မြန်မာပြည်ကို…လွမ်းတယ်လား …….ကိုရင်..

fattyAugust 21, 20101min011

ကိုရင် ကိူဖိုးထူး ….

ရှင် ..မြန်မာပြည်ကထွက်သွားတာဘဲ ကိုးနှစ် ကျော်ကျော် ရှိပြီနော် ……

ရှင့် ကျေးဇူး ကြောင့် ကျမတို့ မိသားစု အခု ရန်ကုန် မြို့လည် ခေါင် မှာ တော်ရုံသင့်ရုံ အခန်းလေးတော့ငှါးပြီး နေနိုင်ပါပြီ။ ဒါပေမဲ့ ရှင်ဒီကြားထဲမှာ

တခေါက်တလေမှ ပြန်မလာ နိုင်တာကိုတော့…. ကျမစိတ်မကောင်းဘူး တော့ .. အေးလေ … ရှင် ထွက်သွားပုံကလည်း နောက်ကြောင်း မှ မအေးတာကိုး …

မြန်မာပြည် ကို လွမ်းတယ်ဆိုတဲ့ ..ရှင့် အတွက် …ဓါတ်ပုံလေး တွေ ပို့လို်က်တယ် ..။ ကျမ သူများတွေလို ၂ လုံး ၃လုံးတွေ ကစားမဲ့ အစား ရတဲ့ ငွေလေးစုပြီး

ကင်မရာ သေးသေး လေး တလုံး ဝယ်ထားတယ်။ ရှင့် သားတွေကို ခေတ် နဲ့ရင်ဘောင်တန်းပြီး ပညာတတ်ကြီးတွေ ဖြစ်အောင် လုပ်ပေးချင်တာတော့…။

ကျမကတော့မနက်စောစော ထပြီး လွတ်တော် ဘက်လမ်းလျှောက် ရင်း တနေ့တာ အတွက် အကြံ အစီတွေ လုပ်စရာတွေ စဉ်းစားရတာပေါ့။ သွားရင်းလာရင်း

ကျမ ရိုက်တတ် သလောက် ရိုက် ထားတဲ့ ပုံတွေပါ …..

……….. ရွှေတိဂုံ ဘုရားကြီး အရင်ဖူး လိုက်ပေါ့တော်…

………. ပြီးတော့ လွှတ် တော် ကြီး လဲ တွေ့ ရမှာပါ …..

……….ပြည် သူ့ရင်ပြင် မှာလည်း လေ့ကျင့်ခန်း လုပ်သူတွေ အများသားတော့ ။ …. ဆေးခန်းတခါသွားရင် ကုန်ကျစားရိတ်က မနဲဘူးဆိုတော့ ဆီးချို သွေးတိုး နှစ်လုံး

ကြိုတင် ကာကွယ်ကြတာပေါ့ တော့..။ ရှင်ရော ကျန်းမာရေး ဂရုစိုက်နော် ….ကျမအီကြာကွေးစားရင်ကို့ရင့်ကို သတိရတယ် ..သိလား ………. ။

11 comments

  • bigcat

    August 21, 2010 at 4:21 am

    အီကြာကွေးအကြောင်း နဲနဲ အကျယ်ချဲ့စေလိုပါတယ်။ အဲဒီလောက်တောင် ဖြစ်နိုင်ပါ့မလားလို့ပါ။

    Reply

    • Maung Dae`

      August 21, 2010 at 4:56 am

      ဒါကတော့ တူ့ဇာတ်ကြောင်းနဲ့တူပေါ့နော်… မစပ်စုနဲ့လေ.. အဟဲ…

      Reply

  • fatty

    August 21, 2010 at 6:03 am

    တလွဲ အတွေးမချော် ကြပါနဲ့တော် ….အရင်က ကျုပ် ကိုရင် ကိုဖိုးထူး က သူများ လ္ဘက်ရည် ဆိုင်မှာ အီကြာကွေး ကြော် တာတော့ ….ကျမက လ္ဘက်ရည်ဆိုင် ဘေး က
    အကြော် ရောင်း တာ လေ သူ့အီကြာကွေး ဘယ်လောက် ကောင်း ကြောင်း ပြောရင်း ပြောရင်း ကျမလည်း မြည်း ကြည့်မိပြီး …..ပုဆိုး တန်းတင် ဖြစ်သွားကြ တာ ….
    အီကြာကွေး မြင် ရင် သတိရ တာပေါ့ တော့…။

    Reply

  • kai

    August 21, 2010 at 6:59 am

    ဒီလို ဓါတ်ပုံနဲ့ဇတ်လမ်းလေးက နို်င်ဂျံဂါးနေသူတွေ အလွမ်းပြေတယ်..၊
    တကယ်ကြီးကို ပြည်သူ့ရင်ပြင်မှာ အဲလိုလေ့ကျင့်ခန်းလုပ်နေကြတာလား..။

