ဟိုနှစ်သင်္ကြန်….သည်နှစ်သင်္ကြန်….နောင်နှစ် ခါသင်္ကြန်….

Mr. MarGaApril 20, 20151min031

ဒီနှစ်သင်္ကြန် မောင်မာဃ အလွန်ခြေငြိမ်နေပါသည်။
နှစ်နှစ်ဆက်တိုက် မလည်ဖြစ်သည့်အရှိန်နှင့် သင်္ကြန်အကြို ကြားရ၊ဖတ်ရသည့် သတင်းများ ပေါင်းကာ လေးရက်စလုံး အိမ်တွင်းပုန်းဖြစ်သွား၏။ (မဆိုင်ဘူးထင်လျှင်လည်း မတတ်နိုင်)

.
သို့သော်ငြား…
တစ်နေကုန်နီးပါး လွှင့်နေသော သင်္ကြန်ပုံရိပ်များ၊ အချိန်ပြည့် လိုင်းပေါ်ရောက်နေသဖြင့် မြင်နေရသော သင်္ကြန်အပျော်များ၊
“ဆောင်းမဲ့ကျွန်း” အွန်လိုင်းမဏ္ဍပ်တွင် သုံးရက်ဆက် ကဲမိသော အကျိုးဆက်များ စုပေါင်းလာချိန်တွင်မတော့…

ကိုယ်တွင်းမှ ငုပ်လုလု သင်္ကြန်ပိုး ပြန်ထလာလေသောကြောင့်…
အတက်နေ့ ညပိုင်းတွင် စီးတော်ယာဉ်ကိုထုတ်ကာ မန်းမြို့တစ်ခွင်မှ သင်္ကြန်မြင်ကွင်းများကို ပတ်ကြည့်ဖို့ ထွက်တော်မူ နန်းက ခွာခဲ့ပေတော့သည်….။

ရေပက်ချိန် ပြီးသွားပြီမို့ သုံးဆယ့်ငါးလမ်းတစ်လျှောက်မှာ တိတ်ဆိတ်နေချေ၏။
မောင်းလာရင်း ၈၄လမ်းအရောက် ဘယ်ဘက်ကိုကွေ့လိုက်တော့ တီးသံမှုတ်သံတချို့က ခပ်သဲ့သဲ့ ပျံ့လွင်
့လာသည်။ ရှေ့ နှစ်ပြခန့်အကွာမှာ မဏ္ဍပ်တစ်ခုက မီးတွေထိန်လို့………….
:i:

