နေရာ မှားပြီး ရှင်သန်မိတဲ့သစ်ပင်

alinsettDecember 18, 20141min016

 

”နေရာမှားပြီး ရှင်သန်မိတဲ့သစ်ပင်”

——-

 

ငါ့ကိုယ်ထဲ တစ်ယောက်ယောက်များ ဖောက်ထွင်းဝင်ရောက်မိလေသလား. . .

 

ဒါမှမဟုတ် ငါကပဲ. . .

တခြားတစ်ယောက်ယောက်ထဲ ဖောက်ထွင်းဝင်ရောက်ခဲ့လေသလား. . .

 

သေချာအောင် ငါ့ကိုယ်ကိုငါ

ခွဲခြမ်းစိတ်ဖြာကြည့်ရဦးမယ်. . .

 

ငါဟာ ဘယ်လိုမြေပြင်မှာ ရှင်သန်ခဲ့တဲ့. . .

ဘယ်လိုအပင်က . . .

ဘယ်လို သစ်သီးများလဲလို့. . .

 

~~~~~~~~

 

မောင်သူရ

 

၂၀၁၄၊ ဒီဇင်ဘာ၊ ၁၀

။။။။။

nayyar hmar tal tree

16 comments

  • ကြွေလွင့် ပန်း

    December 18, 2014 at 8:42 am

    သများတွေ လိုက်ဝေဖန်နေတာပဲ ဖတ်နေရတယ်
    မောင် အလင်းဆက် ဒီမှာ စရေးကာစက ဘာမှန်းညာမှန်းမသိလို့ ဝင်ဖောခဲ့ဖူးတဲ့လေနဲ့ ဖောမယ်

    (နေရာ မှားပြီး ရှင်သန်မိတဲ့သစ်ပင်)

    အဲ့လိုဆိုရာမှာ စာလုံးအထားအသိုလွဲနေရာကနေ ဖတ်ချင်စိတ်ဖြစ်လာတယ်။ တစ်ကယ်ဆို ” နေရာမှားပြီး ရှင်သန်မိတဲ့ သစ်ပင် ” ဆို နေရာအထားအသိုမှားနေတဲ့ သစ်ပင်ဆိုတာကြီးကို ဆိုတယ်လို့ ဆိုမှာလို့ ခေါင်းစဉ်ဖတ်ကတည်းက သိမှာပေါ့နော်။ ခုတော့ “နေရာ” ဆိုတာကြီးကို အထူးပြုထားမှန်း သိသာနေတော့ ရှင်သန်နေတဲ့ သစ်ပင်ကြီးကို ဂရုမပြုမိတော့ဘူး။ (ဒီနေရာမှာ ပုဒ်ဖြတ်လေးက ဘယ်လောက် အရေးပါတယ်ပြောတာ)

    ဆိုတော့.. အရင်လိုစိတ်နဲ့ဆို အားမနာတမ်း စိတ်ထဲရှိတာတွေ လျှောက်ပြောမိဦးမယ်။ မောင်အလင်းဆက် အရင်ကစာရေးတာလို စာပိုဒ်မခွဲ၊ စာမဖြတ်၊ တစ်ဆက်တည်း အစကနေအဆုံးထိ ရေးချင်သလိုရေးသွားတာကို ဝင်ပြီး ဝေဖန်ရေးနဲ့ လေကန်ရေးလုပ်သလိုပေါ့။

    ခုတော့ ခေါင်းစဉ်ကိုဖတ်မိလို့ ဘာများ ထူးဆန်းတာရေးမလဲတွေးတော့ ဝင်ဖတ်မိတယ်ပေါ့နော်။

    စည်းကမ်းချက်နဲ့ငြိမှာစိုးလို့ မပြောတော့ဘူူး

    တိုပေမယ့် မတုတ်တော့ မထိဘူးကွယ်။

    (မြင်မိတာလေးများ ပြောပါတယ်)

    Reply

    • ကြိုဆိုပါတယ်
      ပိုစ့်ခေါင်းစဉ်လေးတစ်ခုပဲ ဝေဖန်တာမျိုးမဟုတ်ဘဲ
      ထောင့်ပေါင်းစုံက ဝေဖန်မှာကို ပိုကြိုဆိုပါတယ်
      အထူးသဖြင့် အားမနာတမ်းဝေဖန်မှာကို အထူးအထူးအထူး ကြိုဆိုပါတယ်။

      ဒီဂဇက်ထဲမှာ အားမနာကြေး

      :k:

      စကားမစပ်
      ကျနော်က ကဗျာဆိုရင် သဒ္ဒါကို လှည့်မကြည့်ချင်ဘူးဗျ

      Reply

      • ကြွေလွင့် ပန်း

        December 18, 2014 at 10:03 am

        သဒ္ဒါကိုဆိုတာမဟုတ်ဘူးကွ
        ခေါင်းစဉ်ရယ်
        စာသားရယ် အားမရတာ

        လိုနေသလိုပဲ၊

        (ကဗျာတတ်လို့မဟုတ်ဘူး၊ စာဖတ်သူတစ်ယောက်အနေနဲ့)

        Reply

        • သဒ္ဒါလို့ အလွယ်ပြောပေမယ့်
          ပြောချင်တာက ဝါကျရေးထုံး အစဉ်အလာ
          စည်းမျဉ်း
          သတ်မှတ်ချက်
          ဘောင်
          ခွင်
          စတာတွေ အကုန် အကုန်
          ကုန်ကုန်ပြောရင် စကားလုံး စာသား တွန့်တွန့်ကောက်ကောက်
          ဘာသာစကား အက္ခရာတွေနဲ့ ရေးမှ ကဗျာဆိုတဲ့ သတ်မှတ်ချက်ကိုတောင် တွန်းလှဲချင်နေတာဗျ။

          😆
          စကားလုံး
