ပက်လက်မျောတဲ့ .. အရုဏ်ချိန်

SawAungMay 7, 20151min07


တစ်ချက်….နှစ်ချက်…..သုံးချက်…..
အချက်ပေးသံမပြဘဲ ပေါက်ကွဲတဲ့အသံ မကြားနိုင်တဲ့ ငါတို့ရဲ့အနီးဆုံးတစ်နေရာက…..
တစ်ဖြည်းဖြည်းတုံးလာတဲ့ ငါတို့ဦးနှောက်တွေနဲ့….
ညနေစောင်းရင်အိမ်ကိုပြန်တဲ့ခြေလှမ်းတွေက ယိုင်နဲ့နဲ့ဖြစ်နေတုန်း…
အိမ်အပြန်ကို မေမေစောင့်နေရောပေါ့ ညတွေတိုင်း.(ညတိုင်းညတိုင်း)မှာ
မလင်းတဲ့ငါတို့နေရာကနေ မှောင်နေတဲ့မြို့ပြကိုငေးမောကြည့်နေမိပါရဲ့
ဟိုးအဝေးမှာတရွေ့ရွှေ့နဲ့ လာနေတဲ့ခြေလှမ်းတွေ သူတို့တွေအခုထိ(ခုချိန်ထိ)အိမ်ပြန်မရောက်သေးဘူး။

တွေးရင်း(ငေးရင်း)….တွေးရင်း(ငေးရင်း) သက်ပြင်းအကြိမ်ကြိမ်ချမိတယ် မေမေ….
လောကမှာဘာအရေးကြီးဆုံးလဲ မမေးနဲ့…………..
တစ်……….ပိုက်ဆံ
နှစ်………..ငွေ
သုံး………..လိုနေတာဒိုးပြားတွေပဲ(ရက်ပါလိုလိုက်မဆိုပါနဲ့)
ဘဝတစ်ခုနဲ့တစ်ခုအရင်းတည်ခဲ့တဲ့နေ့တွေ…ရက်တွေ…ညတွေ
အိုကွယ်….မျက်ရည်နွံထဲဖြစ်ဖြစ်…တံတွေးခွက်ထဲဖြစ်ဖြစ် ပက်လက်မျောစရာရှိတာသာမျော
အရေးကြီးတာ နှခေါင်းဖော်ပြီးနေတတ်ဖို့ပဲ။

မေမေ……ကျန်းမာပါစေ အမြဲတမ်းဆုတောင်းအသံ ကောင်းကင်ထက်မှာလွင့်ပျံလို့
ဒါပေမယ့် မြေပြင်ကခြေလှမ်းတွေက
ကလေးတွေကစားတဲ့စက်ဘီးတာယာလိုပါပဲ(ဦးတည်ရာပျောက်နေတယ်)
ယိုင်နဲ့နဲ့ ထိမ်းရင်းကျောင်းရင်း မြို့ပျက်ထဲမှာဖက်တွယ်နေတဲ့ သူဖုန်းစားတစ်ယောက်လို
အမှောင်ကြားက အလင်းစက်ကိုရှာဆဲပဲ မေမေ……..။

မေမေ….ပြောခဲ့တယ် လောကမှာဘာအရေးကြီးဆုံးလဲ….
တစ်……စာနာမှု…
နှစ်…….စာနာမှု…
သုံး…….စာနာမှု…
အို….မေမေရယ်…. အားလုံးဟာ…သားတို့ငယ်ငယ်တုန်းက ရှာခဲ့တဲ့ မြောင်းထဲကဖန်ဂေါ်လီလိုပါပဲ
ရှိမလားလို့ မြောင်းထဲကိုဟိုစမ်းဒီစမ်းပေါ့ နောက်ဆုံးတော့ မြောင်းပုပ်နံ့က လက်ထဲကိုပဲစွဲကပ်လာတယ်
ဒီလိုနဲ့ ……… ဒီလိုနဲ့ (ဒီလိုနဲ့…………….ပဲ)
သားးးးးးးးးးးးးးလမ်းလျှောက်ရင်း…….လမ်းလျှောက်ရင်း………….
နေမထွက်လာတဲ့ အရုဏ်တက်ချိန်မှာ…..အမှောင်ထဲကနေ အမှောင်ကိုလှမ်းကြည့်လိုက်တယ် မေမေ……။
xxxxxxxxxxxxxxxxxxxxxxxxxxxxxx
ရင်နှင့်ရင်း၍
အောင်မိုးသူ

7 comments

  • Alinsett @ Maung Thura

    May 7, 2015 at 11:45 am

    အမှောင်ထဲကနေ အမှောင်ကို စောင့်ကြည့်တော့…. အမှောင်ကို တွေ့မှာပေါ့…နော်..
    .တော်သေးတယ်…
    ဘာမှ မမြင်ရတာထက်စာရင် အမှောင်ကို မြင်ရသေးတယ်…

    Reply

  • Alincho

    May 7, 2015 at 1:07 pm

    ယိုင်နဲ့နဲ့ ထိမ်းရင်းကျောင်းရင်း မြို့ပျက်ထဲမှာဖက်တွယ်နေတဲ့ သူဖုန်းစားတစ်ယောက်လို
    အမှောင်ကြားက အလင်းစက်ကိုရှာဆဲပဲ မေမေ……..။
    .တော်သေးအလင်းချိုကိုမရှာလို့…
    .စတာနော်အစ်ကိုတကယ်ပြောတာ:-):_)
    .အားပေးသွားပါတယ်.

    Reply

    • Alinsett @ Maung Thura

      May 7, 2015 at 1:19 pm

      အလင်းချိ ု ကို မရှာပေမယ့် …အနော့်ကို များ ရှာသလားလို့…

      :k:

      Reply

    • Alinsett @ Maung Thura

      May 7, 2015 at 2:12 pm

      လျှာဆရာက..အနော် မဟုတ်ဖူး.. ဦးကြောင်ကြီး..

      :mrgreen:

      Reply

  • naywoon ni

    May 8, 2015 at 9:52 pm

    အ​ရေးကြီးတာက နှာ​ခေါင်​း​ဖော်​ပြီး​နေတတ်​ဖို့ပဲ
    ဟုတ်​ကဲ့ နှာ​ခေါင်​း​ဖော်​ထားပါ့မယ်​ ။ အထက်​ကလူ​တွေ ​လေမလည်​ကြပါနဲ့ ​ကျေးဇူးပြုပြီး 🙂

    Reply

Leave a Reply

Your email address will not be published.