လမ်းခုလတ်က တို့ရွာကလေး

manawphyulayApril 30, 20151min021

ဘယ်ရွာဒေသ၊ ဘယ်မြို့ကဟု
တိကျသေချာ၊ မသိပါလည်း
ဝင်လာခိုနား၊ ခရီးသွားကို
နားစဉ်ခဏ၊ အားရွှင်ပျဖို့
ရင်မှ ကြိုဆို လှိုက်လှဲစွာဖြင့်
လမ်းခုလတ်က ရွာကလေးပါ။

ပြည့်စုံပျော်ပါး၊ ခရီးသွားလား
နွမ်းပါးထီးကျန်၊ ခရီးပြန်လား
စုန်ဆန် ဖြူမည်း၊ မူမခွဲဘဲ
အမြဲတစေ၊ ဧည့်ဝတ်ကျေဖို့
ဖော်ရွေကြိုဆို လှိုက်လှဲစွာဖြင့်
လမ်းခုလတ်က ရွာကလေးပါ။

ဘဝတွက်တာ သိလိုရာကို
စုံတကာစေ့ တွေ့ရှိရသည့်
လေ့လာကြည့်ရှု၊ မှတ်တမ်းပြုသော်
တစ်ခုမဝှက်၊ ကမ်းလင့်ဆက်ဖို့
မပျက်ကြိုဆို လှိုင်လှဲစွာဖြင့်
လမ်းခုလတ်က ရွာကလေးပါ။

စာပေ အရေးအသား
ရေးကြ မှတ်ကြ
ငြင်းကြ ခုံကြ
စည်းလုံးစွာဖြင့်
အပြုံးမပျက်
ရွာကလေးပါ။

ဧည့်သည်ခဏ၊ သင့်ဘဝတွက်
ဆန္ဒလိုရာ ပြည့်ဝပါလျှင်
ဘယာငြိမ်းဆိတ် ရင်ခွင်ရိပ်မှာ
ချွေးသိပ်နှစ်ခြိုက် ရေးခြစ်လိုက်လေ
ညမိုက်လွန်မြောက် အလင်းရောက်မှ
ဝမ်းမြောက်ကြည်သာ ရွှင်လန်းစွာဖြင့်
လိုရာစခန်း သင် ဆက်လှမ်းပေါ့
မလှမ်းပါနှင့် မတားသာ
နှုတ်ခွန်းဆက်သ မြဲတသသ
အမြဲစည်ပင် ဝပြောချင်တာ
လမ်းခုလတ်က ရွာကလေးပါ။

မနောဖြူလေး
၃၀၊ ၄၊၂၀၁၅

21 comments

  • အောင် မိုးသူ

    April 30, 2015 at 11:12 am

    ဂဇက်ရွာကလေးပေါ့။ လမ်းခုလတ်က ဂဇက်ရွာကလေးပါ။ 🙂

    Reply

  • Alinsett @ Maung Thura

    April 30, 2015 at 11:17 am

    စာပေ အရေးအသား
    ရေးကြ မှတ်ကြ
    ငြင်းကြ ခုံကြ
    စည်းလုံးစွာဖြင့်
    အပြုံးမပျက်
    ရွာကလေးပါ

    အပြုံး မပျက်ဘူး.. ဟက်လား…
    တင်စားတာ ပိုသွားပြီ…
    ကျနော့်ကိုတော့ .. လူကြားထဲတောင်…မအောင့်နိုင်ပဲ ရိ ရွဲ့ စောင်း မြောင်း ပြိး..သတ်ပစ်တော့မလောက် မုန်းနေတဲ့သူ ရှိတယ်ဗျ…
    မယုံ မရှိနဲ့… ကိုယ်တွေ့..ကိုယ်တွေ့… ဟေဟေ့…

    :k:

    Reply

    • ခင်ဇော်

      April 30, 2015 at 11:55 am

      ဟေဟေဟေ့။
      နာ့ ကိုရောပဲဟေ့။
      ဟေ့ဟေ့ဟေ့

      ကြောက်ဆည် ကြောက်ဆည်

      :k:

