စာပေအလင်္ကာ

manawphyulaySeptember 29, 20141min03

လွမ်းမိသေးသည် တို့ရွာဆီ၌
ရာသီသုံးမျိုး စာပေဖူးနှင့်
ရွှင်မြူးတွယ်တာ မြတ်နိုးစွာဖြင့်
စာပေလုပ်ငန်း အားအစွမ်းတို့
ရေး၍မကုန် ဓလေ့ခြုံသည်
ရိုးဂုဏ်အလှ ဆင်သောကြောင့်….

အဖွဲ့အနွဲ့ အဆင်တန်ဆာ
အလင်္ကာ ခေါ်ဆိုထိုက်၏။
စာပေကို တန်ဖိုးမြင့်အောင်
မြှင့်တတ်ပါဘိ…..

စာပေကို အဆင်အသတွေနဲ့
ယဉ်လှစေတဲ့ အလင်္ကာ
အလင်္ကာ ဆင်ကာသပါမှ
စာလှမည်သာ….

မနောဖြူလေး

3 comments

  • အလင်းဆက်

    September 29, 2014 at 4:15 pm

    အဆင်အသတွေနဲ့
    ယဉ်လှစေတဲ့ အလင်္ကာ

    😆

    Reply

    • manawphyulay

      September 30, 2014 at 1:37 pm

      ရွာသူရွာသားများကို သတိရမိသဖြင့် ရေးစပ်မိတာလေးပါ :mrgreen:

      Reply

  • Mr. MarGa

    October 1, 2014 at 12:44 pm

    ဂုဏ်၊ အလင်္ကာ၊ ရသ ကိုပေါင်း
    ထိုစာ ချောစေကြောင်း :mrgreenn:

    Reply

Leave a Reply

Your email address will not be published.