သိပ်တော့မဟုတ်သေး….. သည်လမ်းကို သင်္ကြန်မတိုင်မီ ခေါက်တုံ့ခေါက်ပြန်ရောက်ခဲ့စဉ်က မဏ္ဍပ်နှင့် သက်ဆိုင်တာ ဘာမှ မတွေ့မိ၊ ဘယ်အချိန်ကများ ဆောက်လိုက်သည်မသိ။
ဆက်သွားကြည့်လိုက်တော့ လူထုတိုက်ရှေ့ ဖြစ်နေသည်။ လမ်းတစ်ဖက်ခြမ်းတွင် အကမဏ္ဍပ်ကြီးက ဟီးလို့။ လူတွေကလည်း လမ်းပြည့်လုနီးပါး။
မဏ္ဍပ်အမည်ကိုလှမ်းကြည့်လိုက်တော့ “ရေနန်းသူဇာ” တဲ့။
ဒါဆို…ဒါဆို… နဂါးဒေါ်ဦး ကမကထလုပ်ခဲ့တဲ့မဏ္ဍပ်ပါလား….။
😯
.
.
မဏ္ဍပ်ရှေ့မတော့ အလှပြကားတစ်စင်းက ဧည့်ခံနေသည်။ နာမည်က “တေးချစ်သူ”တဲ့။ ဘယ်အရပ်က ထွက်လာသည်မသိ။
ကားပေါ်တွင် အမျိုးသားတစ်ဦးက သင်္ကြန်သီချင်းတစ်ပုဒ်ကို သီဆိုလို့၊ မဏ္ဍပ်ပေါ်မှ ယိမ်းသမများက ဒိုးဆစ်နှင့်အပြိုင် တညီတညာတည်း ကနေကြသည်။
မြင်လျှင်မြင်ချင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်………
သည် အလှပြကားနှင့် သည်မဏ္ဍပ် ဘယ်အချိန်က ထွက်ပေါ်လာသည်မသိခဲ့။
မန်းတွင်နေပြီး မန်းသင်္ကြန် ပုံစံပြန်ပြောင်းနေသည်ကို မသိလျှင် မန်းသား သိက္ခာ ကျပေလိမ့်မည်။
သို့အတွက် စီးတော်ယာဉ်ကို တော်ရာတွင်ရပ်ကာ မဏ္ဍပ်ရှေ့ စနည်းနာထွက်ရတော့သည်။
.
.
မဏ္ဍပ်ရှေ့တွင်မူ ဆိုလက်စ အလှပြကား ဧည့်ခံချိန်ပြည့်ပြီမို့ နောက်တစ်စီးပင် ရောက်ချေပေါ့
သည်တစ်ခါတော့ အလှပြကားမဟုတ် သံချပ်အဖွဲ့ ရေပက်ခံကား ဖြစ်နေပေသည်။ နာမည်က ဗိုလ်သခင်ဆရာ။
မဏ္ဍပ်နားရောက်ပြီမို့ အနားရှိလူတစ်ယောက်ကို လက်တို့ကာ စပ်စုဖို့ ဟန်ပြင်မိသော်လည်း ဗိုလ်သခင်ဆရာအဖွဲ့၏ သံချပ်တွေအောက်မှာ လူက မျောပါသွားသည်။
သတိထားမိချိန်မှာ သူတို့အဖွဲ့လည်း ထွက်ဖို့ပြင်နေပြီ…
ဟုတ်တော့ မဟုတ်သေး သည်နှစ်သင်္ကြန်က ထင်ထားသလိုမဟုတ်ဘဲ တမျိုးတဖုံဖြစ်နေသည်။
ကျန်သည့်ဘက်တွေမှာ မည်သို့ရှိမည်ကို သိချင်စိတ် ပိုများလာသဖြင့် ဈေးချိုဘက်ကို ဆက်သွားဖို့ အတွေးပေါ်လာသည်။
သို့သော် သည်လမ်းကတော့ ဖြတ်လို့ရမည်မဟုတ်။ လူအုပ်က လမ်းပင်ပြည့်တော့မည်လေ။
သို့ဖြင့် အနောက်ချိုးကာ လေးထောင့်စပ်စပ် ပြပောက်ဝင်းကို ၈၅လမ်းမှ ကွင်းကာရှောင်ခဲ့သည်။
၃၂လမ်းအရောက်တွင် နောက်ထပ် အသံတစ်စ ထပ်ကြားလာပြန်၏
.
.
တူးပို့သံပင်ဖြစ်နေပြန်သောကြောင့် ကိုယ့်နားကိုယ်ပင် မသင်္ကာချင်သလိုလို…..
သို့ဖြင့် မလွန်ဆန်လှူသင်းနား အရောက်တွင် မဏ္ဍပ်တစ်ခု ထပ်တွေ့သည်။ နာမည်က “ရေနန်းဗိမာန်”
အလုပ်သွား အလုပ်ပြန် တွေ့ခဲ့ရသော ကျုံးဘေးမှ မဏ္ဍပ်များနှင့် လားလားမျှ မတူ။
(တူသည်က dancing floor သို့မဟုတ် အကစင်မြင့် ရှိနေသည် သို့သော် ရည်ရွယ်ချက်ချင်း မတူပြန်)
သည်မဏ္ဍပ်ကလည်း ဧည့်ခံမဏ္ဍပ်ပင် ဖြစ်နေပြန်သည်။
.
.
အရှေ့တွင်လည်း အလှပြကားတစ်စင်းအလှပြကားများ သည်နှစ်မှ ဖောချင်းသောချင်း ဖြစ်နေသလိုပင်။
သည်ကားအမည်က “ဒေါင်းလုလင်” ဆိုပါလား။
အမည်နှင့် ကားနှင့် လိုက်ပေသည်။ ဒေါင်းပျိုတစ်ကောင်က ကမည့်ဟန်ဖြင့် ကားထိပ်ဦးတွင် ငွားငွားစွင့်စွင့်။ တစ်ကားလုံးက ဒေါင်းစိမ်းရောင်ခြယ်ထားတာ အဖွဲ့သားများမှာလည်း ဒေါင်းမြီးကွက် ပုဆိုးဆင် ကိုယ်စီနှင့် အစိမ်းရောင်တွေ ဖိတ်ဖိတ်တောက်နေသည်။
သူ့နောက်မှာလည်း အလှပြကားတွေ တန်းစီနေသည်။ အလှည့်ကျ ဝင်ဖို့ထင့်။ မဏ္ဍပ်ပေါ်မှာလည်း ဆင်တူဝတ်စုံကိုယ်စီနှင့် ယိမ်းကနေကြသည်မှာ မျက်စိအေးပေစွ။
ထင်မထားသောနေရာတွင် ထင်မထားသောမဏ္ဍပ်တွေကို တွေ့လိုက်သဖြင့် လူက ပုံမှန်ရောဟုတ်ရဲ့လားဟု ပြန်တွေးနေမိသည်။