      Reply

      • Alinsett @ Maung Thura

        April 30, 2015 at 12:02 pm

        ဟာ…. ဒါရှို… အဖြစ်ရယ်မှတူလိုက်လေခြင်းးးးးးပေါ့နှော်…
        ပလို့ဂျိ
        :k:

        အဲ့နောက်ပိုင်း….တချို့လူတွေက သိပ် ကြောက်ဖုတ်ကောင်းတာပဲ…လို့…
        အဲလေ… သိပ်ကြောက်ဖို့ ကောင်းတာပဲလို့…တွေးမိ… အဟီဟိ

        :k:

        Reply

    • manawphyulay

      April 30, 2015 at 3:20 pm

      အိုကွယ်… ဒါကတော့ ကျန်းမာ ကြံ့ခိုင်ကြောင်း သိအောင် ဆန်းစစ်တာနေမှာပေါ့နော်.. 😛

      Reply

    • manawphyulay

      May 5, 2015 at 9:55 am

      ဒီလိုပြောကြေးဆို ဟိုးရှေးရှေးတုန်းက ဒီထက် ဒီထက် ပိုပြီး ဆိုးသေးပါကြောင်း….

      Reply

    • manawphyulay

      July 11, 2019 at 4:35 am

      ခုရော မုန်းနေသေးလားဟင်…

      Reply

  • ဝင့်ပြုံးမြင့်

    April 30, 2015 at 2:08 pm

    .မိခင်လောင်းရဲ့ စိတ်ဟာ အလှဆုံးတဲ့။ စိတ်အလှဆုံးအချိန်မှာ ရေးလိုက်တဲ့ အလှဆုံးကဗျာလေး။

    Reply

    • manawphyulay

      April 30, 2015 at 3:22 pm

      ကျေးဇူးပါ မမပိုး… မပိုးကော နေကောင်းပါရဲ့လား… သတိရနေပါတယ်နော်…

      Reply

    • မြစပဲရိုး

      May 1, 2015 at 2:17 am

      Many Congratulations မနောရေ။
      ကျန်းမာရေး ကို အထူးဂရုစိုက်၊ အစား မှန်မှန် စား၊ အပူ အစပ်ရှောင်၊ အသွားအလာ သတိထား၊
      စိတ် ကို ပျော်အောင်ထား၊ စိတ်ရှုပ် စရာ တွေ ခေါင်းထဲ မထည့်နဲ့။

      ချစ်တဲ့
      အရီး :-)))

      Reply

  • kai

    April 30, 2015 at 4:12 pm

    အခုလာမယ့် ၂ရက်နေ့မှာ.. ပွဲတပွဲလုပ်ထားတယ်..။
    ဆိုတော့… ဒီနေ့မနက်မှာ.. မြန်မာ့ဂဇက်နာမယ် ခရက်ဒစ်တပ်ပြီး.. မစ်ရှဲရိုးက.. ပြင်သစ်ပြည်ပါရီမြို့ကနေ.. ဗီဒီယိုသတင်းလေးပို့တယ်…။
    စုဖောင်ဒေးရှင်းကို.. သေသေချာချာဆက်အာရုံစိုက်သွားရင်.. နောက်နှစ်မှာ.. ဒေါ်စုကို ဒီလိုပွဲမျိုး တက်ပါလို့… ဖိတ်နိုင်မယ်.. ထင်မိတာပဲ…။
    သူလာမယ်ဆို.. ယူအက်စ်က အမေရိကန်ထဲ.. ဖိတ်ရမယ့်သူက.. ဟီလာရီကလင်တန်ပေါ့..။
    ၂၀၁၆အတွက်.. အသည်းအသန်.. မဲဆွယ်နေရပြီလေ..။

    နောက်.. အဆင်ပြေရင်.. နောက်နှစ်ဒီအချိန်မှာ.. မြန်မာသမ္မတဖြစ်နေမယ့်သူကိုလည်း.. ဖိတ်မယ်… မှန်းတာပဲ..။ ဘယ်သူလို့.. ထင်သလည်း.. ?

