အဘိုးရဲ့ လက်ရာဓာတ်ပုံများ…

ကုိ ထြဋ္July 25, 20142min018

အမှန်က အဘိုးပြောသော ပုံပြင်များထက်.. အဘိုးရဲ့ လက်ရာ ဓာတ်ပုံများ ဖြစ်ရမှာပါ..

ဒါပေမဲ့ ဓာတ်ပုံက တခါတရံပဲ တင်ပေးမှာမို့.. Tag မပြောင်းတော့တာ…

အဘိုးက နေ့တိုင်း ဘုရားတခုမဟုတ် တခုသွားဖူးနေကြ… သွားတိုင်းလဲ အမှတ်တရ ဓာတ်ပုံရိုက်ပြီး FB ကို တင်တယ်..

အသွားများတာက ရွှေတိဂုံဘုရားပေါ့… နေ့တိုင်းနီးပါးရောက်တော့ ဓာတ်ပုံလဲ ရိုက်တော့ … ဆန်းတာလေးတွေ ရှုထောင့် ကောင်းကောင်းလေးတွေ စဉ်းစားမိ.. ရိုက်ဖြစ်လာကြတာ…

အဲဒီထဲက ကျွန်တော် သဘောကျတာလေးတွေကို တင်ပေးတာ..

အဘိုးက အေးချမ်းတယ်.. နေ့တိုင်း ပို့စ်တင်တယ်.. ဓမ္မပဒ တွေတင်တယ်… ဘုရားလဲ နေ့တိုင်းသွားတယ်.. FB လဲ နေ့တိုင်းသုံးတယ်.. ဖိုင်ဘာလိုင်းဆိုတော့ ကော်နက်ရှင်လဲ မဆိုးဘူး…

ကျွန်တော်တောင် အသက်ကြီးလာရင် အဲလောက် ကံကောင်းပါ့မလားပဲ…

ကဲ..ကဲ ကြည့်ရအောင်…

1

ဒါက ကနုတ်ပန်းတွေနဲ့ ယူထားတဲ့ ပုံ.. တမျိုးဆန်းသလားပဲ…

2

ကားပါကင်ကို ရိုက်ထားတာ နောက်မှာ ဘုရားတဆူ နဲ့ ခရမ်းရောင် လင်းလင်းလေးနဲ့..

3

ဆလိုက်မီးပါ ပါအောင် ရိုက်ထားတာ…

4

လူတွေ အများကြီးနဲ့ ဘုရားနဲ့ တွဲပြီးရိုက်ထားတာ…

5

6

7

ဘုရားထီးတော်ရိပ်ကို တွေ့လား….?

8

ဒါက အဘိုးနဲ့ အဘွား ဓာတ်ပုံ…

 

9

10

ကျွန်တော်ကတော့ အဲလို ရိုက်ချင်တာ မရိုက်ဖြစ်တာ.. အဲကြောင့် သဘောကျပြီး တင်ပေးတာ.. မဆန်းဘူးလဲ ဖြစ်ချင်ဖြစ်နိုင်ပါတယ်.. ဒါပေမဲ့ အားပေးကြပါဦး… 😀

 

18 comments

  • ခင်ဇော်

    July 25, 2014 at 11:15 am

    ပထမဆုံး ပုံလေးရယ်
    ၅ ပုံမြောက် ပုံလေး ရယ် သဘောကျတယ်။

    Reply

  • MAUNG

    July 25, 2014 at 11:15 am

    Nice 4tos
    tks 🙂

    Reply

  • Yae Myae Tha Ninn

    July 25, 2014 at 12:02 pm

    7 ပုံမြောက် ထီးရိပ်နဲ့ကို သဘောမကျဘူးလား.. ကျွန်တော်တော့ ပိုကြိုက်တယ်.. ဘာဖိုတိုရှော့မှ မပါဘူး… မြင်ရခဲလားလို့… 🙂

    Reply

  • Ma Ei

    July 25, 2014 at 12:14 pm

    အဘိုးနဲ့ အဘွား ဓာတ်ပုံ…?
    အဘွားက ဆံပင်ဖားလျှားနဲ့ ဘုရားသွားသလား…

    ထီးတော် အရိပ်ပေါ်တယ် ကြားဖူးပေမယ့်
    ကိုယ်တိုင်တော့ မဖူး ဖူးဘူး…
    ခု..ဓာတ်ပုံထဲတာ့ ထင်ရှားပါတယ်
    တစ်ကယ်မြင်ချင်တာ..

    Reply

  • weiwei

    July 25, 2014 at 12:45 pm

    ဓါတ်ပုံအယူအဆ အရမ်းကောင်းပါတယ် ..
    ရွာထဲက ဓါတ်သေဆရာအဖွဲ့နဲ့ ပူးပေါင်းလို့ရနိုင်တယ် ..

