” ဘာများဖြစ်မှာလဲ “

ခင္ခNovember 25, 20141min013

” ဘာများဖြစ်မှာလဲ “

 

လေးသုံးခြောက်ပြင် အရင်ပြုမှ

ငါးဆယ့်ကိုး(စ) ပြင်လို့ရမယ်

ထိုထိုပြင်မှ စုနိုင်သမ္မတ

ပြု၍ရမည်။

ဘာကြောင့်သမ္မတ ပြုချင်လှတယ်

အာဏာကိုရူး မက်လို့ဟုတ်ဘူး

လုပ်ခွင့်အာဏာ ရှိလာပါမှ

ဒို့တိုင်းပြည်အတွက် တိုးတက်မည့်လမ်း

ထွင်လို့လျှောက်မည် ကြိုးစားခဲ့သည်

ခြေဥပြင်ဖို့ လက်မှတ်ထိုးလို့

ပြည်လုံးဆန္ဒ ယူခဲ့ကြစဉ်

လွှတ်တော်ဘဘ ဆိုသူများက

သူတို့လည်းဘဲ ထောက်ခံသယောင်

ရိပ်မြွှတ်ကယ်ပြော ဆိုခဲ့ပြီးမှ

နီးလာလေပြီ နှစ်ထောင့်ဆယ့်ငါးဆီ

ခုတော့ပြောပြီ နောင်သက်တမ်းမှ ပြင်လို့ရမယ်

ဆိုလှလေတော့

ရှေးသရောအခါ ဘာတိုင်းပြည်မှာ

ဘာဓားကြီးနဲ့ ဘာသီးကိုခွဲ

ဘာထွက်လာလဲ ဘာမှမသိဆိုသလိုကွယ်။

 

 

 

ခင်ခ။

1604960_1588741851354457_6645412760522648319_n

13 comments

  • ခင်ဇော်

    November 25, 2014 at 3:19 pm

    ဘယ်သူဘာပြောပြော
    ဘဘတို့က ပြောင်ပြောင်ပဲ ဆိုတဲ့
    ပြန်မပြော
    နားမထောင်
    သေနပ်နဲ့ပစ်
    ထောင်ချ
    အချိုးမျိုး ချိုးနေဆဲပါကွယ်။

    :a:

    Reply

    • ခင် ခ

      November 25, 2014 at 3:28 pm

      မိုးနတ်မင်းကိုသက်သေတည်ပြီး
      နောင်ဘဝဆိုတာရှိများရှိရင်
      ဒီမြန်မာပြည်မှာတော့
      လူရယ်လို့ ပြန်မဖြစ်ပါရစေနဲ့လို့
      ဆုတောင်တောင်းချင်မိတယ်ဗျာ။
      စိတ်နာ စိတ်ကုန် လွန်းလို့လေ။

      Reply

  • kyeemite

    November 25, 2014 at 4:02 pm

    .DASSK VOA မှာဖြေသွားတာလေး…
    http://burmese.voanews.com/content/voa-burmese-exclusive-interview-with-daw-aung-san-suu-kyi-/2533277.html

    ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ စောစောက ဒေါ်အောင်ဆန်းစုကြည် ပြောပါတယ်။ ၄၃၆ ပြင်ရေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အယူအဆ တင်ပြချက်တွေနဲ့ တခြားပါတီအဖွဲ့အစည်းတွေ၊ ပြည်ခိုင်ဖြိုးအပါအဝင် အဖွဲ့အစည်းအရဲ့အယူအဆ သိပ်မကွာဘူးပေါ့နော်။ အလားတူပဲ သူရဦးရွှေမန်းကလည်း ပြောပါတယ်။ ဒါပေမယ့် အပြင်ဘက်မှာ တချို့ မေးမြန်းစုံစမ်းရသမျှဆိုလို့ရှိရင် အထူးသဖြင့် ၅၉ (စ) ပြင်ဖို့ အရေးမှာဆိုလို့ရှိရင်တော့ ပြည်ခိုင်ဖြိုးပါတီထဲက အမတ်တချို့ကိုယ်တိုင်ကိုက ဒါကို လက်မခံနိုင်ဘူး-ဆိုတဲ့ဟာမျိုး ပြောထားတာတွေ ရှိတော့ ဒီ ၅၉ (စ) ပြင်ရေးကရော မဖြစ်နိုင်တော့ဘူးလား ဆိုတာမျိုး မေးစရာရှိပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်။ ။ ဒါပေမယ့် ၄၃၆ ကို ပြင်လိုက်မယ်ဆိုလို့ရှိရင် ၅၉ (စ) ဆိုတာလည်း ပြည်သူ့ရဲ့ဆန္ဒအတိုင်းပဲ ဖြစ်ရမှာပါပဲ။ တကယ်တော့ နောက်ဆုံးကျတော့ ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဆန္ဒကလည်း အဓိကမဟုတ်ဘူး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ဆန္ဒကလည်း အဓိကမဟုတ်ဘူး။ တပ်မတော်ရဲ့ဆန္ဒကလည်း အဓိကမဖြစ်ရဘူး။ တကယ်ကတော့ အဓိကဖြစ်ရမှာ ပြည်သူရဲ့ဆန္ဒပဲ။ ပြည်သူရဲ့ဆန္ဒအဓိကဖြစ်အောင် လုပ်နိုင်မယ့် ပြုပြင်ပြောင်းလဲမှုှုတွေက အရင်ဆုံးလုပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့အနေနဲ့ ၄၃၆ ကို အဓိကထားတာပါ။ ၅၉ (စ) ကို အရေးမကြီးဘူးလို့ ယူဆလို့ မဟုတ်ပါဘူး။ ဒါပေမယ့် ၄၃၆ ကိုပြင်မှသာလျှင် တခြား ပုဒ်မတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပတွေရဲ့အစိတ်အပိုင်းတွေထဲက ပုဒ်မတွေကို ပြည်သူ့ဆန္ဒနဲ့ကိုက်ညီစွာ ပြင်ဆင်နိုင်မှာမို့လို့ ဖြစ်ပါတယ်။

    ဦးသန်းလွင်ထွန်း။ ။ ပြည်သူ့ဆန္ဒတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီကလည်း သူတို့ရဲ့သဘောထားဆန္ဒလက်မှတ်တွေကို (၅) သန်းကောက်ယူပြီးလွှတ်တော်ကို တင်ပြထားတာရှိပါတယ်။ ဒါပေမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ ကျန်တဲ့လူတွေရဲ့သဘောထားဆန္ဒတွေကို ကြည့်ဖို့တော့ လိုအုံးမယ်လို့တော့ ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်။ ။ ဒီလိုဆိုရင် ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲလုပ်လိုက်လေ။ ကျမတို့ကတော့ အဆင်သင့်ပဲ။

    ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။

    ဒေါ်အောင်ဆန်းစုကြည်။ ။ အဲလိုဆိုရင် တခြားလူတွေရဲ့ ဆန္ဒတွေလည်း ပါလာမှာပေါ့။

    ဦးသန်းလွင်ထွန်း။ ။ ဒီလို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ဖို့ဆိုတာက ဘယ်လို တင်ယူရမလဲခင်ဗျ။ ဒါ လွှတ်တော်ထဲမှာ အထူး အဆိုပြုချက်တင်ယူရမှာလား။

    ဒေါ်အောင်ဆန်းစုကြည်။ ။ ဟုတ်တာပေါ့။ အခုတောင်မှ ဥပဒေကြမ်းတခု ဆွဲနေပြီ။ ဒါကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မတွေ တချို့ကို ပြင်ဖို့ ဆုံးဖြတ်တယ်ဆိုလို့ရှိရင် ပုဒ်မ ၁၂ နဲ့အညီပေါ့နော်။ လုပ်ရမယ့်ခြေလှမ်းတွေပေါ့။ ၄၃၆ ပဲပြောရမှာပေါ့။ ပုဒ်မ ၁၂ မဟုတ်ဘူး၊ Chapter – (အခန်း ၁၂)

    အခန်း ၁၂ နဲ့ပတ်သက်တဲ့စည်းမျဉ်းစည်းကမ်းတွေအရ လုပ်ရမယ်ဆိုတော့ ၄၃၆ အရဆိုလို့ရှိရင် ၇၅ % ကျော်ကနေ အတည်ပြုပေးလို့ရှိရင်တောင်မှ ဆန္ဒခံယူပွဲလုပ်ရမယ်။ အဲဒီဟာအတွက် ရည်ရွယ်ပြီးတော့ ဥပဒေကြမ်းကို စပြီးတော့ ကိုင်တွယ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပေ့ါနော်။ နောက်ဆုံးကျတော့ လွှတ်တော်က ပြည်သူလူထုရဲ့ဆန္ဒကို အဓိကထားမယ်ဆိုလို့ရှိရင် လွှတ်တော်က တပ်မတော်သား ကိုယ်စားလှယ်များအပါအဝင် “ပြည်သူလူထုရဲ့ဆန္ဒကို ခံယူပါမယ်”…ဆိုပြီးတော့ ဆုံးဖြတ်လိုက်လို့ရှိရင် ဒီဟာ ပြီးသွားတာပဲ။ ဆုံးဖြတ်လို့ရတာပဲ။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်လို့ရတာပဲ။ ကျမတို့ကတော့ လုပ်ဖို့ အဆင်သင့်ပဲ၊ ဒီဟာကို။

