” ပြောမကောင်းပေမယ့် ပြောခွင့်ပြုဗျာ “

ခင္ခSeptember 9, 20141min07

” ပြောမကောင်းပေမယ့် ပြောခွင့်ပြုဗျာ “

 

“၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် မူလတန်းကျောင်းသား တစ်ဦးကို တစ်ထောင်ကျပ်နှုန်း ထောက်ပံ့ရာ ကျပ်သန်းပေါင်း ၅၅၉၆.၄ရ ကုန်ကျသည်”

မူလတန်းကျောင်းလာအပ်တဲ့ ကျောင်းသားတစ်ဦးကို ငွေတစ်ထောင်ကျပ်ပေးလိုက်တာ ဘာများအထောက်အပံဖြစ် သွားလည်း နည်းနည်းစဉ်းစားကြည့်စမ်းပါဗျာ၊

ပြီးတော့ ထောက်ပံမှုပြုတယ်ဆိုပြီး တင်စားကာ ပဏာကဝင်ယူနေသေးတယ်၊

ငွေတစ်ထောင်ထောက်ပံပေးလိုက်လို့ အဲဒီ မူလတန်းကျောင်းသား အတော်ကို အထောက်အပံရသွားမှာဘဲ များတွေး နေကြလားမသိဘူးဗျာ သူပေးလိုက်လို့ရသွားတဲ့ ကလေးက လမ်းမုန့်ဟင်းခါးဝင်စားရင်ကို ဟောကနဲ ခဏ လေးနဲ့ ပြောင်သွားမယ်ဉ္စာမျိုး တကယ်တော့ ထောက်ပံငွေလို့ မသုံးဘဲ ဒီလိုရေးသင့်တာ

“၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ကျောင်းလာအပ်သော မူလတန်းကျောင်းသား တစ်ဦးကို တစ်ထောင်ကျပ်နှုန်း အစိုးရမှ မုန့်ဖိုးပေး ရာ ကျပ်သန်းပေါင်း ၅၅၉၆.၄ရ ကုန်ကျသည်” …. အဲလိုရေးရမှာကို။

အပေးခံရတဲ့ ကျောင်းသား အနေနဲ့လည်း ထိရောက်မှုမရှိဘူး၊ ကုန်ဆုံးသွားတဲ့ နိုင်ငံတော်အနေနဲ့လည်း မယောင်ရာဆီလူး စီမံချက်ပါဘဲလေ။ အဲဒီ ကျပ်သန်းပေါင်း ၅၆ သန်းဆိုတာ တကယ်ကျောင်းကောင်းမရှိသေး တဲ့ တောနယ်တွေ ကျေးရွာတွေမှာ ကျပ်သိန်းတစ်ထောင် တန်ဖိုးရှိတဲ့ကျောင်းလိုက်ဆောက်ပေးရင်ကို ၅၆ ကျောင်း ရနိုင်တာမျိုးလေ၊ အဲဒီလိုမျိုးဆိုရင်တောင် အဲဒီ တောနယ်၊ ကျေးရွာက ငါတို့ကို စာသင်ကျောင်း ဆောက်ပေးတာဆိုပြီး အစိုးရကိုကျေးဇူးတောင်တင်လေမလားဘဲဗျာ။

ဒီလိုမျိုး Plan ရေးဆွဲတဲ့ဌာနရော သက်ဆိုင်ရာဝန်ကြီးရော ဘယ်လိုစဉ်းစားပြီး ဆုံးဖြတ်လုပ်ကြသလဲ ဒါကို အုပ်ချုပ်သူ လူကြီးတွေကရော ခွင့်ပြုတာဘဲလား အကျိုးရှိတယ် မရှိဘူး လုပ်တာ ထိရောက်တယ် မထိ ရောက်ဘူး ဘာမှပြန်မတွေးကြတော့ဘူးလား ပြီးတော့ သတင်းမှာအခုလိုရေးပြီးဂုဏ်ယူနေသေးတယ်

“၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် မူလတန်းကျောင်းသား တစ်ဦးကို တစ်ထောင်ကျပ်နှုန်း ထောက်ပံ့ရာ ကျပ်သန်းပေါင်း ၅၅၉၆.၄ရ ကုန်ကျသည်”

ကျုပ်ကဘဲ အတွေးညံ၊အမြင်စောင်းနေလို့လား အစိုးရကဘဲ လုပ်တာမဟုတ်လေလားတော့ မသိဘူးပေါ့ဗျာ

အဲဒီသတင်းဖတ်ပြီ ကျုပ်ကတော့ ကောက်ချက်ချမိပါတယ် ” ပြောမကောင်းပေမယ့် ပြောခွင့်ပြုဗျာ ” သောက်တလွဲ အစိုးရဘဲ…………. လို့။

 

 

ခင်ခ။

7 comments

  • Nyo Win

    September 9, 2014 at 9:36 am

    ထမင်းတစ်နပ်ကျွေးပြီး တစ်သက်လုံးအတွက်ကျေးဇူးရှင်ဂိုက်ဖမ်းနေတာ ကိုခရေ….

    Reply

    • ခင် ခ

      September 9, 2014 at 9:56 am

      ကိုညိုဝင်း စကားက ထိတယ်ဗျ၊ ဟုတ်တယ်ဗျို့

      Reply

  • kai

    September 9, 2014 at 10:18 am

    ဖယ်ဒရယ်ကထောက်ပံ့ငွေတိုင်း.. ၃-၄-၅ဆလောက်နဲ့.. ကိန်းမြှောက်လို့.. ငွေလည်ပါတ်မှုကြီးတခု.. ဖြစ်သင့်တယ်..။
    သဘောက..
    အဲဒီဖယ်ဒရယ်ထောက်ပံ့ငွေကနေ… ပြည်နယ်တွေက.. အလုပ်အကိုင်အခွင့်အလန်းဖန်တီးရတယ်ပေါ့…။
    နို်င်ငံရေးရဲ့..အနုပညာ..။ :k:

    Reply

  • kyeemite

    September 9, 2014 at 1:43 pm

    .ဘရာဗိုပါဗျာ….
    .ကိုခင်ခရေ..ပြောကောင်းပါတယ်…နဲတောင်နဲသေး :buu:

    Reply

  • Zaw Lwin

    September 9, 2014 at 1:49 pm

    Also thumb up.

    Reply

  • ရှေးအစဉ် အဆက်က စပြီး အခုထက်ထိ

    ဆင့်ပါးစပ် နှမ်းပက်တဲ့ အလုပ်တွေ လုပ် ခဲ့ တာကြောင့် တိုင်းပြည် က နစ်နာခဲ့တာကြာပေါ့

    Reply

  • ဇီဇီ ခင်ဇော် (15102012)

    September 10, 2014 at 10:24 am

    မပြောတော့ပါဘူးနော်။

    :kwi:

    Reply

Leave a Reply

Your email address will not be published.