” မဟောသဓာ ငိုလောက်မယ် “

ခင္ခAugust 23, 20141min05

” မဟောသဓာ ငိုလောက်မယ် “

 

ဟိုရင်တုန်းက မဟောသဓာ

စီရင်ခန်းမှာ နွားရှင်သူခိုး

မေးမြန်းထိုတော့

နှမ်းဖတ်ကိုလည်း ကျွေးလေတယ်

နွားကိုဝမ်းသက် လားစေလျှက်တော့

မစင်ထဲဝယ် မြက်ပင်ပါလို့

နွားရှင်နဲ့သူခိုး ခွဲခြားလိုက်တယ်

မဟောသဓာ တော်လေတယ်။

 

အခုခေတ်များ ကားခိုးများက

ပုလိပ်ရဲမင်း ပေါင်းသင်းတတ်ပြီး

ကာဘော်ဒီလည်း လုံးလိုက်ချိန်းလို့

ဝစ်သောက်ကားလည်း တင်သွင်းပိုင်တယ်

ဆေးဘော်ဒီဖျောက် အလွန်ကျွမ်းတော့

မဟောသဓာ ငိုလောက်မယ်။

 

အစိုးရရုံး ဌာနတိုင်းဝယ်

ပေးယူမျှတ လာဘ်ယူဘဝက

ပျောက်ပျက်သွားအောင် ပြောခဲ့ဆိုလည်း

ပပျောက်မှုများ မရှိငြားဘဲ

ပိုလို့တိုးကာ ဖြစ်နေရှာတာ

ဒို့အတွေ့ ဒိုဓလေ့ဟု

ဒို့နိုင်ငံအတွက် ဆိုရမလိုလို

ယိုသူမရှက် မြင်သူရှက်ဖွယ်။

 

 

 

ခင်ခ။

(စာကြွင်း – ဝစ်သောက်ကား = လိုင်စင်မဲ့ကား )

 

5 comments

  • ရွှေတိုက်စိုး

    August 23, 2014 at 9:26 am

    မဟော်သဓာ အခုအချိန်ရှိနေသေးရင် ထိုင်ငိုမှာသေချာတယ်… အမှုတွေ နေ.စဉ်ရှင်းနေရမှာမို.လေ… ဟေ့ဟေ့ဟေ့..
    ဟိုမော်ဒယ် သရဖူးသိမ်းပြန်ပြီး လာအုံးမဟော်သဓာ..
    ဟိုလူကြီးတွေ မြေလုနေပြန်ပြီ လာအုံးမဟော်သဓာ..
    ဟိုဂျာနယ်လစ်က မင်းသားကို တရာဆွဲပြန်ပြီ လာအုံးမဟော်သဓာ…
    ဟို…. က ဒီက… လာအုံးမဟော်သဓာ……….. ကြာတော့ မဟော်သဓာတောင် ပုဆိုးပါမှာမဟုတ်တော့ဘူး… သေချာတယ် ငိုလောက်တယ်……… ခိခိ

    Reply

    • ခင် ခ

      August 23, 2014 at 9:54 am

      စောစောစီးစီး မလာစဖူး ရောက်လာသူ ရွှေတိုက်စိုးကွန့်လေးအတွက် ကျေးဇူးပါနော်။
      အမှန်ဘဲဗျာ မဟောသဓာများရှိရင် တိုကင်ပေးပြီးတန်းစီခိုင်းရင်တောင် နောက်ရက်ကူးမယ့်ပုံဘဲ ခုခေတ်ကတော့ဗျာ။

      Reply

  • Paing Lay

    August 23, 2014 at 8:34 pm

    မဟော်သဓာတောင် ငိုယုံတင်မကဘူး သူ့မျက်ရည်နဲ့တင် လျှပ်စစ်စွမ်းအင်လုပ်လို့ရလောက်ပြီ အဟီးးးးးးးးးးးးအလကားနောက်တာ တားတားပါဝူးညော် :mrgreen:

    Reply

  • မွသဲ ( 17082011 )

    August 30, 2014 at 8:26 pm

    ဒီခေတ်ကတော့ မဟောသဓါ ဆယ်ယောက်ရှိလဲ နိုင်မယ်မထင် :mrgreen:

    Reply

Leave a Reply

Your email address will not be published.