အိမ်တွင်းအောင်းရုံမှလွဲ၍ ဘာမှလုပ်မထားသောကြောင့် ပုံမှန်မဖြစ်စရာတော့ အကြောင်းမရှိ။ ထို့ကြောင့်
ပိုသေချာစေဖို့ ဈေးချိုဘက်ကို သွားရိုးသွားစဉ် မသွားတော့ဘဲ မိကျောင်းတံတားမှ ၂၆လမ်းဆီထွက်ဖို့ အနောက်ကို ဆက်ဆင်းလာခဲ့မိသည်။
၂၆လမ်းသို့ အထွက်တွင် မြင်လိုုက်ရသည်က အလှပြကားနှင့် သံချပ်အဖွဲ့ကားတွေချည်း…
.
.
အရှေ့ဘက် မနီးမဝေးတွင်ရှိသော မဏ္ဍပ်တစ်ခုတွင် သီဆိုဖျော်ဖြေကြဖို့ တန်းစီနေကြပေသည်။
ထိုမဏ္ဍပ်ကို သွားကြည့်မိတော့ နာမည်က “ဘုရင်မာလာ”
ရှေ့တွင် တွေ့ခဲ့သော မဏ္ဍပ်နှစ်ခုအတိုင်းပင် ကားပေါ်မှ ဆိုသူကဆို၊ ကသူက က၊ အတီးနှင့်အဆို၊ အတီးနှင့်အက ဟပ်ကာနေပေသည်။
ဘုရင်မာလာမှ ရှေ့ကိုလှမ်းကြည့်လိုက်တော့ နာရီစင်မရောက်မီတွင် မဏ္ဍပ်တစ်ခု ထပ်တွေ့သည်။
.
.
ဈေးချိုတော် တိုက်တန်းရှေ့တွင်ရှိနေသည့် “ဈေးချိုသူ”
ဈေးချိုတော်နှင့်အပြိုင် ထိုမဏ္ဍပ်ကလည်း ခံ့ခံ့ထည်ထည်ပင်။
ထိုမဏ္ဍပ်တွင်မှ ကိုယ်ကြားဖူးသည့်သီချင်းတွေနှင့် တိုးတော့သည်။
အရှေ့ မဏ္ဍပ်များတုန်းက ဒိုးသံညံစီသည့်  သင်္ကြန်သီချင်းတွေဖြစ်ပေမင့် နားထဲစွဲနေသော သီချင်းများ မဟုတ်သေး။

