ကွင်း တို့၏ မာယာ

ムラカミJuly 29, 20144min09

ဘောလုံးအကြောင်း မရေးရတာ နည်းနည်း ကြာသွားသမို့ ..ရေးလိုက်အုံးမယ်ဗျို့…။

ခုတလောက နိုင်ငံအသင်း ပွဲတွေ ပြီးဆုံးသွားခဲ့ပြီး ကလပ်အသင်းတွေကလည်း ရာသီကြို ခြေစမ်းပွဲတွေချည်း

ကန်နေတာမို့ …အသင်းရဲ့ခြေစွမ်းဆိုတာ ပြောဖို့ (ရင်ခုန်စရာမကောင်းသေး) စောသေးတဲ့ ကာလလည်းဖြစ်..

အပြောင်းအရွှေ့ ရာသီ ရဲ့ ခြေ၂ချောင်း ဈေးကွက်ကလည်း ဂျာနယ်တွေက ဝေဝေဆာဆာဖော်ပြနေတာမို့…

ရေးကွက် အတော် ကျပ်တာကလား ..။

အဲ့လိုနဲ့ ဖေ့စ်ဘုတ်ပေါ်က ရွာ့ဘောလုံးဝါသနာရှင် ဂရုထဲ မယ် ရေးစရာလေးတခု သွားတွေ့မိလို့ စရေးဖြစ်တယ် ပြောရမယ်ဗျ။

စမေးတဲ့လူက ရွာသား မင်းခန့်ကျော် ခင်ဗျ… သူမေးထားတာက

ဘောလုံးတကွင်းရဲ့
အလျား × အနံ
ဂိုးပေါက် အကျယ် × အမြင့်
အစရှိတဲ့
ဘောလုံးကွင်း တခုရဲ့
အတိုင်းအတာလေးသိချင်ပါတယ်။
မီတာ နဲ့ မဟုတ်ပဲ
ပေ နဲ့သိချင်ပါတယ်။
ကူညီကြပါအုံး။ ပလိစ် ။

အဲ့သည်လိုပါ..။

 

 

ဒါကို ဦးမျိုး ပြန်ဖြေထားတာလေးကျ

အလျား ၃၄၅ ပေ၊ အနံ ၂၂၂ ပေ ၊
ဂိုးတိုင် အမြင့် ၈ ပေ ၊ အလျား ၂၄ ပေ ၊
ကွင်း အလျား အနံ က နည်းနည်း မတူတာတွေရှိပါတယ် ၊
ဥပမာ မန်ယူကွင်း နဲ့ အာဆင်နယ်ကွင်း မတူပါဘူး ၊

 

အဲ့သည်မှာ ပဲ ကျနော် က ဝင်ပြီး

ခု ကွန်နက်ချင် စုတ်နေသဗျ
ကွန် ကောင်းမှ ရှာပေးအုံးမယ်…
ဦးမျိုးပြောတာ စတန်းဒတ် ဆိုက်ဇ် ဖြစ်လိမ့်မယ်ဗျ
တကယ်က ဘောလုံး အုပဒေမှာ အလျား (ဘယ်လောက်မှ ဘယ်လောက်အတွင်း)
အနံ ဆိုလည်း (ဘယ်လောက်မှ ဘယ်လောက်အတွင်း) ဆိုပြီး သတ်မှတ်တာဗျ
အတိအကျကြီးမဟုတ်ဘူး …
သည်တော့ အလျား တိုတဲ့ ကွင်း.. (အာဆင်နယ် ကွင်းလိုမျိုးပေါ့)
အလျားရှည်တဲ့ကွင်း မျိုးကို ကျနော်တို့ ငယ်တုန်းက တော့
အုတ်နီခဲကွင်း ခေါ်တာရယ်.. အုတ်ခဲလိုမျိုး ပိန်ရှည်ရှည်မို့လေ…
အဲ့လိုတွေ ရှိပါကြောင်းရယ်ဗျာ…

