ဒို့မြန်မာနိုင်ပြီ (17.10.2014)

zaw winOctober 17, 20141min02

တချိန်တခါတုန်းက—
ငယ်ငယ်တုန်းက—-
ကြားဖူးခဲ့သည်၊
ဒို့တွေပျော်ကြသည်၊
ဒို့မြန်မာနိုင်ပြီ သီချင်းလေးလိုက်ဆိုကြသည်၊
ပွဲတိုင်းကျော်တဲ့ ့မြန်မာတွေ
အာရှပွဲတွေမှာ အနိုင်ရဗိုလ်စွဲသည်၊
ကမ္ဘာ့အိုလံပစ်ပွဲကို တက်လှမ်းခဲ့သည်၊
အချိန်ကာလ နှစ်ပေါင်းများစွာ
ဘောလုံးပြိုင်ပွဲတိုင်း ရှုံးသည်၊
အော်—
ဒီသီချင်းလေးရယ်
ဘယ်တော့များ ကြားရပါ့မလဲကွယ်။
ဒို့မြန်မာတွေ မျက်နှာငယ်ခဲ့ရပြီ။
ဒို့လည်း အသက်တွေကြီးလို့
၆ဝ ကျော်ခဲ့ပြီ။
လွမ်းဆွေးတမ်းတ နေကြရပြီ။
ဟော–
အံ့ဖွယ်ပါတကား
ယူ ၁၉ လူငယ်လေးများ
ယူ ၂ဝ ကမ္ဘာ့ဖလားဘောလုံး
ပြိုင်ပွဲကြီးကို ခြေစစ်ပွဲအောင်ကြပြီ။
ပျော်လိုက်သည့် ဖြစ်ခြင်း
ကျွမ်းထိုးလို့သာ ကလိုက်ချင်သည်
ဒို့မြန်မာနိုင်ပြီ
သီချင်းလေးပြန်ကြားရပြီ။
(ယူ-၁၉ လူငယ်ဘောလုံးသမားလေးများအား လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။)

မင်းသုတ
18း00 P.M
17.100.2014

2 comments

  • မမချွိ

    October 18, 2014 at 9:30 am

    ကျုပ်တို့ ရွာက လူကြီး ဂွစာ ဘုန်းကျော် တော့ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး အဆဲ ခံရတာ မိုးကိုမွှန်လို့

    :kwi:

    Reply

Leave a Reply

Your email address will not be published.