” ဘုရားတွေအား အိမ် အသုံး ဆောင် လုုပ်မယ် ဆိုရင်”

Sa Yar sanOctober 3, 20141min011

20141002_12255120141002_12251920141002_12252520141002_122509
ပြော တဲ့ ခေါင်းစဉ်အတိုင်း လုပ်မယ် ဆို ခင်ဗျား တို့ လက်ခံမလား? ဘာလဲဗျာ အိမ်နီး ချင်း နိုင်ငံ စိန က ဘုရားရုပ် ထုတွေ ကို အများကြီး ထုတ်လုပ်ပြီး တခြားသော နိုင်ငံတွေကို အိမ် အသုံး ဆောင် အဖြစ်  ရောင်းချ တယ် ကိုယ် တိုင်က ကွန် မြူ နစ် ဝါဒကို သုံးနေတဲ့ လူတွေက စက္ကူ ဆိုတဲ့ လူတွေ သတ်မှတ်ထားတဲ့ ငွေကို ဘဲ ကြည့် ပြီး သူတပါး ရိုသေကိုင်းရှိူင်းတဲ့ ဘာသာ တွေကို  ဆော် ကားတာ ကို နိုင်ငံတကာက ကြည့် နေတယ် နောက် အနောက်နိုင် ငံ က ပညာ တတ် ဓါတ်သက် ကျေ သံသေ သမားတွေက လဲ အိမ်မှာ ပန်းခြံမှာ အလှထားဖို့ ဝယ်ကြလေကုန်သတည်း ခင်ဗျား တို့ စဉ်းစားကြည့်ပါဗျ ဘယ်ဘာသ ာရဲ့ ဘုရား ကို ဧည့်ခန်း တို့ ရေချိုးခန်း နိုက် ကလပ်တွေမှာလူ အသုံး ဆောင် အဖြစ် တွေဘူးလဲ ဒါပေမဲ့ ခင်ဗျားတို့ကျွန်တော်တို့ ဘုရားဟာ ခေါင်းလဲ တခု ကိုလဲ မပါဘဲ နဲ့ တမျိုး တင်ပလင်ခွေ လျှက် က တပုံ အိမ် အသုံး ဆောင် တွေ အဖြစ ်ဝယ် သူသုံးစွဲ ကုန်လေပြီ…။

ကျု ုပ် အစွန်းရောက်တဲ့ စိတ်ဓါတ်နဲ့ ပြောတာမဟုတ်ပါဘူး လူ တွေကိုစဉ်းစားပြီး တယောက်ယာဉ်ကျေးမှူ့ ကို တယောက် အလေးထားနားလည် ပေးရမဲ့ အစား စိနတွေက သူခိုး ဒါးရိုးကမ်းသလို လုပ်စားကုန်ကြတယ်…။

ဒီတော့ ကမ္ဘာ မှာ အကြမ်း ဖက်ဆန့်ကျင် ရေးတွေ လုပ်သလို စိန တွေကို လဲ ယဉ်ကျေးလာအောင် ငွေကြီးဘဲမကြည့် အောင် ဘာသာ တရားနဲ့ ပုဂ္ဂလိက ရေးရာ ရိုင်းဆိုင်းမှူ့တွေကို ဝိုင်းခဝါ ချဖို့ ခင်ဗျားတို့ ကျုပ်တို့မှာ တာဝန်ရှိကြောင်း မမေ့ ပါနဲ့ ဗျာ…….။

တော်လှန်ရေးအောင် ရမည် အရေးတော် ပုံ စိနများ ကျဆုံးရေး…. ဒို့ အရေး…။

11 comments

  • တောင်ပေါ်သား

    October 3, 2014 at 1:42 pm

    မဖြစ်သင့်ပါဘူးဗျာ ၊

    ဒီတရုတ်တွေကတော့ . . . . . 🙁

    Reply

  • Yae Myae Tha Ninn

    October 3, 2014 at 1:50 pm

    ရှိသေးတယ်… ဟိုးအရင်က အေကွန် ခေတ်စားစ က… သီချင်းတပုဒ်ရဲ့ အမ်တီဗွီဗျာ… ဒေးဗစ်ဂယ်တိုနဲ့ ဆိုထားတာ… အဲမှာလဲ ဘုရားပုံရှေ့မှာ ကောင်မတွေက ဖင်တွေကုန်းပြီး ရိုက်ထားတာ ရှိဖူးတယ်.. အဲကတည်းက အေကွန်လဲ ဒီမှာ နာမည်ကျသွားတာပဲ… 🙂