    Reply

  • Yae Myae Tha Ninn

    November 25, 2014 at 4:39 pm

    မြန်မာလူမျိုးတော့ ဖြစ်ချင်ပါတယ်.. ကိုခရယ်.. ခေတ်ကောင်းတဲ့ တိုင်းပြည်ဖြစ်ဖို့သာ ဆုတောင်းပါတယ်… 🙂

    Reply

    • ခင် ခ

      November 25, 2014 at 5:26 pm

      မြန်မာပြည်မှာလို့ ဆိုတာပါ။
      မြန်မာလူမျိုးဟုမပြောဘူးလေ ဟ ဟ။

      Reply

  • Novy

    November 25, 2014 at 4:52 pm

    ဆုတောင်းတိုင်သာပြည့်မယ်ဆိုပါရင်……….
    မိမိ နိုင်ငံကိုချစ်သော
    မိမိ နိုင်ငံသားတိုင်းကိုတန်ဘိုးထားသော
    ခေါင်းဆောင်ကောင်းနဲ့ ဆုံတွေ့ခွင့်ရချင်ပါတယ်

    Reply

    • ခင် ခ

      November 25, 2014 at 5:28 pm

      ကျွန်တော်လဲ အဲလိုဆုတောင်းမျိုး ပြည့်ချင်တယ်လေ။

      Reply

  • La Yeik

    November 25, 2014 at 4:53 pm

    ဘာတွေ ဘယ်လိုထပ်ဖြစ်မယ် မသိပေမဲ့…ဒေါ်အောင်ဆန်းစုကြည်ပဲ 2015 မှာ မဲပေးဖြစ်လိမ့်မယ်…သူ့ကိုတော့ ဘာကြောင့်ရယ်မသိ ယုံကိုယုံတယ်…သူက ပြည်သူတွေ မျက်နှာပဲ ကြည့်လိမ့်မယ်ဆိုတာ…သူအုပ်ချုပ်ခဲ့ရင် တိုင်းပြည်ကောင်းလာမလား ပိုဆိုးလာမလား ဆိုတာကတော့ မြန်မာပြည်သူတွေရဲ့ ကံပေါ့နော်…လူကောင်း လူတော်ဆိုတာ ရှားနေပီလေ…

    Reply

    • ခင် ခ

      November 25, 2014 at 5:30 pm

      La Yeik ရေ
      အဲဒါကြောင့် ဟိုလူကြီးတွေ အရူးလုပ်နေတာကို မခံချင်ဖြစ်တာပေါ့ဗျာ။
      စုနိုင်မှ ချမ်းသာမည် ဆိုရိုးစကား တကယ်မှန်သဗျ။

      Reply

  • aye.kk

    November 25, 2014 at 7:23 pm

    ဘတွေအုပ်စိုးတဲ့
    ဗာရာဏသီပြည်မှာ
    ဘာမှဖြစ်မလာတာ အသေအချာ။

    Reply

  • မြစပဲရိုး

    November 26, 2014 at 6:56 pm

    သူရို့ ထဲ မှာ ကို လွန်ဆွဲ ပွဲ တွေ ဖြစ်နေပြီ ထင်ပါ့။
    အခုရက် FB ထဲ အဲဒီ အသိုင်းအဝိုင်း ထဲ က တစ်ချို့ တောင် ဒေါ်အောင်ဆန်းစုကြည် စကား တွေ ကို like လုပ်နေတာ အံ့ဩ လိုက်မိသေး။
    တစ်ချို့ ကတော့ တင်းမာဆဲ။
    အာဏာ နဲ့ မှ အခွင့်အရေး ယူပြီး အလုပ်လုပ်တတ် နေတာကိုး။
    ကိုယ့် ကိုယ်ပိုင်အစွမ်း နဲ့ ဘာမှ မလုပ်တတ် တော့ ဒီ အာဏာ ကို အသက်ပေးပြီး ကာကွယ် ကြရတော့ မပေါ့။

    Reply

  • aye.kk

    November 26, 2014 at 8:15 pm

    မှန်လိုက်တာ မလတ်ရေ ။။

    Reply

Leave a Reply

Your email address will not be published.