၂၀၁၄ လက်ကျန်ရှင်းတမ်း ဒါ့ပုံ Show

မြစပဲရိုးJanuary 4, 20155min012

မနှစ်က ပေါ့။
(၄ ရက် ဘဲ ခြားတာ ကို ဒီလို သုံးတော့ အဝေးကြီး လို ဘဲ) 😉
ရွာထဲ ပြောဖို့ အကြောင်းတွေ မပြောဖြစ်ခဲ့တာ အများကြီး။
ဒါကြောင့်  ပေးရန်ရှိ စာရင်း ချုပ် ပြီး စု တင်လိုက်ပါတယ်။

MG11
(၁) အနှစ်သက်ဆုံး

ခရစ်စမတ်ပါတီ တုန်းက ပုံ ပါ။ အမြင်မလှ ပေမဲ့ အရသာကောင်း တဲ့ ကျောက်စ် ရဲ့ Starter ပေါက်စ် က နဲနဲ ဘဲ ကျန်တော့တယ်။

MG02
(၂) လှမ်းမမှီလဲ

ငှက်စာ အတွက် ကို ဝင်တီး နေတဲ့ ရှဉ့်။ အခု တော့ လဲ သူ့ ကို ချစ်လို့ အစာ တွေကို အောက်မှာ ချကျွေးလိုက်တော့တယ်။

MG03
(၃) ချောင်းနေသူ

ရှဉ့်ချောင်းတဲ့ ကြောင်ပေါ့။ ညနေတိုင်း လဲ အချိန်မှန် အဲဒီတိုင်ပေါ် ငုတ်တုတ်ကြီး။

MG09
(၄) သိပြီး မသိတဲ့စာ

နိုဝင်ဘာထဲ မှာ လန်ဒန်က British Museum မှာ မြန်မာ နဲ့ ထိုင်း ယဉ်ကျေးမှု ပြပွဲလုပ်တယ်။ အဲဒီက ပုံပါ။ မဖတ်တတ်တဲ့ ကျောက်စာ ပေစာ။

MG01
(၅) အာရုံဦး

နွေ အကုန် ဆောင်း အကူး ရာသီပြောင်းချိန် က မနက်ခင်းလေး၊ တစ်အားလှတယ်။

MG15
(၆) အခါလွန်သီး

မအိ ရဲ့ ပူတင်း ကို အကောင်အထည်ဖော် ဖို့ အမှည့်ခံထား တဲ့ ငှက်ပျောသီး။ မလုပ်ဖြစ်ခဲ့။

MG14
(၇) နေရောင်သုံးသူများ

ခဏ လာပြီး ပျောက်သွားတဲ့ ရွာသား ရဲ့ ဆိုလာပြား တွေ အဖော်ရအောင်လို့။

MG06
(၈) ချစ်ကြည်ရေး

ဘူဖေး ဆိုင် မှာ ယိုးဒယား ချဉ်စပ်၊ အင်္ဂလိပ် ဝက်အူချောင်း နဲ့ ဂျပန် ဆူရှီ။

MG08
(၉) အကာအကွယ်မင်တဲ့ ပါဝါရှင်

အပေါ်မှာ ပြောခဲ့တဲ့ British Museum က မြန်မာ နဲ့ ထိုင်း ယဉ်ကျေးမှု ပြပွဲ ထဲ က နောက် တစ်ပုံ။

MG13
(၁၀) တစ်ခါက

တင်ဇာမော် ကို ကြိုက်တဲ့ ဇီ ကလေး ကို ပြဖို့ တစ်ခါ က အရီး ရဲ့ ကိုယ်ပိုင် စိတ်ကြိုက် သွင်း သီချင်းများ။ ကြိုက်လွန်းရင် တစ်ပုဒ် ထဲ ကို အခါများများ ပြန်သွင်းတယ်။ ပြန်ရစ် စရာ မလိုအောင်။ Something ဂေါက်လေ။ lol:-)))

MG04
(၁၁) အလင်း အမှောင် အဖြူအမဲ

သစ်ခွ ဘုရင် မောင်အောင် နဲ့ လက်တွေ့စိုက်နေသူ ချာတူး တို့ နဲ့ အပြိုင် အိမ် က သစ်ခွပါ။

MG07
(၁၂) လျှပ်စစ်ည

နေတဲ့ မြို့ က အကြီးဆုံး  Mall ထဲ က အခမ်းနားဆုံး Christmas Lighting ။ ဒါကြောင့် ပြောတာ ဒီမှာ စားစရာ ကို ဦးစားပေးပါတယ်လို့။ 😉