    လမ်းခုလတ်က.. ရွာကလေး.. ဧည့်သည်ကြီးတွေနဲ့ဆိုတော့… မဆိုးလောက်နေပြီ.. ထင်ရဲ့…။

    Reply

  • Alinsett @ Maung Thura

    April 30, 2015 at 5:41 pm

    စကား ဇွတ်ကြီးစပ်. . .
    ကျုပ်လေးကလည်း မြန်မာပြည်တွင်းက နာမည်ကြီး ဒိတ်ဒိတ်ကြဲစာရေးဆရာတွေကို
    ဂဇက် သတင်းစာမှသည်. . .ရွာထဲ လာဖို့ ဖိတ်ထားပါသဗျ။
    ဂျူးအန်တီတို့ ဆရာ အော်ပီကျယ် သစ္စာနီတို့ကအစ. . .
    ဆိုတော့ သူတို့တတွေက မန်ဘာတွေဝင် စာတွေဝင်ရေးလောက်အောင်
    အားလပ်သူတွေ မဟုတ်လေတော့. . . အားတဲ့အချိန်မှာ ဝင်နေ ဖတ်နေလိမ့်မယ်လို့ ယုံကြည်မိပါရဲ့

    ဘာလိုလိုနဲ့ ဒီ ရွာ ဒီရွာသူားတွေဟာ ဒိတ်ဒိတ်ကြဲတွေရဲ့ စောင့်ကြည့်လေ့လာခြင်း ခံယူထိုက်သူတွေလည်း
    .ဖြစ်နေလေပြီ တမုံ့

    😆

    Reply

  • naywoon ni

    April 30, 2015 at 6:34 pm

    ကဗျာက ဧည်​့သည်​​တွေအ​ကြောင်​းပဲပါတာ အမြဲ​နေကြမဲ့ ရွာသား​တွေအ​ကြောင်​းမပါ​သေးဘူး အဲ့​တော့ ​နောက်​ထပ်​တစ်​ပုဒ်​​လောက်​ !

    Reply

  • Mike

    May 4, 2015 at 1:22 pm

    .ကဗျာလေးကတယ်ကောင်းပါလား…ချီးကျူးပါတယ်

    Reply

  • kai

    May 4, 2015 at 1:58 pm

    ဒီ၂ခုရလာ… :k:


    =

    Reply

    • မြစပဲရိုး

      May 4, 2015 at 2:10 pm

      Many Congratulations MG!!!!!!!!!!!!!!!!!!!!!!! :-))))))))
      We are so proud of you. And ME as a member of Myanmar Gazette. (sorry I corrected it) :-))

      Reply

    • Ma Ma

      May 8, 2015 at 7:24 am

      ခုမှတွေ့လို့ ခုမှပဲ ရေးရတယ်။
      အထူးတလည် ဝမ်းသာဂုဏ်ယူပါကြောင်းးးးးးးးးးးးး
      Bravo!!!!!!!!!!!!! 🙂 🙂 🙂

      Reply

      • Ma Ma

        May 8, 2015 at 7:59 am

        ကွန်မန့်ပြီးလို့ ပြန်ဖတ်တော့ ရလာတဲ့ ဒီ၂ခု မတွေ့ရတော့ 🙄

        Reply

        • kai

          May 8, 2015 at 8:42 am

          ရှိပါတယ်အမတော်ရဲ့…
          ပေါ်တာနှေးနေလို့နေမှာပါ…။

  • padonmar

    May 4, 2015 at 9:47 pm

    .အောက်ပုံက သတင်းစာအတွက်ပေါ့၊
    .အပေါ်ပုံက Website အတွက်လား သူကြီး။
    .ဘာပဲဖြစ်ဖြစ် Congratulations သူကြီး
    .Congratulations မနော။

    Reply

  • uncle gyi

    May 4, 2015 at 11:01 pm

    ကိုနီရေအိမ်သည်ကိုမြုပ်ပြီးရေးထားတာပါ
    အိမ်သည်လည်ပါပါတယ်

    ရင်မှ ကြိုဆို လှိုက်လှဲစွာဖြင့်

    လို့ရေးလိုက်ကတည်းကအိမ်သည်ကမကြိုလို့ဘယ်သူကကြိုပါ့မလဲနော်

    Reply

Leave a Reply

Your email address will not be published.