ရှိစေတော့…. တူးပို့တူးပို့သံ ညံနေသည်ကပင် စိတ်ကျေနပ်စရာတစ်ခုဖြစ်နေပြီ။

အလှပြကားများမှာ ဘုရင်မာလာမှ ဈေးချိုသူထိတိုင် တန်းစီနေလေသည်။
ဈေးချိုသူမှ ထွက်လာသည့် ကားများမှာ ညာဘက်ချိုးကာ ၂ရလမ်းဘက် ဆက်သွားနေကြသည်။
နာရီစင်မှ ကျုံးဘေးကိုဆက်သွားရန်တွေးထားသော်လည်း အလှပြကားတွေနောက်သာ လိုက်နေမိသည်မို့ ၈၄လမ်းဘက်ကိုသာ ပြန်ရောက်သွား၏။
အလှပြကားတန်းနောက်သို့ ရည်ရွယ်ချက်မဲ့ လိုက်နေစဉ်တွင် ခေါင်းထဲသို့ အတွေးတစ်ခု ဖြတ်ခနဲ ဝင်လာသည်

“မြို့မ”….
မြို့မ နှင့် ငွေငန်း ဘယ်နားတွင်ရောက်နေသည်မသိ……. 🙄
သည်ပတ်ချာလည်တွင်တော့ လုံးလုံးမတွေ့။အလှပြကားတွေ တစ်ပုံကြီး တွေ့ပြီးမှ ငွေငန်းနှင့်မြို့မ ပျောက်နေသည်မှာ သိပ်တော့ သဘာဝ မကျချင်။
ကျုံးဘေးတွင်များ ရှိနေသလားမသိ။ သို့ဖြင့် မြို့တော်ဝန်မဏ္ဍပ်ဘက်တွင် လိုက်ရှာဖို့ ကွေ့လိုက်မိသည်။
၂၆လမ်းအတိုင်း တည့်တည့်တက်ရင်း ၇၃လမ်းကို ကျော်လာချိန်မတော့ သီချင်းသံတစ်စ ပျံ့လွင့်လာသည်။
သီချင်းသံကို ကြားလိုက်ရချိန်ခဏတွင် တွေးထားသမျှ အတွေးစအားလုံး ပျောက်ကုန်သည်။

ဒိုးဆစ်သံများ ကခုန်နေသော နားအတွင်းသို့ ခုန်ပေါက်ဝင်ရောက်လာသော သီချင်းသံက……

“ချာပါတီ……..မဟုတ်တဲ့………ရေပါတီ………..ရေပါတီ………”

:p:  :chee: :p: :chee:
………………..xxx……………………

 

(ကိုယ့်အတွေးနဲ့ကိုယ် ရေးပြီးမှ ပြန်လည်းမဖြည်ချင်၊ အိပ်မက်မက်နေတယ်လို့လည်း မလုပ်ချင်တာကြောင့် ဒီအတိုင်းပဲ ထားလိုက်ပါတယ်။ စိတ်ကြိုက်သာ အဆုံးသတ်ကြပါကုန်)

စာကိုး
တက္ကသိုလ်ဘုန်းနိုင် – တန်ခူးလေနှင့် လျောတော့သည်။
လူထုဒေါ်အမာ – အမေ့ရှေးစကား (၁၊၂၊၃)၊ ပြည်သူချစ်သောအနုပညာသည်များ
ဆူးငှက် – (ဆရာဆူးငှက်ရဲ့ Facebook Timeline က ပို့စ်တွေကို မှီငြမ်းယူပါတယ်)

(ဒီစာဟာ ကျနော့်စိတ်ကူးသရုပ်ဖော်သက်သက်သာ ဖြစ်တာမို့နေရာဒေသ၊ အမည်နာမ အခေါ်အဝေါ်နဲ့
သရုပ်ဖော်ဖွင့်ဆိုတဲ့ စာသားအားလုံးမှာ ကွဲလွဲချက်တွေရှိခဲ့ရင် သည်းခံခွင့်လွှတ်ပေးကြပါရန်)
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)