MG16
(၁၃) ပဲကြာဇံ

သဲနု ရဲ့ ကြာဇံပေါင်း လုပ်ဖို့ ဝယ်ထားပြီး မဖွင့် ရသေး တဲ့ အထုပ်။ :))

MG10
(၁၄) အချစ်ကြီးသူများ

အဲဒီ သတင်း ကို ဖတ်ပြီး ရေးဖို့ ဟာ စိတ်ထဲ မှာဘဲ စာတွေသီ ခဲ့တဲ့ အဖြစ်။

MG12
(၁၅) အချိုပွဲ

နောက်ဆုံး ပိတ် ခရစ်စမတ်ပါတီ တုန်းက အချိုပွဲ ကိတ် လေး သုံးဆောင်ကြပါ။

…*  နှစ်သစ် မှာ ရွာသူ/သား များအားလုံး စိတ်ချမ်းမြေ့ ပြီး လိုရာဆန္ဒပြည့်ကာ ကျန်းမာ ချမ်းသာ အောင်မြင်မှုများ ရကြပါစေ။
…*  လောကီသာမက လောကုတ္တရာ မှာလဲ ကောင်းကျိုး ရနိုင်ကြပါစေ။ :))

12 comments

  • ခင်ဇော်

    January 5, 2015 at 6:33 am

    I love you.
    :chit:

    Reply

  • Mr. MarGa

    January 5, 2015 at 9:32 am

    ၁ ကို သွားရည်ကျ
    ၂ နဲ့ ၃ ကို ထိပ်တိုက်တွေ့ပေးချင်
    ၄ က အင်းကွက်လားတွေး
    ၅ ကို ထိုင်ကြည့်ချင်မိ
    ၆ ကိုကြည့်ရင်း သီးမွှေးကို မမှည့်မမှည့်မှ စားတတ်တဲ့ ကိုယ့်အကျင့်ကို ပြန်သတိထားမိ
    ရ မှာ နေရောင်ရော အပြည့် ရရဲ့လားတွေး
    ၈ က အာဖရိကန်စာ မပါသေးဝူးလေ
    ၉ ကိုမြင်တော့ လောကီ အစီအရင်တွေအကြောင်း နည်းနည်း အတွေးနယ်ချဲ့
    ၁ဝ ကက်ဆက်ခွေခေတ်ကို မမီမကမ်း မီလိုက်သေးသမို့ အဲ့တုန်းက အခွေတချို့ ပြန်သတိရ
    ၁၁ အနော့် ဖုန်း ပိစိနဲ့ အဲ့လောက် အသေးစိတ် ရိုက်လို့မရတာမို့ မနာလိုကြောင်း
    ၁၂ သစ်ပင် အစစ်က ဘယ်ချောင်ရောက်သွားလဲ
    ၁၃ မီးဖိုချောင်သည် မောင်မာဃနှင့် ယခုထိ ရန်ဖြစ်ထားသောနေရာမို့ ဘာမှ မသိ
    ၁၄ ရိုး….မြေ…ကျ ဆိုတာမျိုးပါလား
    ၁၅ အမ် ကုန်ပဟ… လက်သွက်လိုက်ကြတဲ့ ရွာသူားတွေ :mrgreenn:

    Reply

  • kyeemite

    January 5, 2015 at 10:41 am

    .ပုံလေးတွေကောင်းပါတယ်..ဒါပေမဲ့နဲနဲသေးတော့ ကြည့်ရတာ အားမရဘု
    .အစားအသောက်ပုံတွေက အားလုံးစားချင်စရာ :mrgreenn:
    .ရှဉ့်လေးကချစ်စရာလေး…ရွာထဲကပျောက်နေတဲ့ ကိုစိန်သော့ရဲ့ တစ်နေ့တာထဲက စပါးတွဲလာစားတဲ့ ရှဉ့် .ညိုလေးကိုသတိရသွားတယ်
    .ပုံ၄ က ဟိုးတုန်းက ဗမာတွေလုပ်လေ့ရှိတဲ့ ဇာတာရက်ချုပ် နဲ့ခတ်ဆင်ဆင် :))
    .အရီးမုတ်ဆိတ်လည်း စိတ်ချမ်းမြေ့ ပြီး လိုရာဆန္ဒပြည့်ကာ ကျန်းမာ ချမ်းသာ အောင်မြင်မှုများ .ထပ်ဆင့်ရပါစေဗျား

    Reply

  • Wow

    January 5, 2015 at 3:51 pm

    ရှဉ့်နဲ့ ပူစီလေးကို ချစ်တယ်

    Reply

  • Maung Thura

    January 5, 2015 at 7:29 pm

    အချိန်မှန်… ငုတ်တုတ်ကြီးက…
    ဦးကြောင်များလားဟင်..

