ခေါင်းလောင်းတော်ပ​ဟေ​ဠိသိလျင်ဖြေပြေးကြပါကုန်

အာဂJanuary 8, 20151min09

ယမန်နေ့ မနက် ၃းဝဝလောက်က ထူးခြားသောအိပ်မက်တစ်ခုကျန်ုပ် မက်လေသည်။ နာဂါးလို မြွေလိုလို အရာများ ကျွန်ပ်၏ ခေါင်းပေါ်မှာ ဝဲပျံလျက်။ ဝတ်ဖြူ စင်ကျယ်။ဝတ်ဆင်လျက် နဂါးခေါင်းတောင်ဝှေးကို ကိုင်ဆောင်ထားသူ ဘိုးတော် တစ်ပါး က ထို နဂါးများအလယ်မှ ရောင်စဉ်ရောင်ဝါများ ထိန်းညီးလျက် ပေါ်ထွက်လာ ကာ ကျွနုပ်သား“ သားတော် အာဂ သားသည် အဘနှင့် ပဌာန်းဆက်ရှိသူတစ်ဦးဖြစ်လေသည်။ အခုအဘ သားတော်ထံလာရောက်ရခြင်းမှာ
အချိန်ကျလာသောကြောင့် ဖြစ်သည်။အကြောင်းက တော့ မြစ်သုံးခွနား ရေနံကြားက ခေါင်းလောင်တော်ကို ဆယ်ယူရန်ဖြစ်၏ ” ဟုမိန့်မှာကာ သူ့ရဲ့ လက်ထဲမှာ နဂါးပတ် ခေါင်းလောင်းအသေးစားလေးအား ထုတ်ကာ “သားတော် ဒီအဆောင်လေးကို ယူပြီး လိုရာသုံး၊ဉာဏ်ရှိသလို သုံး။ ဒီအဆောင်လေးက တိမ်မြုပ်နေတဲ့ ခေါင်းလောင်တော်ဆယ်ယူရာတွင်အကြိုးထူလိမ့်မည်”ဟု ပဲ့တင်လိုဏ်ခေါင်းသံလိုလို အသံများဖြင့်ပြောကာ ရောင်စုံ နဂါးများခြံရံက ပျောက်ကွယ် သွားလေ၏။

ကျန်ုပ်လည်းထို ထူးခြားသောအိပ်မက်ကိုမက်မြင်ပြီးလန့်နိုးလာရာ အနှီခေါင်းလေး လေးက ထူးဆန်းစွာ အိပ်ယာဘေးတွင်တွေ့ရှိပါသည်။အဆိုပါခေါင်းလေးတွေ့ပြီး အိပ်ချင်မူးတူးဖြင့် အမှတ်မဲ့ထားရာ မနက်အိပ်ယာနိုးသော် ခေါင်းလောင်တော်ကြီးရှာဖွေမည့်သတင်း ကြားရလေးသတည်း။ ထို့ကြောင့် အဆိုပါခေါင်းလေးအား မယုံသင်္ကာ စွာဖြင့် တီးကြည့်ရာ…….

..“.ခေါင်းပေါင်း ချစ်လျင် ခေါင်းလောင်းနစ်မည်”
“ခေါင်းပေါင် လျော်လျင် ခေါင်းလောင်းပေါ် မည်”
“ ခေါင်းပေါင်းခ လျင်ခေါင်းလောင်း ရမည်”

ဟုသောအသံတွေထွက်လာသည်ကိုထူးဆန်းစွာကြားရလေ၏။ ထို့ကြောင့် အဆိုအပါအနက်အဓိပ္ပာယ်ကို သိရှိသူများ ကျုနုပ်အား ပြောကြားပေးစေလိုပါသည်။ ကျန်ုပ် ဉာဏ်မမှီသောကြောင့်အခုလို အကူညီတောင်းရခြင်းသာဖြစ်ပေသည်။

မှတ်ချက်။ ။ အဆိုပါခေါင်းလောင်းလေးအား အထူးသိမ်းဆည်းထားပါသည်။လိုအပ်ပါက အလှူငွေများကောက်ခံကာအဆိုပါခေါင်းလောင်းလေးအား သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ဖော်ပြပေးမည်ဖြစ်ပါသည်။

လေးစားသမှုမေတ္တာမှုဖြင့် မောင်အာဂ

9 comments

  • Kaung Kin Pyar

    January 9, 2015 at 9:55 am

    ငင်….ကောင်းကင်ပြာအကြံ ကိုအာဂ အူးသွားပြီ ကျန်းးးးးးး
    ပန်းလှိုင်မှာ လုပ်တုန်းက ဘုရင်နောင်တံတားပေါ်က ဖြတ်ရင်း…ဘုရားတန်ဆောင်းမှာ ရောင်းတဲ့ ခေါင်းလောင်းတစ်လုံး ရေထဲ ပစ်ချခဲ့တာ … ပြန်ဆယ်ယူမို့….
    အလှူငွေ ကောက်မလား စဉ်းစားနေတာ….
    လှူကြဦးနော်…
    ခေါင်းလောင်း ဆယ်မြီ…