ခုတော့ လိုင်းပြန်ကောင်းသွားပြီမို့ .. ကျနော်လည်း စိတ်ထဲ ရှိတဲ့အကြောင်းအရာ ဖြစ်တာတကြောင်း ဖြစ်တာကြောင့် ဒါလေးကို အကျယ် ချဲ့ရေးပါမယ်ဗျာ။

 

အပိုင်း(က)

၁။ ဘောလုံးကွင်း အရွယ်အစား

ကွင်းတကွင်းရဲ့ ဒိုင်မန်းရှင်း (အလျား x အနံ ) ကို ဖီဖာက “The Field of Play” အနေနဲ့ Law of the Game, Law 1

မှာ သည်လို ပြဌာန်းထားပါသဗျ။

(မီတာနဲ့ သိချင်တဲ့ ဆြာ တွေ ပုံကြည့်ပါ… လိုကယ်ကလူတွေ ပိုမြင်သာမယ့် ကိုက် နဲ့ ပဲ ရေးပါ့မယ်ဗျ)

အလျား = ၁၀ဝ – ၁၃ဝ ကိုက်
အနံ = ၅ဝ – ၁၀ဝ ကိုက်

ဖြစ်ပါသတဲ့။

aa

 

 

သည်နေရာမှာ ကျနော် အထက်က ကွန်းမန့်မှာ ရေးခဲ့တဲ့ variations တွေ ဖြစ်တယ် ဆိုတာပါပဲ။

ဖီဖာက မှ အတိအကျ မသတ်မှတ်ထားပဲ နော…။ ဘယ်လောက်မှ ဘယ်လောက်အတွင်း ရှိသင့်သည် လို့သာ သတ်မှတ်ထားတာကိုးဗျာ။

သည်နေရာမှာ ပြောစရာ ၂ခု ရှိပါတယ်။

၁-၁။ ပထမ တခုကတော့ ဒီလိုပါ။ ကိုင်း ဒါဖြင့်ရင် အလျား (အတိုဆုံးခွင့်ပြုချက်ဖြစ်တဲ့) ကိုက်-၁၀ဝ နဲ့ အနံကိုတော့ဖြင့်
(အရှည်ဆုံး ခွင့်ပြုပမာဏ) ကိုက်-၁၀ဝ နဲ့ လေးထောင့်စပ်စပ် ဆောက်မယ် ဆိုရင်ကောဗျာ လို့။ မေးစရာရှိပါတယ်။
ဟုတ်ကဲ့ ဒါဆိုရင်လည်း အနှီ စတုရန်းကွင်းကြီး ကို ဘောင်ဝင်တဲ့ ဘောလုံးကွင်းလို့တော့ ယေဘုယျ သတ်မှတ်နိုင်ပါတယ်ဗျ။
ဒါပေမယ့် တခုလေး ရှိတာက အပြည်ပြည်ဆိုင်ရာ အဆင့် ကစားမယ့် ကွင်းဆိုတာက အလျား ကိုက် ၁၁၀-၁၂ဝ ရှိသင့်ပြီး
အနံအနေနဲ့တော့ ကိုက် ၇၀-၈ဝ အတွင်း ရှိသင့်တယ် လို့ ဖီဖာ ကသတ်မှတ်ထားပါတယ်။ သဘောက လေးထောင့်ကွင်းဆောက်ရင်
တော့ဖြင့် ရပ်ကွက်ပွဲလောက်ပဲ လက်ခံကျင်းပလို့ရမယ်။ အပြည်ပြည်ဆိုင်ရာပွဲကစားရင်တော့ (အိမ်ရှင်အသင်း အိမ်ကွင်း အားသာ
ချက်နဲ့ မညစ်ပတ်နိုင်အောင်) လက်ခံလို့ရတဲ့ ဘောင်အတွင်းပဲ ရှိရမယ် လို့ ဖီဖာ က ဆိုလိုချင်တာ ဖြစ်ပါတယ်ဗျား။