    :k:

    Reply

  • padonmar

    January 5, 2015 at 8:59 pm

    မလတ်တယောက်တော့ ရွာထဲက ဖတ်လို့ အရသာမရှိတာတွေ (စားကြည့်မှ အရသာရှိတာကိုး) အဲဒါတွေကို သွားရေကျပြီး လက်စွမ်းပြဖို့ ဝယ်ယူစုဆောင်းလိုက် ဒိတ်တွေ အောက်ကုန်လို့ လွှင့်ပစ်လိုက် လုပ်နေရမှာ မြင်ယောင်နေတယ်။
    အပြင်မှာ ဘာကြုံကြုံ ရွာထဲ ပြန်ပြောပြမယ်ဆိုတဲ့ စိတ်ကူးတွေက ရွာသူသားတိုင်းဖြစ်နေတဲ့ ရောဂါပဲဖြစ်မယ်။
    ဒီပုံလေးတွေ ကြည့်ပြီး မလတ်ရဲ့ ရွာသံယောဇဉ်ကို သိရလို့ ပိုချစ်သွားပြန်ရော။

    Reply

  • အောင် မိုးသူ

    January 6, 2015 at 9:39 am

    အစုံပဲနော် ကျတော်ကတော့ Bakery တွေ မက်မက်မောမော သိပ်မရှိလှဘူး မကြိုက်တာလဲပါတယ်။ ကျန်တာတော့ အကုန်ကြိုက်တယ်။ 😀

    Reply

  • La Yeik

    January 6, 2015 at 12:54 pm

    ရှဉ့်လေးနဲ့ကြောင်လေးရယ်၊သစ်ခွလေးရယ်က ချစ်စာလေး….ပီးတော့ အပေါ်ဆုံး ၁ က ဟာတွေ အားလုံးစားချင်တယ် အရီး…

    Reply

  • Yae Myae Tha Ninn

    January 6, 2015 at 1:05 pm

    ကျွန်တော်က ချစ်ကြည်ရေးစားချင်တယ်… 🙂

    Reply

  • kai

    January 6, 2015 at 3:57 pm

    အခုဆို.. အမှိုက်ပုံတွေမှာ.. ခရစ်စမတ်ထင်းရူးပင်တွေအပြည့်ပေါ့…။
    ပစ်ကြပြီလေ…။
    အဲဒါတွေက.. အင်မတန်မီးလောင်လွယ်တယ်ဆိုတာပဲ..။ အပင်တွေစိုက်တဲ့… အော်ရီဂွန်လိုပြည်နယ်များဆို… အပင်မီယီယန်ချီစိုက်ရောင်းရသမို့… ဝင်ငွေကောင်းတယ်ဆိုကြတာပဲ..
    နှစ်သစ်လည်းဝင်ရော… အမှိုက်ပုံ..။

    ဆိုတော့…
    အမလတ်ရဲ့..အခမ်းနားဆုံးခရစ်စမတ်ပင်က… သဘာဝဝန်းကျင်အတွက်လည်း.. ခန့်ညားတယ်လို့.. ဆိုချင်… :k:

    Reply

  • မြစပဲရိုး

    January 7, 2015 at 3:38 am

    ဝင်ရောက် ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
    အချိန်စေ့ပြီမို့ နောက်မှ ဆက်ပြီး ဝင်လာ ရွှီးပါဦး မည်။
    အားလုံး ကို ကျေးဇူး အထူး တင်ရှိပါတယ်။ :))

    ၁ ကနေ ၁၅ အသေအချာ ခံစား သွားရုံ မက ခြေရာချ ပြခဲ့ သူ ဖိုးသကြား အား အရောင် ချယ်ပါတယ်။ 😉

    Reply

  • manawphyulay

    January 7, 2015 at 9:42 am

    နှစ်ဟောင်းအကြွေးပုံတွေ သေးနေတယ်ကွယ်.. နှစ်သစ်မှာ ကြီးကြီးတွေ တင်နော်… :mrgreen:

    Reply

Leave a Reply

Your email address will not be published.