31 comments

  • Crystalline

    April 20, 2015 at 12:27 am

    မြို့မနဲ့​ငွေငန်​း​ပျောက်​….. ချာပါတီစင်​​ပေါ်​ရောက်​.. :mrgreenn:
    ရန်​ကုန်​မှာ​တော့ ရိုးရာယဉ်​​ကျေးမှု့အတာသကြန်​က လူစိတ်​ ကင်​းတဲ့လူတချို့​ကြော်​့ ​တော်​​တော်​​လေးအကျီးတန်​
    အိမ်​မှာ​အေး​ဆေးမ​နေနိုင်​တဲ့ အစ်​ကိုနဲ့​မောင်​… pressure gun စာမိပြီး ​သွေးထွက်​တဲ့အထိ… ကြီးမားတဲ့အစင်​း​ကြောင်​းကြီး​တွေ..
    ကိုယ်​​ပေါ် မြင်​မ​ကောင်​း.. ​ယောက်​မက ဂျာကင်​ တဘက်​ပါ​တော့ လွတ်​သွားတဲ့လက်​ခုံ..လက်​​ချောင်​း​တွေလက်​​ချောင်​း​တွေမှာ.. ဒဏ်​ရာ
    ဒါဏ်​ချက်​နဲ့ပြန်​လာ….နဂိုကတည်​းက..စိတ်​မဝင်​စားသူ…အကျည်​းတန်​​စေသူ​တွေ​ကြောင်​့..စိတ်​ကိုကုန်​သွား​ရော.. :evill:

    Reply

    • Mr. MarGa

      April 20, 2015 at 8:38 am

      pressure gun က မသုံးဖို့တားမြစ်​ထားတာကို 🙁
      အ​ပျော်​က​နေ အပျက်ဖြစ်တော့မယ်​ဗျာ

      Reply

  • naywoon ni

    April 20, 2015 at 12:51 am

    သင်္ကြန်​ပို့စ်​ ဆို​တော့ အရင်​ကလိုဆို ​ကျော်​သွာပြီ ။ သို​ပေမဲ့ ဘယ်​သူမှ ​ပေးမထားတဲ့ တာဝန်​ရှိ​နေ​တော့လည်​း

    ​​နောက်​တစ်​ပုဒ်​က​တော့
    Mr. MarGa ရဲ့ ဟိုသင်္ကြန်….သည်နှစ်သင်္ကြန်….နောင်နှစ် ခါသင်္ကြန်…. –

    ပို့စ်​​လေးပဲဖြစ်​ပါတယ်​ ။
    Mr. MarGa ရဲ့ ၈၁-ပုဒ်​​မြောက်​ ပို့စ်​လည်​းဖြစ်​ပါတယ်​ ။
    http://myanmargazette.net/213095
    မှာပါခင်​ဗျာ ။ ​
    ရွာထဲ ​ပေါ်လိုက်​​ပျောက်​လိုက်​ဖြစ်​​နေတဲ့ ဦးမာဃ က သင်္ကြန်​ကို ဘယ်​လိုပုံ​ဖော်​ထားသလဲ
    အား​ပေးလိုက်​ ကြပါဦး
    🙂

    Reply

    • Mr. MarGa

      April 20, 2015 at 8:40 am

      ပေါ်​လိုက် ပျောက်​လိုက် ဆိုတော့
      မုန့်လုံးရေ​ပေါ်လိုလား
      :loll:

      Reply

  • naywoon ni

    April 20, 2015 at 12:53 am

    ဟာ ာာာာာာ fbမှာထည်​့ရမဲ့ဟာနဲ့မှားပြီးထည်​့လိုက်​မိဘီ :)ခ်​ခ်​

    Reply

  • တညင်သား

    April 20, 2015 at 3:51 am

    တားတား တရားထိုင်မလို့ ဟာကို လေ online ကနေ ရေလာလောင်း တယ် ဦးလေး …. အာ့နဲ့ ရေချိုးခန်းမှာ တစ်ယောက်ထဲ သကျင်္န်ကြပလိုက်တယ်