၁-၂ ။ ဒုတိယ တခုကကျတော့ အတိအကျ သတ်မှတ်လို့ ရလျက်နဲ့ ဘာကြောင့် သည်လို လျော့ပေးထားသလဲဆိုတဲ့ မေးခွန်းပါ။
အဲ့မေးခွန်းကိုဖြေရရင်တော့ ဘောလုံးကွင်း ဆိုသည်မှာ ကမာ္ဘ့ ဘယ်နေရာမှာမဆို သင့်လျော်ရာမှာ ဆိုင်ရာ ပထဝီအနေအထားကို
လိုက်လို့ လိုက်လျောညီထွေ တည်ဆောက်ဖို့ အတွက် ဖီဖာအနေနဲ့ လျော်ပေးထားတယ် လို့မြင်ပါတယ်။ အတိအကျကြီး
သွားသတ်မှတ်လိုက်တဲ့အခါ အခက်အခဲတွေ ဖြစ်ပေါ်လာမှာ စိုးရိမ်တယ် တူပါရဲ့ဗျာ။ (ဒီအကြောင်း သမိုင်းရှိပါတယ်)
၂၀၀၈ ခုနှစ်မှာ IFAB ကနေပြီး ဘောလုံးကွင်းတိုင်းရဲ့ အလျားအနံသည် ၁၁၅ x ၇၄ ကိုက် ဖြစ်ရမည်လို့ အဆိုပြုဖူးပေမယ့်
အထက်ကပြောသလို ပထဝီအနေအထားကို ထောက်ရှုတာတကြောင်း နောက်ပြီး လက်ရှိ သုံးနေဆဲကွင်းတွေ ပြုပြင်ရခက်နိုင်တာ
တကြောင်းမို့ နောက်ဆုံးမှာ ဒီသတ်မှတ်ချက်က အသက်မဝင်ဘူး ဖြစ်သွားပါတယ်။

 

သည်တော့ ကွင်း အကျဉ်းအကျယ်ဟာ ကွဲပြားခြားနားချက်တွေ ရှိမယ်ဆိုရင် … ကွင်းထဲမှာ ရှိတဲ့ နယ်နမိတ်စည်းတွေကရော ဆိုပြီး

မေးစရာရှိပါတယ်။ ဟုတ်ကဲ့ အဆိုပါ နယ်နမိတ်စည်းတွေ ကတော့ အတိအကျ သတ်မှတ်ထားတဲ့ ဧရိယာတွေ ဖြစ်ပါတယ်ဗျာ။

သည် အကြောင်း ဆက်ဆွေးနွေးရရင်ဖြင့်-

၂။ ကွင်းလယ်စက်ဝိုင်း

ကွင်းလယ်စက်ဝိုင်း ဟာ အလျား x အနံ ရဲ့ ဗဟိုချက်တည့်တည့်မှာ ရှိတဲ့ ကွင်းလယ် အမှတ်အသား ကိုဗဟိုပြုလို့ အချင်းဝက် ၁ဝကိုက်

ဆိုတဲ့ စံ နဲ့ ရေးဆွဲထားတဲ့ စက်ဝိုင်းဖြစ်ပါတယ်။ ဒါဟာ ကွင်းအရွယ်အစား နဲ့ မဆိုင်ဘဲ အတိအကျ ပြဌာန်းထားတဲ့ အရွယ်အစားဖြစ်ပါတယ်ဗျ။

 

soccer-field-dimensions-diagram-lrg

 

၃။ ဘီးကုတ်စက်ဝိုင်း

ဘီးကုပ်စက်ဝိုင်းဟာလည်း ကွင်းလယ် စက်ဝိုင်းနဲ့ အရွယ်အစား အတူတူဖြစ်ပြီး ၁ဝကိုက် အချင်းဝက်နဲ့ ရွေးဆွဲထားတာဖြစ်ပါတယ်။

