ မြေကောင်းပီး ညတိုင်ဆို မိုးရွာလေတော့ အထွေအထူး ဂရုစိုက်စရာမလိုဘဲ ပွင့်လေရဲ့…

      မနက်ဆို ရိုက်-ခူး-ပန်-သီ-တင်… နဲ့ တမိသားစုလုံး အလုပ်ကိုရလို့

      😀

      Reply

  • အောင် မိုးသူ

    May 9, 2015 at 3:21 pm

    ပေးစာတွေတိုင်း တစ်ပွင့်စံပယ်ထည့်ကာရယ်။ မေလေအသက်နဲ့ရယ် အမှတ်နဲ့ဒါပင် တကယ်… အစဉ်ရယ် ဝတ်တရားတစ်ရပ်ထက် ပိုဆဲကွယ်……….. နေ့တွေရက်တွေဟောင်းလာတော့ တစ်ပွင့်စံပယ်လေး သက်သေကွယ်…။

    Reply

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 16, 2015 at 3:42 am

      ဝတ္တရားထက် လွန်ပီး ပိုဆဲတယ် ဆိုတော့
      မကြားဝံ့မနာသာတွေများလားဟင်င်င်င်

      JK

      Reply

  • Mike

    May 9, 2015 at 3:31 pm

    .လှချက်ကွာ
    .တော်သေဘီ
    .မိုက်ခ်
    .ရွှေပြည်သာတစ်နေရာ :k:

    Reply

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 16, 2015 at 3:43 am

      လှယင် ဘီဘီနဲ့မြည်းရအောင်ဗျာ
      ကျော် ပန်းစိုက်မယ်
      အူးလေး ဘီဘီစိုက်

      😛

      Reply

  • ခင်ဇော်

    May 9, 2015 at 3:35 pm

    ချောမွတ်နေတာပဲ..
    ရန်ကုန်က စံပယ် တွေထက် ပိုလှတယ် ..

    Reply

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 9, 2015 at 11:13 pm

      ရန်ကုန်လား … အင်းးး.
      ရန်ကုန်မှာ တပွင့်ကို နှစ်ပွင့်ခွာတယ်
      ဆေးအစိမ်းတွေ ဆိုးတယ် ကြိုး အတိုအရှည် နဲ့ တပွင့်နဲ့ တပွင့်ကြား ကို ကစားတယ်…
      ကျုပ်တော့ တောမှာပဲ ..ပျော်နေပါတယ်ဗျာ…

      Reply

  • Wow

    May 9, 2015 at 6:03 pm

    ကင်မလာအဖက်တွေပါအေ..

    Reply

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 9, 2015 at 11:08 pm

      အောက်အိမ်ကို ရှိုး လိုက်ပါ ဂျီးတော်…။

      😛

      Reply

  • kai

    May 9, 2015 at 6:08 pm

    ရွှေနဲ့မြ.. ဝါနဲ့စိမ်းက… မိတ်ဖက်လို့ထင်တာ…
    အခုမှ… ဖြူလွလွနဲ့.. မြစိမ်းနု…
    လိုက်ပါ့…။

    Reply

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 9, 2015 at 10:19 pm

      သဂျီး တယောက် အသက်ထောက်သဖြင့် color wheel ကိုမေ့သွားလေပြီ…ထင့်
      တကယ်တော့ အဖြူက အလယ်ခေါင်မှာလေဗျာ…
      (ဘာနဲ့မဆို လိုက်လေရဲ့)

      တခုတော့ ရှိတယ် .. white balance က ပြာတဲ့ဘက်သွားနေတာက
      မနက်စောသေးတာရယ် မနေ့ညက မိုးရိပ်ကြောင့်ရယ်…
      ပန်းကတော့ သည်မနက်မှ စပွင့်တာကြောင့်ရယ်ပါ
      အဲ့လာတွေထက် တကယ်က….

      အစိမ်းနဲ့ ကွန်ပလီမန်ထွီ ဖြစ်တာက အနီ ခည..
      နှစ်ခုလုံးက ပြင်းပြင်းပြပြရှိသမို့ … ထရိုင်းယက် တို့ ရက်တန်ဂယ်တို့ လက်ကိုင်ထားတဲ့ဆြာတွေက
      ဝါလိမ္မော် နဲ့ လိမ္မော်သွေးဘက်ကို ရောသုံးကြတယ်… (ခရမ်းပြာ ကို ထောက်ကူပြီးတော့ပေါ့..)