    Reply

    • Mr. MarGa

      April 20, 2015 at 8:42 am

      ဘာသီချင်းနဲ့ သ​င်္ကြန်​ကျတာလဲဟင် 😉

      Reply

  • kotun winlatt

    April 20, 2015 at 5:46 am

    သင်္ကြန်မှာ သင်္ကြန်ဒိုးသံတွေ မကြားရတော့ဘူးးး အော် တပ်ထားတာက ရိုးရာသင်္ကြန် ဆိုနေကြတာက အတိုအပြတ် ချက်ပေါ်တွေနဲ့ ဆိုတော့ကာ

    Reply

    • Mr. MarGa

      April 20, 2015 at 8:43 am

      ရိုးရာလား
      ရိုးရာလို့ နာမည်​တပ်ပြီး လုပ်​ချင်​ရာလုပ်​တာလား
      🙁

      Reply

  • ခင်ဇော်

    April 20, 2015 at 8:20 am

    ဆုတောင်းကြတာပေါ့ကွယ်။
    ဟိဟိ
    :mrgreenn:
    နာ တောင် အဲသဟာတွေ မသိဘူး ဈေးချိုသူတော့ မှီလိုက်သားး

    Reply

    • Mr. MarGa

      April 20, 2015 at 8:47 am

      ဝန်ခံပါတယ်
      ဒါ ၁၉၇ဝ ဝန်းကျင်​က သ​င်္ကြန်​ကို ပြန်​တူးထားတာ
      အ​တော်လေး ဖော်​ယူလိုက်​ရတယ်​ဗျ

      Reply

  • Ma Ma

    April 20, 2015 at 8:43 am

    ထူးပါတယ်အောက်မေ့တာ နတ်ပြည်က သင်္ကြန်ကိုးးးး :k:

    Reply

    • Mr. MarGa

      April 20, 2015 at 8:48 am

      ပျော်​စရာကြီးနော် 🙂

      Reply

    • Mr. MarGa

      April 20, 2015 at 10:39 am

      ဒေါသကို လာဆွနေတာလား 👿

      Reply

  • Alinn Z

    April 20, 2015 at 11:36 am

    ကွင်ပြည်မှာ ထူးခြားတဲ့ ရေလောင်းရေပက်ဟန်လေးတွေ တွေ့ခဲ့တယ်…
    စာလေးတောင် ရေးထားသေး…

    :k:

    Reply

    • Mr. MarGa

      April 20, 2015 at 2:08 pm

      ကွင်​သဗုန်တွေက နိကို ရေကန်​ထဲ ကန်​မချကြဘူးလား

      Reply

    • Mr. MarGa

      April 20, 2015 at 2:20 pm

      တိန်
      နည်းနည်းတော့ လျှော့ပါဦး
      အသက် ၇ဝ အဘိုးကြီးလောက်တော့ လုပ်
      :a:

      Reply

  • ဝင့်ပြုံးမြင့်

    April 20, 2015 at 5:19 pm

    .သဂျားမင်းကလည်း ကိုယ့်တာဝန် ကိုယ်မကျေပါဘူး။ လူ့ပြည်ဆင်းတော့ ခွေးသားရေ ပုရပိုက်တို့ ဘာတို့ မပါသွားဘူးလား။

    Reply

    • Mr. MarGa

      April 20, 2015 at 5:30 pm

      ပုရပိုက်နဲ့ မနိုင်လို့ tablet ကို external HDD နဲ့ တွဲပြီး သယ်လာရတယ်ဗျို့

      Reply

  • မြစပဲရိုး

    April 20, 2015 at 10:47 pm

    အော သိကြားမင်း တောင် လက်မှိုင်ချ နေရတော့တဲ့ ပွဲ ဖြစ်နေပါရော့လား။ lol:-)))