သူ့ရဲ့ ဗဟိုချက်ဟာ ပယ်နယ်တီစပေါ့ ဖြစ်ပါတယ်။ သည်နေရာမှာ တခု ပြောစရာရှိတာက ပယ်နယ်တီစပေါ့ ဆိုသည်မှာ ပယ်နယ်တီ ဧရိယာ

အတွင်းမှာ ရှိတာမို့ … သည်စက်ဝိုင်းကို ဧရိယာ အတွင်းမှာ ရေးဆွဲထားခြင်းမပြုဘဲ ဂိုးဧရိယာ အပြင်ဘက် အစွန်းထွက်နေတဲ့

အခုံးပိုင်းလေး (စက်ဝန်းတခုစာ) သာရေးဆွဲထားတာမို့ ဘီးကုတ်သဏ္ဍာန်တူနေတာ ဖြစ်ပါတယ်။

သည်တော့ ဘီးကုတ်စက်ဝိုင်းနဲ့ ဆက်စပ်ပြီး ပယ်နယ်တီဧရိယာ အကြောင်းကို ဆက်ပြီး ရေးပါ့မယ်။

၄။ ပယ်နယ်တီဧရိယာ

 

penalty_area_2_touch_finish

 

ဂိုးဧရိယာ ဆိုတာ အလယ်ခေါင်တည့်တည့်မှာ ဂိုးတိုင် ပါဝင်နေတဲ့ ၁၈ကိုက်စည်းကို ဆိုလိုတာပါ။ ဂိုးတိုင်ကနေပြီး ဘီးကုတ်

စက်ဝိုင်းဘက်အထိ ၁၈ကိုက် ကျယ်ဝန်းလို့ ၁၈ကိုက်ဧရိယာလို့ ခေါ်ဆိုပါတယ်။ သူ့ရဲ့ အလျား (သူ့အလျားဆိုသည်မှာ

ကွင်း၏ အနံဘက်ခြမ်း တွင် ဖြစ်သည်) ကတော့ ၄၄ ကိုက် ရှိပါသည်။

(သည် ဧရိယာ အတွင်းက အရာတွေအကြောင်း ဆက်ပါရစေ)

၄-၁။ ပယ်နယ်တီ အမှတ်အသား

သည် အမှတ်အသားကတော့ ဂိုးပေါက်ဝ နဲ့ တည့်တည့် ၁၂ကိုက် အကွာအဝေးမှာ ရှိနေပါတယ်။

၄-၂။ ဂိုးဧရိယာ

ဂိုးတိုင် ပတ်လည် ကာရံထားတဲ့ ဧရိယာဖြစ်ပြီး ၂ဝ x ၆ ကိုက် အကျယ်အဝန်းရှိတဲ့ ထောင့်မှန်စတုဂံလည်းဖြစ်ပါတယ်။

၆ ကိုက်စည်း လို့လည်း အလွယ် ခေါ်ဆိုကြပါတယ်။

၄-၁။ ဂိုးတိုင်

အလျားဟာ ၈ကိုက် (၂၄ပေ) အရွယ်အစားရှိပြီး အမြင့်ကတော့ ၈ပေ အမြင့်ပါ။

၅။ အခြား

အခြား အမှတ်အသား အနေနဲ့ကတော့ ထောင့်ကန်ဘော ကန်သွင်း ဧရိယာဖြစ်ပြီး ကွင်းရဲ့ (အလျားနဲ့ အနံ ထောင့်ကြား)

စက်ဝိုင်းစိတ် သဏ္ဍာန်ရှိကာ အချင်း ၁ကိုက် နှုန်းနဲ့ ရေးဆွဲတယ်လို့ သိရပါတယ်။

 

37188vb0el4t4rd-300x225

 

 

အပိုင်း (ခ)