      ကျော်ကတော့ ရှည်ရှည်ဝေးဝေး မတွေးပါဝူးဗျာ…
      စိမ်းချင်ရင် သစ်ရွက်ခံရိုက်
      မည်းချင်ရင် အုံထဲ ထိုးရိုက်
      ဖွေးချင်ရင် ပင့်ရိုက်
      ညိုမောင်းချင်ရင် မြေနီလမ်း (သို့) သစ်ရွက်ခြောက် နောက်ခံရိုက်…

      ဆိုတော့
      ဗဟို အပါအဝင် အရပ်ရှစ်မျက်နှာ ဆိုတော့ ကိုးကွက်
      အနီး + အဝေး ဆိုတော့ ကိုးနှစ်လီ ဆယ့်ရှစ်
      အပါချာ အကျဉ်းအကျယ် ထည့်ပေါင်းရင် ဆယ့်ရှစ် နှစ်လီ သုံးဆယ့်ခြောက်
      နောက်ဆယ်ပုံကျော် လောက် တက္ကနီကွေးလွတ် စည်းမျဉ်းလွတ် ရိုက်လိုက်အုံး….
      ပုံ၅ဝ အသာလေးထွက်တယ်

      ပီး

      ဖိုး-ဆစ်
      စစ်စတင်း-နိုင်း သင့်သလိုဖြတ်
      (တခါတလေ အပြန်အလှန်)
      ကြံရာမရရင်
      ဝမ်း-ဝမ်း
      ဖြတ်…

      အဲ့သည်မှာ ငါးဆယ် နှစ်လီ တရာ…

      အနှီတရာထဲက ကောင်းနိုးရာရာ ပုံ ၂ဝလောက်ကို အဖြူအမဲပြောင်း
      နောက် ၂ဝလောက် ကို ကာလာရိုက်ဇ် လုပ်

      အကြိုက်ဆုံး ၁ဝပုံလောက်ကို ဘူ့မှ မပြဘဲ သိမ်းထား…

      ပုံတရာပြည့်ရော…
      အဲ့လာ တနာရီအတွင်း ပုံတရာထွက်နည်းပဲ…

      ဂလိုပဲ လုပ်စားရတာပ…
      ဂလောက်ပါပဲ
      😛

      Reply

      • kai

        May 11, 2015 at 3:16 am

        ကောင်းပါလေ့..
        ဆိုတော့…
        မိုဒယ်တယောက်… တနာရီလောက်ဆို.. ပုံဘယ်နှထောင်ထွက်မလည်းမသိ…။

        ကြုံရင်တော့… ပုဂံသွား.. အာနန႖ာနဲ့လုပ်စားခဲ့ပါဦး..။ :k:

        အားရင်လည်း.. ကာလာသီအိုရီစာလေးရေးပါဦး..။
        http://www.tigercolor.com/color-lab/color-theory/color-theory-intro.htm

        Reply

  • မြစပဲရိုး

    May 9, 2015 at 9:02 pm

    အဲလို ပွင့်ဖတ်တွေ အများကြီးလိုမျိုး ကို စံပယ်အိုးပုတ် လို့ ခေါ်လားမသိ။ အထင်။
    နံပါတ်(၄) က ရေစက်လေးတွေ နဲ့ ရဲ့ နောက်က ဝါးနေတဲ့ အပွင့်လေးရယ် နဲ့ အတော်ကြည့်လို့ ကောင်းတယ်။
    ပုံနံပါတ်(၇) က ပန်းလေးက ချောင်းကြည့်နေသလိုဘဲ။

    ဒီလိုပါဘဲလေ။
    အခါ ၁၀ဝ လောက် ခလုပ်နှိပ်နိုင်ရင်တော့ တစ်ပုံ နှစ်ပုံ အလှလေး တွေ ထွက်လာတတ်ပါတယ်။
    :—–: 😉

    Reply

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 9, 2015 at 10:05 pm

      စံပယ် အိုးပုတ် က ပွင့်ချပ်တွေ ပိုထူတယ် …
      စံပယ် ကြက်ရုန်း လည်းမဟုတ်ဘူးဗျ သူက ချွန်ချွန်နဲ့…

      စံပယ်ပန်းက စံပယ်ပန်းပေါ့… ဂျာ …
      အမျိုးအစား တွေ လျောက်ခွဲမှ တော်ကြာ စံပယ်တွေ ပြည်နယ်တောင်းနေအုံးမယ်…

      ဟိဟိ ဟ….