    . ငွေငန်း နဲ့ မြို့မ ပျောက်မနေသင့်တာ အမှန်ပါဘဲ။
    ဒါတွေ မပါရင် သင်္ကြန်လို့ မခေါ်ချင်တော့ဘူး။
    အဲဒီ ရက် မှာ သင်္ကြန်မိုး ကိုတော့ ပြန်ကြည့် ကြရတယ် မဟုတ်လား။
    ငွေငန်းကြီး ပြီးတော့ ရွှေခြေချင်း နဲ့ ခြေထောက်လေး နဲ့ ဖွင့်ခဲ့တာဟုတ်။
    ဒါမျိုး ဒီလို သီချင်းတွေ နဲ့ ရုပ်ရှင်ကားလေး တွေ ထပ်မရနိုင်တော့ဘူးလား အမြဲမေး နေမိတဲ့ မေးခွန်းပေါ့။

    Reply

    • Mr. MarGa

      April 21, 2015 at 9:37 am

      ငွေငန်းရှိနေသေးလို့သာ မန်းသင်္ကြန်လို့ ပြောလို့ရနေသေးသလိုဖြစ်နေတာဗျ
      မြို့မ ခမျာလည်း ယဲ့ယဲ့နဲ့ ဆက်သွားနေရတယ်လို့ပဲ……………

      Reply

  • Mike

    April 22, 2015 at 1:05 pm

    .ဒီနှစ်သင်္ကြန်လည်းမနှစ်ကလို အိမ်မှာပါပဲ
    .စတိတ်ရှိုး သင်္ကြန်တွေလည်းစိတ်မဝင်စားလို့ ကိုယ့်လမ်းထိပ်တင်စည်နေတာတောင် သွားမကြည့်မိ :n:

    Reply

    • Mr. MarGa

      April 22, 2015 at 4:28 pm

      မလည်တာ သုံးနှစ်တော့ ရှိပြီ 🙂
      နောက်နှစ်တော့ ရေးစရာလေး ဘာလေးရအောင် တရားလေးဘာလေးပေါက်အောင် လည်ဦးမလား တွေးတယ် :mrgreenn:

      Reply

  • Ma Ei

    April 22, 2015 at 4:14 pm

    တစ်ခုနှစ်ခု ကနေ ဆက်ဖတ်
    မဟုတ်လောက်တော့ဘူးထင် ဆက်ဖတ်
    အိပ်မက်ဖြစ်မလား ဆက်ဖတ်
    … …
    … …
    မဖြည်ပါနဲ့တော့ သဂျားရယ်….
    အရင်က သင်္ကြန်ကို လွမ်းလို့ပါ

    Reply

    • Mr. MarGa

      April 22, 2015 at 6:09 pm

      ဒီအတိုင်းလေးပဲ ထားထားလိုက်မယ် နော် 🙂

      Reply

  • padonmar

    April 22, 2015 at 9:34 pm

    အိပ်မက်မက်တာရေးပြီလို့ပဲ ထင်မိတာ။
    .ဒါတွေ လွမ်းနေရင် သကြား အဖိုးကြီး ဖြစ်ပြီ။

    Reply

    • Mr. MarGa

      April 23, 2015 at 9:54 am

      စာထဲမှာဆိုတော့
      ကိုယ် တွေးရင် တွေးသလောက် ခရီးရောက်တယ်လေ ဒေါ်လေးရဲ့ 🙂

      P.S. အဖိုးကြီးတော့ မလုပ်ပါနဲ့ အဖိုးအိုပေါက်​စလောက်ပဲထားပါ :mrgreenn:

      Reply

  • မဟာရာဇာ အံစာတုံး

    April 26, 2015 at 9:49 am

    ဘာတွေ ဘယ်လိုပဲ ဖြစ်ဖြစ်
    “ပြီးတော့လည်း ပြီးသွားတာပဲ” မဟုတ်လားကွာ …
    ထူးဆန်းပါဘူး …

    Reply

    • Mr. MarGa

      February 23, 2017 at 1:27 am

      ပြီးပြီးပျောက်ပျောက် ဖြစ်သွားခဲ့တဲ့ အချိန်တွေ များခဲ့ပြီ
      တသသ တမ်းတရမယ့် အချိန်ကာလတွေက ဘယ်မှာလဲ…….

      Reply

Leave a Reply

Your email address will not be published.