    Reply

  • Yae Myae Tha Ninn

    July 25, 2014 at 1:21 pm

    ပြေသွားတာ ဖြစ်မှာပေ့ါ.. ဝါစဉ်အရ.. အဘိုးနဲ့ အဘွားလေ.. ငယ်သေးသည်… ထီးတော်ရိပ်ကို ဖူးလိုက်ရပြီမလား… 😀
    အဘိုးကောင်းတာပါ… မြေးက ဖွတ်ပါ… 🙂

    Reply

  • kyeemite

    July 25, 2014 at 2:47 pm

    ဓါတ်ပုံရိုက်တာ ဗျူးရွေးတတ်ဖို့အတော်အရေးကြီးသဗျ…ကျုပ်အမြင်တော့ ခီများအဖိုးက အနုပညာဓါတ်ခံရှိတာသေချာတယ်..ပုံတွေကိုကြိုက်ပါတယ်….တစ်ခုအကြံပေးချင်တယ်…
    နောက်ပုံတွေဘာတွေတင်ရင် နံပါတ်စဉ်လေးထိုးပါဗျာ…ဝေဖန်ရတဲ့လူ ညွှန်းလို့လွယ်တာပေါ့..
    :s:

    Reply

  • alinsett (gazette)

    July 25, 2014 at 3:06 pm

    ရိုက်ကွက်နေရာယူပုံ အနေအထားလေး…
    သဘောကျသွားပါကြောင်းးးး

    Reply

  • Yae Myae Tha Ninn

    July 25, 2014 at 3:52 pm

    ဟုတ်ပါပြီဗျာ.. အခုလို လမ်းညွှန်ပေးတာ ကျေးဇူးပါ.. နောက်ဆို အမှတ်စဉ်ထိုးပြီး.. တင်ပါ့မယ်…
    အဘိုးက အနုပညာဓာတ်ခံရှိတာကို နောက်များထပ်တင်ပေးပါ့မယ်..
    သူတို့လင်မယားယူတုန်းက ပုံကို လုံးဝ သူ ပန်းချီမဆွဲတတ်ဘူး..
    အချိန်ပေးဆွဲတာ.. နှစ် ၃ဝ ကြာမှ ပြီးတယ်… တူတာကတော့ တော်တော့်ကို တူတာ…
    အဲဒါလေးလဲ တင်ဆက်ပါမယ်.. အခုဆို ကျွန်တော်တင်တာ ပြောထားတဲ့ အစီအစဉ်အားလုံးနီးပါး ပြီး နေပါပြီ.. ဒါလေးလည်ပတ်ဖို့ပဲ ကျန်တော့တယ်… ဟဲ…

    Reply

  • အရီးခင်

    July 26, 2014 at 3:48 am

    (၂) နဲ့ (၅) ကို အတော်လေး သဘောကျပါတယ်။
    နာမည် ရွေးပြီးပြီလား။ :-)))

    Reply

  • Yae Myae Tha Ninn

    July 26, 2014 at 8:59 am

    ဘယ်လိုနာမည်လဲဗျ… အရီးခင်ရေ… 🙂

    Reply

    • အရီးခင်

      July 26, 2014 at 2:00 pm

      မောင်ရေမြင်း ယူမား။
      မောင်လုံး ယူမား။
      တို ပြီး ခေါ်လို့ လွယ်ရင် ပြီးရော။
      “မောင်ရေ” တော့ မရဘူး။ :-))))

      Reply

  • မဟာရာဇာ အံစာတုံး

    July 26, 2014 at 9:31 am

    ကျော်ကတော့
    အောက်ဆုံးက ရေရင်
    ဒုတိယမြောက် ပုံလေးကို အလွန်သဘောကျ …

    Reply

  • ခင် ခ

    July 26, 2014 at 10:35 am

    (ကားပါကင်ကို ရိုက်ထားတာ နောက်မှာ ဘုရားတဆူ နဲ့ ခရမ်းရောင် လင်းလင်းလေးနဲ့..)
    အဲဒီနောက်က ဘုရားက မဟာဝိဇယ ဘုရားဖြစ်မယ်ထင်တယ်ဗျ။
    ရွှေတိဂုံဘုရားတောင်ဘက်မုဒ်ဘက်လေ။

    Reply

  • Yae Myae Tha Ninn

    July 26, 2014 at 10:46 am

    အားပေးလို့ ကျေးဇူးပါ… 🙂

    Reply

  • ဦးကြောင်ကြီး

    July 27, 2014 at 4:29 am

    အဘိုးရိုက်
    မနိုးခိုက်
    သူခိုးလိုက်
    သတိုးပိုက်
    တန်ခိုးဆိုက်
    ရွပိုးဟိုက်
    ပုဆိုးသိုက်
    ငဖြို းဗိုက်..

    Reply

  • Yae Myae Tha Ninn

    July 28, 2014 at 10:04 am

    ရို့.. ရို့… ရို့…. ရက်ပါလား.. ဦးကြောင်ကြီးက.. ကာရန်တွေ အရမ်းမိုက်… ဟိုက် ဟိုက်… ရိုက်… ရိုက်…
    🙂 🙂 🙂 🙂

    Reply

Leave a Reply

Your email address will not be published.