” လဘက်ရည်ဆိုင် မြင်ကွင်း “

ခင္ခJuly 23, 20141min05

” လဘက်ရည်ဆိုင် မြင်ကွင်း “

 

အဖွားအိုတစ်ယောက်

လမ်းဘေးထိုင်လို့

မသန်လှတဲ့ဒီခန္ဓာ

ဟန်မကျတော့တောင်းရရှာ

ကလေးများအရွယ်တူ

ပြေးလွှားကာကူ

ကျောင်းနေအရွယ်လေးပေမယ့်

ဝမ်းရေးအတွက်စားပွဲထိုးလျှက်

ဆူညံပွက်ထ လူသံများက

ပြောကြဆိုကြ ငြင်းခုံကြနဲ့

တစ်ချို့ကလဲ ဆေးလိပ်ဖွာစဲ

တစ်ဦးတည်းကွယ် ဂျာနယ်ဖတ်တယ်

ပါဆယ်ဝယ်သူ အဒေါ်ကြီးကမူ

သူမှာထားတာ မရသေးလို့

ထပ်တလဲလဲ ပြောဆိုနေစဲ

ဆေးလိပ်ကြော်ငြာ စမ်းသောက်ပါဗျာ

ကုမ္မဏီကလေး လိုက်ကာပေး

သူသူငါငါ လူတကာအချို့

ဟိုကြည့်ဒီကြည့် လူရှာတယ်ဗျို့

ဆိုင်ထိပ်က ဂျာနယ်သယ်

ဝယ်သူရပ်တော့ မေးရှာတယ်

မြင်ကွင်းတွေစီ မျောလွင့်နေစဲ

ဘေးမှဖြတ်သွား စားပွဲထိုးက

အော်လို့ကာ မှာလိုက်တယ်

ပုံမှန်စိမ့်နှစ်ခွက် ဟုဆိုလေသည်။

 

ခင်ခ။

 

5 comments

  • ခင်ဇော်

    July 23, 2014 at 11:39 am

    အဲ ဒါ အနော် မှာ တာ မဟုတ်ဘူးနော်။
    အနော် က ပေါ့စိမ့် သောက်တာ။

    😀

    Reply

    • ခင် ခ

      July 23, 2014 at 12:47 pm

      အဲ ခင်ဇော် ဘေးခုံမှာရှိတာမသိလိုက်ဘူးကွာ
      သိလိုက်ရင် ဟိုမှာထိုင်နေတဲ့ ခပ်ချောချောလေးရှင်းလိမ့်မယ်ဆိုပြီး သက်သာရချည်သေးရဲ့။

      Reply

  • Novy

    July 23, 2014 at 1:31 pm

    ပါဆယ်ဝယ်တဲ့ အဒေါ်ကြီးကလည်း နိုဗွီမဟုတ်ဘူးနော်

    လဘက်ရည်ဆိုင် မြင်ကွင်းကို မြင်ခြင်လို့ဆိုင်မှာထိုင်ကြည့်ရင်တောင် ဒီလောက်စုံမှာမဟုတ်ဘူး
    ကိုခရဲ့ လဘက်ရည်ဆိုင် မြင်ကွင်း ကိုဖတ်မှပဲစုံသွားတယ်

    Reply

    • ခင် ခ

      July 23, 2014 at 2:02 pm

      ရန်ကုန်ရောက်တုန်းက ၉မိုင်က လပ်ကီးဆယ်ဗင်းမှာ တစ်မနက်ထိုင်မိတာ လူကိုမူးနှောက်သွား ရလောက်အောင် လက်မလည် အဲ ခေါင်းမလည် ကြည့်ခဲ့မိတာလေးတွေကို ဘာရယ်ဟုတ်ဘူး ပြန်ရေးလိုက်တာပါ မနိုဗွီရေ။

      Reply

  • alinsett (gazette)

    July 24, 2014 at 6:21 pm

    အနော်က… ကျဆိမ့်…
    ဒါပေမယ့်…
    အခုပြောင်းလိုက်ပြီ…
    ပုံမှန် ဖြစ်သွားပြီ.. ။

    :mrgreen:

    Reply

Leave a Reply

Your email address will not be published.