ပြောမရ ပြုမရ ငါတို့ဘဝ

ခင္ခSeptember 13, 20141min07

သတင်းသတင်း အတင်းမတုတ်ရက်
မင်း ဆိုးတယ်လည်း ငါမပြောဘူး။

ကမ္ဘာပတ်ကာ မကြာမကြာလည်ပတ်
မင်း သုံးလို့လဲ ငါမပြောဘူး။

အရင်အပေါင်းအသင်း ရောင်းရင်းတွေကို
အနားခေါ်ကာ အဖွဲ့တွေထား
မင်း ဖြုန်းလို့လဲ ငါမပြောဘူး။

ဟိုဟာဒီဟာ လုပ်ပေးမယ်ဗျာ
စကားလေထွား ပြောဟန်များပြီး
လက်တွေ့မှာတာ ဖြစ်မလာတာကို
မင်း ညံလို့လဲ ငါပြောဘူး။

ငါတို့ပြောလည်း အလေးမထားဘဲ
မင်း လုပ်ချင်ရာ လုပ်နေတာမို့
ပြောမရ ပြုမရ ငါတို့ဘဝ။

ခင်ခ။

7 comments

  • မြစာကလေး (23122011)

    September 13, 2014 at 5:57 am

    သူညံ့လို့ မဟုတ်၊ ကိုယ်ညံ့လို့ လို့ သာ ထားလိုက်ရအောင်။ :-))

    Reply

    • ခင် ခ

      September 13, 2014 at 6:35 am

      ဪ အရီးရယ်

      Reply

  • ဇီဇီ ခင်ဇော် (15102012)

    September 13, 2014 at 2:58 pm

    1 hr · Yangon, Myanmar · Edited ·
    အပြစ်မဲ့မျက်နှာငယ်
    ————————-

    မိုးရွာတုန်း လမ်းပေါ်တက်တာကိုး
    ဓာတ်ကြိုးဆိုတာ ဓာတ်လိုက်တတ်တယ်
    သေတာတောင်နည်းသေး
    အစိုးရမှာ အပြစ်မရှိဘူး။

    ရဲစခန်းထဲက ရဲရှေ့
    မိန်းမကို ဓားနဲ့ ထိုးသတ်တာ
    သူ့လင်မယားကိစ္စ
    တရားဥပဒေ စိုးမိုးရေးနဲ့ ဘာမှ မဆိုင်ဘူး
    အစိုးရမှာ အပြစ်မရှိဘူး။

    ဖုန်းဆင်းကတ်တစ်ကတ်ကို
    သိန်းခြောက်ဆယ်နဲ့ ဝယ်တာ
    ကိုယ်ကျေနပ်လို့ ကိုယ်ဝယ်ကြတာ
    ဘယ်သူမှ ရိုက်မဝယ်ခိုင်းဘူး
    အစိုးရမှာ အပြစ်မရှိဘူး။

    အမြန်လမ်းမှာ ကားခဏခဏမှောက်တာ
    သောက်သုံးမကျတဲ့ ကားသမားတွေကြောင့်
    လမ်းခင်းပေးတဲ့သူကို လာမပြောနဲ့
    စေတနာကို မစော်ကားနဲ့
    အစိုးရမှာ အပြစ်မရှိဘူး။

    အမြတ်ရလို့ ရောင်းတဲ့ရေနံ့
    အမြတ်ရလို့ ရောင်းတဲ့ သစ်တော
    အရင်းက ကိုယ့်အရင်းမှ မဟုတ်တာ
    အရင်းက တစ်ပြားမှ မကုန်တာ
    တစ်သိန်းတန် တစ်ရာနဲ့ရောင်းလည်း မြတ်တာပဲလေ
    အစိုးရမှာ အပြစ်မရှိဘူး။

    ကလေးတွေ အတန်းစဉ် အအောင်ပေးတုန်းက
    ခင်ဗျားတို့ပဲ သွားကြီးဖြဲနေကြတာလေ
    ဘွဲ့ရမှ အဆင့်မမီလို့ လာမပြောနဲ့
    အစိုးရမှာ အပြစ်မရှိဘူး။

    လမ်းပေါ်မှာ ကားကြပ်တာ
    လမ်းပေါ်မှာ အချိန်တွေ ပြုန်းတီးတာ
    ဗြိတိသျှခေတ်က လမ်းဖောက်သူနဲ့ပဲ ဆိုင်တယ်
    ကားတွေ အများကြီး ဝယ်မောင်းချင်သူတွေနဲ့ပဲ ဆိုင်တယ်
    အစိုးရမှာ အပြစ်မရှိဘူး။

    လူတွေစိတ်တွေ ကြမ်းတမ်းလာတာ
    အခြေခံ စားဝတ်နေရေး မပြည့်စုံတာကြောင့်
    ကိုယ့်ဘာသာ ဆင်းရဲတွင်းက ရုန်းမထွက်တာကြောင့်
    အစိုးရမှာ အပြစ်မရှိဘူး။

    တရားခံတွေ ဘွားဘွားတွေ့နေပါလျှက်
    အစိုးရကိုပဲ အပြစ်ပြောနေတာ
    တော်သင့်ပြီ
    တကယ်တော့ အစိုးရမှာ
    အပြစ်မရှိရှာပါဘူး။

    သေချာတာပေါ့
    စောက်အဆင့်မရှိတဲ့ ခင်ဗျားတို့ အစိုးရ
    စောက်ပြစ် တစ်စက်မှ မရှိဘူး။

    Credit Thet Ka Moe Nyo

    Reply

    • မြစာကလေး (23122011)

      September 13, 2014 at 3:50 pm

      ကျေးဇူးပါ ဇီကလေး။သများ က ဒီလိုမျိုး ပြောချင်တဲ့ သဘောပါ။
      လိုရင်း မရောက်လိုက်ဘူး။ :-))

      Reply

      • ခင် ခ

        September 13, 2014 at 9:32 pm

        လိုရင်းရောက်ပါတယ် ကျနော်တော့နားလည်ခဲ့တယ်

        Reply

    • ခင် ခ

      September 13, 2014 at 9:35 pm

      စမူဆာဘဲရောင်းတော့ရင်ကောင်းမလားဘဲ

      Reply

  • Yae Myae Tha Ninn

    September 13, 2014 at 11:16 pm

    ဒါတောင် ဆပ်ပလိုင်းချက်ကို နားစွင့်ထား.. တော်ကြာ စိထဲ အထဲ ဂွိ သွားမယ်… 🙂

    Reply

Leave a Reply

Your email address will not be published.