ထင်ရှား ကျော်ကြား အသင်းများ၏ ဘောလုံးကွင်း အရွယ်အစားများ

ဒီ ပထမ အုပ်စုကတော့ ၁၁၅ x ၇၄ ကိုက် ရှိတဲ့ ကွင်းတွေ နဲ့ ကွင်းပိုင်ရှင်အသင်းတွေ ဖြစ်ပါတယ်ဗျ။

– Manchester United (Old Trafford)

– Real Madrid (Santiago Bernabeu)

– Chelsea (Stamford Bridge)

– Boca Juniors (La Bombonera)

 

 

ဒုတိယ အုပ်စုဝင် ကွင်းတွေကလည်း ၁၀၅ x ၆၈ မီတာတွေချည်းမို့ ပြန်ပြီး ကိုက်ဖွဲ့ကြည့်တဲ့အခါမှာ

၁၁၄.၈ x ၇၄.၃ ကိုက် တွေမို့ အပေါ်က ကွင်းတွေနဲ့ မတိမ်းမယိမ်း လို့ဆိုနိုင်ပါတယ်..။

 

– A.S Roma/ S.S Lazio (Stadio Olimpico)

– A.C Milan/ F.C. Internazionale (San Siro)

– FC Bayern Munich (Allianz Arena)

– Paris Saint-Germain (Parc des Princes)

 

 

ဒါကတော့ တတိယ အုပ်စု ဖြစ်ပါတယ်။ ဒီ အသင်းကတော့ သူတို့ရဲ့ ကွင်း အနေအထားကြောင့်လည်း ပြောစရာတွေ

ကျော်ကြားမှုတွေ ရှိခဲ့ဖူးပါတယ် ။ အဲ့ အသင်း ရဲ့ ကွင်း ကတော့ ၁၁၆ x ၇ရ ကိုက် ရှိတဲ့ ဘာစီလိုနာ အသင်းရဲ့

ကွင်းပဲဖြစ်ပါတယ်။သူများကွင်းတွေထက် အလျား ၂ကိုက် အနံ ၃ကိုက် လောက် ပိုများနေတဲ့ ကွင်းဖြစ်ပါတယ်။

(တခြား ကွင်းတွေ ရှိရင် ညွှန်းကြပါအုံး)

– FC Barcelona (Camp Nou)

 

ဒါကတော့ နောက်ဆုံး ၂၀၁၄ ကမာ္ဘ့ဖလား ကျင်းပရာ ဘရာဇီးနိုင်ငံရဲ့ အကြီးဆုံးသော ကွင်း ၅ကွင်း ရဲ့ အရွယ်အစားဖြစ်ပါတယ်။

အများစုဟာ ၁၀၅ x ၆၈ မီတာ (၁၁၄.၈ x ၇၄.၃ ကိုက်) ကွင်းတွေ ဖြစ်တာတွေ့ရပါမယ်။

 

– Flamengo, Fluminense, Botafogo (Maracanã)

– Brasília FC, Legião FC (Estádio Nacional Mané Garrincha)

– Corinthians (Arena Corinthians)

– Cruzeiro (Mineirão)

– Ceará, Fortaleza (Castelão (Ceará))  သည်တကွင်းသာ ၁၁ဝ x ၇၅ မီတာမို့ (၁၂၀.၃ x ၈၂ ကိုက်) အတန်ငယ် ကြီးမားကျယ်ပြန့်တဲ့

ချွင်းချက် ကွင်း အဖြစ် တွေ့ရမှာဖြစ်ပါတယ်

 

 

elite-stadia-in-europe_2009

 

Pitch အကြောင်းတွေ ပြီးတော့ နောက်တပါတ်မှာ Stadium တွေအကြောင်း ဆက်ပါဦးမယ်ဗျာ..

