သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား တာဝန်မှ ရပ်စဲလိုက်သည်။

BayoteJune 20, 20141min03

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၁၂/၂၀၁၄)
၁၃၇၆ ခုနှစ်၊ နယုန်လပြည့်ကျော် ရ ရက်
(၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်)
ပြည်ထောင်စုဝန်ကြီး တာဝန်မှရပ်စဲခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၉၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များအရ

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား တာဝန်မှ ရပ်စဲလိုက်သည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၁၃/၂၀၁၄)
၁၃၇၆ ခုနှစ်၊ နယုန်လပြည့်ကျော် ရ ရက်
(၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်)
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(က)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များအရ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်အား ၎င်း၏သဘော ဆန္ဒ အလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

3 comments

  • alinsett (gazette)

    June 20, 2014 at 12:01 pm

    ကဲ
    တို့ရွာလည်း သတင်းတွေနဲ့ စိုစိုပြေပြေဖြစ်လာပြီ။

    😆

    Reply

  • မင်း ခန့် ကျော်

    June 20, 2014 at 12:17 pm

    သူကလဲပြန်ဆော်မယ်လို့ကြားရပါတယ်။
    အချင်းချင်း ကျီစားနေသလားမသိ။

    Reply

  • mgyinngatay

    June 20, 2014 at 12:32 pm

    ပြန်ဆော်မယ်တာအော်တာ အရင်ထောင်ထဲရောက်လောက်တယ်

    Reply

Leave a Reply

Your email address will not be published.