ရွှေအကြောင်းသိကောင်းစရာ(၉)

Zaw AungJune 5, 20141min01

ရွှေအကြောင်းသိကောင်းစရာ(၉)

အမှတ်(၄)မှာ ရွှေဈေး တက်/ကျတဲ့ အကြောင်းရင်းတွေပြောခဲ့တယ် အဲဒီမှာ ကမာ္ဘ့ဈေး တက်/ကျ တာကလဲ ရန်ကုန်မှာ ရွှေဈေးတက်/ကျဖြစ်စေတဲ့ အကြောင်းထဲမှာ ထိပ်ဆုံးကပါပါတယ်

ကမာ္ဘ့ဈေးတက်မယ် ခန့်မှန်းနို်င်ရင် ရန်ကုန်မှာကြိုဝယ်ထားလိုက်ရင် သေချာပေါက်အကျိုးအမြတ် ရနိုင်ပါတယ် ကမာ္ဘ့ဈေးတက်မလား ကျမလား ဆိုတာကတော့ နိုင်ငံတကာရဲ့နိုင်ငံရေး စီးပွားရေး အခြေအနေတွေကို မျက်ခြေမပြတ် နားစွင့်ထားရပါတယ်

ကမာ္ဘ့ဈေးတက်စေတဲ့ အဓိကအကြောင်းရင်းတွေကတော့စတော့ ဈေးကွက်အခြေအနေ မကောင်းတာ ဘဏ်တွေ
အခြေအနေမကောင်းတာ တွေပေါ့ အဲဒီအခါ လူတွေကစတော့တွေ ထုတ်ရောင်းပြီး ရွှေဝယ် ဘဏ်ကငွေထုတ်ပြီး
ရွှေဝယ်နဲ့ ရွှေဈေးတက်တတ်ပါတယ်

နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံစစ်ဖြစ်ဖို့ အခြေအနေ တင်းမာနေရင်လဲ ရွှေဈေးတက်တတ်ပါတယ် ကမာ္ဘ့ဘဏ်ရဲ့ policy အပြောင်းအလဲ အမေရိကန်ရဲ့ policy အပြောင်းအလဲတွေကလဲ ရွှေဈေးကို အများကြီး
ပြောင်းစေပါတယ်

ဥပမာ ဘဏ်တိုးနှုန်းတွေ လျှော့လိုက်ရင်လူတွေကဘဏ်ကငွေထုတ်ပြီး ရွှေဝယ်ကြတော့ ရွှေဈေးတက်တာပေါ့်

One comment

  • black chaw

    June 6, 2014 at 12:01 pm

    ရွှေ အကြောင်း ဝင်ရောက်လေ့လာသွားပါတယ် ကိုဇော်အောင်ရေ။
    ကျေးဇူးပါဗျာ။။

    Reply

Leave a Reply

Your email address will not be published.