ဒါမှ တို့ဂေဇက်

manawphyulayOctober 4, 20141min07
ဒါမှ တို့ဂေဇက်
ဒါမှ တို့ဂေဇက်

မသိလိုချင် မဖတ်ချင်လည်း
စိတ်ထဲကတော့ သိချင်လှ
နေ့စဉ်အမြဲ ဖတ်နေကျ

ကဏ္ဍစုံလင် ဤရေးအင်ကို
နှစ်ထောင်းအားရ
ရှိပေစွ…

လူမျိုးဘာသာ စုံလင်စွာနှင့်
ဌာနေဒေသ မတူညီကြ
အရောင်အသွေး စုံလင်လှ…

အယုတ်အလတ် အမြတ်မရွေး
ငယ်သည့်သူလည်း ကလောင်သွေး
ကြီးတဲ့သူလည်း မချန်ပါ့
ဆူကြုံနိမ့်မြင့် စုံလင်စွ…..

ဝါသနာတူ စာပေလူတို့
ပေါင်းစု အင်အား
လာစုကြ
တို့တွေ ဂေဇက်ဗျ….

မနောဖြူလေး ခံစားသီကုံးသည်
၄.၁၀.၂၀၁၄

7 comments

  • တောင်ပေါ်သား

    October 4, 2014 at 1:06 pm

    အမယ် . . . .

    သူကလည်း ဒါမျိုးတွေ တတ်သကိုး . . . 🙂

    Reply

  • ကေဇီ

    October 4, 2014 at 1:13 pm

    မောင့် (MG) ကို စွဲလန်းမှု ပြဿ နာ ဖြစ်နေဘီ

    :s:

    Reply

  • kyeemite

    October 4, 2014 at 1:36 pm

    .MG…အများပြောတော့ …ဘောကွဲသွားတာဆို♫♪♫မောင်….♫♪♫
    .(ဘော=သဘောထား) :k:

    Reply

  • aye.kk

    October 4, 2014 at 2:27 pm

    စာ​ပေ​စေတီ
    စု​ပေါင်​းတည်၍
    ဤရွာစွမ်​းအား
    အများချမ်​းသာသုခရ​စေ​သော်​​

    Reply

  • အလင်းဆက်

    October 4, 2014 at 7:10 pm

    ညာဘက် အစွန်ဆုံးက ဒုတိယမြောက် ….အနက်ရောင်ဝတ်စုံနဲ့က..သဂျီးများလား
    ဂွစ်ဂွစ်

    :k:

    Reply

  • ခင် ခ

    October 4, 2014 at 8:54 pm

    ဘာပြောရမလဲနော်
    ဘာမှမပြောတော့ပါဘူး
    ဂဇက် က ဂဇက် ပါဘဲ

    Reply

  • ပကတိအတိုင်း အရှိအတိုင်းပြောရမယ်ဆိုရင်တော့
    2011-2012 ကာလနဲ့ ယှဉ်ရင်
    (မင်ဘာမဟုတ်ဘဲ ဝင်ပြီးစာဖတ်နေသူ ကိုမဆိုလို)
    မင်ဘာတွေ ကအရင်လို မဝင်နိုင် မဝင်တော့ မဝင်ဖြစ်တာကတော့
    သေချာပါတယ်။
    ရွာမှာလူ အဝင်နည်းသွားတာကတော့ သေချာပါတယ်။

    Reply

Leave a Reply

Your email address will not be published.