    အီကြာကွေးက အယ်လ်အေ မှာတော့ ရှယ်ရတယ်ဗျ။
    တရုတ်တွေအစားအစာဆိုတော့ တရုတ်ဆိုင်မှာ ဝယ်လို့ရတယ်။ ပလပ်စတစ်အိပ်နဲ့အလုံထုပ်ထားတာပဲ၊ အေးစက်စက်ပေါ့။
    မိုက်ခရိုဝေ့ဗ်ထဲနွေးပြီး ကုလားတန်းကလက်ဖက်ရည်နဲ့ဆွဲလိုက်ရင် ဗမာပြည်က ရှုံးသွားမယ်…။
    ရေးရင်းနဲ့မှ စဉ်းစားမိတယ်…ဗမာတွေ..တရုတ်-ကုလားချစ်ကြည်ရေးအစားအစာ လုပ်စားတတ်တာပဲနော..။

    Reply

  • aung

    August 21, 2010 at 7:58 am

    ဘာတွေဖြစ်နေနေ၊ဘယ်လောက်ဘဲ မတိုးတက်မှုတွေနဲ့ပြည့်နက်နေပါစေ၊
    ဘယ်လိုထွန်းကားတဲ့နေရာမှာနေနေရပါစေ၊ကျုပ်တော့ ကိုယ့်မြန်မာပြည်ကြီးကိုဘဲ လွမ်းတသသနဲ့ရှိနေတာဘဲဗျာ။ဘယ်တော့များမှ ထွန်းကားတဲ့မြန်မာပြည်ကြီးမှာ ကိုယ့်မြန်မာလူမျိုးတွေ ပျော်ရွှင်ချမ်းမြေ့စွာနေကြရပါ့မလဲ၊ရွှေပြည်တော်မျှော်တိုင်းဝေး ရွှေပြည်တော်မျှော်တိုင်းဝေး ရွှေပြည်တော်မျှော်တိုင်းဝေး

    Reply

  • fatty

    August 21, 2010 at 11:20 am

    ကျမလေ …ရှင်တို့ရေးတဲ့ စာတွေဖတ်ပြီး .. ရင်ထဲမှာ တမျိုး ကြီး ဘဲ တော် ….ကိုဖိုးထူးကို တွေ့ရင် လဲ ပြောပေးကြပါ … တခေါက်တလေတော့
    မြန်မာပြည် ကို ရောက် အောင် ပြန်ခဲ့ပါ အုံးလို့ ……………. ။

    ဟုတ် တာ ပေါ့တော် … မနက်မနက်ဆို လွှတ် တော် ရှေ့မှာ လေ့ကျင့်ခန်း လုပ်တဲ့သူတွေနဲ့… အဲဒိုးဗစ်ဆိုလား ကတဲ့သူတွေနဲ့ စည်မှစည်ပေါ့တော် …
    အခုက မိုးတွင်းမို့လို့ .. မိုးကုန်ရင် အနွေးထည်ဆိုင် တွေတောင် လာဖွင့်ကြသေး …. သီချင်းတွေဖွင့်ပြီး ကကြတာတော့ ….

    Reply

  • chitsayar

    August 21, 2010 at 11:26 am

    မောင်တို ့ကိုလေ အကြီးအကဲတွေက
    သဘာဝတရားကြီးထဲမှာ ရိုးသားသူတွေအဖြစ် ရှိနေစေချင်လွန်းလို ့
    ဒီလောက်တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ ရေမလာမီးမလာထားတာ
    အဲဒါ အကြီး( ကျွဲနှင့်နွားလည်းကြီးပါသည်) အကဲ တွေရဲ ့
    စေတနာ စေတနာ

    Reply

  • မန်း ရိပ်

    August 21, 2010 at 1:30 pm

    အော် အီကြာကွေး တောင် အငြိမ်မနေရဘူး ဆွဲထည့်လိုက်သေးတယ်

    Reply

  • fatty

    August 21, 2010 at 2:18 pm

    စတားလေးများ ပေးချင်စိတ်ပေါက်အောင်လို့ပါ …တော်

    Reply

  • Patriot

    August 24, 2010 at 4:25 pm

    Oh!!! Like that ?? GoOd gOod goOD

    Reply

  • လင်းငယ်

    August 31, 2010 at 9:07 am

    ‘ဒီအကြောင်းရာက ဘာကို ပြောချင်တာလဲ မသိဘူး။ ဓါတ်ပုံကလည်း ဘာကို ဆိုလိုမှန်း မသိဘူး။ ကျွန်တော်ပဲ ဉာဏ်မကောင်းတာများလား

    Reply

Leave a Reply

Your email address will not be published.