    Reply

  • aye.kk

    October 3, 2014 at 3:07 pm

    ရှင်​​တော်​ဗုဒ္ဓ ရဲ့ဝါဒီက ​ကြောင်​းကျိုးဝါဒပါ
    အ​ကြောင်​း​တရား​ကောင်​း ​အောင်​လုပ်​ရင်​ အကျိုးတရား​ကောင်​းပါ၏
    အ​ကြောင်​းတရားမ​ကောင်​း ရင်​ အကျိုးတရားလည်​းမ​ကောင်​းပါဘူး
    သာသနာမပြန်​့ပွားရာအ​ ​ဒေသမှာသာသနာပြန်​့ပွား​ ​အောင်​ အရိယာပုဂ္ဂိုလ်​​တွေကသာ စွမ်​း​ဆောင်​နိုင်​တာပါ
    ဘာသာတရားမရှိတဲ့သူ အသိတရားမဲ့သူ​တွေရဲ့
    လုပ်​ရပ်​က အင်​မတန်​ စက်​ဆုတ်​ရွံ့ရဘွယ်​ရာ ​ကောင်​းလွန်​းလှပါတယ်​ သာသနာနဲ့ကြုံ​တွေ့ခိုက်​မှာ အသိတရားရှိဘို့ အတွက်​သူ​တော်​​ကောင်​း ​အရိယာပုဂ္ဂိုလ်​​တွေက သာသနာပြန်​့ပွား​အောင်​ ​​ဆောင်​ရွက်​​နေကြတာပါ ယုံမှကြည်​တာပါ မယုံသူ​တွေက မကြည်​ညိုကြပါဘူး

    Reply

  • ခင် ခ

    October 3, 2014 at 3:42 pm

    ဘုရားပုံ ရုပ်ထု တွေကို အနေကဇာ မတင်ရသေးသရွေ့ ကိုးကွယ်ရာဘုရား မဖြစ်ဟု သိရပါတယ်။

    Reply

  • Iris

    October 3, 2014 at 8:07 pm

    အသိ ဂျာမန်​တစ်​​ယောက်​ ​ဟောင်​​ကောင်​သွား​တော့ ​ကျောက်​စိမ်​းရုပ်​ပွား​တော်​​တွေခဲ့တယ်​.မြန်​မာလက်​ရာပါတဲ့.အစိမ်​းတစ်​​သောင်​း​ကျော်​​လောက်​တန်​တယ်​တဲ့.​ရှေး​ဟောင်​းရုပ်​ပွား​တော်​လို့​ပြောတယ်​။ အဲ့မှာသူက​ပြောတယ်​ မင်​းတို့​တွေပိုက်​ဆံရတိုင်​းအပြင်​ကိုထုတ်​မ​ရောင်​းသင်​့ဘူးတဲ့။ ပြတိုက်​ထဲမှာ ထားသင်​့တယ်​တဲ့။
    မ​နေ့က အုံနာရုံးကိုသွား​တော့ ဩဇီ ဦး​လေးကြီးက ပြီးခဲ့တဲ့အပတ်​က ကန်​​ဘောဒီးယားသွားတုန်​းကသူရိုက်​လာတဲ့ပုံ​တွေပြတယ်​။ ဘုရားရုပ်​ပွား​တော်​​တွေမှာ ​ခေါင်​းမရှိဘူး။ သူကအံ့ဩ​နေတာ။ ​
    လူ​တော်​​တော်​များများက​နေရင်​းထိုင်​းရင်​းသူများဘာသာတရားကိုသွားရန်​စမ​နေပါဘူး။ ကိုယ်​့ဘာသာကို ကိုယ်​ကရို​သေပြ​နေရင်​ သူတို့လဲအဲ့လို အလိုက်​သင်​့​နေ​ပေးပါတယ်​။ ကိုယ်​လည်​း​သူများသွားရန်မစမိ​စေနဲ့​ပေါ့။ ဗုဒ္ဓ ဘာသာ မူပိုင်​. ရုပ်​ပွား​တော်​မူပိုင်​ဆိုပြီးရှိရင်​​တော့ စိနကိုတရားစွဲ​ပေါ့။

    Reply

  • kai

    October 4, 2014 at 1:30 am

    Country | Number of Buddhists
    China | 102 000 000

    Top 10 Buddhist Countries, Largest Buddhist Populations
    http://www.buddhanet.net/…/bstatt10….
    Buddha Dharma Education Association Inc

    စိနပြည်က ဗုဒ္ဓဘာသာဝင်အရေအတွက်က မြန်မာပြည်ထက် ၂ဆကျော်များနေတာ.. ဗုဒ္ဓ မူပိုင်လုပ်မယ်ဆို.. သူတို့က.. တရားပြန်စွဲရင်.. နိုင်မှာသေချာ…

    ဆိုတော့…
    အရုပ်ကိုအရုပ် ( မတည်မြဲတဲ့.. ရုပ်ဝတ္တု)တွေလို့သာသဘောထားစေချင်…။ :k:

