” ဘယ်ရောက်သွားပါလိမ့် “

ခင္ခJanuary 14, 20151min07

ကဗျာရေးကြတယ် ဆောင်းပါးရေးကြတယ် ဝတ္ထုတစ်ပုဒ်ရေးကြတယ်ဆိုတဲ့နေရာမှာ ပြင်ပမှာတွေ့မြင်နေရတဲ့ အရာကိုဘဲ အတွေးတွေနယ်ချဲ့ပြီး သူတစ်ပါး ဖတ်လို့ကောင်းအောင် စိတ်ဝင်စားအောင် ဒါမှမဟုတ် ကိုယ့် အတွေးကို အရေးအဖြစ် ပုံဖော်ချင်လို့ ရေးဖြစ်ကြတာလို့ ဆိုချင်ပါတယ်။
ဒီရွာထဲမှာ ပြင်ပြမှာတွေ့ခဲ့တာတွေကိုအခြေခံပြီး အတွေးကောင်းတွေနဲ့ အရေးကောင်းတွေရေးခဲ့တဲ့ ရွာသူားတွေ တစ်ပုံတစ်ပင်ကြီးရှိခဲ့ဖူးတယ်ဆိုတာ ကျွန်တော်မှီခဲ့လေတော့သိတယ်ဗျာ။
အဲဒီ အတွေးကောင်း အရေးကောင်းကြတဲ့ ရွာသူားတို့ရဲ့ လက်စွမ်းထက်စာပေလေးတွေကို ဖတ်ချင်လွန်းလို့ စောင့်နေမိစဲပါ ရေးကြပါအုံးလို့……………….။

 

 

” ဘယ်ရောက်သွားပါလိမ့် “

 

နေ့စဉ်မနက်
ဒီစားပွဲထက်
မုန့်ပုဂံနှစ်ချပ်
ကော်ဖီခွက်နဲ့
လက်ဆုံစားခဲ့
ပျော်ရွှင်လျှက်
ထိုနေ့ကတော့
စားပွဲထက်ဝယ်
ကော်ဖီခွက်ငယ်
သောက်လက်စထား
ကိတ်မုန့်များက
တစ်ပိုင်းပြတ်နဲ့
စားသောက်ဖဲ့ကာ
ကျန်ရစ်ရှာပြီး
စားသူကင်းမဲ့
တိတ်ဆိတ်လျှက်ကွယ်
ဘယ်ရောက်သွားကြ
ချစ်ဇနီးမောင်နှံက
သိချင်လိုလို့စပ်စုပြုသော်
လောကလူသား
တိုးပွားဖို့အတွက်
မွေးခန်းပြေးသည်…….ဟုဆိုလေသည်။
ခင်ခ။
(ဒါကတော့ ရွာဆုံတွေ့ပွဲတစ်ခုမှာ ကျုပ်မိတ်ဆွေရောင်းရင်းဇနီးမောင်နှံကိုမြင်ခဲ့ပြီးတွေးမိတဲ့ အပိုင်းအဆလေးကို ရေးစပ်ဖြစ်တာပါ။)

7 comments

  • Mr. MarGa

    January 14, 2015 at 11:38 am

    မွေးခန်းပြေးပြီ ဆိုတော့…
    အင်းးး
    မျိုးဆက်သစ်တွေဆီကို လက်ဆင့်ကမ်းမယ့်ပုံ 🙂

    Reply

    • ခင် ခ

      January 14, 2015 at 4:21 pm

      ဘယ်အဖွဲ့အစည်းမှာဘဲဖြစ်ဖြစ်
      ဘယ်မိသားစုမှာဘဲဖြစ်ဖြစ်
      ဘယ်အသိုင်းအဝန်းမှာဘဲဖြစ်ဖြစ်
      ဘယ်တိုင်းပြည်မှာဘဲဖြစ်ဖြစ်
      အချိန်ကျရင်တော့ မျိုးဆက်သစ်ကို လက်ဆင့်ကမ်းကို ကမ်းရမယ်လေ ဒါ သမိုင်းပေးတာဝန်ပါဘဲ ဦးမာဃရယ်။ အချိန်ကျလို့မှ လက်ဆင့်မကမ်းတတ်ကြဘူးဆိုရင်တော့ ခေတ်နောက်ကျကျန်မှာမလွဲဧကန်ပင်ဖြစ်ပေလိမ့်မည်။

      Reply

  • kyeemite

    January 14, 2015 at 11:53 am

    .ရေးချင်ပါသည်
    .တင်ချင်ပါလျှက်
    .အကြံမထွက်လို့
    .ခေါင်းကိုလက်ကုတ်
    .ဉာဏ်ထုတ်လို့သာနေရပါသည်
    .မကြာခင်မှာရေးအုံးမည်။

    .ကျုပ်လည်းရွာတွေ့ဆုံပွဲမှာ သူများတွေကို စာရေးဖို့ တိုက်တွန်းခဲ့ပေမဲ့ ကိုယ်တိုင်တော့ ခုထိ လက်မရောက်
    .နိုင်ဖြစ်နေသေးတယ် ကိုခရေ :k:

    Reply

  • အလင်းဆက်

    January 14, 2015 at 12:20 pm

    ရေးချင်တာတွေက များနေပါတယ်..
    ဒါမယ့်..ချရေးဖို့… အချိန် မရ ရှာဘူး..
    ကိုယ့်ဘဝလေး ကိုယ် သနားလိုက်ထာဗျာ..

    😥

    Reply

  • ဦးကျောက်ခဲ

    January 14, 2015 at 3:59 pm

    ရေးချင်ပါတယ်ဆြာခရေ…
    သမုဒ္ဒယာ ဝမ်းတစ်တောင် (တစ်ထွာ ၂-ယောက်ပေါင်း) အပြင် …
    နောက်ထပ် တစ်ထွာထပ်တိုးဦးမယ်ဆိုတော့ ရှာရတယ်ဗျို့…
    အချိန်ပါးရှား အာရုံတွေကလည်း ထွေပြားတာမို့… တစ်လတစ်ပုဒ်တောင် မလွယ်…
    😥

    Reply

  • aye.kk

    January 14, 2015 at 4:12 pm

    လွမ်းရေးထက်…၊ဝမ်းရေးခက်သတဲ့…
    ဇာပုဝါအနားချ….၊လှသထက်လှဖို ့…လိုအပ်နေပါသတဲ့…။
    ကလောင်သွားထက်ဘို ့အတွက်လည်း၊ဓားကောင်းအလက်တွေ..လိုအပ်နေ။။

    Reply

  • manawphyulay

    January 15, 2015 at 11:17 am

    အနုပညာရဲ့ ရည်မှန်းချက်ဟာ
    ခံစားချက်ကို အတွေးအဖြစ်
    ကြည်လင်အောင် လုပ်ဖို့
    ပြီးတော့…
    အဲဒီအတွေးကို
    ပုံသဏ္ဌာန်တစ်ခုနဲ့ ဖော်ပြဖို့
    ကမ္ဘာလောကကြီးရှိနေသရွေ့
    အနုပညာဟာ သေမသွားဘဲ
    အမြဲရှင်သန်ကြီးထွားနေမှာပါ…

    မနောဖြူလေး ခံစားသည်…

    Reply

Leave a Reply

Your email address will not be published.