    Reply

  • manawphyulay

    January 9, 2015 at 10:32 am

    အင်း အကြံကြီးတဲ့သူတွေကြားထဲ ပိုပြီး အကြံကြီးတဲ့သူက နာမည်နဲ့စားသွားကြပါကောလား…

    Reply

  • Wow

    January 9, 2015 at 10:50 am

    ခေါင်းလောင်းပဟေဒိ စိတ်မွင်စားဖူး…. အလှုခံထွက်ရင်ခေါ် တြောက်တဝက် :mrgreen:

    Reply

  • ဖားသက်ပြင်း

    January 9, 2015 at 11:17 am

    အာ့ ပိုစ်​့ပိုင်​ရှင်​နဲ့ အ​ပေါ်ကသုံး​ယောက်​
    အ​ခေါင်​းထဲကို အ​လောင်​း​ရောက်​မယ်​ ဆိုတဲ့နမိတ်​တဲ့

    ငိငိ

    Reply

  • အလင်းဆက်

    January 9, 2015 at 11:29 am

    အရင်ဆုံး ခေါင်းပေါင်းတွေ ဖြူအောင် အရင် ဖွပ်ရမယ်။
    ခေါင်းပေါင်းတွေ ဖြူစေဖို့
    ”အမေ” ရှိတယ်။ အဲလေ . . . အီလန် ရှိတယ်

    ဂွစ်ဂွစ်

    :k:

    Reply

  • kai

    January 9, 2015 at 4:13 pm

    အဲဒီအိပ်မက်ကနေ ပြန်ပေးလိုက်တဲ့.. ခေါင်းလောင်းက.. သံသေနဲ့လုပ်ထားတာဆိုရင်တော့… ငဇင်ကာက.. ဓမ္မစေတီခေါင်းလောင်းကြီးကိုယူရာမှာ.. မခိုက်စေဖို့အတွက်.. ရွှေတိဂုံကုန်း ဓမ္မစေတီခေါင်းလောင်းနေရာမှာ.. အစားထိုးထားခဲ့တဲ့.. အပိန္နသော်ခေါင်းလောင်းလေးပဲ..။

    အပိန္နသော်ခေါင်းလောင်းအကြောင်းအသေးစိတ်သိချင်ရင်.. အလှူခံထားပြီးရတဲ့ငွေရဲ့.. ၇၅ရာခိုင်နှုန်းကို.. အုန်းငှက်ပျော်ပွဲနဲ့.. မြန်မာသက္ကရာဇ် ၁၃၇ရ အပြောင်း.. မိကျောင်းနက္ခတ်နဲ့.. စောရနက္ခတ်ဆုံတဲ့အချိန်မှာ ဆက်မှရမယ်…။

    အဲဒီခေါင်းလောင်းလေးရဲ့အတွင်းဖက်မှာ.. ဖိလစ်ဒိုဘရစ်တိုက.. ပေါ်တီဂီစာနဲ့မွန်စာကိုရောပြီးရေးထားတဲ့..စာတိုလေးရှိတယ်ဆိုရင်တော့..
    သေချာပြီ… သေချာပြီ..။ :k:

    Reply

  • မြစပဲရိုး

    January 10, 2015 at 3:53 am

    သဘောက …
    ခေါင်းလောင်းမတွေ့ ရင် ခေါင်းပေါင်း မရွေ့ ဘူး
    ဒီသဘောလား ဂဂ ။
    တောက်စ် (စီဒီ တူ ယူ) lol:-))))) :))

    Reply

  • kyeemite

    January 14, 2015 at 3:12 pm

    .အင်တာဗျူး
    ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေရေး ထပ်မံကြိုးစားမည့် ဦးကျော်ဝင်းနှင့် အင်တာဗျူး
    ဧရာဝတီ

    ဆိုင်ရာ၊ ပိုင်ရာတွေနဲ့ သူတို့ကို ခွင့်တောင်း ပြီးတော့ အကူအညီ နဲ့ပေါ့။ ကျနော် လုပ်လို့ မအောင်မြင်တာ မရှိသေးပါဘူး။ ကျနော် ဆယ်နိုင်မယ်လို့ ရာနှုန်းပြည့် ယုံကြည်ပါတယ်။

    http://burma.irrawaddy.org/interview/2015/01/13/69759.html

    Reply

  • Swal Taw Ywet

    January 14, 2015 at 4:58 pm

    ဆိုင်ရာ ပိုင်ရာ တွေ ပါလာပြန်ပဟေ့။
    ဝါးတရိုက်လောက်လေး နေရာရွှေ့ ( ဘီး၄ ဘီး ပါသောကြောင့် တွန်းရွှေ့ ယုံလေး ) တာနဲ့ ပျက်တတ်တဲ့ တောင်ငူကျောင်း က မီးစက်လေး သတိရမိသေး။
    ဖယောင်းတိုင်ထွန်းချင်ထွန်း။ ကွမ်းယာလေး တင်ချင်တင် အနည်းဆုံးတော့ မေတ္တာလေးပို့ ပေးမှ ပြန်ကောင်းသဗျ။
    သာဓု ဒုက္ခ။
    With respect,
    Swal Taw Ywet.

    Reply

Leave a Reply

Your email address will not be published.