ရာဇာဝင်ထဲကသူ

ကာရံAugust 23, 20141min00

ရှေးရာဇဝင်မှတ်တမ်းက အချစ်ကြီးသူတစ်ချို့
ဘဝကိုစတေးဖူးကြတယ်

နွယ်ဆိုတာ ရစ်ပတ်သူတဲ့ အပြစ်မဲ့တဲ့ ချစ်ခြင်းစကားကို
အရောင်တွေပြောင်းလဲကြဖူးသေးတယ်

အချစ်ကြောင့် မုန်းကြတယ်
အချစ်ကြောင့် အလွမ်းတွေ အစပျိုးကြတယ်
အချစ်ကြောင့်ပဲ နှလုံးသားတွေ နာကျည်းကြပြန်သေးတယ်

မေတ္တာစစ်ရင်လေ သစ္စာဆိုတဲ့စကားက
ရင်မှာ တည်ကိန်းဖြစ်ရင် အကြွင်းတစ်နေရာကမင်းက
ထာဝရဖြစ်မှာပါ

အရောင်းအဝယ် အပြုသင့်တဲ့ ချစ်ခြင်းကဗျာလေးကို
မင်း တန်ဖိုးထားတက်ရင်လေ သံယောဇဉ်ကြိုးလေး
ရစ်ပတ်နေသူမို့ ရာဇဝင်ထဲကသူကလေ

ကာရံ ၂၃ ့၈ ့၂၀၁၄

Leave a Reply

Your email address will not be published.