      Reply

  • padonmar

    May 9, 2015 at 9:56 pm

    မွှေးလာသလိုပဲ။
    အာတီဒုံ
    မြေနီကုန်း တနေရာ

    Reply

  • uncle gyi

    May 10, 2015 at 10:23 pm

    စံပယ်ပွင့်ပြီဆိုနွေရောက်ပြီပေါ့

    Reply

    • naywoon ni

      May 11, 2015 at 6:28 pm

      ​နွေ​ရောက်​​ပေမဲ့ ​ရေရမှ ပွင်​့နိုင်​တာမျိုး 🙂

      Reply

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    May 11, 2015 at 7:38 am

    အခု ဘဝမှာတော့ အနုအလှနဲ့
    တယုတယ နမ်းခွင့်မရတော့
    အလှမ်းလေး ဝေးလည်း
    အနမ်းလေး မွှေးချင်တယ်..
    ပန်းစံပါယ်ရယ်… :opps:

    Reply

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 16, 2015 at 3:45 am

      အိသဒ္ဒါမိုး မဟုတ်တော့ဝူးလား ဟင်င်င်င်င်
      😛

      Reply

  • Ma Ei

    May 11, 2015 at 4:36 pm

    စံပယ်ပန်းကလေးတွေ အရမ်းကိုလှ
    စံပယ်ဖြူတွေတောင်ပွင့်ပြီကွယ်….
    အဲ့သီချင်းလေးအရ…
    ပူလွန်းတဲ့ နွေလဲ အေးချမ်းစေချင်လှပြီ…

    Reply

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 16, 2015 at 3:46 am

      ကျနော်တော့ တောထဲမှာ စားကောင်း အိပ်ကောင်းနဲ့ တခါတခါ အဲ့ဒါတွေကို စားစရာလို့မြင်နေတယ်…
      စော်နဲ့ ကြည်အောင် အဲ့ပန်းတွေ ဆီနဲ့ ကြော်စားလိုက်ရရင် ကောင်းမား ဟင်င်င်င်

      Reply

  • Mr. MarGa

    May 12, 2015 at 11:56 am

    ရွာထဲက ပန်​းစံပယ်​ ဆိုတဲ့ အ​ကောင်​့ကို သွားသတိရမိတယ်​
    (ဘာမှ​တော့မဆိုင်​)

    Reply

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 16, 2015 at 3:47 am

      အကြွေးပေးစရာရှိလို့လား…
      ကျော် ကိုယ်စား ယူထားပေးလို့ရမားဟင်င်င်

      Reply

  • aye.kk

    May 12, 2015 at 4:30 pm

    ကိုယ့်အသက်ရွယ်နဲ့ဆိုတော့ကါ
    ဆံပင်ဖြူ တွေတောင်ပွင့်ကုန်ပြီလို့ဖတ်မိသွားတယ်။
    မျက်စိတွေကလည်းမွဲလာပြီဆိုတော့လေ။။

    Reply

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 16, 2015 at 3:51 am

      အဲ.. ၂ယောက်ရှိပြီ
      ဆံပင်ဖြူတွေ ဆိုလို့ ပါ

      ကျနော်တော့ ..သည်နွေ ဆံပင်အရှည်ထားမိတာ
      ပူကပူ ဗောက်က ထ ဆံပင်ကကျွတ်
      ကင်မလာကို ကွယ်လိုကွယ်အပြင်
      ကိုယ့်ဆံပင်ဖြူ ကိုယ်ပြန် မျက်ဝါးထင်ထင် မြင်နေရပြန်သမို့ အောင့်သက်သက်ရယ်ဗျာ

      မကြီးသေးပေမယ့် မငယ်တော့တဲ့ အသက်မှာ ကိုယ့်ဆံပင်ဖြူကိုယ်
      အရှင်လတ်လတ် (မနှုတ်ဘဲ မှန်မထောင်ဘဲ) မြင်ဖူးလိုက်တဲ့ ဖီလင်က တမျိုးတော့ တမျိုးပဲဗျ…

      😛

      Reply

  • အရီး လေး

    May 12, 2015 at 5:19 pm

    အရမ်​းလှလို့ တချို့ပုံ​တွေ သိမ်​းထားတယ်​
    ကင်​မလာအယူအဆ​တော့နားမလည်​ဘု

    Reply

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 16, 2015 at 3:53 am

      သိမ်းတော်မူပါ အရီး စပ်ဖြီးဖြီး

      😛

      Reply

Leave a Reply

Your email address will not be published.