ရွှေအကြောင်းသိကောင်းစရာ 25,26

Zaw AungJune 26, 20141min03

ရွှေအကြောင်းသိကောင်းစရာ(၂၅)
ရွှေဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတာက အကယ်ဒမီ တံဆိပ်ဆိုတော့ ကျန်တဲ့ ဘသန်းတံဆိပ် မော်ကြားနဲ့
မန်းကြားတွေက ဘယ်မှာသွားရောင်းဝယ်ရမလဲလို့ မေးစရာရှိတယ်။ အဲဒီတံဆိပ်တွေက သုံးတဲ့လူတွေပဲဝယ်တယ်
ဝယ်ရောင်းလုပ်တဲ့သူတွေ မဝယ်ဘူး သုံးတဲ့သူဆိုတာက ရွှေဆိုင်တွေ ရွှေပန်းတိမ်တွေပေါ့။ ဈေးကွက်မှာက လိုတဲ့အချိန်
လိုသလောက် ဝယ်လို့ ရောင်းလို့ရတာက အကယ်ဒမီ တံဆိပ်ပဲရှိတယ် ဒီတော့ ရွှေဆိုင်တွေ ပန်းတိမ်ကြီးတွေက
ငွေပေါ်ရင် အကယ်ဒမီပဲဝယ်ထားတယ်။ အရည်ကျိုသုံးခါနီးမှာမှ လိုချင်တဲ့ တံဆိပ် ဘသန်းတို့ မော်ကြားတို့ မန်းကြား
တို့နဲ့လဲပြီးကျိုတယ်။ အဲလိုလဲတဲ့အခါ တစ်ကျပ်သားကို တစ်ထောင်ကနေ သုံးလေးထောင်လောက်အထိ
အလိုက်ရတယ်လေ။
ရွှေအကြောင်းသိကောင်းစရာ(၂၆)
တစ်ခါတစ်လေနိုင်ငံခြားကဈေးကိုက်လို့သွင်းလာတဲ့ 1 kilo ပြားတွေလည်းအကယ်ဒမီနဲ့လဲပြီးရောင်းရတာပဲ။ တစ်ပြားကို
60 ကျပ် 3 ပဲ 4 ရွေးရှိတယ်။ quality ပိုကောင်းတော့ သုံးတဲ့လူတွေကြိုက်ကြတယ် အလဲအထပ် ဈေးနှုန်းကလဲ
ပစ္စည်းဝင်အနဲအများပေါ်မူတည်ပြီး ဒဲ့ကနေ 1500 လောက်အထိ အလိုက်ပေးရတယ် တစ်ခါတစ်လေ kilo
ကလိုက်ပေးရပြီး တစ်ခါတစ်လေ အကယ်ဒမီက လိုက်ပေးရတယ်။ kilo ကပိုကောင်းရဲ့သားနဲ့ ဘာလို့
အလိုက်ပေးရလဲဆိုတော့ ဈေးကိုက်လို့ အများကြီးဝင်လာတဲ့အခါ သုံးတဲ့လူက မဖြုန်းနိုင်တော့ဘူး အဲဒီအခါ ရွှေပိုနေတဲ့
လူတွေက ဈေးကိုခွာလဲထားပြီး ပစ္စည်းနဲနဲ ရှားသွားတဲ့အခါမှ ပြန်ထုတ်တော့ အကျိုးအမြတ်ရတာပေါ့။

3 comments

  • kyeemite

    June 27, 2014 at 3:15 pm

    ကျုပ်ကတော့ 1 kilo ပြားတွေ ကြိုက်တယ်ဗျာ..
    နိုင်ငံတော်ကရောင်းတဲ့ ရွှေဒင်္ဂါးတွေရောဈေးကွက်မှာရှိလားဗျ

    Reply

  • Zaw Aung

    June 28, 2014 at 7:34 pm

    မရှိပါ

    Reply

Leave a Reply

Your email address will not be published.