မင်းလောင်းဘယ်မှာ ရှိပါ၏

စဆရ ႀကီးNovember 14, 20141min011

ကျုပ်ရဲ့ညတစ်ည
သစ္စာကိုမရှိဘူး
အိမ်မက်တွေ မက်ချင်သလိုမက်နေတာ
ဆီးရီးယားကိစ္စကျနေတာပဲ
လူတစ်ကာပြောစရာဖြစ်လို့
ဪ…
အာရပ်နွေဦးကစတဲ့ ပုံပြင်တစ်ပုဒ်ရယ်ပါ။

နေပါဦးလေ
တစ်မတ်သားတွေက ၇၅ ပြားကိုလွှင့်ပစ်မယ်တဲ့လား
ကျုပ်ရင်တစ်ခြမ်းကိုပဲ ပိုင်းရောင်းပါရစေဦး
တန်ဖိုးသိတဲ့သူတွေ ဈေးကြီးကြီးပေးဝယ်ကြမပေါ့
ခုများတော့
အရှက်မရှိတဲ့မျက်နှာကြီးနဲ့ တောင်းစားပါရစေဦး။

ဘာ????

ငြိမ်းချမ်းရေးအသီးအပွင့်တွေ ဝေဆာနေသတဲ့လား
ဟိုလူလဲ ပြောင်းတိုပြောင်းရှည်နဲ့
ဒီလူလဲ ပြောင်းမတိုမရှည်နဲ့
လူတစ်ကာလက်ထဲ ကျိုက်ထီးရိုးသေနတ်မဟုတ်တာတွေ
တစ်ရမ်းရမ်းနဲ့ မြို့ထဲမှာသရမ်းနေမှတော့
အသီးအပွင့်တွေ မဝေရင်နေပါစေလေ
ယမ်းငွေ့တွေ မဝေစေလိုတော့ဘူး
သူ့ဖာသာ ရောင်းဝယ်ဖောက်ကားကြပါစေပေါ့။

အနောက်တံခါးကျိုးပြီ
အမည်ခြုံကုလားတွေ လှိမ့်ဝင်လို့
အတွင်းရေးမှူးရှုပ်လို့ သူတို့လို မပီမပြင်ခေါ်တဲ့
အဲ့လူကြီး ခြေရှုပ်နေတယ်တဲ့လား
သူ့အရေး သူ့ဖာသာရှင်းပါစေကွယ်
မီးလောင်ရာ လေမပင့်ပါနဲ့လား
မင့်နဲ့မှ သန်း ၆ဝ ပြာကျသွားမယ်
မသိလဲ မသိသလိုနေပါလား။

၂၀၁၅
ဘယ်ထောင့်ကြားက
မင်းလောင်းရယ်ပေါ်လာမယ်မသိ
ခုနေများ
လောက်လောက်လားလားရယ်မရှိ

အဝေးကြီးတစ်နေရာက
စိုးရိမ်လွန်းလှပါဘိ။ ။

ကြွေလွင့်ပန်း
(၁၄/၁၁/၂၀၁၄)

11 comments

  • တောင်ပေါ်သား

    November 14, 2014 at 9:50 am

    ၂၀၂ဝ မှာတော့ ပိုများ ကောင်းလာမလား လို့ ၊

    Reply

  • အလင်းဆက်

    November 14, 2014 at 10:01 am

    2015 လား…
    တွေးရမှာတောင်.. ရင်ဘောလှပါဘိ။

    😆

    ဒီကဗျာလေးကိုလည်း… ကျနော် မကြာခင်လုပ်မယ့် ”စကားလုံးပြတိုုက်”ဆိုတဲ့ အစီအစဉ်ထဲ..ထည့်သွင်းဖော်ပြခွင့်ပြုပါ ။

    ရေးသူရဲ့ နာမည် ။ရေးတင်တဲ့ နေ့ရက်အချိန်ကအစ… ဒီပိုစ့်ရဲ့ လင့်ခ်ကိုပါ..ညွှန်ပြမှာ ဖြစ်ပါကြောင်း..

    Reply

    • ကြွေလွင့် ပန်း

      November 14, 2014 at 10:24 am

      စိတ်ကူးပေါက်ရာ
      လက်သင့်သလိုရေးလိုက်တာမို့
      လုပ်ချင်ရာ လုပ်စေဗျား

      Reply

  • kai

    November 15, 2014 at 7:34 am

    ဖေ့စ်ဘုတ်ထဲ.. တယောက်ရေးတာသဘောကျတယ်..
    မြန်မာက.. ကိုရီးယားကြိုက်..။ ကိုရီးယားက.. ရိုဟင်ဂျာကြိုက်..။ ရိုဟင်ဂျာက..မြန်မာကြိုက်နဲ့.. ပါတ်လည်တဲ့..။ :k:

    Reply

  • uncle gyi

    November 15, 2014 at 10:35 pm

    အဲဒီကောင်ကြီးဘာကိုကြည့်ပြီး
    သူ့အခေါ်ရိုဟင်ဂျာကလူနည်းစုတဲ့
    ဒီတခါသန်ကောင်စာရင်းကောက်ရင်
    သူ့ကိုအထူးဧည့်အနေနဲ့မရအရဖိတ်ရမယ်

    Reply

  • ကေဇီ

    November 18, 2014 at 6:33 am

    ဟိ
    ဒီကြားးးထဲ နိုင်ငံရေးးး စကားးးမပြောဘူးးလို့ ဆုံးးဖြတ်ထားးးးလို့….!
    ဟိ

    :mrgreenn:

    Reply

  • aye.kk

    November 18, 2014 at 3:27 pm

    အတ္တတွေ ထီးဆောင်းချင်တော့
    မင်းလောင်း ဘယ်နားရှာရပါ့ ။

    Reply

  • padonmar

    November 19, 2014 at 12:25 am

    တနှစ်တခါပေါ်လို့လာ ငါလည်း မင်းလောင်းထီးဖြူဆောင်းတဲ့။

    Reply

    • kai

      November 19, 2014 at 5:59 am

      မှို..။ :k:

      Reply

  • aye.kk

    November 19, 2014 at 8:43 am

    ငါဆိုတာ
    နာမ်စားပါ ။အားလုံးထီးဖြူဆောင်းချင်တာအမှန်။

    Reply

  • မင်းလောင်း တစ်ယောက်ထဲနဲ့ မလုံလောက် အမတ်လောင်းတွေအားပါကူမှဖြစ်မယ်ထင်ပါတယ်

    Reply

Leave a Reply

Your email address will not be published.