    Reply

  • Foreign Resident

    October 4, 2014 at 8:39 am

    ဩဇီ က အိမ်တစ်ချို့ ရှေ့ မြက်ခင်း တို့ ၊ ဖိနပ်ချွတ် တို့တွေမှာ ၊
    ဘုရား ရုပ်ထုလေးတွေ ထားကြတာ တွေ့ရတယ် ။
    သူတို့က ဘာရယ် မဟုတ် အလှထားကြတာပါ ။

    မှန်တာပြောရရင် ၊ အဲဒီ ကိစ္စကို ကျနော်လည်း မကြိုက်ပါဘူး ၊
    ဒါပေမယ့် ၊ အရမ်းကြီးတော့လည်း သိပ် မခံစားမိပါဘူး ။
    အရုပ် တစ်ခုလို့ဘဲ တွေးလိုက်တာပါဘဲ ။

    Reply

  • ကိုယ် အထွဋ်အမြတ်ထားတာကို မသင့်တော်တဲ့ နေရာမှာရောက်နေတာမြင်ရင်
    ရှင်းပြပြီး နေရာပြောင်းခိုင်းရင် ရမယ်ထင်ပါတယ်။

    ဗုဒ္ဓကို မူပိုင် လုပ်ခွင့် ဆိုတာ က ဖွားမြင်တော်မူခဲ့ တရားထူး ရ ခဲ့ တရား ဦး ပြ ခဲ့ တဲ့ နိုင်ငံနဲ့ လူမျိုးက ဘဲ လုပ်ခွင့်ရှိပါမယ်

    အခုတောင် ဓါတ်ပုံလောက မှာပြဿနာတက်နေတယ်။

    စကျင်တောင်မှာ မိန်းခလေးတစ်ဦးက ဘုရား ဆင်း တု ကို အချောကိုင်တဲ့ပုံ ကို ဓါတ်ပုံ ကို ပြိုင်ပွဲမှာပထမ ပေးလိုက်လို့ ဆိုပြီး တော့ အော်နေကြတယ်

    Reply

    • kai

      October 4, 2014 at 4:02 pm

      အဖြူတွေအိမ်မှာ.. ဖိနပ်ချွတ်မရှိတာများသလို.. အိမ်အဝင်(မြန်မာတွေဖိနပ်ချွတ်)ကလည်း.. သူတို့အတွက်.. နိမ့်ကျတဲ့နေရာမဟုတ်ပေပြန်ဘူး..။
      ခြေထောက်ဆိုတာကလည်း… နိမ့်ကျတဲ့အရာမဟုတ်ပြန်ပါဘူး..

      ( ကြုံလို့ပြောရရင်.. မြန်မာတွေခမြာ… ခွဲခြားဆက်ဆံတာများ.. ကိုယ့်ခန္ဓာကိုယ်ကိုတောင်.. ခေါင်းကမြင့်မြတ်တယ်..။ ခြေထောက်က နိမ့်ကျတယ် နဲ့.. အံ့ဩစရာ.. :k: )

      အဲဒီတော့..မသင့်တော်တဲ့နေရာဆိုတာကို.. ဘယ်လိုမြင်ကြမလည်း.. တော်တော်အရေးကြီးမယ်ထင်မိတယ်..။

      အသိတော်တော်များများကတော့.. ဗုဒ္ဓရုပ်ထုကို.. peace သဘောနဲ့.. ထားတယ်လို့ပြောကြပါတယ်..
      လွန်ခဲ့တဲ့.. ၅နှစ်ကျော်က.. LA Times သတင်းဆောင်းပါးမှာဆို.. ဗုဒ္ဓရုပ်ထုတွေ ခရစ်ယန်တွေရဲ့ အိမ်ဧည့်ခန်းတွေ.. အိပ်ခန်းတွေထဲနေရာယူလာကြတာများလို့တောင်.. စိစစ်ဝေဖန်ရေးဖူးတယ်..။

      ဒီနေရာမယ်.. ရောမရောက်သူကို.. . ရောမသားတို့(သာ)အနိုင်ကျင့်ကြပါလို့ပဲ.. ပြောချင်…။ :k:

      Reply

  • aye.kk

    October 4, 2014 at 1:08 pm

    ငယ်​ငယ်​ကအ​မေ​ပြော​နေကျ
    စကားတခွန်​း​ပေါ့​နော်​
    ကျမကနားမလည်​ အသိမရှိလို့ အပြစ်​လုပ်​မိရင်​ အ​မေက ​ပြောတယ်​ အပြစ်​ဆိုတာ လုပ်​မိရင်​ ကြီးတာငယ်​တာ မသိတာ မဆိုင်​ဘူး အပြစ်​လုပ်​ရင်​ ခံရမှာလို့အ​မေက​ပြောပြ​လေ့ ရှိတယ်​
    မသိလို့ပဲလုပ်​လုပ်​ သိလို့ပဲလုပ်​လုပ်​ အပြစ်​ပြုလုပ်​ရင်​ ​တော့ခံရမှာအမှန်​ပါ

    Reply

Leave a Reply

Your email address will not be published.