( အရန်ကစားသမား )

ငါ့နှလုံးသား စတေဒီယမ်မှာ

ကြားကွင်းအဖြစ် လာကစားရတဲ့ မင်း

နိူင်ခြင်းတွေကို ပွေ့ဖက်

မမေ့ရက်စရာ မျက်နှာလေး

ငါ မြင်ယောင်နေသေးသလို

အရှုံးဆိုတာနဲ့ ကြုံရပြန်လို့

မျက်ရည်လေးစို့စို့

မို့နေတဲ့မျက်ဝန်းတွေ

ငါလေ တွေ့ရပေမယ့်

ဘာဆိုဘာတဲ့မှ မတတ်နိူင်

ပိုင်ဆိုင်သူမဟုတ်ပဲ

ပွဲကြည့်သူသာဖြစ်နေရ

အရန်ဘဝက မတက်နိူင်သေး

လူစားလေးလဲမှာကိုသာ မျှော်နေရ

ဆိုးလှ  ဆိုးလှ  ဟောဒီဘဝ .

5

5 comments

  • ဇီဇီ

    September 17, 2014 at 10:46 am

    ငင်။
    အရန် ဆိုတာ ဒုတိယ နေရာကိုတောင် မမျှော်နိုင်ဘူးလားဟင်?
    လူစားမလဲမချင်း ထိုင်နေရမှာလားငင်?

    :a:

    • Myo Thant

      September 17, 2014 at 10:51 am

      အရန်ဘဝက မတက်နိူင်သူတွေ ပုံလို့ ၊

      စူပါဆပ်ဖြစ်ဖို့တောင် မလွယ် ၊

      အင်းးးး အသင်းပြောင်းရင် ကောင်းမယ်ထင်တယ် ၊ 🙂

  • ခင် ခ

    September 17, 2014 at 11:32 am

    ပွဲပြီးသွားတဲ့ထိ သွေးမပူခဲ့တဲ့ အရန်တွေတောင် ပွဲစဉ်တွေမှာ ရှိတယ်ဆိုတာဘဲ ဟုတ်မဟုတ်တော့ သိဘူးလေ။

  • kyeemite

    September 17, 2014 at 1:59 pm

    .ကဗျာလေးကတယ်ဂွတ်ဗျာ…ရင်ထဲကလာမှန်းသိသာတယ် :))
    .ဒါနဲ့ပုံထဲကလူကကိုမျိုးလားဗျ..မျက်မှန်တော့မပါဘူ..တူလို့

    • Myo Thant

      September 17, 2014 at 2:05 pm

      ဟုတ်တယ် ကိုမိုက် ၊

      လွန်ခဲ့တဲ့ ၅ နှစ်လောက်က မြန်မာ – ဂျပန်ပွဲ ၊

      သုဝဏ္ဏကွင်းထဲဝင် သတင်းသွားယူတာ ၊

Leave a Reply