          ဘာသာစကား
          အက္ခရာ တွန့်တွန့်ကောက်ကောက်တွေ မပါပဲ မသုံးပဲ ဖွဲ့စည်းထားတဲ့
          ကဗျာတွေ ကျနော် ရေးထားတာ ရှိတယ်
          အခုတလော
          အဆဲမခံနိုင်သေးလို့. . မပြဖြစ်သေးတာ
          :k:

  • ဖားသက်ပြင်း

    December 18, 2014 at 9:53 am

    အဲ့သစ်​ပင်​ခုတ်​ပီးစီလုပ်​ပြည်​အိပ်​စပို့လုပ်​ရ​အောင်​

    Reply

  • CharTooLan

    December 18, 2014 at 12:48 pm

    ငါဟာ ဘယ်လိုမြေပြင်မှာ ရှင်သန်ခဲ့တဲ့. . .
    ဘယ်လိုအပင်က . . .
    ဘယ်လို သစ်သီးများလဲလို့. . .
    ========
    မတိရင်ပျော့ပျမယ် မှတ်ထား
    အုတ်ဂျားထဲနင်ဝင်ရောက်
    ဇွတ်အတင်းထိုးပေါက်လာတဲ့
    အစိမ်းရောင် မျက်တစ်ပင်ပါကွီ….. ခိခိ မရှဲနဲ့နော် တေမယ် 😛

    Reply

    • မြတ်ပင်နုနုပေမယ့် အုတ်ကိုတောင် ထိုးပေါက်နိုင်တဲ့ မဟာ အာဂမြတ်ပင်ပါလားကွယ်ရို့။
      အရှိုးရရဲ့ ထမင်းအနပ်အဖြစ် ခုတ်လှဲခံ ရောင်းချခံရရှာတဲ့
      ကျွန်းပင်ထက်တောင် မိုက်သေး
      အဟေး

      :k:

      ချတူးဂွမ်
      လူဇိုးမ

      :k:

      Reply

  • Yae Myae Tha Ninn

    December 18, 2014 at 2:09 pm

    ကိုရင်ကို သတင်းကောင်းပေးမယ်… ကမ္ဘာ့စာပေလောကမှာ ရသစာပေရယ်လို့ စတင်ထွန်းကားတဲ့ အချိန်မှာ စာပေဦးကင်းက ကဗျာပါတဲ့ဗျာ… နန်းရင်ပြင်မှာလည်း ကဗျာ၊ ကျေးလက်လယ်ကွင်းထဲမှာလည်း ကဗျာ၊ တမိုးလုံးဖျောက်ဆိတ် ဆိုရလောက်အောင် တဲ့ဗျား… ၁၈၃ဝ ပြည့်နှစ်မှာမှ နော်ဗဲခေါ်တဲ့ အရာက နန်းချခဲ့ပါတယ်တဲ့… 🙂

    Reply

  • ခင်ဇော်

    December 18, 2014 at 4:02 pm

    သစ်ပင် နေရာမှားတာ ကိတ်စနမရှိ။
    သစ်သီးနေရာမှားမှ အခူးမခံရပဲ နေရော့မယ်။

    :k:

    Reply

    • အခူးမခံရတာ ခပ်ကောင်းကောင်း
      ယောကျာ်းတစ်ယောက်ဟာ ကံအဆိုးဆုံးအချိန်မှာ အိမ် ထောင် ကျတတ်တယ်တဲ့။
      အစား မခံချင်သေးးးးးး
      :k:

      Reply

  • CharTooLan

    December 19, 2014 at 4:22 pm

    အောင်တျဲလင်း ဟိုသဂျားမတျောက် ဘာတွေဖစ်နေတာဒုံး
    ကော်လိပ်ဂျင်နေဝင်းစတိုင်ကို ဖြူဖြူကျော်သိန်းအိုက်တင်တွေနဲ့
    ဘီအီးဒီအောင်သိုက်လို ဒိုင်တွေကလဲလွှတ်ထားသေးဒယ်အေ့
    ရွာထဲမတော့ မတွေ့ဝူးနော် ခိခိ 😀

    Reply

    • သုကို ဖြူဖြူကျော်သိန်းနဲ့ စွတ်ချွတ်တူတယ်လို့ ပြောပြီး
      သုပုံနဲ့ ဖြူဖြူ့အိုက်စတင်ပုံတွေ ယှဉ်ပြမိ
      သုကို ဖြူဖြူမာဃ လို့ အမည်ပေးမိလို့
      ကျုပ်ကို ဆိတ်ဆိုးတော်မူနေလေရဲ့
      ခွိ
      ဒါလေး စမိတာကိုမျန်းးး

      :k:

      Reply

  • naywoon ni

    December 20, 2014 at 6:49 pm

    ​နေရာမှား​​ ​ပေါက်​​ပေမဲ့ ဗမာ့ ​ရေ​မြေ ရာသီဥတုနဲ့ ​တော့ ရှင်​သန်​ နိုင်​ပါ​သေးတယ်​ ။ အဲ့ ဒါကို​တော့ ကြံဖန်​ ​ကျေးဇူးတင်​သင်​့တယ်​နဲ့ တူရဲ့ 🙂

    Reply

  • min kyansix

    January 1, 2015 at 12:54 pm

    အတ္တကို ဓါတ်ခွဲခန်းပို့နေသလိုဘဲ

    Reply

Leave a Reply

Your email address will not be published.