ထက်ထက်မိုးဦးအမှု ပထမဆုံး တရားလိုပြသက်သေ စတင်ကြားနာ

khinmintatthuAugust 17, 20101min02

လွန်ခဲ့သည့် မေလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော အင်တာဗျူး တခုတွင် မင်းသမီးက သတင်းထောက်ကို

ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့ ခြင်းကြောင့် ရန်ကင်း တရားရုံးတွင် ၂ လကျော်ကြာ တရား ရင်ဆိုင်နေရရာ ယနေ့ ပထမအကြိမ် တရားလိုပြ သက်သေ အဖြစ် ဖက်ရှင်မဂ္ဂဇင်း အယ်ဒီတာ မဝင်းဝင်းမာကို စစ်မေးရာတွင် တရားသူကြီး ဦးနေအောင်က အထက်ပါ မေးခွန်း ထုတ်ခဲ့ခြင်းဖြစ်သည်။

“တရားသူကြီးက The Voice မှာပါတဲ့ ထက်ထက်မိုးဦးနဲ့ အေးသူစံတို့ရဲ့ အမေးအဖြေ တွေကို ဖတ်ဖူးလားလို့ မေးတယ်။ အဲဒီမေးခွန်းတွေက အနုပညာနဲ့ ဆိုင်လား၊ ဘယ်ဟာကို အနုပညာလို့ ထင်လဲလို့ မေးပါတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။

မဝင်းဝင်းမာက တရားသူကြီး၏ မေးခွန်းများသည် အနုပညာရှင်ဖြေရမည့် မေးခွန်းများသာ ဖြစ်ကြောင်း ပြန်လည် ဖြေကြားလိုက်သည်ဟု ဆိုသည်။

“ထက်ထက်မှာက နှလုံးရောဂါရှိတော့ သူ့ပရိသတ်တွေက သူ့ကျန်းမာရေး ကောင်း၊ မကောင်းဆိုတာ အရင် သိချင်ကြမှာပဲလေ။ နောက်၊ အိမ်ထောင်ရေး ဆိုတာလည်း သိချင်ကြမှာပဲ။ သာမန် အရပ်သူဆိုရင်တော့ ဘယ်သိချင်ကြမလဲလို့ ဖြေလိုက်တယ်” ဟု ပထမဆုံး တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့ရသော မဝင်းဝင်းမာက ပြောပြသည်။

၎င်းကို တရားသူကြီး ဦးနေအောင်က ယင်းမေးခွန်း တခုတည်းသာ စစ်မေးခဲ့ပြီး တရားခံရှေ့နေကသာ ကိုယ်ထိ လက်ရောက်မှုနှင့် ပတ်သက်သည့် မေးခွန်းများ မေးမြန်းခဲ့ကြောင်း သိရသည်။

ထက်ထက်မိုးဦးနှင့် 7 Day News ဂျာနယ်သတင်းထောက် အေးသူစံအမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့တွင် စတင်လက်ခံခဲ့ပြီး ဇွန် ၃ ရက်တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ ဖြင့် ထက်ထက်မိုးဦးအား တရားစွဲတင်ထားသည်။

ထက်ထက်မိုးဦးက ဇူလိုင် ၁၃ ရက်တွင် တရားရုံးသို့  ဆေးစာတင်ပြခဲ့ပြီး ယခုရုံးချိန်းအထိ လာရောက်ကြားနာခြင်း မရှိသေးပေ။

သတင်းထောက်အေးသူစံဘက်က တရားလိုပြ သက်သေအဖြစ် မဝင်းဝင်းမာ၊ ကိုဘုန်းနေလ၊ ကိုသန့်စင်အောင်နှင့် မအေးမြကျော် တို့ကို တင်သွင်းထားပြီး လာမည့် ၃၁ ရက်နေ့တွင် တရားလိုပြ သက်သေများကို ဆက်လက် ကြားနာမည်ဖြစ်ပြီး ယနေ့တရားခွင်ကိုလည်း သက်ဆိုင်သူများသာ ဝင်ရောက်ခွင့်ပြုသည့် တံခါးပိတ် တရားခွင်အဖြစ် ကျင်းပခဲ့ကြောင်း သိရသည်။

ထက်ထက်မိုးဦးသည် ဇူလိုင်လ ၃၁ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။

ဧရာဝတီမှ တစ်ဆင့်ဖော်ပြလိုက်သည်။

2 comments

  • winkyawaung

    September 24, 2010 at 2:34 am

    မြန်မာပြည် တရားခွင်ကတော့ အာဏာနဲ့ ငွေကသာ ခိုင်းတဲ့အတိုင်း လုပ်နေကြအုံးမှာပါ.။

    Reply

  • R Ga

    September 24, 2010 at 10:19 am

    ငွေများတရား နိုင် တင်မက ဘူး..။ လင်များတော့လည်း တရားနိုင်မယ်ထင်တယ်။ ကျော်ဆန်းတို့ ဘာတို့လည်း ထက်ထက် အပိုင်ကိုင်ထားတယ်ဆိုပဲ..

    Reply

Leave a Reply

Your email address will not be published.