ရင်တွင်းပြတိုက်

manawphyulayAugust 20, 20141min07

14

နှလုံးသားဆိုတာ
ချစ်ဖို့အတွက်ပါလာတာ မဟုတ်ရင်
ခံစားတတ်တဲ့ ကိုယ့်ရင်ထဲ
မင်း ဝင်လာခဲ့မှာ မဟုတ်ပါ။
အခုတော့…
စိတ်ကူးပင်လယ် အတွေးနယ်ထဲ
အလည်ဝင်ရောက်
သတိရခြင်းများစွာနဲ့
တမ်းတနေတဲ့သူအတွက်
လမင်းကို မျှော်ငေး
ကြယ်တွေကို ရေတွက်
အိပ်ပျက်မိတဲ့ အချိန်တိုင်း
အတွေးကမ္ဘာထဲမျောနေခဲ့
အချစ်ကို ကိုးကွယ်
မေတ္တာကို တန်ဖိုးထား
သစ္စာကို လေးစားတဲ့
လူသားအဖြစ်
မင်းရဲ့ရှေ့မှာ ရပ်ချင်ပါရဲ့
ဒါပေမဲ့…
မာနကို စိန်စီ
အသည်းနှလုံးကို အကျဉ်းချ
မေတ္တာကို သိုဝှက်
ခံစားတတ်တဲ့ နှလုံးသားမှာ
ဒဏ်ရာများနဲ့ လွမ်းရင်း
မုသားပြုငြား မေ့မသွား
နှောင်တိုးရစ်ငင် သံယောဇဉ်….

မနောဖြူလေး ခံစားသီကုံးသည်။

7 comments

  • Kaung Kin Pyar

    August 20, 2014 at 4:25 pm

    Wohhhh!!! Bravo ပါ မနောလေး

    Reply

  • Ko chogyi

    August 20, 2014 at 9:32 pm

    နှလုံးသားပြတိုက်ဆိုလို့လာကြည့်တာ
    ဝင်ပေါက်လည်းမတွေ့ဘူး

    Reply

    • manawphyulay

      August 21, 2014 at 11:34 am

      ဝင်ပေါက်က ဝင်ပြီးရင် ထွက်လို့မရအောင် ပိတ်ထားလိုက်ပြီလေ… ရွာထဲကို ဝင်သလိုပေါ့နော်.. အဟိ

      Reply

  • အလင်းဆက်(24/05/2011)

    August 21, 2014 at 8:11 am

    ကဗျာရဲ့ အဆုံးသတ် စာသားးနှစ်ကြောင်းမှာ
    ဖျားသွားတယ်

    Reply

  • ဇီဇီ ခင်ဇော် (15102012)

    August 21, 2014 at 8:45 am

    ခံစားတတ်တဲ့ နှလုံးသားမှာ
    ဒဏ်ရာများနဲ့ လွမ်းရင်း
    မုသားပြုငြား မေ့မသွား
    နှောင်တိုးရစ်ငင် သံယောဇဉ်….

    လှည့်စားတတ်မှန်းသိရက်နဲ့ရှောင်မရ~~~
    မင်းနဲ့ အတွေ့ မင်းရှေ့ ဒူးထောက်လဲကျ~~~
    တို့က တော့ အစွဲအလန်းကြီးတယ် အချစ်လေးးး~~~
    မုန်းမေ့ဖို့ ခက်တယ် အချစ်ရေ~~~~

    :k:

    Reply

  • ခင် ခ

    August 24, 2014 at 3:31 pm

    အဲဒီပြတိုက် ဝင်ကြေးနဲ့မှ ဝင်ရတာလားဟင်

    Reply

    • manawphyulay

      August 30, 2014 at 2:28 pm

      ကြေးကြီးတယ်နော်… မေတ္တာကြေးလေ…လေးခ :mrgreen:

      Reply

Leave a Reply

Your email address will not be published.