တော်သေးဘီ။

 

Ref:

ref

 

9 comments

  • အရီးခင်

    July 29, 2014 at 11:44 pm

    ဒီကွင်း တွေ အကြောင်း ထက်
    ၂၀၁၈ ရုရှားကွင်း နဲ့ ၂၀၂၂ ကာတာကွင်း
    အဲဒီ နှစ်ကွင်း တစ်ခြား နေရာ ရွှေ့ မရွှေ့။
    လောင်းမား။
    ;-)))

    Reply

  • ခင်ဇော်

    July 30, 2014 at 8:08 am

    ဟယ်။
    ဆိုး ကော(လ) နူးဘာဂီ။

    ဒါမျိုး ပို့(စ) မျိုးဆို သိပ်ကြိုက်တာ။
    ဆဲ့ ပရိုမုတ် ပို့(စ) တွေထက်။

    :mrgreen:

    Reply

  • Crystalline

    July 30, 2014 at 12:50 pm

    နာတို့ ငယ်ငယ်က ကန်ခဲ့တာတော့ ပေ၂ဝ x ၆ဝ ကွင်းလောက်.. :mrgreenn: ဘောလုံးကွင်း အတိုင်းအတာထက် ဘောလုံးကွင်းထဲက ကစားသမားချောချောလေးတွေကို ပိုစိတ်ဝင်စားတယ်.. :mrgreenn: တိတိကျကျရေးပေးတာ ကျေးဇူး.. ဘယ်မှာလည်းမသိ ဖတ်ခဲ့ဖူးတာတော့ ပရိသတ်ဦးရေ အဆန့်ဆုံးကွင်းက မြောက်ကိုရီးယားမှာဆိုလား… ပရိသတ် ၁သိန်းခွဲဆန့်တယ်ဆိုလား.. ဖတ်ထားတာတော်တော်ကြာပြီ ဟုတ်မဟုတ်လည်း ပြန်လည်းမခေါက်နိုင်တော့ဘူး.. 😀

    Reply

  • kyeemite

    July 31, 2014 at 10:47 am

    ညန်မာ ကွင်းတွေကရောဗျ :mrgreenn:

    Reply

  • TNA

    July 31, 2014 at 11:24 am

    အေးဟယ် ခုလိုရေးမှပဲတိတိပပသိရတော့တယ်။ မဟုတ်ရင်တော့ ကွင်းဘယ်လောက်ကျယ်သလဲထက် ဘောလုံးသမားလေးတွေဘယ်သူချောသလဲပဲသိသိနေတယ်အေ :mrgreen:

    Reply

  • alinsett (gazette)

    July 31, 2014 at 2:30 pm

    ကနားတို ့၏ မာယာတို ့..များတို့၏ မာယာတို ့လည်း..ဆက်ရေးရမယ်နော်..
    ဒါပဲ..

    :mrgreen:

    Reply

  • Mr. MarGa

    August 1, 2014 at 1:09 pm

    ကွင်းတို့၏ မာယာ
    အင်း..
    နောက်တစ်ခု ပုလင်းတို့၏မာယာ ကို ရေးဖို့ ပွဲတောင်းတယ်ဗျာ :mrgreen:

    Reply

  • နာဂဒေါ့ ဟိုနေ့က ကမာ္ဘ့အကြီးဆုံး ကွင်း၁ဝကွင်းကြည့်လိုက်ရတယ်။
    ဒါနဲ့ စတားပလေယာဒေရဲ့ ပရိုဖိုင်းဒေလည်း တိတိပပရေးဦးနော်
    အာ့ဆို တို့ဒေပိုအားပေးမှာ
    :mrgreen:

    Reply

    • black chaw

      August 3, 2014 at 2:15 am

      အားကစား မြှင့်တင်ခြင်းသည်
      နိုင် ငံတော်ကို ကာကွယ်
      စောင့်ရှောက်နေခြင်း ဖြစ်ပါသည်
      အားကစား ရည်မှန်းချက်သည်
      မြန်မာအားကစား ကဘာကို
      လွှမ်းရမည်
      အဟွတ်
      အဟွတ်
      အဟွတ်
      အံမယ် လေး
      လိပ်ခေါင်းရောဂါ ရှိလိုက်တာ။

      Reply

Leave a Reply

Your email address will not be published.